Sigma Solar

Sigma Solar Solar systems sales & installation

🎯 ဆိုလာစနစ်တစ်ခုရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝရဖို့ ပစ္စည်းကောင်းရုံတစ်ခုတည်းနဲ့ တကယ်ပဲ လုံလောက်ရဲ့လား ❓ဒီမေးခွန်းရဲ့ အဖြ...
29/08/2026

🎯 ဆိုလာစနစ်တစ်ခုရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝရဖို့ ပစ္စည်းကောင်းရုံတစ်ခုတည်းနဲ့ တကယ်ပဲ လုံလောက်ရဲ့လား ❓

ဒီမေးခွန်းရဲ့ အဖြေကို
🔹 မီတာခတွေ ထင်သလောက်လျော့မသွားတာ
🔹 ညဘက်ဆို ဘက်ထရီအားမခံတာနဲ့
🔹 ဆိုလာကနေ ရသင့်သလောက် လျှပ်စစ်စွမ်းအင်မရတဲ့ ပြဿနာတွေက ဘရန်းကောင်း တပ်ဆင်ထားရုံတစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာကို သက်သေပြနေပါပြီ။

ဒါဆိုရင် ပစ္စည်းတွေဝယ်ယူတာအပြင် ဘယ်အချက်တွေကိုပါ ထပ်ဂရုစိုက်သင့်လဲ❓

တကယ်တော့ ဆိုလာစနစ်တစ်ခုရဲ့ စွမ်းဆောင်ရည်က ပစ္စည်းတစ်ခုရဲ့ အရည်အသွေး တစ်နည်းအားဖြင့် Hardware ပိုင်းကောင်းမွန်ဖို့လည်း လိုသလို ဆိုလာစနစ်ကို တပ်ဆင်တဲ့အပိုင်းနဲ့ စနစ်ကိုချိန်ညှိပေးတဲ့ Setting ပိုင်းဆိုင်ရာမှာ မှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။

✅ ဒါကြောင့် ဆိုလာစနစ်တစ်ခုရဲ့ စွမ်းဆောင်ရည်ကို ရာနှုန်းပြည့် အပြည့်အဝရနိုင်ဖို့အတွက် တပ်ဆင်မှုပိုင်းနဲ့ Setting ချိန်ညှိတဲ့အပိုင်း နှစ်ခုကို ဘယ်လိုမျိုး ဂရုစိုက်သင့်လဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

1️⃣ နေရောင်ခြည်စွမ်းအင်အပြည့်အဝရနိုင်ဖို့နဲ့ ဘေးကင်းလုံခြုံစေဖို့အတွက် ဆိုလာစနစ်ကို စနစ်တကျ တပ်ဆင်ပါ။

ဆိုလာပြားက နေရောင်ခြည်ရလေ လျှပ်စစ်စွမ်းအင်ပိုထုတ်နိုင်လေဆိုပေမဲ့ နေရောင်ခြည်ရတဲ့ ပမာဏတစ်ခုတည်းကိုပဲ ကြည့်လို့မရပါဘူး။ ဆိုလာပြားရဲ့ ဘယ်ထောင့်ကနေ နေရောင်ရနေလဲ၊ အရိပ်ကျနေလား၊ ဘေးကင်းရဲ့လားဆိုတဲ့အချက်တွေကိုပါ သတိထားသင့်ပါတယ်။

ဒါကြောင့် ဆိုလာတပ်ဆင်တဲ့အခါ

⚠️ နေရောင်ခြည်ကို အပြည့်အဝရဖို့ ကိုယ့်အိမ်ရဲ့ အနေအထားပေါ်မူတည်ပြီး နေရောင်ခြည် အများဆုံးရနိုင်မယ့် အရပ်မျက်နှာနဲ့ ဒီဂရီကို သေချာတွက်ချက်တပ်ဆင်ရပါမယ်။

⚠️ အထူးသဖြင့် သစ်ပင်၊ ရေတိုင်ကီနဲ့ တခြားဘေးအဆောက်အအုံတွေရဲ့ (ဘေးပတ်ဝန်းကျင်က အဆောက်အအုံတွေရဲ့") အရိပ်ကျရောက်မှုရှိမရှိကိုလည်း ကြိုတင်တွက်ချက်ထားသင့်ပါတယ်။ ကျွန်တော်တို့ ဆိုလာတပ်ဆင်ခဲ့တဲ့ အတွေ့အကြုံနဲ့ လေ့လာတွေ့ရှိချက်တွေအရ ဆိုလာပြားတစ်ခုရဲ့ နေရာတချို့ပေါ်မှာ အရိပ်ကျရုံနဲ့တင် လျှပ်စစ်ထုတ်လုပ်မှု ကျဆင်းသွားပြီး အစဥ်လိုက်ချိတ်ဆက်မှု (Series Connection) လုပ်ထားတဲ့ ဆိုလာစနစ်တစ်ခုလုံးရဲ့ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းကိုပါ ထိခိုက်စေနိုင်လို့ပါပဲ။ ဒါကြောင့် ဆိုလာပြားကိုရွေးချယ်တဲ့အခါ ပစ္စည်းကောင်းဖို့လည်း လိုအပ်သလို ဘယ်နေရာမှာ တပ်ဆင်မလဲဆိုတာကပါ အဓိကျနေတာပဲဖြစ်ပါတယ်။

⚠️ ဆိုလာစနစ်တပ်ဆင်တဲ့အခါမှာ ဘေးကင်းလုံခြုံမှုပိုင်းကိုလည်း မဖြစ်မနေ သတိထားသင့်ပါတယ်။ ဒါကြောင့် cable ကြိုးအရွယ်အစားနဲ့ ဆိုလာစနစ်ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်း၊ ဘရိတ်ကာအပါအဝင် ကာကွယ်ရေးပစ္စည်း (Protection Devices) တွေကို သေချာတပ်ဆင်ခြင်းတွေက အပူလွန်ကဲတာနဲ့ ဝါယာရှော့ပြဿနာတွေကို ကာကွယ်ပေးပါတယ်။

2️⃣ Setting ပိုင်းဆိုင်ရာကို သေချာချိန်ညှိပါ။

ဆိုလာတပ်ဆင်သူအများစုက တပ်ဆင်မှုအပိုင်းနဲ့ ပစ္စည်းအရည်အသွေးပိုင်းကိုတော့ သတိထားကြည့်ကြပေမဲ့ Setting ချိန်ညှိတဲ့အပိုင်းကိုတော့ အမြဲ လျှော့တွက်ကြလေ့ရှိပါတယ်။ တကယ်တော့ ဆိုလာစနစ်တစ်ခုလုံးရဲ့ စွမ်းဆောင်ရည်က Setting ချိန်ညှိမှုပေါ်မှာ 50% လောက် မူတည်နေတာပါ။ ဒါကြောင့် Setting ချိန်ညှိတော့မယ်ဆိုရင် အင်ဗာတာရဲ့ Setting ပိုင်း၊ ဘက်ထရီအား ထုတ်လုပ်တဲ့ (Depth of Discharge) Setting ပိုင်းနဲ့ ကာကွယ်ရေး setting (Protection Setting) ပိုင်း (၃) ခုကို အမြဲဂရုစိုက်သင့်ပါတယ်။

⚠️ ဆိုလာ၊ အင်ဗာတာနဲ့ ဝန်အား (Load) ချိန်ညှိမှု Setting: ကိုယ့်အိမ်မှာ အသုံးပြုမယ့် လျှပ်စစ်ပစ္စည်းတွေရဲ့ ဝန်အား (Load) ဟာ တပ်ဆင်ထားတဲ့ ဆိုလာပြားရဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ အင်ဗာတာရဲ့ ခံနိုင်ရည် (Capacity) နဲ့ ကိုက်ညီမှုရှိဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဝန်အားများသွားချိန်မှာ မနိုင်တော့ဘဲ (Overload ဖြစ်ပြီး) မီးခဏခဏ ပိတ်ကျတာမျိုးကို ကာကွယ်နိုင်မှာပါ။ ဒါ့အပြင် Hybrid Inverter တွေမှာဆိုရင် ဆိုလာနဲ့ ဘက်ထရီမီးကိုတင် မကဘဲ အစိုးရမီး (Grid) နဲ့ လျှပ်မီတာ (Meter) တို့ကိုပါ ဘယ်အချိန်မှာ ဘယ်လိုအသုံးပြုမလဲဆိုတာ စီမံပေးတာဖြစ်လို့ ဆိုလာနဲ့ တိုက်ရိုက်သုံးတာ (Load First) ကို ဦးစားပေးမလား၊ ဘက်ထရီကိုပဲ အရင်အားသွင်းမလား (Battery First) စသဖြင့် မိမိအသုံးပြုမှုပုံစံအတိုင်း Setting ကို တိကျစွာ ချိန်ညှိထားဖို့ လိုအပ်ပါတယ်။

⚠️ ဘက်ထရီအား ထုတ်လုပ်တဲ့ (Depth of Discharge) Setting ပိုင်းကို ဘယ်လို ချိန်ညှိမလဲ။
DOD – Depth of Discharge (ဘက်ထရီအား ထုတ်သုံးသည့်အတိုင်းအတာ) ဆိုတာ ဘက်ထရီရဲ့ အားထဲက ဘယ်လောက် ထုတ်သုံးထားလဲဆိုတာကို ဆိုလိုပါတယ်။ ဥပမာ - Battery 100% ကနေ 30% ကျန်တဲ့အထိ သုံးရင် DOD 70% ဖြစ်ပါတယ်။ ဘက်ထရီကို အသုံးပြုတဲ့အခါမှာ အား 0% အထိ ကုန်အောင် အသုံးပြုတာက Battery ရဲ့ Cycle Life (အားသွင်း/အားထုတ် အသုံးပြုနိုင်တဲ့သက်တမ်း) ကို ထိခိုက်စေနိုင်တဲ့အတွက် အား 20% ဒါမှမဟုတ် 30% လောက်ကျန်တဲ့အချိန်မျိုးမှာ မီတာ (Grid) ဘက်သို့ အော်တိုပြောင်းသုံးပေးတာက ဘက်ထရီသက်တမ်းကို ကာကွယ်ပေးနိုင်ပါတယ်။

⚠️ Protection Setting ကိုရော ဘာလို့ သေချာချိန်ညှိသင့်တာလဲ။
Protection Setting (ကာကွယ်ရေးသတ်မှတ်ချက်) ဆိုတာ လျှပ်စစ်အား ပုံမှန်မဟုတ်တဲ့အခြေအနေ ရောက်လာတဲ့အခါ အင်ဗာတာနဲ့ ချိတ်ဆက်ထားတဲ့ စနစ်တွေကို ထိခိုက်မှုမဖြစ်အောင် ကန့်သတ်၊ ဖြတ်တောက်၊ ရပ်တန့်ပေးဖို့ သတ်မှတ်ထားတဲ့ ပစ္စည်းတွေပဲဖြစ်ပါတယ်။ အဓိကအားဖြင့် ဗို့အားများတဲ့ ပြဿနာနဲ့ ဗို့အားနည်းတဲ့ ပြဿနာတွေကို ကာကွယ်ပေးဖို့ပါပဲ။ ဘာကြောင့် ဒီဗို့အားပြဿနာကို ကာကွယ်ပေးဖို့ အရေးကြီးလဲဆိုရင်… ဗို့အား (Voltage) အရမ်းမြင့်တဲ့အချိန်တွေမှာ ဆက်လက်အလုပ်လုပ်နေမယ်ဆိုရင် အင်ဗာတာ ရဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းတွေကို ထိခိုက်စေနိုင်သလို ဗို့အားကျသွားရင်လည်း အင်ဗာတာနဲ့ ဝန်အားအတွက် ပုံမှန်အလုပ်လုပ်ဖို့ အဆင်မပြေနိုင်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် Protection Setting တွေကို အင်ဗာတာ၊ ဘက်ထရီနဲ့ ဆိုလာစနစ်ပေါ်မူတည်ပြီး ဗို့အား၊ လျှပ်စစ်ကြောင်းနဲ့ အပူချိန် (Temperature) ကန့်သတ်ချက်တွေကို သတ်မှတ်ချက်နဲ့အညီ ချိန်ညှိသင့်ပါတယ်။

