IT-Home Computer Training Center

IT-Home Computer Training Center Computer Training Center
(1)

Computer Training Center (Since 2013)
Java/Python/C Programming,Computer Basic,Graphic/Layout Design Course,Coding for Kids, ICT & Computer Science(Pearson,Oxford),Revit

23/08/2026

အိုင်တီဟုမ်း
#ကွန်ပျူတာသင်တန်း

📢တရုတ်စာ(4 Skills)Basic Class -၂လပြတ် အတန်းသစ်🇨🇳တရုတ်ဘာသာစကားကို (4 Skills)နားထောင်ခြင်း၊ ပြောခြင်း၊ ဖတ်ခြင်း၊ ရေးခြင်း ...
14/08/2026

📢တရုတ်စာ(4 Skills)Basic Class -၂လပြတ် အတန်းသစ်🇨🇳

တရုတ်ဘာသာစကားကို (4 Skills)
နားထောင်ခြင်း၊ ပြောခြင်း၊ ဖတ်ခြင်း၊ ရေးခြင်း
အခြေခံကနေ စနစ်တကျ လေ့လာချင်သူများအတွက် Chinese Basic Class အသစ် ထပ်မံ ဖွင့်လှစ်လိုက်ပါပြီ။ ❤️

📅 သင်တန်းကာလ — ၂ လ
🕣 အချိန် — မနက် 8:30 AM မှ 10:30 AM
📆 Tuesday to Friday

📍 သင်တန်းနေရာ
IT Home Computer Training Center
68A Street, 39 × 40 Street ကြား,
မဟာမြိုင်, မန္တလေး

📞 ဆက်သွယ်ရန်
09-776666393
09-776636188

✨ တရုတ်ဘာသာစကားကို အခြေခံကောင်းကောင်းနဲ့ စတင်လေ့လာလိုသူများ အခုပဲ စာရင်းပေးသွင်းလိုက်ပါ!

အရောင်နှစ်မျိုးတည်းကိုသာ အသုံးပြုခြင်းက ကြည့်ရှုသူများကို စိတ်ရှုပ်ထွေးစေခြင်းမရှိဘဲ အကြောင်းအရာများကို ထင်ရှားပေါ်လွင်စ...
10/08/2026

အရောင်နှစ်မျိုးတည်းကိုသာ အသုံးပြုခြင်းက ကြည့်ရှုသူများကို စိတ်ရှုပ်ထွေးစေခြင်းမရှိဘဲ အကြောင်းအရာများကို ထင်ရှားပေါ်လွင်စေမည့် ရိုးရှင်းပြီး သပ်ရပ်သော ပုံစံကို ရရှိစေပါသည်။

တက်ကြွပြီး လိုက်ဖက်ညီသော နှစ်ရောင်စပ် အရောင်နမူနာများ

💚💛(Forest Green & Maximum Yellow)
🖤🧡(Black & Orange Yellow)
💙🩵(Dark Azure & Soft Blue)

ဂရပ်ဖစ်ဒီဇိုင်းမှာသုံးတဲ့ စာလုံး ပုံစံ များရဲ့ရည်ရွယ်ချက်အဓိပ္ပါယ်များ (Font Psychology)မတူညီသော စာလုံးပုံစံ (Typefaces)...
09/08/2026

ဂရပ်ဖစ်ဒီဇိုင်းမှာသုံးတဲ့ စာလုံး ပုံစံ များရဲ့ရည်ရွယ်ချက်အဓိပ္ပါယ်များ (Font Psychology)

မတူညီသော စာလုံးပုံစံ (Typefaces) များက ကြည့်ရှုသူ၏ ခံစားချက်၊ အမြင်နှင့် အပြုအမူအပေါ် မည်ကဲ့သို့ သက်ရောက်မှုရှိသည်ကို လေ့လာခြင်း ဖြစ်သည်။

အဓိက ရည်ရွယ်ချက်မှာ..
မှန်ကန်သောဖောင့်ကို ရွေးချယ်ခြင်းဖြင့်
စာသားများကို မဖတ်ရသေးမီမှာပင် သီးသန့် အရည်အသွေး (Personality)၊ ခံစားချက် (Mood) နှင့် မက်ဆေ့ချ် (Message) တို့ကို ပေးဆောင်နိုင်ပါသည်။

♦️Serif
ယုံကြည်စိတ်ချရမှု၊ လေးစားမှု၊ ရိုးရာဓလေ့၊
တရားဝင်ဆန်မှု၊ ဂုဏ်သရေရှိမှု
(Trust. Respect. Tradition. Formal. Elegant.)

