Xyber Planet

Xyber Planet IT Solutions

အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့  𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT solutions) Company ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ🤗။ ဒီနေ့ကျွန်တော်...
31/07/2023

အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ 𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT solutions) Company ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ🤗။ ဒီနေ့ကျွန်တော်တို့ Page ကနေပြီးတော့ Programming ကိုစတင်လေ့လာနေတဲ့ beginners တွေအတွက် လေ့လာရတာ လွယ်ကူပြီးအဆင်ပြေစေမည့် Website Links တွေကို sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်✨။

1. W3Schools
(https://www.w3schools.com/)
ဒီ Website ကဆိုရင် programmers တွေတော်တော်များများရင်းနှီးပြီးတော့ beginners တွေအတွက် စတင်လေ့လာရာမှာ ရင်းနှီးကျွမ်း ဝင်ပြီးတော့ နားလည်သဘောပေါက်လွယ်ကူစေသည့် အပြင် programming languages တော်တော်များကိုလေ့လာနိုင်မည့် Online learning platform တစ်ခုဖြစ်ပါတယ်languages တိုင်းအတွက်လည်း tutotails တွေ codes examples တွေနှင့် တစ်ခုချင်းစီအသေးစိတ်ရှင်းပြပေးထားပြီးတော့ ကိုယ်တိုင်လည်း code တွေကိုတိုက်ရိုက် ပြင်စင်ပြီးစမ်းကြည် နိုင်သည့် အတွက်ကြောင့် လေ့လာရတာအဆင်ပြေပါတယ်။

2. Codecademy (https://www.codecademy.com/)
Codecademy ဟာဆိုရင်ဖြင့်လည်း Python, JavaScript, Ruby စတဲ့ programming languages တော်တော်များများကို လေ့လာနိုင်တဲ့ poular ဖြစ်တဲ့ learning platform တစ်ခုဖြစ်ပါတယ်။ ဒီ Platform မှာဆိုရင်လည်း programming concepts တွေအပြင် လေ့လာသူတွေအဖို့ codes ရေးပြီး‌တော့ browser ပေါ်မှာတင် တိုက်ရိုက် run ပြီးတော့ စမ်းကြည့်လေ့လာနိုင်ပါတယ်။ တစ်ချို့ Courses တွေကိုတော့ Limited version နဲ့ဖြစ်ပြီးတော့ access ရချင်တယ်ဆိုရင် budget ဖြင့်ပေးရမှာဖြစ်ပါတယ်။

3. FreeCodeCamp (https://www.freecodecamp.org/)
FreeCodeCamp ကတော့ coding နှင့် web devlopment skills တွေအပြင် အခြား Technologies တွေကို free လေ့လာာနိုင်မည့် organization တစ်ခုဖြစ်ပါတယ်။ Tutorials parth တစ်ခုချင်းမှာလည်း coding challenges တွေ projects တွေနှင့် အသေးစိတ်ရှင်းပြထားသည့်အတွက်ကြောင့် လေ့လာရတာပိုမိုအဆင် ပြေစေမှာဖြစ်ပါတယ်။

ဒီနေတော့ ဒီလောက်ပါပဲနော် အားလုံးပဲအဆင် ပြေကြပါစေခင်ဗျာ 🥰။

လူကြီးမင်းတို့လုပ်ငန်းအသုံးပြုရန်အတွက် POS Software တစ်ခု‌ရှာနေတယ်ဆိုရင် Service ကလည်း ကောင်းပြီး အသုံးပြုရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် Software တွေကိုလည်း Lifetime အာမခံပေးထားတဲ့ ကျွန်တော်တို့ 𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT Solutions) Company မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

အောက်ပါလိပ်စာများမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

📧 [email protected]

☎️ 09 9635 85999

အားလုံးပဲအဆင်ပြေကြပါစေနော်🥰

Customized Software လည်းလုပ်မယ်၊ လိုအပ်မယ့် accessories တွေကိုလည်း တစ်ခါတည်းပြည့်စုံအောင် စီစဉ်ပေးဆိုတဲ့ Customer များအတ...
24/07/2023

Customized Software လည်းလုပ်မယ်၊ လိုအပ်မယ့် accessories တွေကိုလည်း တစ်ခါတည်းပြည့်စုံအောင် စီစဉ်ပေးဆိုတဲ့ Customer များအတွက် Laptop . Scanner . Printer . Voucher စလစ် အားလုံးနှင့်တကွ ရပ်ဝေး ရပ်နီး ပဒါန မထားပဲ ချက်ချင်း လက်တင်အသုံးပြုနိုင်သည်အထိ ဝန်ဆောင်မှု ပေးနေပါတယ်ခင်ဗျ။ 😍

