Nexa Core Software Development Co.,Ltd.

Nexa Core Software Development Co.,Ltd. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nexa Core Software Development Co.,Ltd., Web designer, 59C Street, Between 17st & 18st, Mandalay.

🛒 စာရင်းရှင်းတာ မြန်ဆန်၊ Stock တိကျပြီး အရောင်းတက်စေမယ့် NEXA Trade POS Software ✨စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်တိုးတက်ဖ...
04/08/2026

🛒 စာရင်းရှင်းတာ မြန်ဆန်၊ Stock တိကျပြီး အရောင်းတက်စေမယ့် NEXA Trade POS Software ✨

စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်တိုးတက်ဖို့ဆိုရင် စာရင်းဇယားတိကျမှုနဲ့ မြန်ဆန်တဲ့ Customer Service ကအရမ်းအရေးပါတယ်နော်။

Daily Sales တွေ ပေါင်းမရတာ၊ လက်ကျန် Stock မသိပဲ ပစ္စည်းပြတ်သွားတာမျိုးတွေ မကြုံရအောင် ကျွန်တော်တို့ Software Team ကိုယ်တိုင် အစအဆုံး စနစ်တကျ ရေးဆွဲထားတဲ့ NEXA Trade POS Software လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်။

ဘယ်လိုလုပ်ငန်းမျိုးတွေမှာ သုံးနိုင်မလဲ?

🛍️ လက်လီ/လက်ကားဆိုင်များ
Mobile Shop , Motor Cycle Showroom , Comestics , Clothing , Minimart )

💊 ဆေးဆိုင် နှင့် လူသုံးကုန်ဆိုင်များ
(Pharmacies & Convenience Stores)

NEXA Trade POS Software ကိုသုံးရင် ဘာအားသာချက်တွေရှိမလဲ ?

⚡ စက္ကန့်ပိုင်းအတွင်း Invoice ထုတ်ပေးနိုင်ခြင်း၊

📦 Real-time Stock စစ်ဆေးနိုင်ခြင်း၊

📊 နေ့စဉ်/လစဉ် အရောင်း၊အမြတ်နှင့် အရှုံး Report စနစ်ပါဝင်ခြင်း၊

👥 ဝန်ထမ်းအလိုက် လုပ်ပိုင်ခွင့်များ သီးသန့်သတ်မှတ်ပေးနိုင်ခြင်း၊

🎯 လုပ်ငန်းတိုးချဲ့တဲ့အခါ ရေရှည်အဆင်ပြေစေခြင်း။

အရောင်းစာရင်းတွေကို စနစ်တကျ စီမံခန့်ခွဲဖို့ အခုပဲ စတင်လိုက်ပါ။

NEXA Trade POS Software အကြောင်း စုံစမ်းမေးမြန်းလိုပါက -

📞 Call Us : 09 9744 32525 | 09 4554 77171 | 09 9775 25810

📧 [email protected]

💬 Direct Message : Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့်။

📍 59C St, Between 17th St & 18th St,
Aung Myay Tha Zan Township, Mandalay

🕘 Mon–Fri | 9:00 AM – 5:00 PM

"ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့" 🌕🙏🏼ယနေ့ ကျရောက်သော နေ့ထူးနေ့မြတ် အခါသမယတွင်မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ပါး ...
29/07/2026

"ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့" 🌕🙏🏼

ယနေ့ ကျရောက်သော နေ့ထူးနေ့မြတ် အခါသမယတွင်
မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပြီး
တရားတော်၏ အေးမြသော အရိပ်အောက်တွင်
အစဉ်အမြဲ ငြိမ်းအေး ချမ်းသာကြပါစေကြောင်း
NEXA Core မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင် ။ 🙏🏼🌺

ရုံးသမား၊ကျောင်းသမားတွေ အတွက် တကယ်အသုံးဝင်မဲ့ Website....ရုံးကပဲဖြစ်ဖြစ်၊ကျောင်းကပဲဖြစ်ဖြစ် ပို့ပေးလိုက်တဲ့ PDF File ထဲမ...
09/07/2026

ရုံးသမား၊ကျောင်းသမားတွေ အတွက် တကယ်အသုံးဝင်မဲ့ Website....