♦️SANS SERIF
ပွင့်လင်းမြင်သာမှု၊ ခေတ်မီမှု၊ ရှင်းလင်းမှု၊ ရိုးရှင်းမှု (Straightforward. Open. Modern. Clean. Minimal.)

♦️Slab
ဘက်စုံသုံးနိုင်မှု၊ ယုံကြည်ချက်ရှိမှု၊ ခိုင်မာမှု၊
သန်မာမှု၊ သဘာဝကျမှု
(Versatile. Confident. Solid. Strong. Natural.)

♦️Script
ဖန်တီးမှုရှိခြင်း၊ ပျော်စရာကောင်းခြင်း၊ ပျော်ရွှင်ခြင်း၊
ဂုဏ်သရေရှိခြင်း၊ စိတ်ကူးယဉ်ဆန်ခြင်း
(Creative. Fun. Happy. Elegant. Whimsical.)

♦️Display
ပေါ့ပေါ့ပါးပါးရှိခြင်း၊ ပျော်စရာကောင်းခြင်း၊ ထူးခြားခြင်း၊ ကိုယ်ရည်ကိုယ်သွေးရှိခြင်း၊ လိုက်လျောညီထွေဖြစ်စေခြင်း (Casual. Fun. Unique. Personality. Adaptable.)

ဝါတွင်း August လအတွက် ဥပုသ်နေ့ နဲ့ တနင်္ဂနွေ သင်တန်းရက်များIS နဲ့ Private School များမှအိုင်တီဟုမ်မီလေးများ ပုံမှန် Satu...
05/08/2026

ဝါတွင်း August လအတွက် ဥပုသ်နေ့ နဲ့ တနင်္ဂနွေ သင်တန်းရက်များ

IS နဲ့ Private School များမှ
အိုင်တီဟုမ်မီလေးများ
ပုံမှန် Saturday, Sunday အစား
သင်တန်းတက်ရမယ့် ဥပုသ်,တနင်္ဂနွေ ရက်လေးတွေပါ
#ကွန်ပျူတာသင်တန်း

PDF ဖိုင်ကို Excel Spreadsheet အဖြစ် ပြောင်းရန် နည်းလမ်းများစွာ ရှိပါတယ်။ PDF ထဲက စာသားများကို ရွေးချယ်နိုင်သော (text-ba...
03/08/2026

PDF ဖိုင်ကို Excel Spreadsheet အဖြစ် ပြောင်းရန်
နည်းလမ်းများစွာ ရှိပါတယ်။ PDF ထဲက စာသားများကို ရွေးချယ်နိုင်သော (text-based) PDF လား၊ စကင်ဖတ်ထားသော (scanned) PDF လားဆိုတာပေါ် မူတည်ပါတယ်။

နည်းလမ်း (၁) - Microsoft Excel ဖြင့်

Microsoft Excel ကို ဖွင့်ပါ။
Data → Get Data → From File → From PDF ကို ရွေးပါ။
ပြောင်းလိုသော PDF ဖိုင်ကို ရွေးပါ။
Excel ထဲသို့ တင်သွင်းလိုသော ဇယား (Table) ကို ရွေးပါ။
Load ကို နှိပ်ပါ။
ပြီးလျှင် .xlsx ဖိုင်အဖြစ် သိမ်းပါ။

ဤလုပ်ဆောင်ချက်ကို Microsoft 365 ၏ နောက်ဆုံးဗားရှင်းများတွင် အသုံးပြုနိုင်ပါသည်။

နည်းလမ်း (၂) - Adobe Acrobat Pro ဖြင့်

PDF ဖိုင်ကို Adobe Acrobat Pro ဖြင့် ဖွင့်ပါ။
Export PDF ကို နှိပ်ပါ။
Spreadsheet → Microsoft Excel Workbook ကို ရွေးပါ။
Export ကို နှိပ်ပြီး Excel ဖိုင်အဖြစ် သိမ်းပါ။