ဒီအချက်တွေကို ခြုံကြည့်လိုက်မယ်ဆိုရင် တပ်ဆင်မှုအပိုင်းနဲ့ Setting ချိန်ညှိတဲ့အပိုင်းဟာ ဆိုလာစနစ်တစ်ခုရဲ့ စွမ်းဆောင်ရည်၊ သက်တမ်းနဲ့ ဘေးကင်းလုံခြုံမှုအပေါ် ဘယ်လောက်အထိ အဓိက သက်ရောက်နေလဲဆိုတာ သတိထားမိကြမှာပါ။
ဒါကြောင့် ဆိုလာစနစ်ကို စနစ်တကျ တပ်ဆင်ပြီး Setting တွေကို မှန်ကန်စွာ ချိန်ညှိလိုက်တဲ့အခါ...
▪️ နေရောင်ခြည်ကို အပြည့်အဝ အသုံးချနိုင်တဲ့အပြင် ဝန်အား (Load) ချိန်ညှိမှု မှန်ကန်လို့ ခဏခဏ မီးပိတ်ကျတာမျိုးမရှိဘဲ မီတာခပါ သိသိသာသာ လျော့ကျသွားပါမယ်။
▪️ DOD Setting ကြောင့် ဘက်ထရီအား အကုန်ခံသုံးမိတာမျိုး မဖြစ်တော့ဘဲ ဘက်ထရီသက်တမ်း ပိုရှည်လာပါမယ်။
▪️ မှန်ကန်တဲ့ တပ်ဆင်မှုနဲ့ Protection Setting တွေကြောင့် မီးဘေးအန္တရာယ်နဲ့ ဗို့အားအတက်အကျကြောင့် စနစ်တစ်ခုလုံး ပျက်စီးဆုံးရှုံးမယ့် အန္တရာယ်ကနေလည်း ရာနှုန်းပြည့် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ မိတ်ဆွေရဲ့ ဆိုလာစနစ်အတွက် Setting သေချာချိန်ညှိထားရဲ့လားဆိုတာနဲ့ တပ်ဆင်မှုပိုင်းမှာရော မှန်ကန်ရဲ့လားဆိုတာကို ပြန်လည်စစ်ဆေးချင်ရင်ပဲဖြစ်ဖြစ် ဆိုလာစနစ်တပ်ဆင်ဖို့ တိုင်ပင်ဆွေးနွေးချင်ရင်ပဲဖြစ်ဖြစ် မိတ်ဆွေတို့ရဲ့ နေအိမ်၊ ရုံးခန်းနဲ့ လုပ်ငန်းခွင်ရဲ့ လျှပ်စစ်အသုံးပြုမှုပုံစံ (Load Profile) ကို သေချာတွက်ချက်ပြီး Setting ချိန်ညှိပေးမယ့်အပြင် ဆိုလာကို စနစ်တကျ တပ်ဆင်ပေးနေတဲ့ Sigma Solar ကိုသာ သတိရလိုက်ပါ။

Sigma Solar အနေနဲ့...
✅ အရည်အသွေးမြင့် ဆိုလာပြား၊ အင်ဗာတာနဲ့ ဘက်ထရီတွေကို စျေးနှုန်းမှန်ကန်စွာနဲ့ ရွေးချယ်တပ်ဆင်ပေးခြင်း။
✅ မိမိတို့ထံတွင် တပ်ဆင်ထားသူများသာမက အခြားစနစ်အသုံးပြုနေသူများကိုပါ ကျွမ်းကျင် Technician များမှ စနစ်ပိုင်းဆိုင်ရာ ပြဿနာများကို အခမဲ့ စစ်ဆေးအကြံပေးခြင်းတို့အပြင်
✅ Supply & Installation အပြင် Safety Devices များကို စနစ်တကျ ထည့်သွင်းတပ်ဆင်ပေးပြီး ဆိုလာစနစ်တစ်ခုလုံးကို အစအဆုံး တာဝန်ယူဆောင်ရွက်ပေးနေတာမို့လို့ ကိုယ့်အိမ်အတွက် အသင့်တော်ဆုံး ဆိုလာစနစ်ကို သိချင်တယ်ဆိုရင်တော့ Sigma Solar Page Messenger ကနေ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 📲

အသေးစိတ် ဆက်သွယ်စုံစမ်းရန်
📞 - 09 966 335 771
📞 - 09 968 385 875
🏠 - 64(A) လမ်း၊ 108 x 109 ကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#ဆိုလာ #ဆိုလာတပ်ဆင်

☀️ “နေပူလေ…. လျှပ်စစ်စွမ်းအင်ပိုထွက်လေ”လို့ အယူအဆမှားနေသူထဲမှာ မိတ်ဆွေရော တစ်ယောက်အပါအဝင်ပဲလား ❓ဆိုလာပြားက နေရောင်ခြည်ကိ...
21/08/2026

☀️ “နေပူလေ…. လျှပ်စစ်စွမ်းအင်ပိုထွက်လေ”လို့ အယူအဆမှားနေသူထဲမှာ မိတ်ဆွေရော တစ်ယောက်အပါအဝင်ပဲလား ❓

ဆိုလာပြားက နေရောင်ခြည်ကို စုပ်ယူပြီး လျှပ်စစ်စွမ်းအင်ကို ထုတ်ပေးတယ်ဆိုပေမဲ့ သတ်မှတ်ထားတဲ့ အပူချိန်ထက် ပိုမြင့်သွားရင်တော့ ဆိုလာပြားရဲ့ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းက ကျဆင်းသွားတတ်ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ❓

သိပ္ပံသဘောတရားအရ ဆိုလာပြားတွေဟာ လျှပ်စစ်ထုတ်ဖို့အတွက် "အလင်းရောင်" ကိုသာ လိုအပ်တာဖြစ်ပြီး "အပူချိန်" ကို လိုအပ်တာ မဟုတ်ပါဘူး။ အပူချိန် အရမ်းမြင့်တက်လာတဲ့အခါ ဆိုလာပြားအတွင်းမှာရှိတဲ့ အီလက်ထရွန် (Electron) လေးတွေရဲ့ လှုပ်ရှားမှုတွေများလာပြီး လျှပ်စစ်စီးဆင်းမှုကို တွန်းပို့ပေးတဲ့ ဗို့အား (Voltage) ကို သိသိသာသာ ကျဆင်းသွားစေပါတယ်။

လွယ်လွယ်ပြောရရင် ကျွန်တော်တို့ သုံးနေတဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေ အပူလွန်ကဲလာရင် လေးသွား၊ ဟန်းသွားသလိုမျိုးပါပဲ။ ဆိုလာပြားတွေလည်း အပူချိန် အရမ်းလွန်ကဲလာတဲ့အခါ အလုပ်လုပ်နိုင်စွမ်း (Efficiency) တွေ ထိုးကျသွားတာဖြစ်ပါတယ်။

⚠️ ဒီပြဿနာက မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အညာဒေသတွေလိုမျိုး ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေမှာ အဖြစ်များလေ့ရှိပါတယ်။ အကြောင်းအရင်းကတော့ ဒီလို‌ဒေသတွေက နေ့ခင်းဘက်မှာ အပူချိန်အရမ်းမြင့်ပြီး ခြောက်သွေ့တာကြောင့် မြေပြင်၊ အဆောက်အအုံနဲ့ ခေါင်မိုးတွေပါ ပိုပူလာပြီး ဆိုလာပြားရဲ့ စွမ်းဆောင်ရည်ပါ ပိုပြီးကျဆင်းသွားစေလို့ပါပဲ။

ဒါကြောင့် အလယ်ပိုင်းဒေသနဲ့ အညာဒေသတွေလိုမျိုး ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေမှာ ဆိုလာတပ်ဆင်တဲ့အခါ အပူဒဏ်ကြောင့် စွမ်းဆောင်ရည် မကျဆင်းစေဖို့ အောက်ပါအချက် (၄) ချက်ကို မဖြစ်မနေသိထားသင့်ပါတယ် ‼️

1️⃣ အပူချိန်ကွာခြားမှု (Climate Mismatch) ပြဿနာမဖြစ်စေဖို့ မိမိဒေသနဲ့ ကိုက်ညီတဲ့ ဆိုလာပြားကို အရင်ရွေးချယ်ပါ။

တချို့က နိုင်ငံခြားကနေ တိုက်ရိုက်သွင်းလာတဲ့ ဆိုလာပြားဆိုရင် အကုန်ကောင်းတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဥရောပတို့၊ တရုတ်နိုင်ငံ မြောက်ပိုင်းတို့လို အေးတဲ့ဒေသတွေအတွက် ထုတ်ထားတဲ့ ဆိုလာပြားတွေဟာ အညာဒေသရဲ့ အပူဒဏ်နဲ့ မကိုက်ညီဘဲ (Climate Mismatch) ဖြစ်ကာ စွမ်းဆောင်ရည် ရုတ်တရက် ကျဆင်းတတ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွက်ဆိုရင် ပူပြင်းတဲ့ဒေသတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ "Tropical Grade" (အပူပိုင်းဒေသသုံး) အမျိုးအစား ဟုတ်၊ မဟုတ် အရင်ဆုံးမေးမြန်းသင့်ပါတယ်။

ဒါ့အပြင် အပူဒဏ်ခံနိုင်ရည်ကို အတိအကျပြသတဲ့ Temperature Coefficient (အပူဖော်ကိန်း) ကိုလည်း အမြဲသတိထားကြည့်သင့်ပါတယ်။ ဒီအညွှန်းကိန်းဟာ စံသတ်မှတ်အပူချိန် 25°C ထက် 1°C တက်သွားတိုင်း ကျဆင်းသွားမယ့် စွမ်းဆောင်ရည်ကို အနှုတ်ရာခိုင်နှုန်းနဲ့ ဖော်ပြထားတာပါ။ ဥပမာ -0.3%/°C နဲ့ -0.4%/°C ကို နှိုင်းယှဥ်မယ်ဆိုရင် အနှုတ်တန်ဖိုးနည်းတဲ့ -0.3%/°C ကို ရွေးချယ်သင့်ပါတယ်။ ပူပြင်းတဲ့အညာဒေသတွေအတွက်ကတော့ Temperature Coefficient -0.35%/°C အောက်ရှိတဲ့ ဆိုလာပြားတွေကိုသာ ဦးစားပေးဝယ်ယူသင့်ပါတယ်။

2️⃣ သင့်တော်တဲ့ ဆိုလာပြားအမျိုးအစားကို ဦးစားပေး ရွေးချယ်ပါ။

ဆိုလာပြားအမျိုးအစားကို ရွေးချယ်တဲ့အခါမှာ ဒီအချက်နှစ်ချက်ကို သေချာကြည့်ပြီးမှ ဝယ်ယူသင့်ပါတယ်။ ပထမတစ်ချက်အနေနဲ့ကတော့ Monocrystalline Panel တွေကို Polycrystalline ဆိုလာပြား တွေထက် ပိုရွေးချယ်သင့်တာပါ။ ဘာကြောင့်လဲဆိုရင် Monocrystalline တွေက နေရောင်ခြည်ကို လျှပ်စစ်အဖြစ် ပိုမိုပြောင်းလဲပေးနိုင်တာကြောင့် နေပူရှိန်ပြင်းတဲ့အပြင် ခေါင်မိုးနေရာ အကန့်အသတ်ရှိတဲ့ ဒေသတွေအတွက် ပိုအဆင်ပြေလို့ပါ။

ဒုတိယအချက်အနေနဲ့ TOPCon နဲ့ HJT တို့လို N-Type အခြေခံ နည်းပညာမြင့် ဆိုလာပြားတွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ N-Type ဆိုလာပြားတွေက မြန်မာနိုင်ငံရဲ့ ပြင်းထန်တဲ့အပူချိန်ကို အံ့တုနိုင်ပြီး လျှပ်စစ်ထုတ်လုပ်မှုကို သေချာထိန်းသိမ်းပေးနိုင်လို့ပါပဲ။ ဒါ့အပြင် Solar Cell တွေကို တစ်ဝက်စီခွဲပေးထားတဲ့ Half-Cut Cell နည်းပညာကလည်း ဆိုလာပြားအတွင်း အပူစုပုံလာတာကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆိုလာပြား ဝယ်ယူတဲ့အခါ N-Type + Half-Cut Cell ပါတဲ့ Monocrystalline Panel တွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