ရုံးကပဲဖြစ်ဖြစ်၊ကျောင်းကပဲဖြစ်ဖြစ် ပို့ပေးလိုက်တဲ့ PDF File ထဲမှာ စာမှားနေတာလေးတွေ၊ ပြင်ချင်တာလေးတွေ၊ လက်မှတ်ထိုးချင်တာမျိုးလေးတွေ ရှိလာခဲ့ရင်
App တွေ ရှာနေစရာ ၊ ပိုက်ဆံပေးဝယ်ပြီး Download လုပ်နေစရာ မလိုတော့ဘူးနော်။

ဘာ Software မှ မလိုပဲ ကိုယ့်ရဲ့ ဖုန်း၊ ကွန်ပျူတာထဲမှာတင် (1)မိနစ်အတွင်း အခမဲ့ အလွယ်တကူ အသုံးပြုလို့ရမဲ့ နည်းလမ်းလေးတစ်ခုပြောပြမယ်နော်။

Browser ထဲဝင်ပြီး ilovepdf.com (သို့မဟုတ်) smallpdf.com လို့ ရိုက်ရှာလိုက်ပါ။

Edit PDF ဆိုတဲ့ Menu ကိုနှိပ်ပြီး ကိုယ်ပြင်ချင်တဲ့ PDF File ကို Upload တင်လိုက်ပါ။

ပြီးရင်တော့ စာမှားနေတာလေးတွေ ပြန်ပြင်တာ၊ လက်မှတ်ထိုးချင်တာတွေကို မိမိစိတ်တိုင်းကျ လိုအပ်သလို ပြင်ဆင်ပြီး Download ပြန်ဆွဲလိုက်ရုံပဲနော်။

ကဲဒါဆိုရင်တော့ ဖုန်းထဲမှာဖြစ်ဖြစ်၊ ကွန်ပျူတာထဲမှာဖြစ်ဖြစ် Internet နဲ့ Browser ရှိရုံနဲ့ပဲ အလွယ်တကူ သုံးလို့အဆင်ပြေစေမဲ့ Website လေးတွေကို Sharing လုပ်ပေးထားပါတယ်နော်။

📍 59C St, Between 17th St & 18th St,
Aung Myay Tha Zan Township, Mandalay
📧 [email protected]
📞 09 9744 32525 | 09 4554 77171 | 09 9775 25810
🕘 Mon–Fri | 9:00 AM – 5:00 PM





လုပ်ငန်းရှင်တွေ တကယ်လိုအပ်နေတာ ဘာလဲဆိုရင်.....လုပ်ငန်းရှင်တော်တော်များများ ကြုံဖူးကြမှာပါ။အခုခေတ်မှာ Client တွေဘက်က "ဒါလ...
06/07/2026

လုပ်ငန်းရှင်တွေ တကယ်လိုအပ်နေတာ ဘာလဲဆိုရင်.....

လုပ်ငန်းရှင်တော်တော်များများ ကြုံဖူးကြမှာပါ။
အခုခေတ်မှာ Client တွေဘက်က "ဒါလေး ဆောက်ပေးပါ" ဆိုတဲ့ Software Service သက်သက်တင် မဟုတ်ပါဘူး။

"ကျွန်တော့် Business ပြဿနာက ဒါ...ဘယ်လို Tech မျိုး သုံးရမလဲ" ဆိုတဲ့ အဖြေကိုပိုရှာလာကြပါတယ်။

ဒါပေမဲ့ Tech Company အချို့က...

"Native App ဆောက်မလား?"

"Web Custom ဆွဲမလား?" ဆိုတဲ့ မေးခွန်းတွေနဲ့ပဲ လမ်းညွှန်ပေးလေ့ရှိကြတယ်။

ရလဒ်ကတော့ Client ဘက်က မလိုအပ်ပဲ Budget တွေ အများကြီးကုန်သွားတာ၊ ဒါမှမဟုတ် တကယ်တမ်း Business နဲ့အံမဝင်ပဲ Customer/User မရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

💡ဒါကြောင့် ကိုယ်အမှန်တကယ် လိုအပ်နေတဲ့ အရာကို ပြောပြနိုင်မဲ့ 'နည်းပညာ အကြံပေး' ကောင်းတွေ လိုအပ်နေတာပါ။

Client က Project အသစ်တစ်ခု လာအပ်ရင် သူတို့ရဲ့ Workflow(လုပ်ငန်းလည်ပတ်ပုံ) ကို အရင်သေချာနားထောင်ပါ။ပြီးရင် Business အမြင်နဲ့ပါ တွက်ချက်ပြီး လမ်းညွှန်ပေးဖို့လိုအပ်ပါတယ်ရှင့်။