နည်းလမ်း (၃) - အွန်လိုင်း Converter များ အသုံးပြုခြင်း

အောက်ပါ ဝဘ်ဆိုက်များတွင် PDF ကို Upload တင်ပြီး Excel သို့ ပြောင်းနိုင်ပါသည်။

Adobe PDF to Excel
Smallpdf PDF to Excel
iLovePDF PDF to Excel
သတိပြုရန် - လျှို့ဝှက် သို့မဟုတ် အရေးကြီးသော စာရွက်စာတမ်းများကို အွန်လိုင်းသို့ မတင်သင့်ပါ။

နည်းလမ်း (၄) - Google Drive ဖြင့် (Scanned PDF များအတွက်)

PDF ကို Google Drive သို့ Upload လုပ်ပါ။
Google Docs ဖြင့် ဖွင့်ပါ (OCR နည်းပညာဖြင့် စာသားများကို ဖတ်ပေးပါမည်)။
ရလာသော ဇယားကို Google Sheets သို့မဟုတ် Excel ထဲသို့ ကူးထည့်ပါ။
Excel (.xlsx) ဖိုင်အဖြစ် သိမ်းပါ။

Scanned PDF ဖြစ်ပါက

OCR (Optical Character Recognition) ပါဝင်သော Converter ကို အသုံးပြုရပါမည်။ OCR သည် စကင်ပုံအဖြစ်ရှိသော စာသားများကို တည်းဖြတ်နိုင်သော စာသားနှင့် ဇယားများအဖြစ် ပြောင်းပေးသည့် နည်းပညာဖြစ်သည်။

✨ English Language Class (Basic Level)   စနေ၊တနင်္ဂနွေအတန်းသစ်အတွက် စာရင်းပေးသွင်းနိုင်ပါပြီ🗣️ Build a Strong Foundation...
01/08/2026

✨ English Language Class (Basic Level)
စနေ၊တနင်္ဂနွေအတန်းသစ်

အတွက် စာရင်းပေးသွင်းနိုင်ပါပြီ

🗣️ Build a Strong Foundation, Speak with Confidence!

အင်္ဂလိပ်စာ အခြေခံကို ခိုင်မာစေပြီး၊ ယုံကြည်ချက်ရှိရှိနဲ့ ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ဖို့အတွက် IT HOME Training Center မှ ဖွင့်လှစ်မည့် အင်္ဂလိပ်စာ (Basic Level) သို့ ဖိတ်ခေါ်အပ်ပါတယ်။

📚 သင်တန်းအသေးစိတ် အချက်အလက်များ

သင်တန်းအဆင့်: Basic Level (အခြေခံ)
သင်တန်းကာလ: ၃ လ (3 Months)
သင်တန်းချိန်: စနေ၊ တနင်္ဂနွေ (Sat, Sun) |
နေ့လယ် ၁:၀၀ နာရီမှ ၃:၀၀ နာရီအထိ

👩‍🏫 Class Teacher:
MBA Degree Holder ဖြစ်ပြီး International School များတွင် သင်ကြားရေးအတွေ့အကြုံများစွာရှိသော ဆရာကိုယ်တိုင် အနီးကပ် ဦးဆောင်သင်ကြားပေးမည် ဖြစ်ပါသည်။

အင်္ဂလိပ်စာ သဒ္ဒါ (English Grammar)၊ ဝေါဟာရ (Vocabulary) နှင့် ဆက်သွယ်ပြောဆိုမှု (Communication) စွမ်းရည်များကို တစ်ပါတည်း တိုးတက်စေရန် စနစ်တကျ သင်ကြားပေးသွားမည်။

📞 ဆက်သွယ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်

နေရာအကန့်အသတ်ရှိသောကြောင့် ယခုပဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါနော်။

လိပ်စာ: ၆၈A လမ်း၊ ၃၉-၄၀ ကြား၊ မဟာမြိုင်မြို့၊ မန္တလေးမြို့။

ဖုန်းနံပါတ်များ: 0️⃣9️⃣-7️⃣7️⃣6️⃣6️⃣3️⃣6️⃣1️⃣8️⃣8️⃣, 0️⃣9️⃣-7️⃣7️⃣6️⃣6️⃣6️⃣6️⃣3️⃣9️⃣3️⃣

IT HOME Training Center

Learn Today, Lead Tomorrow

စာစီစာရိုက်ခြင်း(Typography)တွင် နေရာလပ် (spacing) ထားရှိခြင်းသည် ဘာကြောင့် အရေးကြီးတာလဲ?စာသားဒီဇိုင်းတစ်ခုသည် ဖတ်ရှုရမည...
01/08/2026

စာစီစာရိုက်ခြင်း(Typography)တွင် နေရာလပ် (spacing) ထားရှိခြင်းသည် ဘာကြောင့် အရေးကြီးတာလဲ?

