Marter Solutions

Marter Solutions MARTER Innovative Solution is a Software Consultancy and Software Development industry which provides practical and reliable business software solutions.

Marter SolutionsSoftware development & Computer Trainingနေပြည်တော်ရုံးခွဲကို ပုဗ္ဗသီရိမြို့ ၊ မင်္ဂလာဒီပရက်ကွက် ခရေ(၁၁)လ...
13/03/2020

Marter Solutions
Software development & Computer Training
နေပြည်တော်ရုံးခွဲကို ပုဗ္ဗသီရိမြို့ ၊ မင်္ဂလာဒီပရက်ကွက် ခရေ(၁၁)လမ်း၊ ဇော်ဂျီလမ်းနှင့် ရွှေလီလမ်းကြား၊ သံလွင်လမ်းနှင့် သီရိမဏ္ဍိုင်လမ်းဒေါင့်၊ နေပြည်တော်ဘူတာကြီးအနီးတွင် ဝန်ဆောင်မှုစတင်များပေး‌ပါပြီ။

ကွန်ပျူတာသင်တန်းအပ်စတင်လက်ခံပြီ
09797912771
[email protected]

1- Introduction to computer basic
2- Basic understanding Adobe PhotoShop

20/11/2019

We are looking for *** Senior Web & Mobile App Developers ***
=============================================

Responsibilities include leading a team of junior developers, refining requirement specifications, UI / UX prototyping and resolving technical issues. To be successful in this role, you should have extensive experience building web applications & mobile apps from scratch and in-depth knowledge of at least one of the following languages: React-JS, React-Native, Angular JS or Ruby.

Ultimately, applicant will ensure our web apps are up and running and cover both internal and customer needs. Strong communication skills in terms of writing and verbally in English is compulsory.

Responsibilities
--------------------
- Identify user and system requirements for new projects.
- Prioritize projects, set timelines and assign tasks to team members.
- Create wireframes to decide on layout
- Write or review code for various applications
- Run functionality test and debug code
- Oversee Junior Developers and evaluate their performance
- Liaise with designers to decide on UI/UX elements (like graphics and navigation buttons)
- Ensure our Software documentation is up-to-date
- Collaborate with mobile developers to build mobile-responsive websites

Requirements
------------------
- Proven work experience as a Senior Developer
- Expertise in at least one programming language, preferably React-JS, React-Native, Angular-JS or Ruby
- Solid knowledge of HTML, CSS, Javascript, Jquery, Bootstraps, Semantic is bonus advantage
- Experience with mockup and UI prototyping tools
- Understanding of security practices
- Familiarity with network diagnostics tools
- Team management skills
- Must be able to work in Mandalay

Young, motivated with good team-work culture minded professionals are warmly invited to apply. We provide good working space, good community with friendly colleagues and of course daily project challenges as well.

Interested candidates can submit their resume to [email protected] with relevant projects and expected salary.

Address: No.(56), Corner of Gaw Thazin & Salane 12 Street, Between 68th & 69th Streets, ChanMyaTharSi Township, Mandalay, Myanmar.

Ph: +95-9-793040405

28/08/2019

**Android Developer Hiring (Immediate) **

We are looking for Android Developers in Mandalay.

Descriptions
-------------
• Develop new app and maintain current running app
• Collaborate with other development teams to define scope, design and deliver new features
• Work with APIs and other data sources
• Continuously learn, discover and implement new technologies to maximize efficiency
• Bug fixing and improving application performance

Requirements
------------
• Any bachelor degree holder or finished final year
• Familiarity with RESTful APIs & Node JS to connect Android applications
• Strong knowledge of different versions of Android, SDK, UI design principles and best practices
• Solid understanding of the full mobile development life cycle (prefer familiar with React Native development)
• Understanding cloud messaging APIs and push notifications
• Familiarity with Git repository
• Must have experience in Android App development with different screen sizes and published at least one Android App for public or private use (at interview process, applicant need to show demo for app)
• Must have excellent communication and creativity skills

Young, motivated with good team-work culture minded professionals are warmly invited to apply. We provide good working space, good community with friendly colleagues and of course daily project challenges as well.

Interested candidates can submit their resume to [email protected] with relevant projects and expected salary.

Address: No.(56), Corner of Gaw Thazin & Salane 12 Street, Between 68th & 69th Streets, ChanMyaTharSi Township, Mandalay, Myanmar.