3️⃣ ဆိုလာပြားတွေကို သေချာစနစ်တကျ တပ်ဆင်ဖို့ လိုအပ်ပါတယ်။

ဆိုလာပြားအရည်အသွေး ဘယ်လောက်ပဲ ကောင်းကောင်း၊ တပ်ဆင်ထားတဲ့ပုံစံ မှားယွင်းနေရင်လည်း စွမ်းဆောင်ရည်ကျဆင်းနိုင်တယ်ဆိုတာကို အမြဲသတိထားသင့်ပါတယ်။ ခေါင်မိုးပေါ်မှာ ဆိုလာတပ်ဆင်မယ်ဆိုရင် ဆိုလာပြားအောက်မှာ လေဝင်လေထွက်ကောင်းအောင် ခေါင်မိုးနဲ့ ဆိုလာပြားကြား အနည်းဆုံး ၄ လက်မကနေ ၆ လက်မလောက် အကွာအဝေးထားပေးသင့်ပါတယ်။ နေရာအကျယ်အဝန်းလုံလောက်တဲ့သူတွေအနေနဲ့ကတော့ မြေပြင်မှာ တပ်ဆင်တဲ့စနစ်ကို ပိုရွေးချယ်သင့်ပါတယ်။ အဓိကအကြောင်းအရင်းကတော့ ဆိုလာပြားတွေက အရမ်းပူလာရင် လျှပ်စစ်ထုတ်ပေးနိုင်တဲ့ စွမ်းဆောင်ရည် ကျသွားတတ်ပါတယ်။ မြေပြင်မှာ တပ်ဆင်တဲ့အခါ ဆိုလာပြားအောက်မှာ လေဝင်လေထွက် ပိုကောင်းတဲ့အတွက် အပူအောင်းမနေဘဲ ဆိုလာပြားတွေကို အေးနေစေပါတယ်။ ဒါကြောင့် ဆိုလာကနေ လျှပ်စစ်စွမ်းအင်ကို အပြည့်အဝ ပိုထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။

4️⃣ အရည်အသွေးနဲ့ အာမခံပိုင်းကို အမြဲဦးစားပေးပါ။

ဆိုလာပြားဆိုတာ တစ်နှစ်၊ နှစ်နှစ်ပဲသုံးပြီး ပြန်လဲရမယ့် ပစ္စည်းမျိုး မဟုတ်ပါဘူး။ ဒါကြောင့် နှစ်ပေါင်းများစွာကြာအောင် နေပူဒဏ်တွေကို ခံနိုင်ရည်ရှိဖို့အတွက် ယုံကြည်စိတ်ချရတဲ့ Brand မျိုးတွေကို ရွေးချယ်ဝယ်ယူသင့်တဲ့အပြင် ပစ္စည်းအာမခံ (Product Warranty) နဲ့ စွမ်းဆောင်ရည်အာမခံ (Performance Warranty) အနည်းဆုံး (၂၅) နှစ်ရှိတဲ့ ဆိုလာပြားတွေကိုသာ သေချာစစ်ဆေး‌မေးမြန်းပြီးမှ ဝယ်ယူသင့်ပါတယ်။ အရည်အသွေးပိုင်းမှာဆိုရင်လည်း အပူဒဏ်တွေကို တခြားဆိုလာပြားတွေထက် ပိုခံနိုင်ရည်ရှိတဲ့ Tier 1 အဆင့်ရှိ Brand တွေကိုသာ သေချာရွေးချယ်သင့်ပါတယ်။

⚠️ အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင် “မြန်မာနိုင်ငံရဲ့ ပူပြင်းတဲ့ရာသီဥတုနဲ့ အကိုက်ညီဆုံး ဆိုလာပြားကို ရွေးချယ်ရာမှာ”

▪️ Tropical Grade ဖြစ်ဖို့နဲ့ အပူဒဏ်ကို ခံနိုင်ရည်ရှိမရှိဖော်ပြပေးတဲ့ Temperature Coefficient (အပူဖော်ကိန်း) ကို သေချာစစ်ဆေးကြည့်သင့်သလို
▪️ Monocrystalline Panel အမျိုးအစားထဲက N-Type + Half-Cut Cell ပါတဲ့ ဆိုလာပြားတွေကို ဦးစားပေးရွေးချယ်သင့်တဲ့အပြင်
▪️ လေဝင်လေထွက်ကောင်းမွန်တဲ့စနစ်နဲ့ သေချာတပ်ဆင်ထားသင့်ပါတယ်။
▪️ ဒါမှသာ ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတုဒဏ်အောက်မှာ ဆိုလာပြားရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းမသွားဘဲ ကြာရှည်ခံနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ မိတ်ဆွေရဲ့ အိမ်အတွက် အရည်အသွေးပြည့်မီတဲ့ ဆိုလာပြားတွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Sigma Solar Team က ပစ္စည်းရောင်းချပေးရုံတင်မဟုတ်ဘဲ မိတ်ဆွေတို့ရဲ့ နေအိမ်၊ ရုံးခန်းနဲ့ လုပ်ငန်းခွင်ရဲ့ လျှပ်စစ်အသုံးပြုမှုပုံစံ (Load Profile) ကို သေချာတွက်ချက်ပြီး အသင့်တော်ဆုံး ဆိုလာစနစ်ကို အခမဲ့ အကြံပေးဆွေးနွေးပေးနေပါတယ်။ 💬

Sigma Solar အနေနဲ့...
✅ အရည်အသွေးမြင့် ဆိုလာပြား၊ အင်ဗာတာနဲ့ ဘက်ထရီတွေကို စျေးနှုန်းမှန်ကန်စွာနဲ့ ရွေးချယ်တပ်ဆင်ပေးခြင်း။
✅ မိမိတို့ထံတွင် တပ်ဆင်ထားသူများသာမက အခြားစနစ်အသုံးပြုနေသူများကိုပါ ကျွမ်းကျင် Technician များမှ စနစ်ပိုင်းဆိုင်ရာ ပြဿနာများကို အခမဲ့ စစ်ဆေးအကြံပေးခြင်းတို့အပြင်
✅ Supply & Installation အပြင် Safety Devices များကို စနစ်တကျ ထည့်သွင်းတပ်ဆင်ပေးပြီး ဆိုလာစနစ်တစ်ခုလုံးကို အစအဆုံး တာဝန်ယူဆောင်ရွက်ပေးနေတာမို့လို့ ကိုယ့်အိမ်အတွက် အသင့်တော်ဆုံး ဆိုလာစနစ်ကို သိချင်တယ်ဆိုရင်တော့ Sigma Solar Page Messenger ကနေ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 📲

အသေးစိတ် ဆက်သွယ်စုံစမ်းရန်
📞 - 09 966 335 771
📞 - 09 968 385 875
🏠 - 64(A) လမ်း၊ 108 x 109 ကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#ဆိုလာ #ဆိုလာတပ်ဆင်

💡 Quotation တွေယှဉ်ကြည့်တဲ့အခါ အစပိုင်းမှာ ဈေးအနည်းငယ် သက်သာလို့ ရွေးလိုက်ပေမဲ့ (၃) နှစ်အကြာမှာ ဘာတွေ ဆက်ဖြစ်လာနိုင်လဲ❓ဆ...
17/08/2026

💡 Quotation တွေယှဉ်ကြည့်တဲ့အခါ အစပိုင်းမှာ ဈေးအနည်းငယ် သက်သာလို့ ရွေးလိုက်ပေမဲ့ (၃) နှစ်အကြာမှာ ဘာတွေ ဆက်ဖြစ်လာနိုင်လဲ❓

ဆိုလာတပ်ဆင်ဖို့ လေ့လာနေတဲ့အခါ ဈေးကွက်ထဲမှာ အင်ဗာတာနဲ့ ဘက်ထရီ Brand တွေ တူနေပြီး ဈေးနှုန်း အနည်းငယ်စီ ကွာခြားနေတဲ့ Quotation တွေကြားမှာ ဘယ်ဟာကို ရွေးရမလဲ ဝေခွဲမရ ဖြစ်နေပါသလား?

ဆိုလာစနစ်တပ်ဆင်တဲ့အချိန်မှာ ဘရန်းနဲ့ အရည်အသွေးက အဓိကလို့ ပြောကြပေမဲ့ လက်တွေ့မှာတော့ လူအများစု အရင်ဆုံးကြည့်မိကြတာ "စုစုပေါင်း ဈေးနှုန်း" ပါပဲ။ ဒါကြောင့် ရင်းနှီးရမယ့် စနစ်ကြီးတစ်ခုလုံးမှာ "ဒီဆိုင်က ဈေးနည်းနည်း ပိုသက်သာတယ်" ဆိုတာကို မြင်လိုက်တာနဲ့တင် ဘရန်းတူတာပဲဆိုပြီး အကောင်းဆုံးရွေးချယ်မှုလို့ ထင်တတ်ကြတာ ဝယ်ယူသူတိုင်းရဲ့ သဘာဝပါ။

ဒါပေမဲ့ တူညီတဲ့ Brand နာမည်တွေအောက်မှာ ဈေးနှုန်း အနည်းငယ် သက်သာသွားတိုင်း တကယ်ပဲ တွက်ခြေကိုက်သွားတာလား ဆိုတာကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ရန် အောက်ပါ အချက်လေးများကို သတိပြု ယှဉ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

🔍 ၁။ အတွင်းပိုင်း အရည်အသွေး နှင့် အာမခံ (Core Quality & Warranty)

အပြင်ပန်းမှာ Brand နာမည် တူနေပေမဲ့ အတွင်းမှာ အသုံးပြုထားတဲ့ Battery Cell အမျိုးအစား (Grade) နဲ့ အင်ဗာတာရဲ့ တရားဝင် အာမခံ (Official Warranty) ပါ/မပါ ဆိုတာက အင်မတန် အရေးကြီးပါတယ်။ အစပိုင်းမှာ ဈေးအနည်းငယ် သက်သာပေမဲ့ တရားဝင် အာမခံ မပါတဲ့၊ တရားဝင် ကိုယ်စားလှယ်ထံမှ တင်သွင်းထားခြင်း မဟုတ်သော (Unofficial) ပစ္စည်းတွေဟာ ရေရှည်မှာ Error တက်လာတဲ့အခါ တာဝန်ယူဖြေရှင်းပေးမယ့်သူ မရှိဘဲ ပိုမို နစ်နာတတ်ပါတယ်။

🛡️ ၂။ မျက်စိနဲ့ မမြင်ရတဲ့ လုံခြုံရေး စနစ် (Safety Standards)

Quotation တွေ ယှဉ်တဲ့အခါ အလွယ်တကူ သတိမထားမိတတ်တဲ့ နေရာကတော့ Safety Kits တွေ ဖြစ်ပါတယ်။ DC Breaker တွေ၊ မိုးကြိုးကာကွယ်ရေး စနစ် (SPD) တွေနဲ့ သတ်မှတ်စံချိန်မီ ကြိုးအထူ (Cable Size) တွေကို လျှော့ချသုံးစွဲလိုက်တဲ့အခါ ဈေးနှုန်း သက်သာသွားသယောင် ရှိပေမဲ့၊ စနစ်တစ်ခုလုံးရဲ့ မီးဘေးအန္တရာယ် ကာကွယ်ရေး အသက်သွေးကြောကို ဖြတ်တောက်လိုက်သလို ဖြစ်သွားပါတယ်။

⚙️ ၃။ ဈေးနှုန်းလျှော့ချရာမှ ပြောင်းလဲသွားမည့် ရေရှည်ခိုင်ခံ့မှု (Durability)

ဈေးနှုန်း ပိုမိုသက်သာစေရန်အတွက် တပ်ဆင်ဘောင် (Structure) တွေကို စံချိန်မီ အလူမီနီယမ်ဘောင်တွေအစား သာမန် သံဘောင်တွေနဲ့ အစားထိုး အသုံးပြုထားတာမျိုး ကြုံရတတ်ပါတယ်။

⏳ ဒါဆို ဒီလို စံချိန်မမီတဲ့ ပစ္စည်းတွေနဲ့ တပ်ဆင်ထားတဲ့ စနစ်တစ်ခုဟာ ဝယ်ယူခါစမှာ ပြဿနာမပြသေးပေမဲ့ (၂) နှစ်၊ (၃) နှစ်အကြာမှာ ဘယ်လို ပြဿနာတွေ ယူဆောင်လာပေးနိုင်လဲ ❓

