10/02/2026
🚨 အရေးကြီး သတိပေးချက် 🚨
မိဘပြည်သူများခင်ဗျာ...
အခုပုံမှာ ပြထားတဲ့ TikTok အကောင့်ဟာ ကျွန်တော်တို့ [အောင်မူဆယ်ဖုန်းဆိုင်] ရဲ့ ပုံရိပ်ကို အလွဲသုံးစားလုပ်ပြီး အယောင်ဆောင် လိမ်လည်နေတာ ဖြစ်ပါတယ်ခင်ဗျာ။
အဆိုပါအကောင့်မှာ သုံးထားတဲ့ပုံတွေဟာ ကျွန်တော်တို့ဆိုင်ရဲ့ နေရာဟောင်းက ပုံဟောင်းတွေ သာ ဖြစ်ပါတယ်။တင်ထားသည့် Video တွေမှာလဲတခြားဆိုင်များ၏အရောင်း Videoများသာဖြစ်ပါတယ်။
ကျွန်တော်တို့ဆိုင်အနေနဲ့ နေရာအသစ်ဖြစ်တဲ့ "မြို့ပတ်လမ်း၊ စက်မှုလမ်းဆုံအကျော်၊ ကားလေးကွင်းအနီး" သို့ ပြောင်းရွှေ့ဖွင့်လှစ်ထားတာ (၂) နှစ်နီးပါး ရှိနေပြီ ဖြစ်ပါတယ်ခင်ဗျာ။
မိဘပြည်သူများ ထပ်မံသိရှိစေရန်မှာ -
✅ ကျွန်တော်တို့ဆိုင်သည် ၂၀၂၃ ခုနှစ်၊ ၈ လပိုင်းလောက် ကတည်းက Online ကနေ ပစ္စည်းရောင်းချခြင်းကို လုံးဝရပ်နားထားပါသည်။
✅ လောလောဆယ်တွင် Software နှင့် Hardware ပိုင်းကိုသာ အဓိကထား လုပ်ကိုင်နေပါသည်။
✅ ဖုန်းများကိုလည်း Online ကနေ ရောင်းချခြင်းမရှိဘဲ ဆိုင်တွင် လူကိုယ်တိုင်လာရောက်ဝယ်ယူသည့် လက်လီစနစ် ဖြင့်သာ ရောင်းချပေးနေပါသည်။
သို့ဖြစ်ပါ၍ အဆိုပါ TikTok အကောင့်သည် ကျွန်တော်တို့ဆိုင်နှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။ အဆိုပါအကောင့်သို့ ငွေလွှဲမိခြင်း၊ အပေးအယူလုပ်မိခြင်းများကြောင့် နစ်နာမှုတစ်စုံတစ်ရာ ရှိခဲ့ပါက ကျွန်တော်တို့ဆိုင်ဘက်မှ တာဝန်ယူပေးမည်မဟုတ်ပါခင်ဗျာ။
လူကြီးမင်းတို့ရဲ့ ငွေကြေးများ မဆုံးရှုံးရအောင် အထူးသတိထားကြပါရန်နှင့် တွေ့ရှိပါကလည်း ဝိုင်းဝန်း Report ထုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။
ကျေးဇူးအထူးတင်ပါတယ်ဗျ။