ယုံယုံကြည်ကြည်ဖြင့် အပ်နှံပေးခဲ့သော customer တိုင်းကိုလည်း ကျွန်တော်တို့ Xyber Planet မှ အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျ။🙏

အားလုံးပဲမင်္ဂလာပါ ဒီတပတ်ကျွန်တော်တို့ 𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT solutions) Company ကနေပြီးတော့ Programming ကိုစတင်လေ့လာမည့်သူတွေ...
17/07/2023

အားလုံးပဲမင်္ဂလာပါ ဒီတပတ်ကျွန်တော်တို့ 𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT solutions) Company ကနေပြီးတော့ Programming ကိုစတင်လေ့လာမည့်သူတွေအတွက် မြန်မာလိုသင်ပေးထားတဲ့ You Tube channel links လေးတွေကို list လုပ်ပြီးတင်ပေးလိုက်ပါတယ်နော်✨။

1.🖇️ https://www.youtube.com/

2.🖇️
https://www.youtube.co/

3. 🖇️
https://www.youtube.com/

4.🖇️ https://www.youtube.com/

လူကြီးမင်းတို့လုပ်ငန်းအသုံးပြုရန်အတွက် POS Software တစ်ခု‌ရှာနေတယ်ဆိုရင် Service ကလည်း ကောင်းပြီး အသုံးပြုရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် Software တွေကိုလည်း Lifetime အာမခံပေးထားတဲ့ ကျွန်တော်တို့ 𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT Solutions) Company မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

အောက်ပါလိပ်စာများမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

📧 [email protected]

☎️ 09 9635 85999

အားလုံးပဲအဆင်ပြေကြပါစေနော်🥰

Coding သို့ Programming ဆိုတာဘာလဲ ?အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ 𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭   (IT solutions) Company ကနေပြန်လည်ကြို...
10/07/2023

Coding သို့ Programming ဆိုတာဘာလဲ ?

အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ 𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT solutions) Company ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့ကျွန်တော်တို့ Knowledge sharing လုပ်ပေးသွားမည့်အကြောင်းအရာကတော့ Coding သို့မဟုတ် Programming ကဘာလဲ ဘာကိုဆိုလိုတာလဲ ဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

Coding သို့ Programming ဆိုတာကတော့ ကွန်ပြူတာတစ်လုံးကို ခိုင်းစေဖို့အတွက် ‌algorithms တွေ Programming languages (ပရိုဂရမ်းမင်း ဘာသာစကားတွေ) ကိုအသုံးပြုပြီးတော့ software applications, websites, mobile apps, games စတာတွေကို ဖန်တီးရေးသားဖို့အတွက်ဖြစ်ပါတယ်။ အဲ့လိုရေးသားဖန်တီးတဲ့အခါမှာ အဓိကလိုအပ်တာတွေကတော့ logical thinking, problem-solving skill တွေနှင့် ကိုယ်သုံးမည့် Programming language ကိုကောင်း ကောင်းနားလည်သဘောပေါက်ထားဖို့ပဲဖြစ်ပါတယ်။

Programming Languages ဆိုတာဘာလဲဆိုရင် ဉပမာ ကျွန်တော်တို့ လူတစ်ယောက်ကို ခိုင်းဖို့ဆိုရင် သူနားလည်နိုင်တဲ့ ဘာသာစကားကို ပြောဆိုပြီးတော့ ခိုင်းရသလိုပေါ့။ဒီလိုပါပဲProgramming လုပ်တဲ့အချိန်မှာ ကိုရေးသားဖန်တီးချင်တဲ့ Software applications တစ်ခုတွက်သက်ဆိုင် ရာ Language ကိုရွေးချယ်ပြီးတော့ code တွေရေးသားပြီးဖန်တီးရပါတယ်။ အဲ့ဒီလို Software applications တွေဖန်တီး‌ ရေးသားတဲ့သူတွေကိုတော့Programmers တွေလို့ခေါ်တာပေါ့။ Programmers တွေအသုံးများတဲ့ Languages တွေကတော့ PHP, Java, Python, C # ,C++ စတာတွေပဲ ဖြစ်ပါတယ်။ Language တစ်ခုချင်းဆီမှာ code တွေ‌ရေးသားဖို့အတွက် သက်ဆိုင်ရာ syntax (‌ရေးသားပုံ) ဘယ်လိုရေးသားရမလဲဆိုတဲ့ rules တွေပါရှိပါတယ်။