စာသားဒီဇိုင်းတစ်ခုသည် ဖတ်ရှုရမည့်အနေအထား၊ မျှတမှုနှင့် အမြင်အားဖြင့် ပရော်ဖက်ရှင်နယ်ဆန်မှုတို့ မည်မျှရှိသည်ကို တိုက်ရိုက်ဆုံးဖြတ်ပေးသောကြောင့် ဖြစ်သည်။
နေရာလပ် ချိန်ညှိမှုအမျိုးမျိုးသည် အလုံးစုံသော အမြင်အာရုံ စီးဆင်းမှုကို ပိုမိုကောင်းမွန်စေရန်အတွက် လုပ်ဆောင်ပေးသည်-

Kerning: သီးသန့်စာလုံး (character) နှစ်လုံး ကြားရှိ အကွာအဝေးကို ညှိပေးသည်။

Tracking: စာလုံး (word)အစုအဝေး သို့မဟုတ် စာသားတစ်ခုလုံးတစ်လျှောက်ရှိ အကွာအဝေးကို ညှိပေးသည်။

Leading: စာကြောင်းများအကြားရှိ ဒေါင်လိုက် အကွာအဝေး(Line-spacing)ကို ညှိပေးသည်။



ဝါဆိုလပြည့် အခါသမယလေးမှာအားလုံး...ဘေးဘရာကင်းကွာပြီးကျန်းမာချမ်းသာကြပါစေကြောင်းIT Homeမှ ဆုတောင်းပေးလိုက်ပါတယ်...🙏🙏🙏💥သင်တ...
29/07/2026

ဝါဆိုလပြည့် အခါသမယလေးမှာ
အားလုံး...ဘေးဘရာကင်းကွာပြီး
ကျန်းမာချမ်းသာကြပါစေကြောင်း
IT Homeမှ ဆုတောင်းပေးလိုက်ပါတယ်...🙏🙏🙏

💥သင်တန်း(၁)ရက်ပိတ်ပါတယ်နော်💥

ရုံးချိန်/ကျောင်းချိန်/အလုပ်ချိန် လွတ်တဲ့ အတန်းလေးတွေကို ထပ်မံဖွင့်ပေးလိုက်ပါတယ်နော် 🥰သင်ကြားရေးနဲ့ လုပ်ငန်းအတွေ့အကြုံ (...
22/07/2026

ရုံးချိန်/ကျောင်းချိန်/အလုပ်ချိန် လွတ်တဲ့ အတန်းလေးတွေကို ထပ်မံဖွင့်ပေးလိုက်ပါတယ်နော် 🥰

သင်ကြားရေးနဲ့ လုပ်ငန်းအတွေ့အကြုံ (၁၅) နှစ်ကျော်ရှိသော B.Sc. (Hons) 🎓 ကွန်ပျူတာဘွဲ့ရ ဆရာမကိုယ်တိုင် ဦးစီးသင်ကြားပေးတာမို့ စိတ်သာချလိုက်ပါတော့...

🚀 Learn Today, Lead Tomorrow! 🚀

🍀🍀🍀🍀🍀🍀🍀🍀
ကွန်ပျူတာ အခြေခံကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးတဲ့ သင်တန်းဖြစ်ကြောင်း တက်ဖူးသူတိုင်း အသိပါ။

သင့်ရဲ့ ပိုမိုကျွမ်းကျင်တတ်မြောက်မှုသည် သာ၍ ကောင်းမွန်မြန်ဆန်သော လုပ်ငန်းခွင် အခွင့်အလမ်းဆီသို့...

💥အဓိက အားသာချက်ကတော့
🔴သက်ဆိုင်ရာ Subject တစ်ခု ပြီးဆုံးတိုင်း အခန်းဆုံး Test များဖြေဆိုရခြင်း နဲ့ သင်ခန်းစာ အခန်းခွဲတိုင်းကိုလည်း Exercise များနဲ့ လေ့ကျင့် သင်ကြားပေးတာမို့ တကယ် ကျွမ်းကျင် တတ်မြောက်မှာလာ အသေချာပဲပေါ့!

