Morning Star Computer

Morning Star Computer Computer, Printer, CCTV & Network
Sales and service Computer Services,Spare Part,Computer Second Hand Sales,Gaming Accessories

Quality ကောင်းပြီး အာမခံတစ်နှစ်ပါတဲ့300ºC Brand UPS Battery ပစ္စည်းရောက်ပါပြီနော်🙋‍♀️မီးပျက်တာနဲ့ 🤔လူကြီးမင်းတို့ရဲ့ Com...
30/09/2023

Quality ကောင်းပြီး အာမခံတစ်နှစ်ပါတဲ့
300ºC Brand UPS Battery ပစ္စည်းရောက်ပါပြီနော်🙋‍♀️

မီးပျက်တာနဲ့ 🤔
လူကြီးမင်းတို့ရဲ့ Computer တွေ
ပြုတ်ကျမသွားဖို့အရေးကြီးပါတယ်🤷‍♀️

File တွေ Save ထားနိုင်ဖို့အရေးကြီးဆုံးကတော့
UPS ကောင်းနေဖို့လိုအပ်ပါတယ်👌

UPS ရဲ့အဓိကချက်ကတော့
UPS battery ကောင်းနေဖို့လည်းလိုပါတယ်နော် 🤗🤗

12V 8.5AH အပြည့်ထွက်ပြီး💯
အာမခံ တစ်နှစ်နဲ့ အရည်အသွေးကောင်းတဲ့

UPS Battery လေးရောက်ပါပီရှင့်
စျေးနှုန်း =44000 MMK

အိမ်အမှတ်(၄၀)ရတနာလမ်း၊မရမ်းကုန်းရပ်၊မော်လမြိုင်မြို့။

 #နှစ်သစ်ကူးင်္သကြန်ပိတ်ရက်ကြေငြာခြင်း…🙏🙏🙏ကျွန်တော်တို့ Morning Star Computer ( Mawlamyine ) ဆိုင်အား အစဉ်တစိုက် အားပေးခ...
12/04/2023

#နှစ်သစ်ကူးင်္သကြန်ပိတ်ရက်ကြေငြာခြင်း…🙏🙏🙏

ကျွန်တော်တို့ Morning Star Computer ( Mawlamyine ) ဆိုင်အား အစဉ်တစိုက် အားပေးခဲ့သော မော်လမြိုင်မြို့နှင့် ရပ်နီး ရပ်ဝေးမှ မိတ်ဟောင်း၊မိတ်သစ် Customersများအားလုံး…..

"ယခုနှစ်မြန်မာနှစ်ကူးအခါသမယမှစ၍ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေ။🙏

ကိုယ်၊ စိတ် နှစ်ပါး ရွှင်လန်းချမ်းမြေ့ ကြပါစေ။ 🙏
ကပ်ဘေးအန္တရာယ် အမျိုးမျိုးမှ အမြန်ဆုံးကင်းလွတ် ငြိမ်းချမ်းကြပါစေကြောင်း
ဆုမွန်ကောင်း တောင်းအပ် ပါသည်။ 🙏🙏🙏

🛑နှစ်သစ်ကူး ဆိုင်ပိတ်ရက်များ🛑

12.4.2023 မှ 17.4.2023 ထိ ဆိုင်ပိတ်ပါမည်။

18.4.2023 တွင် ဆိုင်ပြန်ဖွင့်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

🙏အားပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ🙏

🔷Morning Star Computer ( Mawlamyine )🔷

🏚 အမှတ် (၄၀)၊ ရတနာလမ်း ၊ မရမ်းကုန်ရပ်ကွက် ၊ မော်လမြိုင်မြို့ ။

☎️ Ph : 09972013641 / 09696644433

Dell Inspiron 3511CPU- i7-1165G7SSD- PCIE M2 512GBMemory-8GBColor- Platinum SilverGraphic-Nvidia GeForce (R)MX350 2GBOS-...
01/04/2023

Dell Inspiron 3511
CPU- i7-1165G7
SSD- PCIE M2 512GB
Memory-8GB
Color- Platinum Silver
Graphic-Nvidia GeForce (R)MX350 2GB
OS-Windows 11 Home License
Screen-15.6”

💻💻Dell Original Battery Change Complete💻💻Battery Type-GJKNX 68Whလူကြီးမင်းတို့ နေ့စဉ်အသုံးပြုနေတဲ့ Laptop လေးရဲ့ Spare P...
25/12/2022