Ph: +95-9-793040405

လေ့လာသူအဖြစ်မှ ဆော့ဖ်ဝဲလ်ရေးသားပညာရှင်အဖြစ်သို့ တက်လှမ်းခဲ့ပုံ******************************လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန...
18/04/2019

လေ့လာသူအဖြစ်မှ ဆော့ဖ်ဝဲလ်ရေးသားပညာရှင်အဖြစ်သို့ တက်လှမ်းခဲ့ပုံ
******************************

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော်က အခု ခင်ဗျားလိုပါပဲ…

ကျွန်တော်ဟာ ကျွမ်းကျင်သော ဆော့ဖ်ဝဲလ်ရေးသားသူ အဖြစ် အသက်မွေးချင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့လိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲလို့ မတွေးတတ်ခဲ့ဘူး။

ကျွန်တော်ဟာ ကောလိပ်ဆင်း မဟုတ်၊ အရင်က ကုဒ်ရေးသားခြင်း အတွေ့အကြုံ နတ္ထိနဲ့ သင်္ချာမှာလည်း တဝဲလည်လည်ပါ။

နောက်တခုက ကျွန်တော့်လိုလူဟာ ဆော့ဖ်ဝဲလ်ရေးသားသူ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယစက်ဝန်းတခု ရှိနေတာပါပဲ။

အခုတော့ ကျွန်တော်လုပ်နိုင်ခဲ့ပါပြီ။ စိတ်ကူးထားတဲ့ အလုပ်ရှိပြီ။ ကျွန်တော်ဟာ ဆော့ဖ်ဝဲလ်ရေးသားသူ တယောက်ပါ။

ဘယ်လိုလုပ်ခဲ့တာလဲလို့ မကြာခဏပြန်မေးမိတယ်။

ကျွန်တော့်ကို လေ့လာသူကနေ ဆော့ဖ်ဝဲလ်ရေးသားသူဖြစ်လာအောင် ကူညီခဲ့တဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက် ၃ ခု ရှိပါတယ်။

၁. *လမ်းပြမြေပုံတည်ဆောက်ပါ*

ဆော့ဖ်ဝဲလ်ရေးသားသူ ဖြစ်ချင်ကြသူတွေ လုပ်မိကြတဲ့ အကြီးဆုံးအမှားကတော့ အစီအစဉ် မရှိတာပါ။

လမ်းပြမြေပုံ မရှိဘူး။

ခင်ဗျားမှာ အစီအစဉ်မရှိရင် လမ်းပျောက်သလိုခံစားရမှာပါ။ ကုဒ်ရေးသားနည်း သင်ခန်းစာတွေ လေ့လာမယ်၊ ပရောက်ဂျက် တခု (သို့) နှစ်ခု ရေးကြည့်မယ်။ အဲမှာတင် လ အတော်ကြာကုန်သွားမယ်။ ငါ ဆော့ဖ်ဝဲလ်ရေးသားသူ ဖြစ်ပါဦးမလားလို့ အတွေးဝင်လာမယ်။ စိတ်လည်းရှုပ်လာမယ်။ ဘယ်လမ်းကြောင်း လိုက်ရပါ့မလဲဆိုတာ မသိတော့ဘူး။

အဖြေကဘာလဲ? လမ်းပြမြေပုံ အခုပဲ ဖန်တီးပါ။ ဆော့ဖ်ဝဲလ်ရေးသားသူတယောက် ဖြစ်လာဖို့အတွက် တိကျတဲ့ အစီအမံကို ရေးဆွဲပါ။

ပထမဆုံး ခြေလှမ်း - ကုဒ်ရေးနည်း သင်တန်းတက်တာမျိုး ဒါမှမဟုတ် အင်တာနက်ကတဆင့် သင်ရိုးတွေ လေ့လာတာမျိုးထဲကို ရွေးချယ်ဆုံးဖြတ်ပါ။

ကျွန်တော်ကတော့ သင်တန်းမတက်ဖြစ်ဘူး။ ကိုယ့်ဘာကိုယ် သင်ရိုးတွေ ဖန်တီးပြီး ကိုယ်တိုင် အားလုံးကို လေ့လာခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ ကျွန်တော်က အိမ်သင်ပညာရေးစနစ်နဲ့ ကြီးပြင်းလာခဲ့လေတော့ ကိုယ့်ဘာကိုယ် လေ့လာရတာ အဆင်ပြေတာမို့ ကိုယ်တိုင်ပဲ free Code Camp ကနေ Udacity အဆုံး အင်တာနက်က သင်ရိုးတွေကို လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီနည်းလမ်းက သင်တန်းတက်တာထက် စရိတ်စက ပိုသက်သာပေမယ့် မကောင်းတဲ့အချက်က ကျွန်တော့်မှာ ကုဒ်ရေးသားနည်း သင်ကြားသူတွေ မရှိတာနဲ့ ကုဒ်ရေးသားနည်း သင်ရိုးညွှန်းတမ်းရယ်လို့ မရှိတာပါ။ အင်တာနက်ပေါ်ရှိတဲ့ အရင်းအမြစ်တွေကနေ လေ့လာတယ်ဆိုတာဟာ ကုန်ကျစရိတ် လုံးဝမရှိတာ (သို့) အနည်းငယ်ပဲ ပေးရတာဆိုပေမယ့် ကျွန်တော်သိလိုက်ရတာကတော့ အကူအညီအထောက်အပံ့ သိပ်များများစားစား မရှိဘူးဆိုတာပါပဲ။ ပြီးတော့ ကျွန်တော် ရုန်းကန်ခဲ့ရသလိုပဲ ခင်ဗျားလည်း လုပ်ရမှာပါ။