🔋 ဘက်ထရီပိုင်းဆိုင်ရာ ပြဿနာများ

အားသိုလှောင်နိုင်စွမ်း (Capacity) မြန်မြန်ကျဆင်းခြင်း : စံချိန်မမီတဲ့ ဘက်ထရီအများစုဟာ Cycle Life နည်းတဲ့အတွက် အသုံးများလာတာနဲ့အမျှ Capacity မြန်မြန်ကျဆင်းသွားတတ်ပါတယ်။ စံချိန်မီ ဘက်ထရီတွေကသာ နှစ်ပေါင်းများစွာ အားသိုလှောင်နိုင်စွမ်းကို ကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်ပါတယ်။

BMS အရည်အသွေးနိမ့်ခြင်း : Grade နိမ့်တဲ့ BMS စနစ် သုံးထားတာကြောင့် Over Charge ဖြစ်တာနဲ့ အပူချိန်လွန်ကဲတာတွေကို မထိန်းချုပ်နိုင်ဘဲ ဘက်ထရီဖောင်းတာ၊ သက်တမ်းတိုတာတွေအပြင် ပေါက်ကွဲတာအထိပါ ဖြစ်လာနိုင်ပါတယ်။

Depth of Discharge ကွာခြားခြင်း : စာရွက်ပေါ်မှာ စွမ်းရည်ပြည့်တယ်လို့ ရေးထားပေမဲ့ လက်တွေ့အသုံးပြုတဲ့အခါ မီးအားမြန်မြန်ကျသွားတတ်ပါတယ်။ Quality ကောင်းတဲ့ ဘက်ထရီတွေကတော့ မီးအားကို 80% ကနေ 100% နီးပါးအထိ အချိန်ကြာကြာ အပြည့်အဝ သုံးနိုင်ပါတယ်။

☀️ ဆိုလာပြားပိုင်းဆိုင်ရာ ပြဿနာများ

စွမ်းဆောင်ရည် တဖြည်းဖြည်း ကျဆင်းခြင်း (Degradation) : B Grade / C Grade Solar Panels တွေဟာ စွမ်းဆောင်ရည်ကျဆင်းတဲ့နှုန်း ပိုမြင့်တဲ့အတွက် နှစ်အနည်းငယ်အတွင်းမှာပဲ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်း သိသိသာသာ ကျဆင်းသွားတတ်ပါတယ်။

အတွင်းပိုင်း အက်ကွဲမှု (Micro Cracks) များ : ဒီလို အက်ကွဲတာတွေပေါ်လာတာနဲ့အမျှ Hot Spots တွေ ပေါ်လာနိုင်ပြီး စွမ်းဆောင်ရည်ကျဆင်းတာအပြင် မီးဘေးအန္တရာယ်အထိပါ ဖြစ်လာနိုင်ပါတယ်။

⚡ အင်ဗာတာနှင့် လျှပ်စစ်ပစ္စည်း ထိခိုက်မှုများ

Waveform မသန့်စင်ခြင်း : အရည်အသွေးမပြည့်မီတဲ့ အင်ဗာတာတွေက Pure Sine Wave (သန့်စင်ညီညာတဲ့ လျှပ်စစ်လှိုင်း) ကို မထုတ်ပေးနိုင်တာကြောင့် လေအေးပေးစက်၊ ရေခဲသေတ္တာ၊ မော်တာနဲ့ အိမ်သုံး အီလက်ထရွန်းနစ်ပစ္စည်းတွေကို ရေရှည်မှာ ထိခိုက်ပျက်စီးစေပါတယ်။

⚠️ Safety Kits နှင့် Mounting Structure ပြဿနာများ

Circuit ဘရိတ်ကာနဲ့ Cable ကြိုး အရည်အသွေးနိမ့်ခြင်း : အချိန်မီ မဖြတ်တောက်နိုင်တာ၊ လျှပ်စစ်စီးဆင်းမှု များလာတဲ့အခါ ကြိုးအပူလောင်တာ၊ အရည်ပျော်တာနဲ့ မီးလောင်နိုင်တဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။

သံချေးတက်ခြင်း နှင့် မုန်တိုင်းအန္တရာယ် : ရိုးရိုးသံဘောင်တွေက သံချေးတက်လွယ်ပြီး လေပြင်းတိုက်တဲ့အချိန်မှာ ပုံပျက်/ပြုတ်ကျနိုင်ပေမဲ့၊ အရည်အသွေးမြင့် အလူမီနီယမ် ဘောင်တွေကတော့ လေပြင်းဒဏ်ကို ကောင်းစွာခံနိုင်ပါတယ်။

💸 တကယ်တမ်း ကုန်ကျစရိတ် (Long-term ROI) ကို တွက်ကြည့်ဖူးပါသလား❓

ဆိုလာစနစ်တစ်ခု တပ်ဆင်တယ်ဆိုတာ (၁) နှစ်၊ (၂) နှစ် သုံးပြီး ပစ်လိုက်ရမယ့် အရာမဟုတ်ဘဲ (၅) နှစ်၊ (၁၀) နှစ်အထိ ရေရှည် ရင်းနှီးမြှုပ်နှံမှု (Long-term Investment) ဖြစ်ပါတယ်။

ဒီလို ပြဿနာတွေ ၃ နှစ်အကြာမှာ ဖြစ်လာတဲ့အခါ...
▪️ ဘက်ထရီအသစ်/အင်ဗာတာအသစ် ပြန်လဲရမယ့်စရိတ်
▪️ ပျက်စီးသွားတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်း တန်ဖိုးများ
▪️ ပြင်ဆင်နေစဉ် မီးမရလို့ အလုပ်အကိုင် အဆင်မပြေဖြစ်ရသည့် ဆုံးရှုံးမှုများ
စတာတွေကို ပေါင်းလိုက်ရင် အစက သက်သာခဲ့တဲ့ ပမာဏထက် အဆပေါင်းများစွာ ပိုမိုကုန်ကျ သွားရတတ်ပါတယ်။

ဒါကြောင့် စတင် တပ်ဆင်ကတည်းက ဈေးသက်သာတာတစ်ခုတည်းကို မကြည့်ဘဲ၊ အရည်အသွေးပြည့်မီတဲ့ Hardware တွေ၊ ပြည့်စုံတဲ့ Safety စနစ်တွေနဲ့ တရားဝင် အာမခံပါဝင်တဲ့ ဝန်ဆောင်မှုကို ရွေးချယ်ခြင်းကသာ တကယ့် ရေရှည်အကျိုးအမြတ် (High Long-term ROI) ကို သေချာပေါက် ပြန်လည် ရရှိစေမှာ ဖြစ်ပါတယ်။

Sigma Solar အနေနဲ့ -
✅ အရည်အသွေးမြင့် ဆိုလာပြား၊ အင်ဗာတာနဲ့ ဘက်ထရီတွေကို ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးနေသလို၊
✅ ကျွန်တော်တို့ Sigma Solar နဲ့ လက်တွဲတပ်ဆင်ထားတဲ့သူတွေသာမက၊ တခြားသော ကျွမ်းကျင်သူများနဲ့ တပ်ဆင်အသုံးပြုနေသူတွေအနေနဲ့လည်း မိမိတို့ရဲ့စနစ်မှာ ချို့ယွင်းချက်တစ်စုံတစ်ရာ ရှိနေရင် ကျွန်တော်တို့ရဲ့ ကျွမ်းကျင် Technician တွေကနေ အခမဲ့ စစ်ဆေးဖြေရှင်းပေးနေပါတယ်။
✅ ဒါ့အပြင် ဆိုလာနဲ့ အရန်မီးပေးစနစ် တစ်ခုလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ Safety Devices တွေကို စနစ်တကျ ထည့်သွင်းပေးတာကအစ ပစ္စည်းရောင်းချခြင်းနဲ့ တပ်ဆင်ခြင်း (Supply & Installation) လုပ်ငန်းစဉ်တစ်ခုလုံးကို အစအဆုံး တာဝန်ယူဆောင်ရွက်ပေးနေတာမို့ ယုံကြည်စိတ်ချစွာနဲ့ အခုပဲ Sigma Solar Page Messenger မှာ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 📲

အသေးစိတ် ဆက်သွယ်စုံစမ်းရန်
📞 - 09 966 335 771
📞 - 09 968 385 875
🏠 - 64(A) လမ်း၊ 108 x 109 ကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#ဆိုလာ #ဆိုလာတပ်ဆင်

“Post တင်စရာမလိုအောင်ကို အမြဲတမ်းလာဝယ်ကြတဲ့ Sigma Solar ရဲ့ Safety Kit များ” ⚡ မိတ်ဆွေတို့ရဲ့ ဆိုလာစနစ်အတွက် အရည်အသွေးအက...
14/08/2026

“Post တင်စရာမလိုအောင်ကို အမြဲတမ်းလာဝယ်ကြတဲ့ Sigma Solar ရဲ့ Safety Kit များ”

⚡ မိတ်ဆွေတို့ရဲ့ ဆိုလာစနစ်အတွက် အရည်အသွေးအကောင်းဆုံး Safety Devices စုံစုံလင်လင်ကို Sigma Solar မှာ ဝယ်ယူနိုင်ဖို့က ကျွန်တော်တို့ရဲ့ ပထမဦးစားပေးပါပဲ။ ဘာလို့လဲဆိုတော့ ဆိုလာစနစ်ဆိုတာ လျှပ်စစ်မီး၊ ဝိုင်ယာကြိုးတွေအပြင် လျှပ်စစ်ပစ္စည်းများစွာ ချိတ်ဆက်တပ်ဆင်ထားရတာကြောင့် ဘေးကင်းလုံခြုံမှု (safety) ပိုင်းက အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။

❗ ဒါကြောင့် Sigma Solar မှာ Safety Devices တွေ တစ်နည်းအားဖြင့် Safety Kit တွေဟာ Post တင်စရာတောင် မလိုဘဲ ဖောက်သည်တွေ အမြဲလာရောက်အားပေးကြတဲ့ အရောင်းသွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး အရောင်းသွက်ပြီး အကုန်မြန်လေ့ရှိတဲ့ ပစ္စည်းတွေဖြစ်ပေမဲ့လည်း
🔹 Safety Kits က ဘာလဲဆိုတာနဲ့၊
🔹 ဆိုလာစနစ်တစ်ခုမှာ Safety Kit ရဲ့ အရေးပါမှုကို သေချာမသိကြသေးတဲ့သူတွေလည်း ရှိတာကြောင့် Sigma Solar ရဲ့ လူကြိုက်အများဆုံး Safety Kit ပစ္စည်းတွေကို မိတ်ဆက်မပေးခင်မှာ Safety Kit တွေ အကြောင်းကို အရင်ရှင်းပြပေးသွားပါမယ်။

❓ "Safety Kit" ဆိုတာ ဘာလဲ?

Safety Kit နဲ့ပတ်သက်ပြီး လူအများစု နားလည်မှုလွဲကြတာကတော့ ဆိုလာတပ်ရင် ဆိုလာပြား (Panel) နဲ့ အင်ဗာတာ ရှိရင်ရပြီလို့ ထင်ကြတာပါ။ ဒါပေမဲ့ ဒါက အိမ်တစ်အိမ် ဆောက်ပြီး မီးခလုတ်တွေ၊ ဘရိတ်ကာတွေ မတပ်ထားသလိုမျိုးနဲ့တူပါတယ်။ Safety Kit ဆိုတာ ဆိုလာစနစ်ကို မမျှော်လင့်ထားတဲ့ လျှပ်စစ်အန္တရာယ်တွေ (ဥပမာ- မိုးကြိုး၊ လျှပ်စီးကြောင်း၊ ဝါယာရှော့) ကနေ အဓိက ကာကွယ်ပေးတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

❓ ဒါဆို Safety Kit က ဘယ်နှစ်မျိုးရှိတာလဲ၊ ပြီးတော့ လျှပ်စစ်အန္တရာယ်တွေကို ဘယ်လိုကာကွယ်ပေးတာလဲ?