🔴(၁၀)နှစ်ကျော် (၁၅)နှစ်နီးပါး သင်ကြားရေးနဲ့ ရုံးလုပ်ငန်းခွင် အတွေ့အကြုံရှိသော 🎓ကွန်ပျူတာ/အင်ဂျင်နီယာ/အာခီဘွဲ့ရ ဆရာ/ဆရာမ များကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်ပါတယ်..

🔴အတန်းချိန် (၈၀) ရာခိုင်နှုန်းနဲ့ ပြည့်စုံပြီး End Test များဖြေဆိုပြီးမှ Certificate ထုတ်ပေးတာမို့ အတန်းချိန်လေး မှတ်မှတ်တက်ဖို့လိုပါတယ်နော် 😉

🔴မပျက်လို့ မဖြစ်တဲ့ အကြောင်းကိစ္စရှိလို့ ပျက်ရက်ရှိခဲ့လျှင် အချိန်ပြန်ပြီး ခေါ်ပေးမှာမို့ သင်ခန်းစာ မပြီးမှာ စိုးရိမ်စရာမရှိဘူးနော်(ပျက်ရက်ကို သေသေချာချာလေး 💥ခွင့်လာတိုင်းပေးဖို့တော့ လိုတာပေါ့လေ 😁)

🔴one-by-one (သို့)သင်တန်းစ တစ်ခုလျှင် (၅/၆)ဦး အထိုသာ ကန့်သတ် သင်ကြားပေးတာမို့ ထိရောက်တဲ့ သင်ကြားရေး ရရှိမှာတော့ မပူရဘူးနော်။

🆗 ဒါဆို...လူပြည့်တာမြန်တာမို့ 🏃‍♂️🏃‍♂️🏃‍♂️ အမြန်သာ စာရင်းလေးပေး တက်ထားကြဖို့နော်။

🩵 ကွန်ပျူတာအခြေခံ (Office Basic) သင်တန်းချိန်များ

☀️ အင်္ဂါ မှ သောကြာ (Tue to Fri) အတန်းများ

မနက် 7:00 am - 8:30 am

ညနေ 4:00 pm - 5:30 pm

ညနေ 5:00 pm - 6:30 pm

သင်တန်းကာလ - ၂ လနှင့် ၂ ပတ် (၁ပတ် - ၄ရက်)

🟢 စနေ၊ တနင်္ဂနွေ (Sat-Sun) အတန်း

မနက် 8:00 am - 11:00 am (စနေ-တနင်္ဂနွေ) / မနက် 7:00 am - 9:30 am

သင်တန်းကာလ - ၃ လ (၁ပတ် - ၂ရက်)

🌙 တနင်္ဂနွေနေ့သီးသန့် (Sunday Only Class) အတန်း

မနက် 8:00 am - 12:30 pm

သင်တန်းကာလ - (၁ပတ် - ၁ရက်သာ)

📌 သင်တန်းတွင် သင်ကြားပေးမည့် အချက်အလက်များ
Windows အသုံးပြုပုံများ (Office - Basic)

Word, Excel, PowerPoint, Publisher, Myanmar/English Typing, Paint

ရုံးလုပ်ငန်းသုံး ကွန်ပျူတာ (Office Advanced), ဂရပ်ဖစ် (Graphic), စာစီစာရိုက် (Layout Design/DTP), Advanced Excel နှင့် Programming (Java, C, C++, C #) အတန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ထားပါတယ်ရှင်။

သင်ယူလေ့လာမှုဖြင့် ပိုကောင်းတဲ့အနာဂတ်ကို ဖန်တီးပါ။ ✨

ဆက်သွယ်စုံစမ်းရန် 👇
📞 09-776666393
📞 09-776636188
📍 လိပ်စာ: ၆၈ အေလမ်း၊ ၃၉ - ၄၀ ကြား၊ မန္တလေး။

#ကွန်ပျူတာသင်တန်း

Address

Between 39th And 40th St, 68-A Street
Mandalay
05032

Opening Hours

Monday 07:00 - 19:30
Tuesday 07:00 - 19:30
Wednesday 07:00 - 19:30
Thursday 07:00 - 19:30
Friday 07:00 - 19:30
Saturday 07:00 - 19:30
Sunday 07:00 - 19:30

Telephone

+959776636188

Website

Alerts

Be the first to know and let us send you an email when IT-Home Computer Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to IT-Home Computer Training Center:

Shortcuts

Share