ကျွန်တော့်လိုပဲ လူအတော်များများဟာ အင်တာနက်ပေါ်ရှိတဲ့ အရင်းအမြစ်တွေကနေ ကုဒ်ရေးသားနည်းလေ့လာရာမှာ ခရီးမပေါက်ကြတာလည်း ရှိတော့ ဒီနည်းဟာ အမြဲတမ်းတော့ အကောင်းဆုံး မဟုတ်ပါဘူး။ စရိတ်နည်းတာက အကျိုးကျေးဇူးကြီးပေမယ့် ကိုယ့်ဘာကိုယ် လေ့လာမှု လုပ်နိုင်ပြီး ဆရာ ဒါမှမဟုတ် အကူအညီလုံးဝ မပါဘဲ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူနိုင်မှုတော့ ရှိရမှာပါ။

သင်တန်းတွေဟာ အင်မတန် ဈေးကြီးပေမယ့် အကူအညီအများကြီးနဲ့ တာဝန်ယူပေးမှုတွေလည်း ရှိနေပါတယ်။

ဘယ်နည်းက ခင်ဗျားအတွက် သင့်မလဲဆိုတာတော့ သေချာစဉ်းစားပါ။

တကယ်လို့ သင်တန်းမတက်ဘဲ ကုဒ်ရေးနည်း လေ့လာမယ်ဆိုရင်တော့ သင်ပြပေးတာမျိုး အနည်းငယ်ပါပြီး လေ့လာဖို့ သင်ရိုးချပေးထားတဲ့ သင့်တင့်တဲ့ အင်တာနက်ပေါ်က အစီအစဉ် တခုခုကို ရွေးဖို့ အကြံပေးလိုပါတယ်။ အဲလိုလုပ်ခြင်းအားဖြင့် အားစိုက်ထုတ်မှု အသင့်အတင့်နဲ့ လိုအပ်တဲ့ တုံ့ပြန်မှု ရရှိမှာပါ။ Udacity ရဲ့ Nanodegrees နဲ့ Treehouses ရဲ့ Techdegrees တွေမှာ သင်ကြားပေးခြင်း နဲ့ ကုဒ် ဝေဖန်ချက် အချို့ ပါဝင်နေပါတယ်။

တကယ်လို့ လုံးဝ အခမဲ့ကိုမှ လေ့လာချင်ရင်တော့ freeCodeCamp ရဲ့ သင်ရိုးက အံ့မခန်းကောင်းမွန်ပြီး ကျွမ်းကျင်အောင် လေ့လာနိုင်မယ့် အသင်းအဖွဲ့ထဲမှာ ပါဝင်ခွင့်ရမှာပါ။

ဒီတော့ လမ်းကြောင်းကို ရွေးပြီးတာနဲ့ ဒီမေးခွန်းတွေကို ဖြေကြည့်ပါ။

* “ငါက full-stack, frontend ဒါမှမဟုတ် backend ရေးသားသူ ဖြစ်ချင်တာလား? ”

အဓိကထား လေ့လာမယ့်ဟာကို ဆုံးဖြတ်ပါ။ ဘယ်စက်ဘာသာစကား နဲ့ ကိုးကားစရာတွေကို လေ့လာရမယ်ဆိုတာကို သိထားပါ။

* “တပတ်ကို ငါအချိန်ဘယ်လောက်ပေးပြီး လေ့လာမလဲ၊ ဘယ်တော့စမလဲ? ”

တပတ်တာအတွင်း အချိန်အပိုင်းအခြားကို သတ်မှတ်ပြီး ကုဒ်ရေးနည်း လေ့ကျင့်ပါ၊ သတ်မှတ်ထားတဲ့ အချိန်တိုင်း မလွတ်သွားပါစေနဲ့။

* “ဘယ်နေ့ကျရင် ငါ အလုပ်စလျှောက်မလဲ? ”

အလုပ်လျှောက်မယ့်အချိန်ကို သတ်မှတ်ထားပါ။

* “ဘာတွေကို ငါ စွန့်လွှတ်မလဲ? ”

ဒါကတော့ ဆော့ဖ်ဝဲလ်ရေးသားသူအဖြစ် အလုပ်လုပ်ချင်ရင် သင့်ကိုယ်သင် ပုံဖော်ရမယ့် ကိစ္စဆိုတော့ မနက်အစောထရတာ၊ စနေတနင်္ဂနွေ မရှိတာနဲ့ ညဥ့်နက်ချိန်ထိ ကြိုးစားရတာတွေ စတဲ့ လမ်းကြောင်းတွေကနေ အကောင်အထည်ဖော်ရမှာပါ။