📍 59C St, Between 17th St & 18th St,
Aung Myay Tha Zan Township, Mandalay
📧 [email protected]
📞 09 9744 32525 | 09 4554 77171 | 09 9775 25810
🕘 Mon–Fri | 9:00 AM – 5:00 PM





သုံးတာကြာလို့ Computer ကနှေးနေပြီလား 'Cache Clear' Gift 🎁Computer သုံးရတာ အရမ်းလေးနေလို့ စိတ်ညစ်နေရပြီလား။ဘာကြောင့်ဖြစ်န...
02/07/2026

သုံးတာကြာလို့ Computer ကနှေးနေပြီလား

'Cache Clear' Gift 🎁

Computer သုံးရတာ အရမ်းလေးနေလို့ စိတ်ညစ်နေရပြီလား။ဘာကြောင့်ဖြစ်နေတာလဲ။ဘယ်လိုဖြေရှင်းကြမလဲ။

1.RAM နည်းတာကြောင့် Softwareတွေ အများကြီး တစ်ပြိုင်တည်းဖွင့်သုံးတဲ့အခါ RAMက မလောက်တော့ပဲ စက်က လေးလာနိုင်ပါတယ်။

2.Storage ပြည့်တာ၊C Drive ထဲမှာ Fileတွေ ပြည့်နေရင် ဒါမှမဟုတ် Speedနှေးတဲ့ HDD အဟောင်းတွေ သုံးနေသေးရင် Computer က သိသိသာသာ နှေးသွားတတ်ပါတယ်။

3.Junk files တွေက စက်ထဲမှာ များနေတာကြောင့်လဲ လေးစေနိုင်ပါတယ်။သုံးလာတာ ကြာလာတဲ့အချိန်မှာ Temporary files တွေ၊Cache တွေ များလာပြီး စက်ကို လေးလံသွားစေနိုင်ပါတယ်။

အသုံးမလိုပဲ ဖွင့်ထားမိတဲ့ App တွေကို ပိတ်ထားပါ၊C Drive ကို ရှင်းပေးပါ၊ပြီးတော့ HDDအစား SDDကိုပြောင်းသုံးပေးမယ်ဆိုရင် Computer က ပြန်ပြီးတော့မှ သုံးရတာ မြန်လာမှာဖြစ်ပါတယ်။

ဖုန်းထဲမှာ နေရာအမြဲယူပြီး လေးလံနေစေတဲ့ Cache file လေးတွေလိုမျိုး စိတ်ရှုပ်စရာတွေကို ဖယ်ရှားပေးမယ့် 'Cache Clear' Gift လေး ရှိတယ်နော်။

ဒီအောက်က နည်းလမ်းလေးတွေကို တစ်ချက်ကြည့်ပြီးလိုက်လုပ်ကြည့်ပါနော်။

Step 1. ဒီ Link နှိပ်ပြီးလျှင် Download လုပ်ပါ။
Step 2. ရလာတဲ့ Zip File ကို Extract လုပ်ပါ။
Step 3. Right Click နှိပ်ပြီး Run as administrator ကိုနှိပ်ပါ။
Step 4. ခဏစောင့်ပြီးလျှင် Terminal မှာ Y ကိုနှိပ်ပြီး Enter ခေါက်ပြီး ခဏစောင့်လိုက်လျှင် စက်ထဲမှာရှိနေတဲ့ Cache File တွေ အကုန်ရှင်းပေးသွားမှာ ဖြစ်ပါတယ်။

ဒီ Link လေးကို နှိပ်ပြီး စက်ကိုရှင်းလိုက်ပါနော်

https://drive.google.com/file/d/1G9FZGVCrCjI--K_5cB6nWenNOmDAkN4o/view?usp=drivesdk








📍 59C St, Between 17th St & 18th St,
Aung Myay Tha Zan Township, Mandalay
📧 [email protected]
📞 09 9744 32525 | 09 4554 77171 | 09 9775 25810
🕘 Mon–Fri | 9:00 AM – 5:00 PM

" အကြောင်းအမျိုးမျိုးကြောင့် အရေးကြီး Data တွေ မပျောက်စေဖို့ နည်းလမ်းများ "လုပ်ငန်းပိုင်းမှာတင်မကပဲ ကျွန်တော်တို့လို သာမ...
29/06/2026