ဒီလောက်ဆို နားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။ လာမယ့်စနေနေ့မှာ ကျွန်တော်တို့ 𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 page ကနေပြီးတော့ Programming ကိုလေ့လာချင်တဲ့သူတွေအတွက် လေ့လာရတာအဆင်ပြေစေမည့် Website ဒါမမဟုတ် Youtube channel links လေးတွေကို list လုပ်ပြီးတင်ပေးသွားပါမယ်။

လူကြီးမင်းတို့လုပ်ငန်းအသုံးပြုရန်အတွက် POS Software တစ်ခု‌ရှာနေတယ်ဆိုရင် Service ကလည်း ကောင်းပြီး အသုံးပြုရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် Software တွေကိုလည်း Lifetime အာမခံပေးထားတဲ့ ကျွန်တော်တို့
𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT Solutions) Company မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

အောက်ပါလိပ်စာများမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

📧 [email protected]

☎️ 09 9635 85999



သုံးစွဲသူပေါင်း 30 million ရှိလာပြီဖြစ်တဲ့ Threadsလွန်ခဲ့တဲ့လပိုင်းလောက်ကပဲ Meta ကနေပြီးတော့ Twitter ကိုပြိုင်ပြီးတော့ A...
08/07/2023

သုံးစွဲသူပေါင်း 30 million ရှိလာပြီဖြစ်တဲ့ Threads

လွန်ခဲ့တဲ့လပိုင်းလောက်ကပဲ Meta ကနေပြီးတော့ Twitter ကိုပြိုင်ပြီးတော့ App တစ်ခုထွက်လာနိုင်တယ်ဆိုပြီး 𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 page ကနေပြီး Video တစ်ခုတင်ခဲ့ပါသေးတယ်။ အောက်က link မှာသွားရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်။
https://fb.watch/lECDaoStnM/?mibextid=Nif5oz

အခုဆိုရင် Meta ကနေပြီးတော့ Threads လို့ခေါ်တဲ့ App တစ်ခုကိုလွန်ခဲ့တဲ့ သုံးရက်လောက်က စတင်ပြီးတော့ launched (ထုတ်လွှင့်) ခဲ့ပါတယ်။ Launched လုပ်ပြီး နာရီပိုင်းအတွင်းမှာတင်ကို Threads ကို Sing Up လုပ်ပြီးအသုံးပြုသူ ၅သန်းကျော်ထိရောက်ရှိသွားပါတယ်။ ယခုဆိုရင်တော့ Threads ကိုသုံးစွဲသူပေါင်း သန်း၃၀ ထိရောက်ရှိလာပြီဖြစ်ပါတယ်။

Mr Zuckerberg ကနေပြီးတော့ Threads ကို Twitter လို Limit တွေ charges တွေဖြင့် မဟုတ်ဘဲ limit မရှိဘဲသုံးစွဲရမည်ဟုပြောစိုခဲ့ပါတယ်။ Twitter မှာဆိုရင်ဖြင့် Post တစ်ခုကို 280 characters, Video တစ်ခုဆိုရင် 2min 20secs ဖြင့်တင်လို့ရမှာဖြစ်ပါတယ်။ Twitter ရဲ့ Verification (Blue Mark), Editing , Video တွေ နှင့် Post တွေကို Limit ထက်ပိုပြီးအသုံးပြုခြင်တယ်ဆိုရင်တော့ charges ပေးဆောင်ရမှာပဲဖြစ်ပါတယ်။

ယခုထွက်ရှိထားတဲ့ Mr Zuckerberg ရဲ့ Threads မှာတော့ Post တစ်ခုကို 500 characters, Videos တစ်ပုဒ်ကို 5 minutes နှင့် Verification ကို Instagram မှာရရှိထားတဲ့ သူတွေက Threads မှာလည်း တစ်ခါတည်း ရရှိမှာဖြစ်ပါတယ်။Threads မှာဘယ်အရာတွက် ဘယ်လောက်ပေးချေရမယ်ဆိုတာတော့ မတွေ့ရသေးပါဘူး။