ယထာဘူတကျကျ ဖြစ်သွားအောင် အပတ်စဉ် ခင်ဗျား အချိန်ဖြုန်းနေတာထဲက တခုလောက်ကို စွန့်လွှတ်ကြည့်ပါ။ ကျွန်တော့်အတွက် တော့ မိသားစုနဲ့ အချိန်ဖြုန်းရတာကို စွန့်လွှတ်ဖို့ စိတ်ကူးမရှိလို့ ဘော်ဒါတွေနဲ့ လေကန်တဲ့ကိစ္စကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စနေနေ့တိုင်း သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းနေကျအစား အိမ်မှာနေပြီး ပရိုဂရမ်ရေးသားခဲ့ပါတယ်။

လမ်းပြမြေပုံ ရေးဆွဲတဲ့အခါမှာ စိတ်ထဲမှာ တွေးထားဖို့က ကြော်ငြာအတော်များများမှာ ရေးထားတာတွေနဲ့ ဆန့်ကျင်ဘက်တွေ့ရ မှာကတော့ အုံဖွကုဒ်ရေးသားနည်းသင်ရိုးဆိုတာ မရှိပါ၊ အံ့မခန်းပရိုဂရမ်ဆိုတာ မရှိပါ၊ ကုဒ်ရေးသားနိုင်သူ တန်းဖြစ်စေမယ့် အပ်ချလောင်း သင်တန်းဆိုလည်း ရှိမှာမဟုတ်ပါ။

လူအတော်များများက ကျွန်တော့်ကို အင်တာနက်ပေါ်က ဘယ်သင်ရိုးကို ယူလိုက်ရင်ဖြင့် ရွှေရောင်လက်မှတ်ရပြီး ဆော့ဖ်ဝဲလ်ရေးသားသူအဖြစ် ရောက်သွားနိုင်မလဲဆိုတာ မေးကြပါတယ်။

အဲလိုမျိုး မရှိပါ။

ခင်ဗျားကိုယ်တိုင် ကြိုးစားမှသာ ဆော့ဖ်ဝဲလ်ရေးသားသူ ဖြစ်မှာပါ။

ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက်ကသာ ဖြစ်မြောက်စေမှာပါ။ သို့ပင်သော်လည်း ဆော့ဖ်ဝဲလ်ရေးသားသူဖြစ်လာဖို့ ကုဒ်ရေးသားနည်း လေ့လာတဲ့ နေရာမှာ အပြောင်းအလဲဖြစ်စေတဲ့ နည်းလမ်းအကွက် တခုကိုလည်း ကျင့်သုံးခဲ့ပါတယ်။

၂. *ခင်ဗျားရဲ့ အာရုံစူးစိုက်မှုကို လေ့ကျင့်ပါ*

လူတိုင်းအတွက် အင်တာနက်ပေါ်က အခမဲ့ ကုဒ်ရေးသားနည်း သင်ရိုးတွေဟာ မြောက်မြားစွာ ရှိပါတယ်။ အခမဲ့သင်ရိုးတွေကို လွယ်လင့်တကူ သင်ယူနိုင်ရင် ဘာလို့ ကုဒ်ရေးသားတတ်ဖို့ ခက်လဲလွန်းနေတာလဲ? ဘာလို့ ဆော့ဖ်ဝဲလ်ရေးသားသူ ဖြစ်ဖို့ ခက်ခဲနေတာလဲ?

ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အများစုက လေ့လာဖို့နဲ့ စက်ဘာသာစကားတွေကို ပိုင်နိုင်စေဖို့အတွက် အဓိကကျွမ်းကျင်မှုကို မသိကြတာပါ။ အဲဒီ ကျွမ်းကျင်မှုကို “ဇောက်ချလုပ်ဆောင်ခြင်း” လို့ ခေါ်တွင်ပြီး ကွန်ပြူတာသိပ္ပံပညာရှင် ကယ်နယူးပေါ့က အများသိအောင် ရှင်းပြခဲ့တာပါ။

အတိုချုံးပြောရရင် ခက်ခဲတဲ့ အရာတွေကို လေ့လာတဲ့အခါ ခင်ဗျားဟာ လေးလေးနက်နက် စူးစိုက်မှုကို ကာလတခု ကြာအောင် လုပ်ကိုလုပ်ရပါမယ်။ အဲဒါဟာ ဇောက်ချလုပ်ခြင်းရဲ့ ဆိုလိုရင်းပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ အတော်များများက အာရုံစူးစိုက်မှု စွမ်းရည်ကို ပေါ့ပေါ့ပါးပါး အဆုံးသတ်ပစ်လိုက်လေ့ရှိပြီး အနည်းငယ်ကသာ ဇောက်ချလုပ်တတ်ကြပါတယ်။