" အကြောင်းအမျိုးမျိုးကြောင့် အရေးကြီး Data တွေ မပျောက်စေဖို့ နည်းလမ်းများ "

လုပ်ငန်းပိုင်းမှာတင်မကပဲ ကျွန်တော်တို့လို သာမန် User တွေမှာပါ ကြုံတွေ့လေ့ရှိတဲ့ Server Crash ဖြစ်တာ၊ မတော်တဆ Fileတွေဖျက်မိတာ၊
ဒါမှမဟုတ် Device တွေ အပျက်အစီး/ အပြောင်းအလဲ လုပ်တဲ့အခါ၊ Backup မရှိတဲ့အခါ ရက်/လတွေ၊
အချိန်တွေပေးပြီး စုဆောင်းထားရတဲ့ Data အချက်အလက်တွေဟာ စက္ကန့်ပိုင်းအတွင်း ပျက်သွားပြီး ဆုံးရှုံးမှုတွေအများကြီး ဖြစ်စေနိုင်ပါတယ်။

ဒီလိုတွေမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မဲ့ နည်းလမ်းလေးတွေ Sharing လုပ်ပေးမယ်နော်👩🏻‍💻

1.အရေးကြီး Dataတွေကို Copy (3)စုံလောက် ပွားထားပါ။

2.အမျိုးအစားမတူညီတဲ့ Media (2)ခု (ဥပမာ-Local Device နဲ့ External Storage)မှာ ခွဲသိမ်းပါ။

3.အရေးကြီးဆုံးအနေနဲ့ အိမ်ပြင်/ရုံးပြင်ပက Offsite Cloud Storage (1)ခုပေါ်မှာ အမြဲတမ်း Automated Sync လုပ်ပြီး Backup လုပ်ထားပါ။

ဒီလိုစနစ်တကျ Backup လုပ်ထားတဲ့အခါ လုပ်ငန်းရဲ့Data တွေကို လုံခြုံစေရုံတင်မကပဲ ဘယ်လိုအရေးပေါ်အခြေနေမျိုးမဆို လုပ်ငန်းမရပ်တန့်သွားပဲ မိနစ်ပိုင်းအတွင်းပြန်လည်ပတ်နိုင်မယ့် စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။

သိလိုသမျှကို ကျွန်တော်တို့ Nexa Core ရဲ့ Chat Box မှာ အသေးစိတ်လာရောက် ဆွေးနွေးတိုင်ပင်လို့ ရပါတယ်ရှင့်

📍 59C St, Between 17th St & 18th St,
Aung Myay Tha Zan Township, Mandalay
📧 [email protected]
📞 09 9744 32525 | 09 4554 77171 | 09 9775 25810
🕘 Mon–Fri | 9:00 AM – 5:00 PM





သင့်လုပ်ငန်းရဲ့ Social Media နဲ့ Data တွေ အဟက် (Hack) မခံရအောင် ဘယ်လိုကာကွယ်မလဲ?🤷🏻‍♀️ဒီနေ့ခေတ်မှာ Social Media, Email, B...
12/06/2026

သင့်လုပ်ငန်းရဲ့ Social Media နဲ့ Data တွေ အဟက် (Hack) မခံရအောင် ဘယ်လိုကာကွယ်မလဲ?🤷🏻‍♀️

ဒီနေ့ခေတ်မှာ Social Media, Email, Banking Accountတွေ Hack ခံရတာ ခဏခဏ ကြားနေရပါတယ်နော်။ 🤦🏻‍♀️

ဒါကို ကာကွယ်ဖို့ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးအချက်ကတော့ 2FA (Two-Factor Authentication) ဖွင့်ထားဖို့ပါပဲ။👩🏻‍💻

🔑Password သိရုံနဲ့တင် Login ဝင်လို့မရဘဲ သင့်ဖုန်းထဲကို Code နံပါတ် ထပ်ပို့ပေးမှ ဝင်လို့ရမှာမလို့ အလွယ်တကူ ဝင်ဖို့မလွယ်တဲ့ Security စနစ်ဖြစ်ပါတယ်။

Facebook၊ Gmail စတဲ့ လုပ်ငန်းသုံး Account တိုင်းမှာ (Two-Factor Authentication) မဖြစ်မနေ ဖွင့်ထားဖို့မမေ့ပါနဲ့နော်။

Two-Factor Authentication ဘယ်လိုဖွင့်ရမလဲ?