💻💻Dell Original Battery Change Complete💻💻
Battery Type-GJKNX 68Wh

လူကြီးမင်းတို့ နေ့စဉ်အသုံးပြုနေတဲ့ Laptop လေးရဲ့ Spare Part,Keypad,Battery,Speaker,HDD,DVD Drive,Screen,RAM.…တို့ကိုစစ်ဆေးပီး လဲလှယ်ပေးပါတယ်ခင်ဗျာ။
📲09696644433,📲09692600146,📲09972013641
သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။🙏🙏🙏

💻💻TOSHIBA Laptop Original Keypad and Original Internal Battery Change Service Complete💻💻လူကြီးမင်းတို့ နေ့စဉ်အသုံးပြုနေတ...
12/10/2022

💻💻TOSHIBA Laptop Original Keypad and Original Internal Battery Change Service Complete💻💻

လူကြီးမင်းတို့ နေ့စဉ်အသုံးပြုနေတဲ့ Laptop လေးရဲ့ Spare Part,Keypad,Battery,Speaker,HDD,DVD Drive,Screen,RAM.…တို့ကိုစစ်ဆေးပီး လဲလှယ်ပေးပါတယ်ခင်ဗျာ။
📲09696644433,📲09692600146,📲09972013641
သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။🙏🙏🙏

💻💻Dell Original Battery Change Complete💻💻လူကြီးမင်းတို့ နေ့စဉ်အသုံးပြုနေတဲ့ Laptop လေးရဲ့ Spare Part,Keypad,Battery,Spea...
12/10/2022

💻💻Dell Original Battery Change Complete💻💻

လူကြီးမင်းတို့ နေ့စဉ်အသုံးပြုနေတဲ့ Laptop လေးရဲ့ Spare Part,Keypad,Battery,Speaker,HDD,DVD Drive,Screen,RAM.…တို့ကိုစစ်ဆေးပီး လဲလှယ်ပေးပါတယ်ခင်ဗျာ။
📲09696644433,📲09692600146,📲09972013641
သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။🙏🙏🙏

မိတ်ဆွေတို့ရဲ့ Data ဖိုင် Name တွေရဲ့နောက်မှာcovm တို့ .crypto တို့ စတဲ့ ဘာမှန်းမသိတဲ့စာနဲ့_readme.txt ဖိုင်လေးတွေ့ပြီး ...
06/09/2022

မိတ်ဆွေတို့ရဲ့ Data ဖိုင် Name တွေရဲ့နောက်မှာcovm တို့ .crypto တို့ စတဲ့ ဘာမှန်းမသိတဲ့စာနဲ့
_readme.txt ဖိုင်လေးတွေ့ပြီး ဖိုင်ဖွင့်မရတော့ရင်တော့
ဂုဏ်ယူပါတယ် သင် Ransomware Virus ကိုက်ခံရပါပြီ။

🔷 RANSOMWARE ဆိုတာကဘာလဲ ⁉️
Ransom malware သို့မဟုတ် ransomware သည် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာဖိုင်များကို ဝင်ရောက်ကြည့်ရှုခြင်းမှ တားဆီးပေးပြီး ပြန်လည်ဝင်ရောက်နိုင်ရန် ငွေပေးချေမှုကို တောင်းဆိုသည့် malware အမျိုးအစားဖြစ်သည်။
အချို့လူများက "ဗိုင်းရပ်စ်သည် ကျွန်ုပ်၏ကွန်ပြူတာကို လော့ခ်ချထားသည်" ဟု ထင်ကောင်းထင်နိုင်သော်လည်း၊ ransomware သည် ပုံမှန်အားဖြင့် ဗိုင်းရပ်စ်နှင့် မတူညီသော malware ပုံစံတစ်ခုအဖြစ် အမျိုးအစားခွဲခြားထားသည်။
Ransomware ၏ အစောဆုံးမျိုးကွဲများကို 1980 ခုနှစ်နှောင်းပိုင်းတွင် တီထွင်ခဲ့ပြီး ငွေပေးချေမှုကို ခရုမေးလ်မှတစ်ဆင့် ပေးပို့ရမည်ဖြစ်သည်။
ယနေ့တွင်၊ ransomware ရေးသားသူများသည် ငွေပေးချေမှုကို cryptocurrency သို့မဟုတ် ခရက်ဒစ်ကတ်မှတစ်ဆင့် ပေးပို့ခိုင်းပြီး တစ်ဦးချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းအမျိုးမျိုးတို့ကို ပစ်မှတ်ထားကြသည်။
Ransomware-as-a-Service သို့မဟုတ် RaaS ဟုခေါ်သော အခြားဆိုက်ဘာတိုက်ခိုက်သူများထံသို့လဲ ransomware ရေးသားသူများက ရောင်းချတတ်ကြပါသေးတယ်။