နောက်ဆုံးတခေါက် ခင်ဗျားတစိုက်မတ်မတ် လုပ်ခဲ့တဲ့ အချိန်ကို စဉ်းစားကြည့်ပါ။ ခင်ဗျား ဖုန်းကို ယူပြီး အသိပေးချက် (နိုတီ) တွေ ကြည့်ဖို့ စိတ်မရောက်ခင် အချိန်ဘယ်လောက်များများ သုံးခဲ့ပါသလဲ။ ဒါမှမဟုတ် ဒီစာဖတ်နေရင်းကနေ တခြားအကြောင်းအရာ တခုကို ပြောင်းလိုက်မိတာမျိုး။ အခြား လူမှုကွန်ယက်ဆီ အလည်ရောက်သွားတာမျိုးရောပေါ့။

ခင်ဗျားကုဒ်ထိုင်ရေးတဲ့အခါ အချိန်ဖမ်းနာရီမှာ မိနစ် ၉၀ စာ သတ်မှတ်ထားပါ။ အဲဒီအချိန်အတွင်းမှာ ခင်ဗျားတည်ဆောက်နေတဲ့ App တခုတည်းကိုပဲ ဒါမှမဟုတ် ခင်ဗျားရှင်းဖို့ကြိုးစားနေတဲ့ ကုဒ်ပြဿနာကိုပဲ အာရုံစိုက်ပါ။ အသိပေးချက် (နိုတီ) တွေ မစစ်ကြည့်ပါနဲ့။ တခြား ဝဘ်စာမျက်နှာအသစ်တခု မဖွင့်ပါနဲ့။ ခင်ဗျားကိုယ်ခင်ဗျား နေ့ခင်းကြောင်တောင်အိပ်မက်မက်နေတယ်လို့ သိလိုက်ရင်လည်း ကုဒ်ရေးသားတာကို အသိပြန်ကပ်လိုက်ပါ။

သင့်အနာဂတ် အသက်မွေးဝမ်းကြောင်းအလုပ်ဟာ သင့်ရဲ့အာရုံစူးစိုက်မှုကို လေ့ကျင့်နိုင်မှုအပေါ်မူတည်နေပါတယ်။

ဇောက်ချလေ့ကျင့်ခြင်း မရှိခဲ့ရင် ဒီနေ့ ကျွန်တော် ဆော့ဖ်ဝဲလ်ရေးသားသူ မဖြစ်လာနိုင်ပါ။

၃. *သိလိုစိတ်နောက်ကို လိုက်ပါ*

လူအတော်များများက ကုဒ်ရေးနည်း လေ့လာတော့မယ်လို့ ပိုင်းဖြတ်လိုက်ရင် သူတို့သိဖို့လိုအပ်မယ်ထင်တဲ့ သင်ရိုးညွှန်းတမ်းတွေကို စလေ့လာတော့တာပါပဲ။

အဲဒီမှာ သူတို့ ငြီးငွေ့သွားရော။ ကျောင်းတုန်းကလိုပေါ့ သင်ခန်းစာအသစ်တွေ လေ့လာရတဲ့အခါ ခင်ဗျားသိဖို့လိုလို့ လေ့လာနေတာမျိုး ဖြစ်ပြီး ဘာလို့ လေ့လာဖို့လိုတာလဲ ဒါမှမဟုတ် ဘာလို့ ဂရုတစိုက်လုပ်ရမှာလဲ ဆိုတာ မသိရသလိုဖြစ်ပါတယ်။ စိတ်ဝင်စားမှု ပျောက်ဆုံးဖို့ဟာ လွယ်ပါတယ်။

ကုဒ်ရေးဖို့ လေ့လာရာမှာ စက်ဘာသာစကား (programming language) မှာ ခင်ဗျားကို ဆွဲဆောင်နိုင်မယ့် အကြောင်းအရာ တခုခုကို အရင်ရှာ ကြည့်ပါ။ ခင်ဗျား စနေညကျရင် သိချင်စိတ် ပြင်းပြင်ပြပြ နဲ့လေ့လာဖြစ်ဖို့ အဲဒီအရာတခုကို ရှာပါ ဘာလို့လဲဆိုတော့ အဲဒီအချိန်ကျရင် ခင်ဗျား လုပ်ကြည့်ဖို့ လိုပါမယ်။

Alice in Wonderland ဇာတ်ကားထဲက စာလေးတခုကို ကျွန်တော်စွဲနေတယ်

“ကောင်မလေးဟာ သိလိုစိတ်ပြင်းပျလာပြီး အဲဒီသိလိုစိတ်နောက်ကို လိုက်သွားတဲ့အခါ သူတခါမှ မမြင်ဖူးတဲ့ လက်ပြတ်အင်ကျီ အိပ်ကပ်ထဲကနေ လက်ပတ်နာရီတလုံး ထုတ်နိုင်တဲ့ ယုန်တကောင်ကို တွေ့ရှိလိုက်ခြင်းပင် ”

