10/09/2026
Engineer အဖွဲ့များမှ အစားထိုးပြုပြင်မှုလုပ်ငန်းများဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပါ၍ internet လိုင်းများ ပုံမှန်အတိုင်းပြန်လည်အသုံးပြု၍ရနေပြီဖြစ်ကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်ရှင့်။ သည်းခံစောင့်ဆိုင်းပေးကြပါသော Customers များ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။ 🙏🙏🙏
📢 လေးစားအပ်ပါသော 𝐌𝐢𝐜𝐤𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 သုံးစွဲသူ မိဘပြည်သူများရှင့် 📢
မဟာအောင်မြေမြို့နယ် (၇၈ လမ်း၊ ၄၂ လမ်း နှင့် ၁၀၁ လမ်းကြား) တွင် ရှိသော ညီမတို့၏ Main Uplink Fiber Cable ကြိုးမှာ ကားငြိပြီး ပြတ်တောက်သွားခဲ့ပါသည်။ထို့ကြောင့် လက်ရှိအချိန်တွင် အင်တာနက်လိုင်းများ ယာယီပြတ်တောက်မှုများ ဖြစ်ပေါ်နေပါတယ်ရှင့်။ ညီမတို့၏ နည်းပညာအဖွဲ့သားများမှ ပြတ်တောက်သွားသော ကြိုးများအား အမြန်ဆုံး ပြန်လည်ဆက်သွယ်နိုင်ရန်အတွက် သွားရောက်ကာ အရေးပေါ် ပြုပြင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်ရှင့်။
အင်တာနက်လိုင်းများ ပြန်လည်အဆင်ပြေစေရေးအတွက် အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင် ကြိုးစား ဆောင်ရွက်ပေးနေပါသဖြင့် သုံးစွဲသူ မိဘပြည်သူများအနေဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ရိုသေစွာ အနူးအညွတ် တောင်းပန်အပ်ပါတယ်ရှင့်။ အင်တာနက်လိုင်းများ ပြန်လည်ရရှိပါက Page မှတစ်ဆင့် ထပ်မံအသိပေးသွားမှာပါရှင့်။
လူကြီးမင်းတို့၏ စိတ်ရှည်သည်းခံမှုအတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။ 🙏🙏🙏
🙏 𝐌𝐢𝐜𝐤𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐞𝐚𝐦
𝐌𝐢𝐜𝐤𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟐𝟒/𝟕 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫
☎️𝟎𝟗𝟗𝟕𝟕𝟕𝟔𝟏𝟏𝟏𝟔
☎️𝟎𝟗𝟗𝟕𝟕𝟕𝟔𝟏𝟏𝟏𝟕
☎️𝟎𝟗𝟗𝟕𝟕𝟕𝟔𝟏𝟏𝟏𝟖
☎️𝟎𝟗𝟒𝟓𝟖𝟒𝟎𝟕𝟎𝟒𝟎
☎️𝟎𝟗𝟒𝟓𝟖𝟒𝟎𝟕𝟎𝟓𝟎