1.Setting & Privacy ⚙️
2.Setting⚙️
3.Password and security
4.Two-factor aunthentication ထဲဝင်ပြီး ဖွင့်ထားရင်ရပြီနော်။

IT ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရပြီး ခိုင်မာတဲ့ Software System တွေ တည်ဆောက်ချင်တယ်ဆိုရင်တော့ Nexa Core က အမြဲအဆင်သင့် ရှိနေပါတယ်ခင်ဗျာ။

📍 59C St, Between 17th St & 18th St,
Aung Myay Tha Zan Township, Mandalay
📧 [email protected]
📞 09 9744 32525 | 09 4554 77171 | 09 9775 25810
🕘 Mon–Fri | 9:00 AM – 5:00 PM





20/05/2026

👩🏻‍💻ကိုယ်ပိုင်လုပ်ငန်းရှင်တွေကြားမှာရေပန်းစားနေတဲ့
Customized Software ဆိုတာဘာလဲ ပြောပြပါရစေ...

Customized Software ဆိုတာလူကြီးမင်းတို့ရဲ့ company လုပ်ငန်းကို သာမာန် အများသုံး
public software များထက် ပိုပြီးထိထိရောက်ရောက်
မြန်မြန်ဆန်ဆန် အရှိန်အဟုန်မြင့်တင်ပေးပြီး အောင်မြင်မှု့အတွက် ကူညီပေးရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်ပါတယ် ခင်ဗျာ။

လုပ်ငန်းတစ်ခုချင်းစီရဲ့ မတူညီတဲ့ စီမံခန့်ခွဲမှုတွေကို စိတ်ကြိုက်ကိုယ်ပိုင် Software တစ်ခုနဲ့ အဆင်ပြေချောမွေ့အောင် တည်ဆောက်ပေးတာဖြစ်လို့ အချိန်ကုန်၊ လူပင်ပန်းမှုတွေကို လျှောချပေးပြီး လုပ်ငန်းရဲ့ အကျိုးအမြတ်နဲ့ အောင်မြင်မှုတွေကို အမြင့်မားဆုံးဖြစ်စေလို့ ယနေ့ခေတ်လုပ်ငန်းရှင်တွေအတွက် အလွန်အရေးပါတဲ့ Software တစ်ခုပဲဖြစ်ပါတယ်။

🤷🏻‍♀️Customized Software ကိုလူကြီးမင်းတို့ရဲ အောင်မြင်မှု့အတွက် ဘာကြောင် ပိုမိုအသုံးပြုသင့်ပါသလဲ

🥇Customized Software သုံးတဲ့ လုပ်ငန်းမှာတော့ စနစ်တကျနဲ့ လွယ်ကူမြန်ဆန်စွာ လုပ်ဆောင်နိုင်ကာ အချိန်တိုအတွင်း အောင်မြင်မှုတွေရရှိစေပြီး လုပ်ငန်းတိုးချဲ့မှုတွေ လုပ်နေကြပြီး၊

🥈Customized Software မသုံးတဲ့လုပ်ငန်းမှာတော့ အချိန်ကုန်၊လူပင်ပန်းစွာနဲ့ လုပ်ငန်းအောင်မြင်မှုကို နှောင့်နှေးစေပါလိမ့်မယ်။

ကဲ ဒါကြောင့်မလို့ Customized Software ကိုသုံးပီး အောင်မြင်မှု့ဆီကို အရှိန်အဟုန်ဖြင့်သွားနေသော လုပ်ငန်းရှင် လူကြီးမင်းများအတွက်

ကျွန်တော်တို့ရဲ့ Nexa Core Software Development Co.,Ltd. အမြဲအသင့်ရှိနေပါတယ် ခင်ဗျာ

💁🏻‍♀️ဆက်သွယ်စုံစမ်းလိုပါက

📍 59C St, Between 17th St & 18th St,
Aung Myay Tha Zan Township, Mandalay
📧 [email protected]
📞 09 9744 32525 | 09 4554 77171 | 09 9775 25810
🕘 Mon–Fri | 9:00 AM – 5:00 PM