ကျွန်တော်ကိုယ်တိုင်ကလည်း စီနီယာဆော့ဖ်ဝဲလ်ရေးသားသူများစွာနဲ့ အလုပ်လုပ်ခဲ့ဖူးတာကြောင့် ကျွန်တော် သဘောပေါက်လာတာက အတော်ဆုံး ဆော့ဖ်ဝဲလ်ရေးသားသူတွေဟာ အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် ထပ်လေ့လာနေဖို့ တွန်းအားပေးနေဖို့ မလိုအပ်ဘူး ဆိုတာပါ။ သူတို့ဟာ အမြဲတမ်းကို လေ့လာနေကြတာပါ Alice လိုပေါ့ သူတို့လည်း သိလိုစိတ် ပြင်းပြနေကြလို့ပါ။

တချို့က စက်ဘာသာစကား တခုကို လေ့လာပြီး ကုဒ်ရေးတယ် ပြီးတော့ မေ့ပလိုက်တယ် အဲဒီနောက် တခြား စက်ဘာသာစကား တခု ထပ်လေ့လာတယ် ကြိုက်သွားတယ်။ စက်ဘာသာစကား အမျိုးစုံကို စမ်းသပ်ကြည့်ခြင်းနဲ့ ဆော့ဖ်ဝဲလ်ရေးသားခြင်းထဲက မတူညီတဲ့ နယ်ပယ်အမျိုးမျိုးကို လေ့လာကြည့်ခြင်းဟာ ခင်ဗျားရဲ့ သိလိုစိတ်ကို လှုပ်နှိုးဖို့အတွက်သာ ဖြစ်ပါစေ။

တကယ်လို ခင်ဗျားဟာ အကြိမ်ပေါင်းများစွာ မတူညီတဲ့ ဒေါင့်စုံက ကုဒ်ရေးဖို့ လေ့လာရတာ ပင်ပန်းလာပြီး အခုထိလည်း ကိုယ့်ကိုယ်ကိုယ် အတင်းတွန်းနေရတုန်းပဲလို့ ခံစားနေရရင် ကုဒ်ရေးသားခြင်းဟာ ခင်ဗျားအတွက် မကိုက်ညီတော့ပါ။

သင်တန်းအတော် များများရဲ့ ကြော်အောင်ငြာထားတဲ့ ၃ လပြတ် ကုဒ်ရေးနည်း သင်ပြီး ဒေါ်လာ တသိန်းရမယ့် အလုပ်ရမယ် ဆိုတာတွေဟာ တကယ့်လက်တွေ့မှာ မဖြစ်နိုင်ပါ။ ကုဒ်ရေးသားခြင်းဟာ သူဌေးအမြန်ဖြစ်မယ့် နည်းစနစ် မဟုတ်ပါ။

တကယ်လို့ ခင်ဗျား ကုဒ်ရေးရတာ ငြီးငွေ့နေရင် ဆက်မလေ့လာပါနဲ့ ဘာလို့လဲဆိုတော့ ခင်ဗျားဘဝအတွက် အခြားစစ်မှန်တဲ့ သိလိုစိတ်တွေနောက် လိုက်ဖို့ လွဲချော်သွားမှာ စိုးလို့ပါ။ သို့ပင်သော်လည်း ခင်ဗျားဟာ နည်းပညာကို စိတ်ဝင်စားတယ်ပြီးတော့ ကုဒ်မရေးနိုင်ရင် အခြားသော အရမ်းကောင်းတဲ့ လုပ်ငန်းခွင်မှာ အလွန်လိုအပ်နေတဲ့ အရည်အချင်းတွေဖြစ်တဲ့ ဒီဇိုင်းရေးဆွဲတာ၊ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာတာ စတာတွေ အများကြီးရှိတာမို့ လေ့လာနိုင်ပါတယ်။

တကယ်လို့ စက်ဘာသာစကားကိုမှ သိလိုစိတ် ပြင်းပြနေရင် ရအောင်လုပ်ပါ။ သိလိုစိတ်နောက် လိုက်နိုင်လေလေ ပိုလုပ်နိုင်လာလေလေပါပဲ။ သိလိုစိတ်နောက် လိုက်နေတဲ့ အတောအတွင်းမှာတော့ ခင်ဗျားဘယ်က လာတယ်ဆိုတာကို စိတ်ထဲမထားပါနဲ့။ ခင်ဗျားနောက်မှာ ကွန်ပြူတာသိပံ္ပဘွဲ့ဒီကရီ မရှိနေတာကိုလည်း စိတ်ထဲမထားပါနဲ့။

ခင်ဗျားအသက်၊ ဘွဲ့ဒီကရီ ဒါမှမဟုတ် အရင်က အတွေ့အကြုံ မရှိတာကိုလည်း ဂရုမထားနေပါနဲ့။ ကုဒ်ရေးရတာကြိုက်ရင် ဇောက်ချ လုပ်ပြီး ခင်ဗျားဘဝမှာ ဦးစားပေး လေ့လာမယ်ဆိုရင် ခင်ဗျား ဆော့ဖ်ဝဲလ်ရေးသားပညာရှင် ဖြစ်နိုင်ပါတယ်။