အရှေ့မှာ ရှင်းပြခဲ့သလိုပဲ ဆိုလာစနစ်ရဲ့ နောက်ကွယ်မှာ မမျှော်လင့်ထားတဲ့ လျှပ်စစ်အန္တရာယ်တွေ ရှိနေတတ်ပါတယ်။ Safety Kit က ဘယ်အန္တရာယ်တွေကို ဘယ်လိုမျိုး ကာကွယ်ပေးလဲဆိုရင်

1️⃣ လျှပ်စီး (Surge) အန္တရာယ်မှ ကာကွယ်ပေးခြင်း : လျှပ်စီးကြောင်းအန္တရာယ်ဆိုတာဟာ မိုးကြိုးပစ်တဲ့အချိန်မှ စိတ်ပူရတာမျိုးမဟုတ်ပါဘူး။ ကိုယ့်အိမ်နားတစ်ဝိုက်က လျှပ်စစ်မီးတိုင်မှာဖြစ်တဲ့ လျှပ်စီးကြောင်း (Surge) တွေက ဝါယာကြိုးတွေကနေတဆင့် အင်ဗာတာနဲ့ ဆိုလာပြား (Panel) တွေဆီကို စက္ကန့်ပိုင်းအတွင်း ဝင်ရောက်ဖျက်ဆီးပစ်နိုင်ပါတယ်။ Safety Kit တစ်ခုဖြစ်တဲ့ Surge Protection တွေက ရုတ်တရက်ဝင်ရောက်လာနိုင်တဲ့ လျှပ်စီးလှိုင်းတွေကို ကြားကနေ ဖြတ်တောက်ပေးပြီး အင်ဗာတာရဲ့ Board ပြားတွေ မလောင်ကျွမ်းအောင် ကာကွယ်ပေးပါတယ်။

2️⃣ ဗို့အား (Voltage) အတက်အကျထိန်းညှိပေးခြင်း : အင်ဗာတာကို On-Grid သုံးတာပဲဖြစ်ဖြစ်၊ Off-Grid သုံးတာပဲဖြစ်ဖြစ် Grid ဘက်က လာတဲ့ လျှပ်စစ်အားက အမြဲတမ်း မတည်ငြိမ်နိုင်ပါဘူး။ မီးအား ရုတ်တရက် တက်လာတာ (High Voltage) ဒါမှမဟုတ် ကျသွားတာမျိုး (Low Voltage) ဖြစ်တဲ့အခါ အင်ဗာတာတွေက အရင်ဆုံး ပျက်စီးတတ်ပါတယ်။ Safety Kit တစ်မျိုးဖြစ်တဲ့ VA Protector ကတော့ မီးအားကို အမြဲတမ်း စောင့်ကြည့်ပေးပြီး သတ်မှတ်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်တာနဲ့ ဆိုလာစနစ်ကို ချက်ချင်းရပ်တန့်လိုက်ပြီး လျှပ်စစ်ပစ္စည်းတွေကို ကာကွယ်ပေးပါတယ်။

3️⃣ လျှပ်စစ်မီးအန္တရာယ်တွေကို ကြိုတင်ကာကွယ်ပေးခြင်း : လျှပ်စစ်မီးအန္တရာယ်တွေနဲ့ မီးလောင်မှုတွေကို အဓိက ကာကွယ်ပေးတာကတော့ ဘရိတ်ကာပဲဖြစ်ပါတယ်။ ဘရိတ်ကာဆိုရင် မီးကို ပိတ်ဖို့၊ ဖွင့်ဖို့ (on-off) လောက်ပဲ အသုံးဝင်တယ်လို့ အထင်မှားတတ်ကြပါတယ်။ တကယ်တော့ ဘရိတ်ကာဟာ ဝန်ပို (Overload) ဖြစ်တဲ့အချိန်နဲ့ ဝါယာရှော့ (Short Circuit) ဖြစ်တဲ့အချိန်တွေမှာ မလိုလားအပ်တဲ့ အန္တရာယ်တွေ မဖြစ်အောင် ကာကွယ်ပေးလေ့ရှိပါတယ်။ Safety Kit တစ်ခုဖြစ်တဲ့ ဘရိတ်ကာတွေကတော့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို စက္ကန့်ပိုင်းအတွင်း ဖြတ်တောက်ပေးလေ့ရှိပါတယ်။

❗ ဒီနေရာမှာ တစ်ခုသတိထားရမှာက အရည်အသွေးမပြည့်မီတဲ့ ဘရိတ်ကာတွေက လျှပ်စစ်အန္တရာယ်ကို ချက်ချင်းမဖြတ်တောက်ပေးနိုင်တဲ့အတွက် အပူလွန်ကဲပြီး မီးလောင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ Safety Kit ဝယ်ယူတဲ့အခါ Safety Kit ဖြစ်ရုံနဲ့ မပြီးဘဲ အရည်အသွေးပြည့်မီတဲ့ ပစ္စည်းတွေကို အသုံးပြုဖို့က အရေးကြီးဆုံးပါပဲ။

ဒီလိုမျိုး ဆိုလာစနစ်တစ်ခုလုံးရဲ့ အသက်သွေးကြောလိုဖြစ်နေတဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် Safety Kit တွေရဲ့ အရည်အသွေးပိုင်းက အထူးပဲ အရေးကြီးပါတယ်။ ဒါဆိုရင်…

❓ Sigma Solar က ရောင်းချတဲ့ Safety Kit တွေရဲ့ အရည်အသွေးကို ဘာနဲ့တိုင်းတာလဲ?
ကျွန်တော်တို့ Sigma Solar မှာ ရောင်းချပေးနေတဲ့ Safety Devices တွေဟာ "အရည်အသွေးကောင်းပါတယ်" လို့ ရိုးရိုးပြောနေရုံတင်မဟုတ်ဘဲ အောက်ပါအချက်တွေနဲ့ သေချာသက်သေပြ တိုင်းတာထားတာ ဖြစ်ပါတယ်။

💯 နိုင်ငံတကာ စံချိန်စံညွှန်းလက်မှတ်များ (International Certifications) : ပစ္စည်းတိုင်းဟာ ကမ္ဘာ့အဆင့်မီ TUV, CE, CB နဲ့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ IEC (International Electrotechnical Commission) စံနှုန်းတွေကို အပြည့်အဝရရှိထားတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။

💯 နာနိုစက္ကန့်ပိုင်းအတွင်း တုန့်ပြန်နိုင်စွမ်း (Response Time) : လျှပ်စီးကြောင်း (Surge) ဝင်လာတဲ့အခါ စက္ကန့်ရဲ့ သန်းပုံတစ်ပုံ (Nanoseconds) အောက်အတွင်းမှာတင် စနစ်တစ်ခုလုံးကို အလိုအလျောက် လမ်းလွှဲကာကွယ်ပေးနိုင်ပါတယ်။

💯 မီးဒဏ်ခံနိုင်ရည်ရှိသော ပစ္စည်းများ (Flame-Retardant Materials) : ပစ္စည်းတွေရဲ့ ကိုယ်ထည်ကို အပူချိန်မြင့်မားမှုနဲ့ မီးလောင်ကျွမ်းမှုကို အကောင်းဆုံးအဆင့် (V-0 Class) အထိ ခံနိုင်ရည်ရှိတဲ့ အထူးပလတ်စတစ်ပစ္စည်းများနှင့် ကြေးနီစစ်စစ်တွေနဲ့သာ တည်ဆောက်ထားပါတယ်။

ဒီလို နိုင်ငံတကာစံချိန်စံညွှန်းတွေ၊ တင်းကျပ်တဲ့ အရည်အသွေး သတ်မှတ်ချက်တွေနဲ့ အပြည့်အဝကိုက်ညီနိုင်ဖို့အတွက် Brand ရွေးချယ်မှုကလည်း အဓိကကျလာပါတယ်။

❓ Sigma Solar က ဘာလို့ ဒီ Brand တွေကိုပဲ ရွေးချယ်တာလဲ?

စျေးကွက်ထဲမှာ အခြား Brand ပေါင်းစုံရှိပေမဲ့ Sigma Solar အနေနဲ့ Suntree, LOGO, SOLID စတဲ့ Brand တွေကိုပဲ ရွေးချယ်တင်သွင်းရတဲ့ အဓိကအကြောင်းရင်းကတော့ -

💯 Suntree : သူကတော့ တစ်ကမ္ဘာလုံးက ဆိုလာလုပ်ငန်းရှင်တွေ ယုံကြည်အားကိုးရတဲ့ Solar & DC Protection ပိုင်းမှာ ကမ္ဘာ့ထိပ်တန်း သီးသန့်အထူးပြု ထုတ်လုပ်တဲ့ Brand ဖြစ်လို့ပါ။

💯 LOGO & SOLID : မြန်မာနိုင်ငံရဲ့ အပူချိန်မြင့်မားတဲ့ ရာသီဥတုနဲ့ မီးအား မငြိမ်သက်မှုတွေ ရှိတဲ့ အခြေအနေတွေအောက်မှာ စွမ်းဆောင်ရည် အကောင်းဆုံးနဲ့ အကြမ်းဆုံးခံနိုင်ကြောင်း လက်တွေ့စမ်းသပ်မှုတွေအရ သက်သေပြပြီးသား Brand တွေဖြစ်လို့ပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး အရည်အသွေးပိုင်းရော၊ Brand ပိုင်းမှာပါ ယုံကြည်စိတ်ချရတဲ့အတွက် Sigma Solar မှာ အမြဲတမ်း အရောင်းသွက်နေတဲ့ ပစ္စည်းလေးတွေက ဘာတွေဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါခင်ဗျာ။

⚡ မိုးကြိုးနှင့် လျှပ်စီးအန္တရာယ်တွေကို ကာကွယ်ပေးမယ့် Surge Protection Device များ

🔌 Suntree DC Side Surge Protection (SRD-30 နှင့် SUP2H8-PV)

ဒီပစ္စည်းလေးတွေက ဆိုလာပြား (Panel) ဘက်ကနေ ဝင်လာနိုင်တဲ့ လျှပ်စီး (Surge) တွေကို အင်ဗာတာဆီ မရောက်ခင် ကြားဖြတ်ကာကွယ်ပေးတာပါ။

✅ SRD-30 : အိမ်သုံး ဆိုလာစနစ် အသေးစားလေးတွေနဲ့ ဆိုလာပြား နည်းနည်းပဲသုံးတဲ့ နေရာတွေအတွက် အထူးသင့်တော်ပါတယ်။ လျှပ်စီးပမာဏ 30kA အထိ ခံနိုင်ရည်ရှိအောင် ထုတ်လုပ်ထားပါတယ်။

✅ SUP2H8-PV : သူကတော့ Solar စနစ်တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အဆင့်မြင့်အမျိုးအစားပါ။ အင်ဗာတာ ဆိုဒ်ကြီးကြီးတွေနဲ့ ဆိုလာပြား အများကြီးတပ်ဆင်ထားတဲ့ စနစ်ကြီးတွေအတွက် ဗို့အားနဲ့ လျှပ်စီးခံနိုင်ရည် ပိုများတဲ့ မော်ဒယ်ဖြစ်လို့ ပိုပြီး စိတ်ချရပါတယ်။

🔌 Suntree AC Side Surge Protection (SUP1H-40)

ဒီပစ္စည်းကတော့ အစိုးရမီး (Grid) ဘက်ကနေ လျှပ်စစ်မီးတိုင်တွေကတစ်ဆင့် ရုတ်တရက် ဝင်ရောက်လာနိုင်တဲ့ လျှပ်စီးအန္တရာယ်တွေကို ကာကွယ်ပေးတာပါ။ မော်ဒယ်နာမည်မှာပါတဲ့ '40' အရ လျှပ်စီးပမာဏ 40kA အထိ အလွယ်တကူ ခံနိုင်ရည်ရှိအောင် အထူးထုတ်လုပ်ထားတဲ့အတွက် အင်ဗာတာကို အထိရောက်ဆုံး အကာအကွယ်ပေးနိုင်ပါတယ်။

⚡ မီးအားအတက်အကျ (Voltage) အန္တရာယ်ကို ကာကွယ်ထိန်းချုပ်ပေးမယ့် Voltage Protection များ

