24/08/2024
🔥အထူး အစီအစဉ်များနဲ့ အိုင်ဖုန်းနောက်မှန် လဲကြမယ်🔥
....
မိတ်ဆွေရဲ့ အိုင်ဖုန်းလေး နောက်မှန်လဲ ကွဲသွားလို့ စိတ်သောက ရောက်မနေပါနဲ့ 🥹
ကွဲနေတဲ့ နောက်မှန်ကို အရင်လို လှလှပပလေး ပြန်ဖြစ်သွားအောင် အိုင် ဘီ ဂျီ အက်စ် ( IBGS ) ရဲ့ Package လေးတွေနဲ့ နောက်မှန်လဲလိုက်ပါ။ ✅
ရွေးချယ်စရာ Service Package ( 3 ) မျိုး အထိ ရှိတာဖြစ်လို့ မိတ်ဆွေ ကြိုက်နှစ်သက်ရာ Package လေးကို ရွေးချယ် ပြုပြင်နိုင်ပါတယ်။ ✅
....
💴 Money Saving Package 💰
စျေးကြီးပေးပြီးမှ ရနိုင်မယ့် ဝန်ဆောင်မှု တွေကို ကုန်ကျစရိတ် သက်သက်သာသာနဲ့ ရနိုင်မယ်ဆို စိတ်ဝင်စားတယ် မလား?
မိတ်ဆွေအနေနဲ့ ပြုပြင်ချိန်ကို ပုံမှန်ထက် အနည်းငယ် ပိုပေးရုံနဲ့ပဲ ဒီအခွင့်အရေးလေးကို အရယူနိင်ပါပြီ။
ပိုလျှံလာတဲ့ ကုန်ကျစရိတ်လေးက ဟော့ပေါ့ တစ်ပွဲဆွဲဖို့ ကောင်းကောင်း လုံလောက်ပါတယ်နော်။
အာမခံ ကာလကလည်း ( ၃ လ ) ရဦးမှာ ဖြစ်ပြီး
အာမခံ ကာလအတွင်း နောက်မှန်ပြန်ဟတာ၊ လက်ရာ မသပ်ရပ်တာ၊ လက်ရာ စိတ်တိုင်းမကျတာ မျိုးတွေအတွက် နောက်မှန်အသစ်တစ်ချပ် ထပ်လဲလို့ရနိုင်မှာပဲ ဖြစ်ပါတယ်။
ဝန်ဆောင်ခ သက်သာသွားပေမယ့် အသုံးပြုပေးထားတဲ့ ပစ္စည်း အရည်အသွေး၊ ဝန်ဆောင်မှု နဲ့ ရလဒ် စတာတွေကိုတော့ လုံးဝ လျော့ချထားခြင်း မရှိပါခင်ဗျ။
ကြာချိန်ကတော့ ( ၁၆ ) နာရီ ဖြစ်ပါတယ်။
လုံလောက်တဲ့ ပြုပြင်ချိန်ကြောင့် မိတ်ဆွေရဲ့ ဖုန်းလေးကို အကောင်းဆုံး ပြုပြင်ပေးနိုင်မှာ ဖြစ်ပီး၊ အချိန် လောလော နဲ့ ပြုပြင်ရတာကြောင့် ဖုန်းကို ထိခိုက်မိတဲ့ အဖြစ်မျိုးတွေ ကလည်း ရှောင်ရှားနိုင်ဦးမှာ ဖြစ်ပါတယ်။
....
🎉 Quick Classical Package 🎁
ဒီ Package လေးက အလုပ်အရမ်းများတဲ့ Business Man နဲ့ Business Girls လေးတွေ အတွက်ပါ။
နေ့ချင်းပြီး ရနိုင်တဲ့ ဝန်ဆောင်မှုလေး ဖြစ်ပြီး
ကြာချိန်ကတော့ ( ၆-၈ ) နာရီပဲ ဖြစ်ပါတယ်။
တစ်ခြား Service ဆိုင်တွေနဲ့ ယှဉ်ရင် အချိန် ပိုယူထားတယ် ထင်ရပေမယ့် ပြည့်စုံကောင်းမွန်တဲ့ ဝန်ဆောင်မှု တစ်ခု ဖြစ်ဖို့ ပြုပြင်ချိန်ကို ဒီထက်ထပ်ပြီး လျော့ချလို့ မရလို့ပါ ခင်ဗျ။
အာမခံ ကာလ ( ၆ ) လ ရနိုင်မှာ ဖြစ်ပြီး အာမခံ ကာလအတွင်း နောက်မှန်ပြန်ဟတာ၊ လက်ရာ မသပ်ရပ်တာ၊ လက်ရာ စိတ်တိုင်းမကျတာမျိုးတွေအတွက် နောက်မှန်အသစ်တစ်ချပ် ထပ်လဲလို့ ရနိုင်မှာပဲ ဖြစ်ပါတယ်။
....
🏆 Special Protection Package 🏆
ကိုယ့်ဘာသာ ဖုန်းကို လွတ်ကျပြီး နောက်မှန်ကွဲတာကို အိုင် ဘီ ဂျီ အက်စ် မှာ အခမဲ့ လာလဲလို့ ရနိုင်တယ်ဆို ယုံကြမှာလား?