🔷 ထို Ransomware Virus ကိုက်ခံရလျှင် ⁉️
ထို Ransomware Virus ကိုက်ပြီဆိုတာနဲ့
စက္ကန့်အနည်းငယ်အတွင်းမှာ မိတ်ဆွေတို့ရဲ့
စာဖိုင်တွေ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ
စတဲ့ဖိုင်တွေအကုန်လုံးက (Windows နဲ့ Software ဖိုင်မပါ)
File Extension တွေပြောင်းကုန်ပြီးတော့
_readme.txt ဆိုတဲ့ Data တွေ ပြန်လိုချင်ရင် $980 တောင်းပြီး
72 နာရီအတွင်း ငွေပေးပါက 50% Disc နဲ့ ငွေတောင်းခံတဲ့
Text ဖိုင်လေးပါ တွေ့လာရပါလိမ့်မယ်။

ဥပမာ - Myproject.docx ဆိုတဲ့ word file ဆိုလျှင်
Myproject.crinf ဆိုပြီးပြောင်းသွားတာပါ
ပြောင်းသွားတဲ့ File Extension တွေက ပုံသေမရှိပဲecc, .ezz, .exx, .zzz, .xyz, .aaa, .abc, .ccc, .vvv, .###, .ttt, .micro, .encrypted, .locked, .crypto, _crypt, .crinf, .r5a, .XRNT, .XTBL, .crypt, .R16M01D05, .pzdc, .good, .LOL!, .OMG!, .RDM, .RRK, .encryptedRSA, .crjoker, .EnCiPhErEd, .LeChiffre, .keybtc@inbox_com, .0x0, .bleep, .1999, .vault, .HA3, .toxcrypt, .magic, .SUPERCRYPT, .CTBL, .CTB2, .locky, .covm စသဖြင့် Extension တွေက ဒီထက်ပို၍ အများကြီးရှိတတ်ပါတယ်။

အဲ့ဒါပြောင်းရုံတင်မကပဲ Data တွေကို Encrypted လုပ်လိုက်ပါတယ်။
Encrypt ဆိုတာက အလွယ်ကူဆုံးပြောရမယ်ဆိုရင်
Data File ကို ကုဒ်နံပါတ်နဲ့အတူ ဖိုင်အစစ်အမှန်ကို
ဖျက်ပစ်လိုက်တာပါပဲ။

ထိုဖိုင်ကို ပြန်ပြင်ဖို့ဆိုရင် ကုဒ်နံပါတ်နဲ့ Decryptor tools လိုအပ်ပါတယ်။
ကုဒ်နံပါတ်မှာလဲ Online Code နဲ့ Offline Code ကွဲပါသေးတယ်။
ထိုကုဒ်ရရှိရန်အတွက်က အဆိုပါ Ransomware Virus ဖြန့်သူထံသို့
ငွေပေးချေရန်နည်းတစ်မျိုးထဲသာ လောလောဆယ်ရှိပါသေးတယ်။

🔷 ဘယ်လိုဖြေရှင်းမလဲ ⁉️
Data ဖိုင်တွေအတွက်တော့ စိတ်မကောင်းစရာပါပဲ။
ထို Data တွေကို Recovery ပြန်ယူဖို့ နည်းလမ်းတွေ အမျိုးမျိုး ကြိုးစားကြပေမယ့် ယခုထိ အဖြေကောင်းကောင်းမတွေ့သေးပါဘူး။ တစ်ချို့ ဖိုင်တွေ ပြန်ရတာရှိပေမယ့် များသောအားဖြင့် မရတာကများပါတယ်။ ပိုက်ဆံပေးနိုင်ရင်တော့ ရနိုင်ပေမယ်။ အခြားနည်းလမ်းကတော့ မရှိသလောက် ရှားဆဲပါပဲ။
(ယခုလက်ရှိ Admin ကိုယ်တိုင်တောင်မှ မရသေးပါ 😢)

ထို Virus ကို Antivirus တွေနဲ့ ပြန်ရှင်းနိုင်ပေမယ့် အကောင်းဆုံးကတော့ မိမိ Data လဲ ပြန်မရနိုင်မယ့်အတူတူ အကုန်လုံး ဖျက်ပြစ်ပြီး Windows အသစ်ပြန်တင်လိုက်တာက အကောင်းဆုံးနဲ့ စိတ်အချရဆုံးပါပဲ။
တကယ်လို့ ရလိုရငြား ထားကြည့်ချင်တယ်ဆိုရင်တော့ Data တွေကို External HDD မှာ သိမ်းထားနိုင်ပါတယ်။