လူကြီးမင်းတို့ အနေဖြင့်မသုံးကြည့်ရသေးဘူးဆိုရင် အောက်က Link တွေမှာ Download ရယူပြီး အသုံးပြုနိုင်ပါတယ်

🖇️ For Android
https://play.google.com/store/apps/details?id=com.instagram.barcelona&hl=en&gl=US

🖇️ For IOS
https://apps.apple.com/us/app/threads-an-instagram-app/id6446901002

လူကြီးမင်းတို့လုပ်ငန်းအသုံးပြုရန်အတွက် POS Software တစ်ခု‌ရှာနေတယ်ဆိုရင် Service ကလည်း ကောင်းပြီး အသုံးပြုရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် Software တွေကိုလည်း Lifetime အာမခံပေးထားတဲ့ ကျွန်တော်တို့ 𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT Solutions) Company မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

အောက်ပါလိပ်စာများမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

📧 [email protected]

☎️ 09 9635 85999


A+ Certification ကိုဘာကြောင့်လေ့လာသင်ယူသင့်တာလဲ🤔?အားလုံးပဲမင်္ဂလာပါ ဒီနေ့ကျွန်တော်တို့ Xyber Planet (IT Solutions) Compa...
03/07/2023

A+ Certification ကိုဘာကြောင့်လေ့လာသင်ယူသင့်တာလဲ🤔?

အားလုံးပဲမင်္ဂလာပါ ဒီနေ့ကျွန်တော်တို့ Xyber Planet (IT Solutions) Company ကနေ A+ Certification ကိုဘာကြောင့်လေ့လာသင်ယူသင့်တာလဲဆိုတာကို အကျဉ်းချုပ်ပြောပြပေးသွားမှာဖြစ်ပြီးတော့ လေ့လာလို့ အဆင်ပြေစေမည့် YouTube channel links လေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

A+ Certification ကဆိုရင် ကွန်ပြူတာတစ်လုံးရဲ့ Hardware, Software, Networking, Security ပိုင်းတွေ၊ သူတို့တွေကကွန်ပြူတစ်လုံးရဲ့ဘယ်အစိတ်ပိုင်းတွေမှာဘယ်လိုအလုပ်လုပ်သလဲ၊ ဘာတွေလုပ်ဆောင်ပေးလဲ စတာတွေကိုအ‌သေးစိတ် လေ့လာရမှာဖြစ်ပြီး IT နယ်ပယ်ထဲကိုစတင်ဝင်ရောက်မည့်သူ‌တွေအတွက် ဆိုရင် အခြေခံကျပြီး တော့ CompTIA(Computing Technology Industry Association) ကနေပြီးတော့ အသိမှတ်ပြုထားတဲ့ အမှတ်တံဆိတ်တစ်ခု ဖြစ်ပါတယ်။

အသေးစိတ်ကို လေ့လာနိုင့်ဖို့တွက် ကျွန်တော်တို့ Xyber Planet (IT Solutions) Company ကနေပြီးတော့ Tutorial လေးတွေကြည့်ပြီး လေ့လာဖို့အဆင်ပြေစေမည့် YouTube channel links လေးတွေကို list လုပ်ပြီးတော့ မျှဝေပေးလိုက်ပါတယ်နော်🥰✨

🖇️(https://www.youtube.com/)

🖇️ (https://www.youtube.com/user/itfreetraining)

🖇️
(https://www.youtube.com/user/Britec09)

အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ🥳

လူကြီးမင်းတို့လုပ်ငန်းအသုံးပြုရန်တွက် POS Software တစ်ခု‌ရှာနေတယ်ဆိုရင် Service ကလည်း ကောင်းပြီး အသုံးပြုရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် Software တွေကိုလည်း Lifetime အာမခံပေးထားတဲ့ ကျွန်တော်တို့
𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT Solutions) Company မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

အောက်ပါလိပ်စာများမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါသည်။

📧 [email protected]

☎️ 09 9635 85999

+

အားလုံးပဲမင်္ဂလာပါ ဒီနေ့ကျွန်တော်တို့ Xyber Planet (IT Solutions) Company ကနေ ပြီးတောာ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ ဒ...
01/07/2023