🔌 Logo VA Protector

သာမန် ဘရိတ်ကာတွေလို မီးပျက်မှ ပြုတ်ကျတာမျိုးမဟုတ်ဘဲ၊ အစိုးရမီး (Grid) ဘက်ကလာတဲ့ ဗို့အား (Voltage) အတက်အကျနဲ့ လျှပ်စစ်စီးဆင်းမှု (Current) ကို အမြဲတမ်း စောင့်ကြည့်ပေးနေတဲ့ ပစ္စည်းပါ။ ကိုယ်သတ်မှတ်ထားတဲ့ မီးအားပမာဏထက် ကျော်လွန်တာနဲ့ အလိုအလျောက် ဖြတ်ချပေးပြီး၊ မီးအားပြန်မှန်သွားတဲ့အခါမှသာ စနစ်ထဲကို မီးပြန်လွှတ်ပေးတဲ့အတွက် အင်ဗာတာ Board ပြားလောင်ကျွမ်းခြင်းကနေ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

⚡ ဝါယာရှော့နှင့် လျှပ်စစ်မီးအန္တရာယ်တွေကနေ ကာကွယ်ဖြတ်တောက်ပေးမယ့် Breaker System များ

🔌 Suntree AC Breaker System

ဒီ Safety Kit ကတော့ လျှပ်စစ်အသုံးပြုမှု များသွားလို့ ဝန်ပိုလာတဲ့အခါ (Overload) ဒါမှမဟုတ် ဝါယာရှော့ (Short Circuit) ဖြစ်လာတဲ့အခါမှာ စက္ကန့်ပိုင်းအတွင်း ချက်ချင်း ဖြတ်တောက်ပေးပါတယ်။ အရည်အသွေးမြင့် ပစ္စည်းဖြစ်လို့ အချိန်မီ မဖြတ်တောက်နိုင်ဘဲ အပူလွန်ကဲပြီး မီးလောင်ကျွမ်းတဲ့ အန္တရာယ်ကနေ ရာခိုင်နှုန်းပြည့် စိတ်ချရပါတယ်။

🔌 Solid Change Breaker (or Manual Change Breaker)

အစိုးရမီး (Grid) နဲ့ ဆိုလာမီးကို ကိုယ်တိုင် အလှည့်ကျ ပြောင်းလဲအသုံးပြုတဲ့အခါ (Manual Transfer) မီးနှစ်ခု တိုက်မိပြီး ရှော့ခ်ဖြစ်မယ့် အန္တရာယ် (Backfeeding) မဖြစ်အောင် သေချာထိန်းချုပ်ပေးတဲ့ ဘရိတ်ကာပါ။ မီးပြောင်းတဲ့ လုပ်ငန်းစဉ်ကို ပိုမိုချောမွေ့လွယ်ကူပြီး လုံခြုံစိတ်ချရအောင် လုပ်ဆောင်ပေးပါတယ်။

❓ စျေးနှုန်းက ဘယ်လောက်ရှိလဲ? စျေးကြီးနေမှာလား?
"ဆိုလာစနစ်တစ်ခုလုံးကို ကာကွယ်ပေးမယ့် ပစ္စည်းဆိုတော့ စျေးတွေ အများကြီးပေးရမှာလား?" လို့ စိုးရိမ်စရာ ရှိပါတယ်။

💡 စျေးနှုန်းကတော့ ပစ္စည်းတစ်ခုချင်းစီအလိုက် ကျပ်သောင်းဂဏန်းကနေ သိန်းဂဏန်းဝန်းကျင်အထိ အမျိုးမျိုးရှိပြီး လက်ရှိစျေးကွက်အခြေအနေအရ စျေးနှုန်းအပြောင်းအလဲရှိနိုင်လို့ Page Messenger မှာ တိုက်ရိုက်မေးမြန်းပြီး စျေးနှုန်းအမှန်ကန်ဆုံးကို စုံစမ်းရယူနိုင်ပါတယ်။

စျေးကွက်အတွင်းရှိ စံချိန်စံညွှန်းမပြည့်မီသော သာမန်ပစ္စည်းများနှင့် နှိုင်းယှဉ်ပါက အရည်အသွေးနဲ့ လုံခြုံရေးကို အဓိကထား ထုတ်လုပ်ထားတဲ့ Original Brand အစစ်အမှန်တွေ ဖြစ်တဲ့အတွက် စျေးနှုန်းအနည်းငယ် ကွာခြားမှု (ပိုမိုမှု) ရှိနိုင်ပါတယ်။

ဒါပေမဲ့ ဒီလို တန်ဖိုးအနည်းငယ် ပိုတာကို ဘာကြောင့် ရင်းနှီးမြှုပ်နှံသင့်တာလဲဆိုရင် - ကိုယ့်အိမ်မှာ တပ်ဆင်ထားတဲ့ အင်ဗာတာနဲ့ ဘက်ထရီတွေဟာ သိန်းဆယ်ဂဏန်း၊ သိန်းရာဂဏန်းအထိ တန်ဖိုးရှိပါတယ်။ စျေးကွက်ထဲက အရည်အသွေးမမီတဲ့ သာမန်ပစ္စည်းတွေ သုံးမိလို့ အရေးကြုံတဲ့အခါ ချက်ချင်းမဖြတ်တောက်ပေးဘဲ ရှော့ခ်ဖြစ်သွားရင် သိန်းရာချီတန်တဲ့ ဆိုလာစနစ်တစ်ခုလုံး ပြာကျပျက်စီးသွားနိုင်ပါတယ်။

ဒါကြောင့် "သိန်းရာချီတန်တဲ့ စနစ်ကြီးကို ကာကွယ်ဖို့အတွက် သိန်းဂဏန်းဝန်းကျင်တန်တဲ့ စံချိန်စံညွှန်းမီ Safety Kit တွေကို ရင်းနှီးမြှုပ်နှံခြင်းကသာ" အမြော်အမြင်အရှိဆုံးနဲ့ စိတ်အချရဆုံး ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

တကယ်လို့ မိတ်ဆွေအနေနဲ့လည်း ကိုယ့်အိမ်ရဲ့ ဆိုလာစနစ်အတွက် စိတ်ချယုံကြည်ရပြီး အရည်အသွေးကောင်းမွန်တဲ့ Safety Kit ကိုမှ ဝယ်ယူချင်ရင်ပဲဖြစ်ဖြစ်၊ ဆိုလာစနစ်တပ်ဆင်ဖို့ ဆွေးနွေးတိုင်ပင်ချင်ရင်ပဲဖြစ်ဖြစ် လိုအပ်ချက်အခြေအနေပေါ်မူတည်ပြီး အထိရောက်ဆုံးဖြစ်မယ့် စနစ်မျိုးရရှိစေဖို့ Sigma Solar က 'အခမဲ့ အကြံပေးဆွေးနွေးခြင်း' ကို လုပ်ဆောင်ပေးနေပါတယ်။ 💬

Sigma Solar အနေနဲ့ -
✅ အရည်အသွေးမြင့် ဆိုလာပြား၊ အင်ဗာတာနဲ့ ဘက်ထရီတွေကို စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးနေသလို
✅ ကျွန်တော်တို့ Sigma Solar နဲ့ လက်တွဲတပ်ဆင်ထားတဲ့သူတွေသာမက တခြားသော ကျွမ်းကျင်သူများနဲ့ တပ်ဆင်အသုံးပြုနေသူတွေအနေနဲ့လည်း မိမိတို့ရဲ့စနစ်မှာ ချို့ယွင်းချက်တစ်စုံတစ်ရာ ရှိနေရင် ကျွန်တော်တို့ရဲ့ ကျွမ်းကျင် Technician တွေကနေ အခမဲ့ စစ်ဆေးဖြေရှင်းပေးနေပါတယ်။
✅ ဒါ့အပြင် ဆိုလာနဲ့ အရန်မီးပေးစနစ် (Solar & Backup Power System) တစ်ခုလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ Safety Devices တွေကို စနစ်တကျ ထည့်သွင်းပေးတာကအစ ပစ္စည်းရောင်းချခြင်းနဲ့ တပ်ဆင်ခြင်း (Supply & Installation) လုပ်ငန်းစဉ်တစ်ခုလုံးကို အစအဆုံး တာဝန်ယူဆောင်ရွက်ပေးနေတာမို့ ယုံကြည်စိတ်ချစွာနဲ့ အခုပဲ Sigma Solar Page Messenger မှာ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 📲

အသေးစိတ် ဆက်သွယ်စုံစမ်းရန်
📞 - 09 966 335 771
📞 - 09 968 385 875
🏠 - 64(A) လမ်း၊ 108 x 109 ကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#ဆိုလာ #ဆိုလာတပ်ဆင်

⚡️ ပစ္စည်းတွေ အကုန်အသစ်မလဲရဘဲ... ရှိပြီးသား Tier 2 စနစ်ကို အကောင်းစား Tier 1 အဆင့်လိုစိတ်ချလက်ချသုံးနိုင်အောင် အားဖြည့်ပ...
12/08/2026

⚡️ ပစ္စည်းတွေ အကုန်အသစ်မလဲရဘဲ... ရှိပြီးသား Tier 2 စနစ်ကို အကောင်းစား Tier 1 အဆင့်လိုစိတ်ချလက်ချသုံးနိုင်အောင် အားဖြည့်ပေးခဲ့တဲ့ Site လေး 👇

☀️ ဆိုလာစနစ်တစ်ခု ဒါမှမဟုတ် အရန်မီးပေးစနစ်တစ်ခု တပ်ဆင်တော့မယ်ဆိုရင် လူတော်တော်များများက ပစ္စည်းရဲ့ ဘရန်းနဲ့ အရည်အသွေးကိုသာ အဓိကထား ကြည့်လေ့ရှိပါတယ်။

🛠️⚙️ကိုယ်တပ်ဆင်မယ့် ပစ္စည်းတစ်ခုရဲ့ အရည်အသွေးက အရေးကြီးတယ်ဆိုပေမဲ့ ဆိုလာစနစ်တစ်ခုကို ဘယ်လိုမျိုး တပ်ဆင်ထားလဲ(Installation) ဆိုတာနဲ့ လုံခြုံရေးပစ္စည်း (Safety Devices) တွေကို စနစ်တကျ သုံးထားရဲ့လားဆိုတာ စစ်ဆေးဖို့ကိုတော့ လူတော်တော်များများ မေ့နေလေ့ရှိပါတယ် ❗️

ဆိုလာစနစ် တပ်ဆင်တဲ့အခါ မကျွမ်းကျင်တဲ့အဖွဲ့တွေနဲ့ တပ်ဆင်မိရင်ဖြစ်စေ၊ Safety Devices တွေကို စနစ်တကျ မတပ်ဆင်ထားရင်ဖြစ်စေ မဖြစ်သင့်တဲ့ ပြဿနာတွေပေါ်လာပြီး ခေါင်းခဲရတတ်တယ်ဆိုတာ ဒီ Site လေးက သက်သေပါပဲ။

⚒️ ၂၀၂၃ ခုနှစ်တုန်းက Sigma Solar ကနေ ကူညီဖြေရှင်းပေးခဲ့တဲ့ Case လေးတစ်ခုရှိခဲ့ပါတယ်။
ဒီ Case လေးရဲ့ အိမ်က ၅ ထပ်တိုက်ဖြစ်ပြီး ဓာတ်လှေကား၊ ရေကူးကန်၊ Gaming Room အပြင် Induction Stove, Oven စတဲ့ မီးအားအလွန်စားတဲ့ မီးဖိုချောင်သုံးပစ္စည်း (Heavy Loads) တွေကိုပါ အဓိကထား အသုံးပြုတဲ့ အိမ်ကြီးတစ်လုံးပါ။

⚡️ ဒါကြောင့် အရင်တပ်ဆင်ခဲ့တဲ့အဖွဲ့က ဓာတ်လှေကားအတွက် 5kW အင်ဗာတာ (3) လုံးကို 3 Phase စနစ်နဲ့ သီးသန့်ခွဲထားပြီး၊ ကျန်တဲ့ အိမ်သုံးနဲ့ မီးဖိုချောင် Load တွေအတွက် 5kW အင်ဗာတာ (6) လုံးကို သီးသန့် တပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အင်ဗာတာတွေက ခဏခဏ ပျက်ပြီးရင်းပျက်နေတာကြောင့် အိမ်ရှင်လည်း ငွေကုန်လူပန်းရပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေခဲ့တာပါ။