💢 💢 💢 Recovery Tool တွေကိုလဲ
နောက်အလျင်းသင့်သလို တင်ပေးသွားပါ့မယ်။

🔷 ဘယ်လိုကာကွယ်မလဲ ⁉️
"ကမ္ဘာမှာအရေးကြီးဆုံးကမိဘပဲ"
စတာပါ အရေးကြီးဆုံးအချက်က မိမိစက်ထဲမှာ

💢 Antivirus Software တစ်ခုက အမြဲတမ်း Activate ဖြစ်နေဖို့ပါပဲ။
Windows 10 နဲ့ Windows 11 တွေမှာ ပါဝင်တဲ့ Windows Security တစ်ခုနဲ့တင်ကို ထို Virus မဝင်နိုင်အောင် ကောင်းကောင်းကြီး တားနိုင်ပါတယ်။

💢 အဲ့ဒီအောက်က Windows Version တွေကတော့ Antivirus Software
Kaspersky, MSE, McAfee စသဖြင့် တစ်မျိုးမျိုးတော့ လိုအပ်ပါလိမ့်မယ်။

💢 ထို Virus က Webpage တွေကတဆင့်ဝင်ရောက်တာဖြစ်လို့
မိမိနဲ့ မရင်းနှီးတဲ့ Website တွေ ဝင်ရောက်တာတွေ၊ Download ဆွဲတာတွေ၊
မိမိမသိတဲ့ Software တစ်ခုကို Run တာတွေကို အထူးရှောင်ရပါလိမ့်မယ်။

💢 ဒါပြင့် မိမိ install လုပ်မယ့် software က
Windows Security (သို့) Antivirus Software ကို ပိတ်ဖို့လိုမယ်ဆိုရင်
Internet ကို ခဏ Off ထားပြီး အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

💢 ပြန်ဖွင့်ရင်လဲ Windows Security (သို့) Antivirus Software ကို အရင်ဖွင့်ပြီးမှ Internet ကိုပြန်ဖွင့်ပါလို့။

ကိုယ်တိုင် လက်လှမ်းမှီသမျှ လေ့လာထားရုံမျှဖြစ်လို့
အချို့ အမှားအယွင်းလေးများကိုလဲ
ဝေဖန်ထောက်ပြပေးပါအုံးနော် 💢

Today Camera Installation Site😍
03/09/2022

Today Camera Installation Site😍

👻 Computer Knowledge Sharing 👻CPU ရွေးချယ်တဲ့အခါမှာ i3, i5, i7 သိယုံနဲ့ မလုံလောက်ဘူးနော်။ နာမည်နံပါတ်အပြည့်အစုံကိုဖတ်ပြီ...
31/08/2022

👻 Computer Knowledge Sharing 👻
CPU ရွေးချယ်တဲ့အခါမှာ i3, i5, i7 သိယုံနဲ့ မလုံလောက်ဘူးနော်။ နာမည်နံပါတ်အပြည့်အစုံကိုဖတ်ပြီး ဘယ်လိုအဓိပ္ပာယ်ရှိတာဆိုတာ အကြမ်းမျဉ်းနားလည်သင့်ပါတယ်။

✅ Intel®Core™ i7-1065 G7 ဆိုတဲ့နာမည်မှာဆိုရင် i7 အနောက်ကကပ်ရက် 10 ဆိုတာ 10th Generation ကိုပြောတာဖြစ်ပြီး 65 ဆိုတာကတော့ အဆင့်မြှင့်တင်ထားတဲ့ SKU (Stock Keeping Unit) နံပါတ်ပဲဖြစ်ပါတယ်... SKU နံပါတ်မြင့်လေလေ နောက်ဆုံးပေါ်ဖြစ်လေလေပါပဲ။
⚠️ ဒါပေမယ့်လည်း အမျိုးအစားမတူတဲ့ CPU ကိုတော့ SKU နံပါတ်နဲ့ နှိုင်းယှဉ်လို့မရပါဘူး။

✅ CPU Generation ကိုရေးတဲ့အခါမှာ 10th Generation CPU တွေကစလို့ ဂဏန်း (၂)လုံးပြောင်းသွားပေမယ့် Generation အနှိမ့်တွေမှာတော့ ဂဏန်း (၁)လုံးပဲဖြစ်ပြီး SKU နံပါတ်က ဂဏန်း (3)လုံးနဲ့ရေးပါတယ်။
⚠️ For Example ↔️ Intel®Core™ i7-9750H

