28/12/2020
ဂျက်လီသည် အက်ရှင်မင်းသားဖြစ်၍
ဂျီလတ်သည် အဆိုတော် ဖြစ်သည်။
မင်းလူသည် စာရေးဆရာဖြစ်ပြီး
လူမင်းသည် သရုပ်ဆောင် ဖြစ်သည်။
လွင်မိုး၏ အမည်ရင်းမှာ မိုးလွင်ဖြစ်ပြီး
မေဆွိကို သူငယ်ချင်းများက မိဆွေဟု ခေါ်ကြသည်။
သို့သော် သိုးဆောင်း၏ အမည်ရင်းမှာ
သောင်းစိုး မဟုတ်ပါ။
လိမ္မော်သီးသည် အဆိုတော်မလေးဖြစ်၍
ပန်းသီးသည် လူရွှင်တော်အထီးကြီး ဖြစ်သည်
နီနီဝင်းရွှေ နှင့် ဝါဝါဝင်းရွှေတို့သည် ညီမများ
မဟုတ်ကြပါ။
ရွှေရည်သိန်းတန်သည် တွံတေးသိန်းတန်၏
သမီးဖြစ်ပြီး...
ပိုးဒါလီသိန်းတန်သည် မြန်မာပြည်သိန်းတန်၏
သမီးဖြစ်သည်။
မိုးဒီသည် ဟာသ သရုပ်ဆောင်ဖြစ်၍
ဒီမိုးသည် ဂျေညီညီ၏ သီချင်းဖြစ်သည်။
ဂျူးသည် ရာဇဝင်ထဲမှာမောင့်ကိုထားရစ်ခဲ့ ရေးပြီး
ဗျူးသည် ဒဏ္ဏာရီထဲမှာမောင့်ကိုထားရစ်ခဲ့
ရုပ်ပြဆွဲသူဖြစ်သည်
မိုက်တီးသည် ဒါရိုက်တာ တစ်ဦးဖြစ်၍
မလိမ္မာသည် ဓာတ်ပုံဆရာမ ဖြစ်သည်။
ကျော်ထူးသည် လူရွှင်တော် ဖြစ်၍
ထူးကျော်မှာ Examplez အဖွဲ့ဝင် ဖြစ်သည်
ကျောက်ဖြူသည် အကယ်ဒမီဆုရ ဓာတ်ပုံဆရာ
ဖြစ်ပြီး ကျောက်မဲသည် မြို့ဖြစ်သည်
အိုအောင်သည် ကဗျာဆရာဖြစ်သော်လည်း
မင်းအောင်မှာ အဆိုတော်ဖြစ်လေသည်
အရိုင်းသည်လည်း သရုပ်ဆောင်ဖြစ်၍
အစိုင်းသည် Black Hole မှ ဖြစ်သည်
သို့ဖြစ်ပါ၍ အကျွန်ုပ်သည်လည်း ဇဝါမှာ
တေးရေးအဖြစ်အောင်မြင်နေ၍ ဇဝေ ဟူသော
အမည်ဖြင့် စီးရီးသွင်းလျှင် ကောင်းမလား
သို့တည်းမဟုတ် ဆိုတေးမှာ တေးဆိုအဖြစ်
အောင်မြင်နေလေရာ ရေးတေး အမည်ဖြင့်
တေးရေး လောကထဲ ခြေစုံပစ်ဝင်လျှင်
ကောင်းမည်လားဟု အကြံထုတ်လျှက် ရှိပေသည်။
😂😂😂
သားရဲ သည် ကိုက်တတ်သောသတ္တဝါဖြစ်ပြီး
ရဲသား သည် ရိုက်တတ်သောသတ္တဝါဖြစ်၏
တာရာပွကြီး သည် ရုပ်ပြဇာတ်ကောင်ဖြစ်ပြီး
တာရာမင်းဝေသည် စာရေးဆရာဖြစ်သည်
တက္ကသိုဘ်ဘုန်းနိုင်သည်ကမ္ဘာကုန်ကျယ်သ၍ဝယ်ဝတ္တုကိုရေး၍
ဆုန်သင်းပါသည်ကမ္ဘာကြီးကကျဉ်းတယ်သီချင်းကိုဆိုသူဖြစ်သည်
ကျို့ကော်ကော်နှင့် ကျင်းလီသည် တရုတ်ကားမှသိုင်းသမားများဖြစ်ကြပြီး
ကျော်ကိုကိုနှင့်ကြည်လင်းသည်
မြန်မာပြည်မှဘောလုံးသမားများဖြစ်ကြသည်
ကုလားကြီးသည်မုတ်ဆိတ်မွှေးနှင့်ဖြစ်ပြီး
Clear ကလီးယား သည်ခေါင်းလျော်ရည်ဖြစ်သည်
အိုဗားမားသည်သမ္မတဖြစ်...၍
ဗားမားအိုးသည်....ဇွန်သင်ဇာဖြစ်ပီး
အုန်းအင်သည်ဖားအော်သံဖြစ်၍
ဖုန်းကင်သည်လဲ...
ဇွန်သင်ဇာပင်ဖြစ်သည်
လေးဖြူသည်အဆိုတော်ဖြစ်ပီး ဖိုး (4)ဖြူမှာဟာသသရုပ်ဆောင်ဖြစ်သည်
ဆောင်းဟေကိုမှာ ကိုရီးယားသူဖြစ်ပီး
မိုးဟေကိုမှာ မြန်မာနိုင်ငံသူဖြစ်သည်၊၊
ရန်အောင်သည် မြန်မာရုပ်ရှင်မင်းသားဖြစ်ပြီး ယောင်အန် သည် ကိုရီးယားကားထဲမှ ဇတ်ကောင်ဖြစ်သည် ဂျေဒိုးနတ်သည် မုန်ဖြစ်ပြီး ရုက္ခစိုးနတ်သည် နတ်ဖြစ်သည်
သွားလိုက်ပါအူးမယ် ဗျာFriတွေပျင်းနေမှာစိုးလို့ဟာသတွေလာတင်ပေးတာပါ😊
အားပေးကြအူးနော်...😀😀😀်
Credit
ka bar oo
ပြန်လည်မျှဝေသည်
Dolly ဘာဘီ😁😁😁