ဟုတ်ပါတယ်။
နောက်မှန်ကွဲရင် အခမဲ့ ထပ်လဲလို့ရနိုင်တဲ့
အိုင် ဘီ ဂျီ အက်စ် ရဲ့ Special Protection Package လေး ရှိပါတယ်။
ဒီ Package လေးမှာတော့ နောက်မှန်လဲလှယ်ခြင်းတွေ အတွက် အထူး အာမခံ ကာလ ( ၁ နှစ် ) တိတိ ပေးထားပြီး၊ အကြောင်း အမျိုးမျိုးကြောင့် နောက်မှန် ထပ်ကွဲခဲ့ရင် ( ပစ္စည်းဖိုး + လက်ခ ) လုံးဝ အခမဲ့ နဲ့ နောက်ထပ်တစ်ကြိမ် နောက်မှန် ထပ်လဲလို့ ရနိုင်မှာပဲ ဖြစ်ပါတယ်။
ထူးခြားတာက မိတ်ဆွေကိုယ်တိုင် ဖုန်းကို လွတ်ကျပြီး နောက်မှန်ကွဲနေရင်တောင် အခမဲ့ လဲပေးတာပဲ ဖြစ်ပါတယ်။
ဖုန်းကို ခနခန လွတ်ကျတတ်ပြီး နောက်မှန် ကွဲတတ်တဲ့ သူတွေ အတွက်တော့ ဒီ Package လေးကို ရွေးပါနော်။
ဝန်ဆောင်မှု ကြာချိန် ကတော့ ( ၁၂ ) နာရီ ဖြစ်ပါတယ်။
....
Overall အာမခံချက် အနေနဲ့
ရွေးစရာ ဝန်ဆောင်မှု Package ၃ ခု စလုံးအတွက် အရည်အသွေး၊ လက်ရာ၊ ရလဒ် စတာတွေကို စိတ်တိုင်းမကျပါက ငွေအပြည့် ပြန်အမ်းပေးမယ့် အာမခံချက်လေးလဲ ထားရှိပေးထား ပါတယ်ခင်ဗျ။
....
🥇 IBGS အကြောင်း မသိသေးသူများ အတွက် 🏆
အိုင် ဘီ ဂျီ အက်စ် ဟာ အိုင်ဖားသား - အိုင်ဖုန်း အိုင်ပတ် ပြုပြင်ရေး ကနေ ပြုလုပ်ပေးထားတဲ့ နောက်မှန်အတွက် သီးသန့် ဝန်ဆောင်မှု Program တစ်ခု ဖြစ်ပါတယ်။
ဝန်ဆောင်မှု စတင်စဉ် ၂၀၂၁ ခုနှစ် ကတည်းက
အာမခံ တစ်နှစ်နဲ့ ဝန်ဆောင်မှု ပေးခဲ့တာဖြစ်ပြီး နောက်မှန်လဲလှယ်ခြင်းကို အာမခံစနစ် ထည့်ပေါင်း ဝန်ဆောင်မှုပေးခြင်းရဲ့ ရှေ့ပြေးလဲ ဖြစ်ခဲ့ပါတယ်။
အိုင်ဖုန်း နောက်မှန်လဲခြင်းနဲ့ ပတ်သက်လို့ အတွေ့အကြုံ ၄ နှစ်နီးပါး ရှိနေပြီဖြစ်ပြီး၊ အားလုံးထက် သာလွန်ကောင်းမွန်တဲ့ နောက်မှန်လဲခြင်းဆိုင်ရာ နည်းစနစ်တွေကိုလဲ သိရှိထားပြီး ဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ဘယ်မှာမှ တွေ့ရမှာ မဟုတ်တဲ့ အိုင်ဖုန်း နောက်မှန်လဲလှယ်ခြင်းရဲ့ အားနည်းချက်၊ အားသာချက်၊ ဆောင်ရန်၊ ရှောင်ရန် အကြောင်းအရာတွေကိုလဲ ဝေမျှပေးလျက် ရှိပါတယ်။
အိုင်ဖုန်း နောက်မှန်လဲလှယ်ခြင်းနဲ့ ပတ်သက်လို့
နောက်ဆံတင်းတင်း၊ စိုးရိမ်မှု ကင်းကင်းနဲ့ တာဝန် အပြည့်အဝ ယူနိုင်တဲ့ Program လေးကို ရှာနေတယ် ဆိုရင်တော့ အိုင် ဘီ ဂျီ အက်စ် Program လေးကို ရွေးချယ်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
....
အိုင်_ဘီ_ဂျီ_အက်စ် ( IBGS )
အာမခံ ( ၁ ) နှစ် ပါတဲ့ #အိုင်ဖုန်း #နောက်မှန် ( သီးသန့် ) ဝန်ဆောင်မှု။
....
𝐍𝐨.𝟐𝟑𝟑/𝟐𝟗
𝟑𝟒𝐁_𝐒𝐭 𝐁𝐞𝐭_𝟕𝟔*𝟕𝟕_𝐒𝐭𝐫𝐞𝐞𝐭.
𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
09 9455 666 56
....