အခုမှစမယ့် လူသစ်ဖြစ်နေမယ် ဆိုရင်တောင်ပေါ့။

အခုပဲ စလိုက်ပါ။

Madison Kanna ရေးသားမျှဝေသော How I went from complete beginner to software developer – and how you can too ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

Photo credit to Madison Kanna

07/01/2019

** ၀န်ထမ်းအလိုရှိသည် **

ရန်ကုန်မြို့တွင် Marketing & Sales တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ ၀န်ထမ်း အလိုရှိသည်။

� Marketing & Sales Associate

� လစာ - ညှိနိုင်း �

�အရည်အချင်း
- ဘွဲ့ရ
- အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား
- လုပ်သက် မရှိလည်းရသည်။ (လိမ်မာပါးနပ်စွာ စကားပြောနိုင်ရမည်)
- လုပ်ငန်းခွင်တွင် အမှီအခိုကင်းကင်း တက်ကြွစွာ လုပ်ကိုင်နိုင်သူ။
- IT Software များ နှင့်ပတ်သက်၍ အတွေ့အကြုံရှိပါက ဘောနပ် ပွိုင့်ဖြစ်မည်။
- ရုပ်ရည် ရူပကာ သန့်သန့်ပြန့်ပြန့်ရှိရမည်။

�တာဝန်
- ဈေးကွက်ရောင်းအားကို လေ့လာပြီး ကြိုတင်ခန့်မှန်းချက် ထုတ်ပေးရန်
- ရောင်းအား ရည်မှန်းချက်များ ကျော်လွန် အောင်မြင်ရန်
- အခြား သတ်မှတ်ပေးလာသော တာဝန်များထမ်းဆောင်ရန်

� အလုပ်ချိန် - မနက် ၉ နာရီ - ညနေ ၆ နာရီ �

� စိတ်ပါဝင်စားသူများ အောက်ပါ အီးမေးလ်ကို
-(CV/Resume- ကိုယ်ရေးရာဇ၀င်)
-(Expected Salary- မျှော်မှန်းလစာ)
- ရပ်ကွက်ထောက်ခံစာ ၊
- ရဲစခန်း ထောက်ခံစာ ၊
- မှတ်ပုံတင် မိတ္တူ တို့နဲ့အတူ လျှောက်ထားနိုင်ပါသည်

� 25/01/2019 နောက်ဆုံး ထားပြီး ပေးပို့နိုင်ပါရန် �

� ပဏာမရွေးချယ်ခံရသူများကိုသာ အကြောင်းကြားပေးပါမည် �

�အီးမေးလ်: [email protected]
� 25/01/2019 နောက်ဆုံးထားပြီး Email ပေးပို့နိုင်ပါတယ်။

The lady in the picture with Jack Ma is Tong Wenhong. She joined Alibaba 16 years ago as a receptionist. When Jack Ma wa...
05/01/2019

The lady in the picture with Jack Ma is Tong Wenhong. She joined Alibaba 16 years ago as a receptionist.

When Jack Ma was allocating company shares, he gave Tong 0.2% shares right saying it will worth 100 billion when Alibaba goes public into the market later. He asked her to just stay in the company, don’t change to other companies and she will get 100 million when Alibaba goes public.

Tong waited years after years but Alibaba never went public. She asked Jack when will Alibaba go public in 2004 and Jack said soon. She asked again in 2006 and said soon, again. However she never saw it happen and never got the 100 million. When Alibaba finally went public in the New York Stock Exchange in September 2014, it was worth 245.7 billion.

Tong, the former senior receptionist, current Vice President of , became a millionaire from a receptionist with 320 million worth.

Can you stay in a company for 14 years? When the founder is still fighting tirelessly, who are you to complain as a follower? They said to succeed you must be down to earth, never be eager for quick benefits. If you’re sure that there’s water down the well, put all your effort and time at this location. We would rather dig a well with 10 years time than to dig 10 pits.

Credit - Aishwarya Shetty

🤗🤗🤗 Web Developer Training Bootcamp Classes *** are opening now 🤗🤗🤗============================================Web Devel...
28/10/2018

🤗🤗🤗 Web Developer Training Bootcamp Classes *** are opening now 🤗🤗🤗
============================================

Web Development ပိုင်းကိုစိတ်ပါဝင်စား၍ အခြေခံမှစတင်လေ့လာချင်သူများအတွက် သတင်းကောင်းလေးပြောပါရစေ။ ကျွန်တော်တို့  Marter Solutions ကုမ္ပဏီမှ Experience Developers များကိုယ်တိုင်သင်ကြားမည့် Web Developer Training Bootcamp တန်းတွေဖွင့်နေပြီနော်။ 😊😊

Web Developer တစ်ယောက်အဖြစ်ရပ်တည်ရန် အမှန်တကယ်လိုအပ်သော Technical Skill Sets တွေကို အမှန်အကန်သင်ကြားပေးသွားမယ့်အပြင် သင်တန်းကာလအတွင်း Project တစ်ခုကို မိမိကိုယ်တိုင်အစအဆုံးလက်တွေ့  ရေးဆွဲရမှာဖြစ်လို့ လုပ်ငန်းအတွေ့ အကြုံပါတပါတည်းလေ့လာနိုင်မှာဖြစ်ပါတယ်။