အားလုံးပဲမင်္ဂလာပါ ဒီနေ့ကျွန်တော်တို့ Xyber Planet (IT Solutions) Company ကနေ ပြီးတောာ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ ဒီနေ့ကျွန်တော်တို့ Company ကနေပြီးတော့ 3D images, Vector icons, Animated icons, Background Photos စတဲ့တွေကို အချိန်ကုန်သက်သာစေပြီး တစ်နေရာထဲမှာတင် ရှာနိုင်တဲ့ Website လေးတွေကို share ပေးထားပါတယ်ဗျာ။ လိုအပ်သလို အသုံးပြုလို့ရပါတယ် ဗျာ။

Website ရဲ့ Link လေးတွေကိုတော့ သက်ဆိုင်တဲ့ ပုံတွေရဲ့အောက်မှာချပေးထားပါတယ်နော်🥰

လူကြီးမင်းတို့လုပ်ငန်းအသုံးပြုရန်တွက် POS Software တစ်ခု‌ရှာနေတယ်ဆိုရင် Service ကလည်း ကောင်းပြီး အသုံးပြုရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် Software တွေကိုလည်း Lifetime အာမခံပေးထားတဲ့ ကျွန်တော်တို့ Xyber Planet (IT Solutions) Company မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

အောက်ပါလိပ်စာများမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါသည်။

📧 [email protected]

☎️ 09 9635 85999

Canada မှာ Facebook  နှင့် Instagram တို့ရဲ့ သတင်းဝင်ရောက်ခွင့်ကို ကန့်သတ်ပါလီမန်က အငြင်းပွားဖွယ်ရာ အွန်လိုင်းသတင်းဥပဒေက...
26/06/2023

Canada မှာ Facebook နှင့် Instagram တို့ရဲ့ သတင်းဝင်ရောက်ခွင့်ကို ကန့်သတ်

ပါလီမန်က အငြင်းပွားဖွယ်ရာ အွန်လိုင်းသတင်းဥပဒေကြမ်းကို အတည်ပြုပြီးနောက် Facebook နှင့် Instagram တို့ရဲ့ company ကြီးဖြစ်တဲ့ Meta ကနေပြီး Canada ကအသုံးပြုသူတို့ရဲ့ platform ပေါ်တွင်ရှိသောသတင်းများကို စတင်ကန့်သတ်တော့မည်ဖြစ်ကြောင်းပြေကြားခဲ့ပါတယ်။ အဲ့ဒီဉပဒေကြမ်းကဘာလဲဆိုရင် Canada မှာရှိတဲ့သတင်းထုတ်သူတို့ရဲ့ site ပေါ်မှာတင်ထားသောအကြောင်းအရာများအတွက် လျော်ကြေးပေးရန် တွန်းအားပေးခဲ့ပါတယ်။ ဒါ့ပြင် Google ကနေပြီးတော့လည်း Canada နိုင်ငံသားအချို့ကို သတင်းရယူခွင့်များကိုလည်း ကန့်သတ်ထားပါတယ်။

2021 မှာလည်း Meta ကနေပြီးတော့ Canada ကဲ့သို့ Australian မှာရှိတဲ့ အသုံးပြုသူတွေကို သတင်းများမျှဝေကြည့်ရှုခြင်းတွေကို ပိတ်ဆို့ခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ ကြာဿပတေးနေ့ကပဲ Canada ရဲ့ online news တွေမှာလည်း Meta နှင့် Google အဖွဲ့အစည်းတွေမှာရှိတဲ့ သတင်းအချက် အလက်တွေကို ပြန်လည်ရရှိဖို့အတွက် သဘောတူညီမှုအချက်များနှင့် ညှိနှိုင်းဖို့ကြော်ညာခဲ့ပါသေးတယ်။ အဲ့ဒီနေ့မှာတင်ပဲ Canada မှာဥပဒေကြမ်း အသက်မဝင်မှီထိ Facebook နှင့် Instragram အသုံးပြုခွင့်ကိုပိတ်ပင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Australian မှာတော့ အသုံးပြုသူတွေကို Facebook မှာရှိတဲ့သတင်းအချက်တွေကိုပြန်လည်ရရှိဖို့တွက် အစိုးရနှင့်ဆွေးနွေးပြီးနောက် ပြင်ဆင်မှုများပြုလုပ်ပြီး ပြန်လည်ရရှိနိုင်ခဲ့ပါတယ်။ Canada မှာလည်း နည်းပညာကုမ္ပဏီကြီးတွေကို ဆန့်ကျင်ပြီး Canada နိုင်ငံသားတွေအတွက် အစိုးရကမခံမရပ်နိုင်ဖြစ်ရင် ဘယ်သူဖြစ်မလဲ ဟုပြောဆိုခဲ့ပါတယ်။