အိမ်ရှင်လည်း After Sale Service အတွက် တပ်ဆင်ထားတဲ့ သူတွေကို ခေါ်ပေမဲ့ ဘယ်လိုမှ ဆက်သွယ်မရတဲ့အဆုံး တစ်ဆင့်စကား၊ တစ်ဆင့်နားနဲ့ Sigma Solar ဆီ ရောက်လာခဲ့ပါတယ်။

📍 ကျွန်တော်တို့ Sigma Solar Team က သွားရောက်စစ်ဆေးတဲ့အချိန်မှာတော့ အဓိကပြဿနာအရင်းအမြစ်က အင်ဗာတာကြောင့် မဟုတ်ဘဲ “တပ်ဆင်မှုပုံစံမှားယွင်းနေတာနဲ့ လုံခြုံရေးပစ္စည်းတွေ (Safety Devices) တွေကို သေချာမတပ်ဆင်ထားတာ”ဖြစ်နေပါတယ်။

1️⃣ တပ်ဆင်မှုပုံစံက နေရာတော်တော်များများမှာ လွဲမှားနေပြီး အန္တရာယ်တော်တော်ရှိတဲ့ အခြေအနေလို့ ဆိုရမှာပါ။

⚠️ ဆိုလာချိတ်ဆက်ပုံ (Solar String) တွေကို မှန်ကန်တဲ့ တွက်ချက်မှုမရှိဘဲ Series နဲ့ Parallel ရောပြီး ချိတ်ဆက်ထားပါတယ်။ အဆိုးဆုံးက အိမ်ကသုံးမယ့် မီးအားကိုမနိုင်တဲ့ ဝါယာကြိုးအသေးလေးတွေကို သုံးထားတာပါပဲ။ အဲဒီတော့ မီးကြိုးတန်းကို ဖွင့်ကြည့်လိုက်တဲ့အခါ ကြိုးတွေက အပူလွန်ကဲပြီး မည်းတူးနေတဲ့အထိ ဖြစ်နေပါပြီ။

⚠️ဒီလိုအခြေအနေက တော်တော်လေးကို အန္တရာယ်များတာကြောင့် အင်ဗာတာပျက်တာတစ်ခုတည်းနဲ့ ရပ်သွားမှာ မဟုတ်ပါဘူး။ ဆက်လက်အသုံးပြုနေမယ်ဆိုရင် ကြိုးတွေ အပူလွန်ပြီး မီးလောင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

✅ ဒါကြောင့် ဆိုလာစနစ်တစ်ခုမှာ အင်ဗာတာကောင်းဖို့လည်း လိုသလို ဝန်အားနဲ့ ကိုက်ညီမယ့် မှန်ကန်တဲ့ ကြိုးအရွယ်အစားကို ရွေးချယ်တာကလည်း အဓိကကျနေတာပါ။

2️⃣ ဝါယာကြိုးပိုင်းမှာတင် အန္တရာယ်များနေတာ မဟုတ်ပါဘူး။ ဘက်ထရီပိုင်းမှာလည်း အက်စစ်ဘက်ထရီ အလုံး (၄၀) တောင် သုံးထားပေမဲ့၊ အရေးပေါ်ဆို မီးဖြတ်ချပေးမယ့် ဘရိတ်ကာတွေ၊ ဖျူးတွေ လုံးဝမတပ်ထားပါဘူး။ ဒါ့အပြင် မီးအားဆောင့်တက်ရင် ကာကွယ်ပေးမယ့်ပစ္စည်း (SPD) နဲ့ ဓာတ်မလိုက်အောင် မြေစိုက်ကြိုးချတဲ့ စနစ် (Earthing) တွေလည်း ဘာဆိုဘာမှ မပါပါဘူး။

⚠️ စဉ်းစားကြည့်ပါ၊ ဒါဟာ ဘရိတ်မပါတဲ့ ကားတစ်စီးကို မောင်းနေရသလိုပါပဲ။ လုံခြုံရေးခလုတ်တွေ ဘာမှမရှိတဲ့အတွက် စက်ကို ပြင်ဖို့ ခဏပိတ်ချင်ရင်တောင် မီးကို အန္တရာယ်ကင်းကင်း ဖြတ်ချလို့ မရပါဘူး။ တကယ်လို့ လျှပ်စီးဝင်တာ၊ မီးအားဆောင့်တက်တာမျိုး သာဖြစ်ခဲ့ရင် အိမ်ရှင်ရော၊ လာပြင်ပေးမယ့် အင်ဂျင်နီယာတွေအတွက်ပါ အသက်အန္တရာယ်ရှိတဲ့အထိ အလွန်ကို စိုးရိမ်စရာကောင်းတဲ့ အနေအထားပါ။

ဒီလောက် အန္တရာယ်ရှိရက်နဲ့ ဘာလို့ ဒီပစ္စည်းတွေကို မတပ်ခဲ့ကြတာလဲ ❓

အဓိကကတော့ လုံခြုံရေးပစ္စည်းတွေ (Safety Devices) ရဲ့ အရေးပါမှုကို သတိမထားမိခဲ့ကြလို့ပါပဲ။
ဖျူး၊ ဘရိတ်ကာ၊ SPD နဲ့ Earthing တွေက ပုံမှန်အချိန်မှာ ဆိုလာပြားတွေလို မျက်စိရှေ့မှာ အလုပ်လုပ်ပြမနေပါဘူး။ ဒါကြောင့် 'ဒါတွေမပါလည်း မီးလင်းတာပဲ' ၊ 'မလိုအပ်ဘဲ အပိုကုန်ကျစရိတ်တွေ များနေမလား' ဆိုပြီး အန္တရာယ်ရှိမှန်းမသိဘဲ အထင်လွဲကာ ချန်လှပ်ထားခဲ့ကြတာ ဖြစ်နိုင်ပါတယ်။

✅ တကယ်တော့ ဒီပစ္စည်းတွေက လျှပ်စီးလှိုင်းစီးကူးတာ၊ ဝါယာရှော့ဖြစ်တာ၊ စက်ချို့ယွင်းတာ စတဲ့ ပြဿနာမျိုးတွေ တက်တဲ့အချိန်မှာ စနစ်တစ်ခုလုံးကို ကာကွယ်ပေးတဲ့ မရှိမဖြစ် ကာကွယ်ရေးပစ္စည်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့် Safety Device တွေကို မဖြစ်မနေ တပ်ဆင်ထားသင့်တာပါ။

3️⃣ တပ်ဆင်ပုံ လွဲမှားနေတာတွေ ထပ်ရှိနေပါသေးတယ်။

⚠️ ပထမအမှားက ဘရိတ်ကာ (မီးခလုတ်) ကို အလွယ်သုံးထားတာပါ - မီးကြိုးဆိုတာ အဖိုတစ်စ၊ အမတစ်စ နှစ်စရှိတာကို စက်ပိတ်ရင် ကြိုးတစ်စကိုပဲ ဖြတ်ပေးတဲ့ ဘရိတ်ကာအသေးစားမျိုးကို အလွယ်သုံးထားတာပါ။ ဒါကြောင့် ဘရိတ်ကာ ချထားလို့ မီးမရှိတော့ဘူးဆိုပြီး စိတ်ချလက်ချ သွားကိုင်လိုက်ရင်တောင် ကျန်နေတဲ့ ကြိုးတစ်စကနေ ဓာတ်လိုက်နိုင်တဲ့ အန္တရာယ် အကြီးအကျယ် ရှိနေပါတယ်။

⚠️ ဒုတိယနဲ့ အဆိုးဆုံးအချက်ကတော့... မီးကြိုးတွေကို အလွယ်တကူ တစ်ဆက်တည်း ဆွဲထားတာပါ - အင်ဗာတာ ၆ လုံး၊ ၃ လုံး စတဲ့ စနစ်ကြီးတွေကို ချိတ်ဆက်တဲ့အခါ စက်တစ်လုံးစီကို မီးကြိုးတစ်ချောင်းစီ သေချာမသွယ်ပါဘူး။ ရှေ့ဆုံးက စက်ကနေ နောက်စက်တွေကို တစ်ဆင့်ပြီးတစ်ဆင့် (Looping) ပူးဆက်သွားတာပါ။ ဒါဟာ လူ ၆ ယောက်စာ ဝန်ကို ရှေ့ဆုံးက လူတစ်ယောက်တည်းကို အကုန်ထမ်းခိုင်းထားသလို ဖြစ်နေလို့၊ ရှေ့ဆုံးက မီးကြိုးလေး မခံနိုင်ဘဲ အရည်ပျော်ပြီး အိမ်လုံးကျွတ် မီးလောင်နိုင်တဲ့အထိ အလွန်အန္တရာယ်ကြီးပါတယ်။

ဒီလိုနဲ့ ပြဿနာအရင်းအမြစ်ကို သိသွားပြီးတဲ့နောက်မှာ ကျွန်တော်တို့လည်း အိမ်ရှင်နဲ့ သေချာတိုင်ပင်ခဲ့ပါတယ်။

🗯 အိမ်ရှင်အနေနဲ့ စနစ်တစ်ခုလုံး အသစ်ပြန်လဲဖို့ထက် လက်ရှိပစ္စည်းတွေကို ရရင်ရသလောက် ဆက်အသုံးပြုချင်တယ်လို့ ပြောတာကြောင့် ကျွန်တော်တို့ Sigma Solar ရဲ့ Engineer Team အနေနဲ့ လက်ရှိစနစ်ကို ဘယ်လိုလုံခြုံပြီး တည်ငြိမ်အောင် ပြန်တည်ဆောက်ရမလဲဆိုတာကိုပဲ အဓိက ဦးစားပေးခဲ့ပါတယ်။

🛠️ ဒီလို အသက်အန္တရာယ်ရှိနိုင်တဲ့ အမှားတွေကို Sigma Solar က ဘယ်လို ဖြေရှင်းပေးခဲ့လဲ?

✅ ပထမဆုံးအနေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ဆိုလာပြား မီးကြိုးတွေကို သေချာပြန်စစ်ပြီး မှန်ကန်တဲ့ တွက်ချက်မှုတွေအတိုင်း စနစ်တကျ ပြန်လည်ချိတ်ဆက်ပေးခဲ့ပါတယ်။

✅ ပြီးတော့ အရင်က လုံးဝမပါခဲ့တဲ့ လုံခြုံရေးခလုတ်တွေ၊ မီးအားဆောင့်တက်ရင် ကာကွယ်ပေးမယ့် ဖျူး (Fuse) နဲ့ မိုးကြိုး/လျှပ်စီး အန္တရာယ်ကာကွယ်ပေးတဲ့ပစ္စည်း (SPD) တွေကို နေရာလပ်မကျန် အပြည့်အစုံ တပ်ဆင်ပေးခဲ့ပါတယ်။

✅ အိမ်ထဲဝင်မယ့် မီးကြိုးတွေ၊ အလွယ်သုံးထားတဲ့ ဘရိတ်ကာတွေကိုလည်း အကုန်ပြန်စစ်ပြီး အိမ်ရှင်တွေ စိတ်ချလက်ချ သုံးလို့ရအောင် လုံခြုံရေးအပိုင်း (Safety Devices) တွေကို အသေအချာ ထပ်မံဖြည့်စွက်ပေးခဲ့ပါတယ်။

✅ အဆိုးဆုံးဖြစ်နေတဲ့ ဘက်ထရီအပိုင်းမှာလည်း... အရေးပေါ်ပြဿနာရှိလာရင် မီးကို အလွယ်တကူနဲ့ လုံလုံခြုံခြုံ ဖြတ်တောက်နိုင်ဖို့အတွက် မီးဖြတ်ခလုတ်အကြီးစားတွေ (DC Breakers) ကို သေချာစနစ်တကျ ထည့်သွင်းစီစဉ်ပေးခဲ့ပါတယ်။

ဒါက ပြုပြင်ထိန်းသိမ်းရ လွယ်ကူသလို ပြဿနာတစ်နေရာမှာဖြစ်ရင်တောင် စနစ်တစ်ခုလုံးကို မထိခိုက်စေဖို့အတွက်ပါ။

