29/06/2026
❝ သင့်လုပ်ငန်းနဲ့အလိုက်ဖက်ဆုံး အိတ်အမျိုးအစားကို ရွေးချယ်ပြီးပြီလား? ❞🛍️
ပစ္စည်းထည့်တဲ့အိတ်ဆိုတာနဲ့ အားလုံးအတူတူပဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းအမျိုးအစား၊ ရောင်းချတဲ့ကုန်ပစ္စည်းနဲ့ အသုံးပြုမယ့် ရည်ရွယ်ချက်ပေါ်မူတည်ပြီး ရွေးချယ်သင့်တဲ့ အိတ်အမျိုးအစားတွေက ကွာခြားသွားပါတယ်။
ဒါကြောင့် MK Printing မှာရနိုင်တဲ့ အိတ်အမျိုးအစားတွေနဲ့ လိုက်ဖက်တဲ့ လုပ်ငန်းအချို့ကို ဖော်ပြလိုက်ပါတယ်-
🔹ဝေဖာအိတ် - မုန့်မျိုးစုံ၊ စားသောက်ကုန်၊ လက်ဆောင်ပစ္စည်းအသေးစားနဲ့ အိမ်သုံးပစ္စည်းလုပ်ငန်းတွေမှာ အသုံးများပြီး Logo ရိုက်နှိပ်ထားမယ်ဆိုရင် Brand ကိုပိုမိုထင်ရှားစေပါတယ်။
🔹တစ်ခါသုံးအိတ်အကြည် - အစားအသောက်၊ မုန့်ပဲသရေစာ၊ သစ်သီးဝလံနဲ့ နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေ ထည့်သွင်းရာမှာ အသုံးများပြီး အထဲကပစ္စည်းကို မြင်နိုင်တာကြောင့် Customer တွေအတွက် ပိုမိုအဆင်ပြေစေပါတယ်။
🔹အကြည်အကြွတ်အိတ် - အဝတ်အထည်၊ Accessories၊ အလှကုန်နဲ့ Retail ပစ္စည်းအမျိုးမျိုးကို သပ်ရပ်စွာ ထုပ်ပိုးနိုင်ပြီး ပစ္စည်းရဲ့တန်ဖိုးကို ပိုပြီးပေါ်လွင်စေပါတယ်။
🔹PL Soft Bag - ကုန်စုံဆိုင်၊ စတိုးဆိုင်၊ အထွေထွေအရောင်းဆိုင်တွေအပြင် ပစ္စည်းမျိုးစုံ ထည့်သွင်းအသုံးပြုနိုင်တာကြောင့် လုပ်ငန်းအများစုမှာ တွင်ကျယ်စွာအသုံးပြုကြပါတယ်။
🔹ဈေးဝယ်သုံးအိတ် - စူပါမားကတ်၊ Convenience Store နဲ့ လက်လီအရောင်းလုပ်ငန်းတွေမှာ အသုံးများပြီး ပေါ့ပါးမှုနဲ့သယ်ဆောင်ရလွယ်ကူမှုကို ပေးစွမ်းနိုင်ပါတယ်။
🔹စက္ကူအိတ် - လက်ဆောင်ပစ္စည်း၊ အဝတ်အထည်နဲ့ အလှကုန်ပစ္စည်းတွေ ထည့်သွင်းရာမှာ အသုံးများပြီး သဘာဝဆန်တဲ့ဒီဇိုင်းကြောင့် Brand Image ကို ထင်ရှားစေပါတယ်။
မှန်ကန်တဲ့ အိတ်ရွေးချယ်မှုတစ်ခုက ပစ္စည်းကို ထည့်ပိုးပေးရုံသာမက သင့်လုပ်ငန်းကို ပိုမို Professional ဖြစ်စေပြီး Customer တွေရဲ့ စိတ်ကျေနပ်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။✨
ကျွန်တော်တို့ Maw Kunn Printing service မှာ Customer တွေစိတ်တိုင်းကျ designs တွေကို စိတ်ကြိုက်အပ်နှံနိုင်ပြီး bags တွေကိုလည်း 7x10 ကစလို့ 18x15 အထိ size မျိုးစုံရရှိနိုင်မှာပဲဖြစ်ပါတယ်။ အနဲဆုံး အလုံးရေ ၁၀၀ ကစ print ရိုက်ပေးပြီး စျေးနှုန်းမှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ရရှိနိုင်မှာမို့ အခုပဲဆက်သွယ်မှာယူလိုက်တော့နော်။🛒
Contact : 09941330544