လူကြီးမင်းတို့လုပ်ငန်းအသုံးပြုရန်တွက် POS Software တစ်ခု‌ရှာနေတယ်ဆိုရင် Service ကလည်း ကောင်းပြီး အသုံးပြုရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် Software တွေကိုလည်း Lifetime အာမခံပေးထားတဲ့ ကျွန်တော်တို့
𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT Solutions) Company မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

အောက်ပါလိပ်စာများမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါသည်။

📧 [email protected]

☎️ 09 9635 85999

Elon Musk နှင့် Mark Zuckerberg တို့က ကြိုးဝိုင်းထဲမှာ လူချင်းထိုးဖို့ သ‌ဘောတူလိုက်ပါပြီ 😱တစ်ကမ္ဘာလုံးရဲ့ နည်းပညာလောကကြီ...
24/06/2023

Elon Musk နှင့် Mark Zuckerberg တို့က ကြိုးဝိုင်းထဲမှာ လူချင်းထိုးဖို့ သ‌ဘောတူလိုက်ပါပြီ 😱

တစ်ကမ္ဘာလုံးရဲ့ နည်းပညာလောကကြီးကို စိုးမိုးထားပြီး Billionaires သူဌေးတွေလည်းဖြစ်ကြတဲ့ Elon Musk နှင့် Mark Zuckerberg ဟာဆိုရင် လွန်ခဲ့တဲ့ တစ်ရက်က cage match လို့ခေါ်တဲ့ ကြိုးဝိုင်း ထဲမှာလူချင်းထိုးမည်ဟု တစ်ယောက်နှင့်တစ်ယောက် သဘောတူစိန်ခေါ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့အတောတွင်းမှာပဲ Mr Zuckerberg ကနေပြီးတော့ Elon Musk ရဲ့ Twitter ကိုစိန်ခေါ်ပြီးတော့ Social media App တစ်ခုကို တီထွင်နေတယ် ဟုသင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းနှင့်ပတ်သတ်ပြီး‌တော့ ကျွန်တော်တို့ Xyber Planet page ကနေပြီးတော့ Knowledge sharing လုပ်ပေးခဲ့ဖူးပါတယ်။ မဖတ်ရသေးပါက အောက်က link သို့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/100089625295703/posts/205257252471783/

အဲ့ဒီကိတ်စနှင့်ပတ်သတ်ပြီး Mr Musk ကနေပြီးတော့သူရဲ့ social media platform ဖြစ်တဲ့ Twitter မှာ message တစ်ခုကိုတင်ခဲ့ပါတယ်။ အဲ့ဒီ message ကဘာလဲဆိုရင် "up for a cage fight with Mr Zuckerberg" Zuckerberg နှင့်ကြိုးဝိုင်းမှာ ထိုးပွဲလုပ်မည်ဟုစိန်ခေါ်လိုက်ခြင်းပါပဲ။

Facebook and Instagram တို့ရဲ့ Company "Meta" ရဲ့ boss ဖြစ်တဲ့ Mr Zuckerberg ကနေပြီးတော့ Mr Musk တင်ထားတဲ့ post ကို screenshot ရိုက်ပြီး "send me location" ဟု caption ရေးပြီး‌တော့ Post ပြန်တင်ခဲ့ပါတယ်။ Mr Musk ကနေပြန်ပြီး Zuckerberg ၏ တုံ့ပြန်မှုကို "Vegas Octagon" ဟူ၍ပြန်လည်ဖြေကြားခဲ့ပါတယ်။

ကဲ လူကြီးမင်းတို့လည်း ဒီဘဲကြီးနှစ်ယောက်ရဲ့ပွဲကိုစောင့်မျှော်ကြည့်ရှုလိုက်ကြပါဉီး 📢

လူကြီးမင်းတို့လုပ်ငန်းအသုံးပြုရန်တွက် POS Software တစ်ခု‌ရှာနေတယ်ဆိုရင် Service ကလည်း ကောင်းပြီး အသုံးပြုရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် Software တွေကိုလည်း Lifetime အာမခံပေးထားတဲ့ ကျွန်တော်တို့
𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT Solutions) Company မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

အောက်ပါလိပ်စာများမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါသည်။

📧 [email protected]