သင်တန်းကြေးကိုတော့ ၃၀၀၀၀၀ (သုံးသိန်း) ကျပ်သတ်မှတ်ထားပြီး သင်တန်းအပ်သည့်နေ့ တွင် သင်တန်းကြေး တဝက်ပေးသွင်း၍ ကျန်သင်တန်းကြေးကို တစ်လအကြာတွင်ပေးသွင်းရမှာဖြစ်ပါတယ်။ သင်တန်းကြေးကို တစ်ကြိမ်တည်းအပြီးပေးသွင်းပါက သင်တန်းကြေး၏ 5 % Discount ရရှိမှာဖြစ်ပါတယ်။

သင်တန်းပြီးဆုံးပါကလည်း အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိနိုင်မှာဖြစ်လို့  သူငယ်ချင်းတွေနဲ့ အတူလာတက်ကြဖို့  သတင်းကောင်းပါးလိုက်ပါတယ်ဗျ။

နိုဝင်ဘာလ (၁၀) ရက်နေ့ နောက်ဆုံး စာရင်းပေးသွင်းရမှာဖြစ်ပြီး လူဦးရေကန့် သတ်ထားသည့်အတွက် မြန်မြန်သာလာခဲ့ပေတော့ဗျိုးး 😍😍😍

ဆက်သွယ်စုံစမ်းရန်။ ။ 09-793040405, 09-787661901

😊😊😊 Marter Solutions မှ အသစ်ဖွင့်လှစ်မယ့် Programming Training Class တွေလာပြီနော 😉😉😉 Programming ကို စိတ်ပါဝင်စားပြီး So...
03/10/2018

😊😊😊 Marter Solutions မှ အသစ်ဖွင့်လှစ်မယ့် Programming Training Class တွေလာပြီနော 😉😉😉

Programming ကို စိတ်ပါဝင်စားပြီး Software Engineer တစ်ယောက်အဖြစ်အမှန်တကယ်ရပ်တည်နိုင်ဖို့  အခြေခံကျတဲ့ Programming Concepts တွေ Database Concepts တွေ သင်အမှန်တကယ်နားလည်သဘောပေါက်နေပြီလား??

အဲ့လို အခြေခံကနေ စနစ်တကျစတင်လေ့လာဖို့ ဆန္ဒရှိရင်တော့ လုံးဝကိုတက်သင့်တဲ့သင်တန်းလေးတစ်ခု Marter Solutions မှ စတင်ဖွင့်လှစ်သင်ကြားပေးတော့မှာဖြစ်ပါတယ်။

ပြည်တွင်းပြည်ပ အတွေ့ အကြုံရှိတဲ့ Software Developer တွေကိုယ်တိုင်သင်ကြားပေးမှာမို့  Theory တွေကြည့်မဟုတ်ဘဲ လက်တွေ့ နဲ့ ပေါင်းစပ်လေ့လာနိုင်မယ့် သင်တန်းလဲဖြစ်တဲ့အပြင် အလုပ်အကိုင်အခွင့်အလှမ်းများလဲရရှိနိုင်မှာဖြစ်လို့  တက်ဖြစ်အောင်တက်ကြပေတော့ ဘော်ဒါတို့ ရေ .. 😎😎😎

We are looking for *** Junior Developers ***=============================================The Junior Software Developer i...
29/09/2018

We are looking for *** Junior Developers ***
=============================================

The Junior Software Developer is part of an agile development team building and working on enterprise grade software systems on top of the Microsoft .NET development and Javascript Framework Stacks.The Junior Software Developer is involved in all areas of development from design to development to
testing & implementation.

Minimum Requirements
-----------------------------
- College or University degree in Computer Science or a related discipline
- Strong desire to learn

Core Competency Requirements
-----------------------------------------
- Solid understanding of object oriented programming concepts
- Solid understanding of relational database design and querying concepts
- Familiarity with version control concepts

Preferred Competency Requirements
------------------------------------------------
- Exposure to Microsoft .NET development using C #
- Exposure to web development using HTML5, CSS and JavaScript
- Knowledge of client/server application development
- Knowledge of agile development methodologies
- Able to travel for project implementation



Ph: +95-9-793040405

Marter is going to participate at the Job Fair and Project show of University of Technology (Yatanarpon Cyber City) on c...
30/08/2018

Marter is going to participate at the Job Fair and Project show of University of Technology (Yatanarpon Cyber City) on coming 31st August. Please find us and submit your CV for personal interview if you are interested.

Address

No-56, Corner Of Gaw Thazin & Salane 12 Street, Between 68th X 69th St, ChanMyaTharsi Township
Mandalay
00

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+95-9-793040405

Alerts

Be the first to know and let us send you an email when Marter Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Marter Solutions:

Share