တော်တော်များများကို ပြန်သုံးလို့ရနိုင်အောင် ပြုပြင်ပေးခဲ့ပေမဲ့ ဓာတ်လှေကားမောင်းနှင်တဲ့ အင်ဗာတာ (3) လုံးကတော့ အသုံးပြုဖို့ လုံးဝ မသင့်တော်တော့တဲ့အတွက် Growatt 6kW အင်ဗာတာ (3) လုံးနဲ့ အစားထိုးတပ်ဆင်ပေးခဲ့ပါတယ်။

ဒီအဆင့်မှာ ကျန်တဲ့ အင်ဗာတာအဟောင်းတွေကို အသစ်မလဲခဲ့ရပေမဲ့၊ စနစ်တစ်ခုလုံးကို မှန်ကန်တဲ့ ဝါယာကြိုး (Cable Size) တွေ၊ Safety Devices တွေနဲ့ အပြည့်အစုံ ပြန်လည်တပ်ဆင်ပေးလိုက်တဲ့အတွက်... သာမန် Tier 2 အင်ဗာတာလေးတွေဟာ စျေးကြီးတဲ့ Tier 1 စနစ်တွေလိုပဲ အန္တရာယ်ကင်းကင်းနဲ့ စွမ်းဆောင်ရည်အပြည့် (Maximum Efficiency) ရရှိသွားပါတယ်။

ဒါဟာ Post အစမှာ ကျွန်တော်တို့ ပြောခဲ့သလိုပါပဲ၊ ပစ္စည်း Brand ထက် တပ်ဆင်မှုစနစ်က ဘယ်လောက်အရေးကြီးလဲဆိုတာကို သက်သေပြလိုက်တာပါပဲ။
—----------------------------------------

ဒီလိုနဲ့ တစ်နှစ်လောက်အကြာမှာတော့ ဆိုလာစနစ်ကို အဆင့်ထပ်မြှင့်တင်(Upgrade) ချင်တယ်လို့ ပြန်လည်ဆက်သွယ်လာခဲ့ပါတယ်။

ဒီအချိန်မှာ ရွေးချယ်စရာနှစ်ခုရှိလာခဲ့ပါတယ်။

1️⃣ Tier 1 High Voltage စနစ်ကို အကုန်ပြောင်းမလား၊ ဒါမှမဟုတ်

2️⃣ Growatt Inverter 3 လုံးကလည်း ဝယ်ထားပြီးသားဆိုတော့... နောက်ထပ် 4 လုံး ထပ်ဝယ်တိုးပြီး စုစုပေါင်း (၇) လုံး ဖြစ်အောင် လုပ်မယ်။ (၆ လုံးကို အိမ်သုံးအတွက် 3 Phase စနစ်နဲ့ အဆင့်မြှင့်တင်ပြီး၊ ၁ လုံးကို Gaming Room အတွက် သီးသန့်ထားမယ်)။အက်ဆစ်အိုးတွေအစား ခဏခဏ လဲစရာမလိုဘဲ သက်တမ်း ၁၀ နှစ်ကျော်ခံတဲ့ LiFePO₄ ဘက်ထရီ ပြောင်းတပ်ပြီး ရေရှည် ကုန်ကျစရိတ်ကို သက်သာအောင် လုပ်မယ်ပေါ့။

Growatt အင်ဗာတာတွေလည်း ဝယ်ထားပြီးသားဖြစ်သလို၊ တစ်နှစ်တာ အသုံးပြုခဲ့တဲ့အတွေ့အကြုံအရ စနစ်တည်ငြိမ်လာတာကိုရော အန္တရာယ်ကင်းတာကိုရော အိမ်ရှင်ကိုယ်တိုင်သိပြီးသားမို့ ဒုတိယအကြံပြုချက်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

🗯 ဒါပေမယ့် ကျွန်တော်တို့ အခုထိ မှတ်မိနေတဲ့ အိမ်ရှင်ရဲ့ စကားတစ်ခွန်းကတော့ “တပ်ဆင်မှုအမှား (Installation Error) ဆိုတာမျိုး ထပ်မကြားချင်တော့ဘူး” ဆိုတာပါပဲ။

ဒါကြောင့် မီးအသုံးပြုမယ့် နေရာတွေကို သေချာခွဲထုတ်ပြီး စံနှုန်းနဲ့အညီ အောက်ပါအတိုင်း အသစ်ပြန်လည် တပ်ဆင်ပေးခဲ့ပါတယ် -

🔹 ဓာတ်လှေကားနှင့် တစ်အိမ်လုံးစာအတွက် - Growatt 6kW အင်ဗာတာ (၆) လုံး (3 Phase စနစ်) ကို 51.2V 200Ah LiFePO4 Lithium ဘက်ထရီ (၁၀) လုံးနဲ့ တွဲဖက် ချိတ်ဆက်ပေးခဲ့ပါတယ်။

🔹 Gaming Room သီးသန့်အတွက် - မီးအားသီးသန့်လိုတဲ့ Gaming Room အတွက်ကိုတော့ Growatt အင်ဗာတာ (၁) လုံးနဲ့ 51.2V 200Ah ဘက်ထရီ (၂) လုံးကို သီးခြားခွဲထုတ် တပ်ဆင်ပေးခဲ့ပါတယ်။

✅ ဒီ Site မှာ ကျွန်တော်တို့ အဓိက ပြောင်းလဲပေးခဲ့တာကတော့ တပ်ဆင်မှုအရည်အသွေး၊ Safety Devices တွေနဲ့ ဆိုလာစနစ်ရဲ့ အဓိကပစ္စည်း (Components) တွေပါပဲ။

✅ ဒီလိုမျိုး လိုအပ်ချက်တွေကို စနစ်တကျ ပြန်လည်တွက်ချက်ပြီး တပ်ဆင်ပေးလိုက်တဲ့အခါမှာတော့ Tier 2 အင်ဗာတာဖြစ်တဲ့ Growatt ဟာ Tier 1 တွေလို လှည့်ကြည့်စရာမလိုတဲ့ တည်ငြိမ်မှုနဲ့ စွမ်းဆောင်ရည်ကို အခုလို လက်တွေ့ ပြသနိုင်ခဲ့ပါတယ် -

🔹 Zero-Fault Record — ၁ နှစ်ကျော်အတွင်း Inverter လုံးဝ Trip မဖြစ်တော့ဘဲ Error တက်တာလည်း ကင်းဝေးသွားပါတယ်။

🔹 Stable Voltage — အိမ်တက်အဆင်း လုပ်နေကျဖြစ်တဲ့ ဓာတ်လှေကားလို Heavy Load ကြီးတွေ အလုပ်လုပ်နေချိန်မှာတောင် AC Voltage လုံးဝကျမသွားဘဲ အမြဲငြိမ်နေတာကို တွေ့ရပါတယ်။

🔹 Thermal Protection — ကြိုးတွေ အပူလွန်တာမျိုး မရှိတော့ဘဲ လုံခြုံတဲ့ အပူချိန်အတွင်းမှာပဲ ပုံမှန် လည်ပတ်နေပါတယ်။

🔹 Current Balancing — Inverter (၆) လုံးစလုံးမှာ ဝန်အား စီးဆင်းမှု ညီတူညီမျှ ဖြစ်သွားပါတယ်။

🔹 Max Efficiency — Solar String ကို တိတိကျကျ တွက်ချက်ပေးခဲ့လို့ Inverter ရဲ့ စွမ်းဆောင်ရည် (97%-98%) ကို အပြည့်အဝ ထုတ်ပေးနိုင်သွားတာပါ။

ဒီရလဒ်တွေကြောင့်ပဲ စနစ်တစ်ခုလုံးကို အသစ်ပြန်လဲစရာ မလိုတော့ဘဲ၊ အိမ်ရှင်အနေနဲ့ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ သက်သာပြီး စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်သွားခဲ့တာပါ။

အချုပ်အနေနဲ့ ပြောရရင် ဒီ Case လေးဟာ ၂၀၂၃ မှာ အခြေခံပြဿနာတွေကို စတင်ပြုပြင်ခဲ့ပြီး၊ ၂၀၂၄ မှာတော့ Tier 2 ကနေ Tier 1 အဆင့်အထိ အောင်မြင်စွာ မြှင့်တင်ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

အခုချိန်ထိလည်း ဘာပြဿနာမှ မတက်တော့ဘဲ စနစ်က တည်ငြိမ်စွာ အလုပ်လုပ်နေတယ်လို့ အိမ်ရှင်ဆီကနေ ဝမ်းသာစရာ ကြားနေရဆဲပါပဲခင်ဗျာ။

⚠️ ဒါကနေ ပေးခဲ့တဲ့ သင်ခန်းစာတွေကတော့ Tier 1 လို အရည်အသွေးနဲ့ ဘေးကင်းလုံခြုံမှုကို Tier 2 အဆင့်ကလည်း Tier 1 လို စွမ်းဆောင်နိုင်အောင် မြှင့်တင်ပေးနိုင်တယ်ဆိုတာနဲ့ ⚠️ ဆိုလာစနစ်ဆိုတာ လျှပ်စစ်ပစ္စည်းများစွာနဲ့ စနစ်တကျတပ်ဆင်ထားရတာဖြစ်တဲ့အတွက် ဘေးကင်းလုံခြုံပြီး စံချိန်စံနှုန်းကိုက်ညီတဲ့ Safety Devices တွေ၊ တခြား Components ပစ္စည်းတွေကို သေချာရွေးချယ် အသုံးပြုပြီး စနစ်တကျတပ်ဆင်ခြင်းကသာ အမြော်အမြင်အရှိဆုံး၊ စိတ်အချရဆုံး ရင်းနှီးမြှုပ်နှံမှုဆိုတာပါပဲ။

တကယ်လို့ မိတ်ဆွေအနေနဲ့လည်း ကိုယ့်အိမ်အတွက် စိတ်ချရတဲ့ ဆိုလာစနစ်ကို တပ်ဆင်ချင်ရင်ပဲဖြစ်ဖြစ်၊ ရှိပြီးသား Tier 2 ဆိုလာစနစ်ကို Tier 1 အဆင့်သို့ အဆင့်မြှင့်တင်ချင်ရင်ပဲဖြစ်ဖြစ် လိုအပ်ချက်အခြေအနေပေါ်မူတည်ပြီး အထိရောက်ဆုံးဖြစ်မယ့် စနစ်မျိုးရရှိစေဖို့ Sigma Solar ကို ဆက်သွယ်ပြီး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Sigma Solar အနေနဲ့ -
✅ အရည်အသွေးမြင့် ဆိုလာပြား၊ အင်ဗာတာနဲ့ ဘက်ထရီတွေကို စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးနေသလို
✅ ကျွန်တော်တို့ Sigma Solar နဲ့ လက်တွဲတပ်ဆင်ထားတဲ့သူတွေသာမက တခြားသော ကျွမ်းကျင်သူများနဲ့ တပ်ဆင်အသုံးပြုနေသူတွေအနေနဲ့လည်း မိမိတို့ရဲ့စနစ်မှာ ချို့ယွင်းချက်တစ်စုံတစ်ရာ ရှိနေရင် ကျွန်တော်တို့ရဲ့ ကျွမ်းကျင် Technician တွေကနေ အခမဲ့ စစ်ဆေးဖြေရှင်းပေးနေပါတယ်။
✅ ဒါ့အပြင် ဆိုလာနဲ့ အရန်မီးပေးစနစ် (Solar & Backup Power System) တစ်ခုလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ Safety Devices တွေကို စနစ်တကျ ထည့်သွင်းပေးတာကအစ ပစ္စည်းရောင်းချခြင်းနဲ့ တပ်ဆင်ခြင်း (Supply & Installation) လုပ်ငန်းစဉ်တစ်ခုလုံးကို အစအဆုံး တာဝန်ယူဆောင်ရွက်ပေးနေတာမို့ ယုံကြည်စိတ်ချစွာနဲ့ အခုပဲ Sigma Solar Page Messenger မှာ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 📲
အသေးစိတ် ဆက်သွယ်စုံစမ်းရန်
📞 - 09 966 335 771
📞 - 09 968 385 875
🏠 - 64(A) လမ်း၊ 108 x 109 ကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

#ဆိုလာ #ဆိုလာတပ်ဆင်

Address

64(A) Street, Between 108th X 109th Street, Chanmyatharzi Township
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959968385875

Website

Alerts

Be the first to know and let us send you an email when Sigma Solar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share