☎️ 09 9635 85999

အားလုံးပဲမင်္ဂလာပါ ဒီနေ့ကျွန်တော်တို့ Xyber Planet (IT Solutions) Company ကနေ knowledge sharing လုပ်ပေးသွားမှာကတော့ လူတိ...
19/06/2023

အားလုံးပဲမင်္ဂလာပါ ဒီနေ့ကျွန်တော်တို့ Xyber Planet (IT Solutions) Company ကနေ knowledge sharing လုပ်ပေးသွားမှာကတော့ လူတိုင်းအတွက် အသုံးတည့်ပြီး အသုံးပြုရတာလည်းလွယ်ကူတဲ့ Application ‌လေးတစ်ခုကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဘာ APP လည်းဆိုရင် Canva ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ video editing ,photo editing, CV form, Resume form နှင့် presentation တွေအတွက် အပြင်စတဲ့ features တော်တော်များများကိုတစ်နေရာတည်းမှာတင် အသုံးပြုလို့ရမှာဖြစ်ပြီး အသုံးပြုရာတာတွင်လည်း တော်တော်လေးကိုအဆင်ပြေပါတယ်။ ဒါပြင့် template designs များကိုစုံစုံလင်လင်ပေးထားပြီး customize (စိတ်ကြိုက်ပြင်ဆင်ပြီး) ‌တော့လည်းအသုံးပြုနိုင်ပါတယ်။ CV form တို့ Resume form စတဲ့ templates designs တွေဆိုရင်လည်း တော်တော်လေးကို smart ဖြစ်တာကိုတွေ့ရပါတယ်။ Canva ကို free version နှင့် pro version ဆိုပြီးအသုံးပြုနိုင်ပါတယ်။ pro version ကတော့ monthly, yearly plans တွေနှင့် ဝယ်သုံးရမှာဖြစ်ပါတယ်။ free version နှင့်တင်ကိုတော်တော်လေးအသုံးပြုရတာ အဆင်ပြေတာကိုတွေ့ရပါတယ်။ features တွေအများကြီးထပ်သုံးချင်တယ်ဆိုရင်တော့ pro ဝယ်သုံးပေ့ဗျာ😉

Canva ကို website ကနေပြီးသွားအသုံးပြုနိုင်သလို download ချပြီးတော့လည်းအသုံးပြုနိုင်ပါတယ်။

အောက်မှာ links လေးတွေ ချပေးထားပါတယ်ဗျာ🥰

Website link
https://www.canva.com/

Download link
Andorid အတွက် - https://www.canva.com/download/android/

IOS အတွက် - https://www.canva.com/download/ios/

လူကြီးမင်းတို့လုပ်ငန်းအသုံးပြုရန်တွက် POS Software တစ်ခု‌ရှာနေတယ်ဆိုရင် Service ကလည်း ကောင်းပြီး အသုံးပြုရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် Software တွေကိုလည်း Lifetime အာမခံပေးထားတဲ့ ကျွန်တော်တို့
𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT Solutions) Company မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

အောက်ပါလိပ်စာများမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါသည်။

📧 [email protected]

☎️ 09 9635 85999

AI ဆိုတာဘာလဲ ဘယ်လိုအကျိုးရှိရှိအသုံးချမလဲ?အားလုံးပဲမင်္ဂလာပါ ဒီနေ့ကျွန်တော်တို့ Xyper Planet(IT Solutions) company ကနေပြ...
17/06/2023

AI ဆိုတာဘာလဲ ဘယ်လိုအကျိုးရှိရှိအသုံးချမလဲ?

အားလုံးပဲမင်္ဂလာပါ ဒီနေ့ကျွန်တော်တို့ Xyper Planet(IT Solutions) company ကနေပြီးမှပြောပြပေးသွားမည့် အကြောင်းအရာကတော့ AI ဆိုတာဘာလဲ AI ကနေပြီးတော့ လူတွေကိုဘယ်လိုအရာတွေမှာ အကျိူးမြတ်ဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးသွားမှာပါ။

Artificial intelligence လို့ခေါ်တဲ့ AI (နည်းပညာ) technology တွေဟာဆိုရင် ယနေ့ခေတ်မှာ အရှိန်အဟုန်နှင့်တိုးတတ်နေပြီးတော့ ခေတ်မှီတဲ့ လူနေမှုဘဝတွေဆီသို့ ဆွဲခေါ်နေလျှက် ရှိပါတယ်။ အဲ့တာဆိုရင် AI တွေဘယ်လို အလုပ်သလဲ ဆိုနှင့် ဘယ်လိုအကျိုးရှိရှိအသုံးချရမှာလဲဆိုတာကို အောက်မှာရှင်းပြပေးထားပါတယ်။