လုပ်ငန်းတစ်ခု ကြီးထွားမလာဘဲ တစ်နေရာတည်းမှာ ရပ်နေရတဲ့ အကြောင်းရင်း 3 ချက်1.Owner Dependency (ပိုင်ရှင်ကိုပဲ အားကိုးနေရခြင...
15/05/2026

လုပ်ငန်းတစ်ခု ကြီးထွားမလာဘဲ တစ်နေရာတည်းမှာ ရပ်နေရတဲ့ အကြောင်းရင်း 3 ချက်

1.Owner Dependency (ပိုင်ရှင်ကိုပဲ အားကိုးနေရခြင်း) - ပိုင်ရှင်မရှိရင် အလုပ်မလည်ပတ်နိုင်ဘဲ ပိုင်ရှင်ရဲ့ အချိန်နဲ့ လုပ်နိုင်စွမ်းအားပေါ်မှာပဲ လုပ်ငန်းက လုံးဝပိတ်မိနေတာ။

2.No System (စနစ်မရှိခြင်း) - နည်းပညာ၊ ဝန်ထမ်းနဲ့ အချက်အလက်တွေကို စနစ်တကျ ချိတ်ဆက်မထားလို့ လူတိုးလာပေမဲ့ အလုပ်တွေ ပိုရှုပ်ပြီး အဆင်မပြေဖြစ်တာ။

3.No Process (လုပ်ထုံးလုပ်နည်းမရှိခြင်း) - အလုပ်လုပ်ရမယ့် စံသတ်မှတ်ချက် (Standard) မရှိလို့ တစ်ယောက်တစ်ပေါက် ဖြစ်နေပြီး ထွက်လာတဲ့ ရလဒ်နဲ့ အရည်အသွေးက မငြိမ်တာ။

🌟ပိုင်ရှင်မရှိလည်း လုပ်ငန်းလည်ပတ်နိုင်မယ့် (Systems & Processes) မရှိရင် လုပ်ငန်းကို ဘယ်လိုမှ ချဲ့လို့မရနိုင်ပါဘူး။








📍 59C St, Between 17th St & 18th St,
Aung Myay Tha Zan Township, Mandalay
📧 [email protected]
📞 09 9744 32525 | 09 4554 77171 | 09 9775 25810
🕘 Mon–Fri | 9:00 AM – 5:00 PM

System သုံးရင် အချိန်ဘယ်လောက် save လုပ်လို့ရလဲ ? Automation (အလိုအလျောက် လုပ်ဆောင်ခြင်း) - လူကိုယ်တိုင် နာရီပေါင်းများစွ...
14/05/2026

System သုံးရင် အချိန်ဘယ်လောက် save လုပ်လို့ရလဲ ?

Automation (အလိုအလျောက် လုပ်ဆောင်ခြင်း) - လူကိုယ်တိုင် နာရီပေါင်းများစွာ လုပ်ရမည့် ထပ်ခါတလဲလဲ အလုပ်များကို စက္ကန့်ပိုင်းအတွင်း ပြီးစီးစေပါသည်။

Accuracy (တိကျမှု) - လူတို့မှားယွင်းတတ်သည့် အမှားများကို လျှော့ချပေးသဖြင့် အမှားပြန်ပြင်ရသည့် အချိန်များကို သက်သာစေပါသည်။

Accessibility (လွယ်ကူစွာ ရှာဖွေနိုင်မှု) - စာရွက်စာတမ်းများကြား ရှာဖွေရမည့်အစား Click တစ်ချက်နှိပ်ရုံဖြင့် လိုအပ်သည့် ဒေတာများကို ချက်ချင်း သိရှိနိုင်ပါသည်။

စနစ်တစ်ခုကို အသုံးပြုခြင်းသည် အချိန်ကုန်သက်သာစေရုံသာမက လုပ်ငန်းခွင်အတွင်း Productivity (စွမ်းဆောင်ရည်)ကို အမြင့်ဆုံးအထိ တိုးတက်စေပါသည်။







📍 59C St, Between 17th St & 18th St,
Aung Myay Tha Zan Township, Mandalay
📧 [email protected]
📞 09 9744 32525 | 09 4554 77171 | 09 9775 25810
🕘 Mon–Fri | 9:00 AM – 5:00 PM

Address

59C Street, Between 17st & 18st
Mandalay
05014

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Nexa Core Software Development Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nexa Core Software Development Co.,Ltd.:

Shortcuts

Share