28/10/2026
အရင်တုန်းက ဘော်ဒါတွေ ဆုံဖြစ်ပြီဆိုရင်…
အဆောင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ဂစ်တာတီး သီချင်းဆိုကြ၊ ကာရာအိုကေသွားပြီး မိုက်ကို အပြိုင်အဆိုင် လုကြနဲ့ပေါ့။
အဲ့လို ပျော်စရာကောင်းတဲ့ အမှတ်တရအချိန်တွေကို ကိုယ်စီ ပိုင်ဆိုင်ခဲ့ဖူးကြမှာပါ။
🎸 မညည်းမညူ ပင်တိုင်ဂစ်တာတီးပေးတဲ့ သူငယ်ချင်း၊
🎶 ကီးမဝင်မှန်းသိပေမယ့် တီးလုံးပါမချန် အသံကုန် လိုက်အော်ဆိုတဲ့ သူငယ်ချင်း၊
🎤 ပွဲ အစအဆုံး မိုက်ကို အပိုင်သိမ်းထားတဲ့ "မိုက်ခဲ” ... ဒီလိုလူတွေကလည်း အဖွဲ့တိုင်းမှာ မပါမဖြစ်ပါပဲ။
အခုချိန်မှာ ကိုယ်စီ အလုပ်တာဝန်တွေ၊ မိသားစုကိစ္စတွေနဲ့ ပြန်ဆုံဆည်းဖို့ မလွယ်ကူတော့ပေမယ့် ခဏတာ ပြန်ဆုံဖြစ်တဲ့ အချိန်လေးမှာ အရင်လို ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ပြန်ဖန်တီးဖို့ဆိုရင် ကနုတ်မှာ Echo-X Karaoke Speaker လေး ရှိပါတယ်။
ကနုတ်က အသစ်ထုတ်လုပ်ထားတဲ့ Echo-X Karaoke Speaker က -
✨ ဖုန်းကို Bluetooth နဲ့ချိတ်၊ ကြိုက်တဲ့သီချင်းကို ဖွင့်ပြီး Vocal Cut ခလုပ်နှိပ်ရုံနဲ့ မူရင်းအဆိုသံကို အလွယ်တကူ ဖျောက်ပေးနိုင်တယ်။
✨ သီချင်းဆိုတဲ့အခါ ပိုမိုက်သွားဖို့ Echo/Reverb Vocal Effect တွေလည်း စိတ်ကြိုက်ပြောင်းလဲနိုင်တယ်။
✨ မိုက် ၂ လုံးပါလို့ မိုက်လုစရာမလိုသလို Portable ဖြစ်လို့ အချိန်တိုင်း နေရာတိုင်းမှာ သီဆိုနိုင်တယ်။
✨ သီချင်းဆိုရုံအပြင် ဂိမ်း Activity တွေ၊ သီချင်းဖွင့်တဲ့အချိန်တွေမှာလည်း Party Box အနေနဲ့သုံးလို့ရလို့ Moment တိုင်းကို မြူးကြွနေစေဖို့ တာဝန်ယူပေးနိုင်ပါတယ်။
Echo-X Karaoke Speaker ကို ကနုတ် ဆိုင်ခွဲတိုင်းမှာ အခုပဲ ကိုယ်တိုင် လာရောက် စမ်းသပ် ဝယ်ယူနိုင်ပါပြီ။