10/04/2026
"သင်္ကြန်ကာလ ဆိုင်ပိတ်ရက် အသိပေးကြေညာခြင်း 📢
ချစ်လှစွာသော လူကြီးမင်းများခင်ဗျာ..... မကြာမီ ကျရောက်တော့မည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ကျွန်တော်တို့ဝန်ထမ်းလေးတွေလည်း မိသားစုနဲ့အတူ အနားယူ အပန်းဖြေနိုင်ရန်အတွက် " မနောမြတ် မိုလ်ဘိုင်း " ကို အောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်... 🏠🌊
ဆိုင်ပိတ်မည့် ကာလ ~~~
13. 4. 2026 (မဟာသင်္ကြန်အကြိုနေ့) မှ
17. 4. 2026 (မြန်မာနှစ်ဆန်း ၁ ရက်နေ့) ထိ 🗓️
ဆိုင်ပြန်ဖွင့်မည့် ရက်စွဲ - 18. 4. 2026 ( မြန်မာနှစ်ဆန်း ၂ ရက်နေ့ ) တွင် မနောမြတ် မိုလ်ဘိုင်း ဆိုင်-၂ (မင်းလမ်း) ပြန်လည်ဖွင့်လှစ်ပါမည်... 🛍️
19. 4. 2026 ( မြန်မာနှစ်ဆန်း ၃ ရက်နေ့) တွင် မနောမြတ် မိုလ်ဘိုင်း ဆိုင်-၁ (အိုးမြေတွင်းလမ်း) ပြန်လည်ဖွင့်လှစ်ပါမည်.... 🏪
ပိတ်ရက်ကာလအတွင်း အဆင်မပြေမှုများရှိပါက နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ လူကြီးမင်းများအားလုံး ပျော်ရွှင်စရာ သင်္ကြန်အခါသမယ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်... 🙏✨
အားလုံးပဲ ရေကစားရင်း ဘေးအန္တရာယ်ကင်းဝေးပြီး ပျော်ရွှင်စရာ သင်္ကြန် ဖြစ်ပါစေ ခင်ဗျာ ... 💦🎉