AI တွေဘယ်လိုအလုပ်လုပ်သလဲ?
AI ကနေပြီး‌တော့ computer တစ်လုံးကို လူသားတစ်‌ယောက်ကဲ့သို့ လုပ်ဆောင်နိုင်မှုတွေ တုံပြန်ခြင်းတွေကို ပြုလုပ်ပေးနိုင်တဲ့ technology (နည်းပညာ) တစ်ခုဖြစ်ပါတယ်။ Computers တွေကနေပြီးမှ informations(အချက်အလက်) တွေပေးမယ်ပြီးတော့ အဲ့ဒီအချက်အလက်တွေကို ကြိုတင်ခန့်မှန်းပြီးတော့ ၄င်းမှာရှိတဲ့ data တွေကို ပြန်လည်ပြောပြပေးပြီးတော့ ဖြစ်ပေါ်လာမည့် ပြဿနာတွေကိုလည်း ဖြေရှင်းပေးပြီ သူတို့ရဲ့အမှားတွေကနေမှ ပြန်လည်သင်ယူနိုင်အောင် လေ့ကျင့်ပေးထားပါတယ်။ ဉပမာ ဘာမှမသိတဲ့ လူသားတစ်ယောက်ကို အသိဉာဏ်တွေရှိလာအောင် အမှားတွေလုပ်မိတာ ကနေပြီးမှ အဲ့အမှားတွေကနေ အမှန်ဖြစ်သို့ပြောင်းလဲသင်ယူလာနိုင်အောင် လေ့ကျင့်ပေးရသလိုမျိုးပေါ့။

ဘယ်လိုအကျိုးရှိရှိအသုံးချမလဲ ?
မကြာသေးမှီအချိန်ကာလကမှ ထွက်ပေါ်လာတဲ့ ChatGPT နှင့် Snapchat My AI တို့ဟာဆိုရင် powerful ဖြစ်နေတဲ့ AI applications နှစ်ခုဖြစ်ပါတယ်။ ၄င်း app တွေကို တော့ AI chatbot လို့ခေါ်တဲ့ နည်းပညာကို ပေါင်းစပ်ဖန်တီးထားပြီးတော့ လူသားတွေမေးတဲ့ မေးခွန်းတွေပြဿနာတွေကို လူသားတွေနားလည်နိုင်တဲ့ စာသားတွေမှတစ်ဆင့် ပြန်လည်ဖြေရှင်း ပြောပြပေးပါတယ်။ မိမိလိုချင်တဲ့ data တွေ Information တွေ Knowledge တွေ သိလိုတဲ့အကြောင်းအရာတွေကို chatbox မှာလူတစ်ယောက်ကိုမေးသလိုမျိုး အဲ့ဒီ APP တွေမှာသွားမေးပြီးတော့ အကျိုးရှိရှိအသုံးချလို့ရပါတယ်။ ကျွန်တော်တို့အနေနှင့် အဲ့ဒီ APP တွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့ပဲလိုပါတယ်။

အောက်က linkတွေမှာ regsiter လုပ်ပြီး မိမိလိုချင်တဲ့အကြောင်းအရာတွေကို သွားမေးလို့ရပါတယ်

ChatGpt
https://chat.openai.com/

Snapchat My AI
https://www.snapchat.com/

လူကြီးမင်းတို့လုပ်ငန်းအသုံးပြုရန်တွက် POS Software တစ်ခု‌ရှာနေတယ်ဆိုရင် Service ကလည်း ကောင်းပြီး အသုံးပြုရာတွင်လည်း လွယ်ကူရိုးရှင်းသည့်အပြင် Software တွေကိုလည်း Lifetime အာမခံပေးထားတဲ့ ကျွန်တော်တို့
𝐗𝐲𝐛𝐞𝐫 𝐏𝐥𝐚𝐧𝐞𝐭 (IT Solutions) Company မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

အောက်ပါလိပ်စာများမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါသည်။

📧 [email protected]

☎️ 09 9635 85999

Address

107A Street, BET 70 * 71
Mandalay
05041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959963585999

Alerts

Be the first to know and let us send you an email when Xyber Planet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Xyber Planet:

Share