💁‍♂️ နာမည်တွေ၊ နံပါတ်အပြည့်အစုံတွေရဲ့ နောက်မှာပါတဲ့ အက္ခရာကလည်း သူ့အဓိပ္ပါယ်နဲ့သူရှိပါတယ်။

▪️G1-G7 က ဂရပ်ဖစ်နည်းပညာသစ်ကို ရည်ညွှန်းတာဖြစ်ပြီး ပုံရိပ်ရည်အသွေးအမြင့်စားတွေသုံးမယ့်သူတွေအတွက်ပိုသင့်တော်ပါတယ်။
▪️E ဆိုတာက Embedded ဖြစ်ပြီး ပါဝါစားတာလျော့ကျစေပါတယ်။
▪️F ကတော့ Requires discrete graphics ဖြစ်တဲ့ Graphic တစ်ပါတည်းမပါလာဘူး။ Graphic Card သပ်သပ်စိုက်ဖို့လိုပါတယ်။
▪️G ကတော့ ဂရပ်ဖစ်တစ်ပါတည်းပါတဲ့ အမျိုးအစားပါ။
▪️H ကတော့ High performance ကို ရည်ညွှန်းပါတယ်။ ပါးလွှာပြီးသယ်ယူရလွယ်တဲ့အပြင် စွမ်းဆောင်ရည်ကောင်းတယ်ဆိုတဲ့ Laptop CPU ဖြစ်ပါတယ်။
▪️HK ကတော့ စွမ်းဆောင်ရည်ကောင်းတဲ့အပြင် unlocked လုပ်လို့ပါရပါတယ်။
▪️K သီးသန့်ကတော့ unlocked အဓိပ္ပါယ်ပါ။
▪️S က Special Edition အထူးထုတ်
▪️T က Power-optimized lifestyle ပါတဲ့။ ပါဝါစားသက်သာစေချင်တဲ့သူတွေအတွက် ပိုသင့်တော့ပါတယ်။
▪️U က လည်း ပါဝါစားတာသက်သာစေတဲ့ Laptop မှာအသုံးပြုတဲ့ CPU ပါ။
▪️Y ကတော့ Laptop မှာ ပါဝါမစားအောင်အထူးလုပ်ဆောင်ထားတဲ့ CPU ဖြစ်ပါတယ်။

✅ အကြမ်းမျဉ်းမှတ်နိုင်တာက စွမ်းဆောင်ရည်ကောင်းလေလေ ပါဝါပိုစားလေဖြစ်ပါတယ်။ ပုံမှန်လောက်ပဲသုံးပြီး ဘက်ထရီကြာကြာသုံးချင်တဲ့သူတွေအတွက်ကတော့ ပါဝါစားသက်သာတဲ့အမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။

Credit To 𝗦𝘆𝗻𝗻𝗲𝘅_𝗠𝘆𝗮𝗻𝗺𝗮𝗿

🙏🙏🙏မင်္ဂလာပါ။မုဒုံမြို့ ဆည်မြောင်းလမ်း ဆီဆိုင်တွင် Hikvision ColourVu Audio Cameraများတပ်ဆင်ပေးခဲ့ပါသည်။☺☺လူကြီးမင်းတို့...
28/08/2021

🙏🙏🙏မင်္ဂလာပါ။

မုဒုံမြို့ ဆည်မြောင်းလမ်း ဆီဆိုင်တွင် Hikvision ColourVu Audio Cameraများတပ်ဆင်ပေးခဲ့ပါသည်။☺☺

လူကြီးမင်းတို့၏အိမ်/အလုပ်ရုံ/ဆိုင်ခန်းများတွင် တပ်ဆင်ထားသော CCTV များပြန်လည်စစ်ဆေးလိုခြင်း အသစ်တပ်ဆင်ခြင်းများပြုလုပ်လိုပါက
📞 09692600146 / 09972013641 သို့ဆက်သွယ်ပီး မော်လမြိုင်မြို့တွင်း အိမ်တိုင်ရာရောက် ကြည့်ရှုစစ်ဆေးပေးပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။🤗🤗🙏🙏🙏

Address

အမှတ်(၄၀)ရတနာလမ်း၊မရမ်းကုန်းရပ်၊မော်လမြိုင်မြို့
Mawlamyine

Telephone

+959692600146

Website

Alerts

Be the first to know and let us send you an email when Morning Star Computer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Morning Star Computer:

Share