07/08/2026
🗣ဆေးဖျန်းတဲ့အခါ အဆိပ်မသင့်စေဖို့ ဒါတွေကို သိထားဖို့လိုတယ်နော်❗
ပိုးသတ်ဆေးအန္တရာယ်နဲ့ အများဆုံး ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ သူတွေဟာ တောင်သူတွေ ဖြစ်ပါတယ်။ ပိုးသတ်ဆေးဖျန်းတဲ့အခါ ဒီအမှားတွေကို လုပ်နေမိပြီလား ⁉
📌၁။ဆေးဖျန်းတဲ့အခါ အကာအကွယ် ဝတ်စုံများကို သေချာဝတ်ဆင်မှုမရှိခြင်း❗
ပိုးသတ်ဆေးဖျန်းတဲ့အခါ မိမိခန္ဓာကိုယ်ကိုကာကွယ်ရန် ဦးထုပ်ဆောင်းခြင်း၊ မျက်မှန်တပ်ခြင်း၊ လက်အိတ်စွပ်ခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ အကာအကွယ်အင်္ကျီ ဝတ်ဆင်ခြင်း၊ လုံခြုံသော ခြေစွပ်ဖိနပ်များကို စနစ်တကျ ဝတ်ဆင်သင့်ပါတယ်။ဒါမှသာ ပိုးသတ်ဆေးများ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဥ◌်နိုင်မှာဖြစ်ပါတယ်။
📌၂။လေပြင်းတိုက်ချိန်တွင် ဆေးဖျန်းခြင်း ❗
ပိုးသတ်ဆေးကို နေပြင်းပြင်းပူချိန်၊လေပြင်းပြင်းတိုက်ချိန်များတွင် မဖျန်းသင့်ပါဘူး။ လေတိုက်ရာအောက်မှ လေကိုဆန်၍ဆေးဖျန်းခြင်းကို ရှောင်ကြဥ◌်ရပါမယ်။
📌၃။သတ်မှတ်ထားသော ပမာဏထက်ပိုသုံးခြင်း ❗
ပိုးသတ်ဆေးဖျန်းတဲ့အခါ ဆေးဘူးပေါ်တွင် ရေးထားသော ဆေးညွှန်းပမာဏအတိုင်းသာ ဖျန်းသင့်ပါတယ်။ သတ်မှတ်ထားတဲ့ပမာဏထက် ပိုသုံးမိမယ်ဆိုရင် အပင်ကို အဆိပ်သင့်စေပြီး ပိုးမွှားများကို ဆေးယဉ်ပါးသွားစေနိုင်ပါတယ်
📌၄။ ဆေးဖျန်းနေစဉ် ဆေးဖျန်းခေါင်းကို ပါးစပ်ဖြင့်မှုတ်ခြင်း ❗
ဆေးဖျန်းနေတဲ့အချိန် ဆေးဖျန်းခေါင်း ပိတ်ဆို့နေတတ်တဲ့အခါ ပါးစပ်ဖြင့် မမှုတ်မိစေရန် အထူးသတိပြုရပါမယ်။အကာအကွယ်နှာခေါင်းစည်းကို သတိမမူဘဲ ချွတ်လိုက်မိမယ်ဆိုရင် ပိုးသတ်ဆေးနဲ့ ထိတွေ့သွားပြီး အန္တရာယ်ရှိလာနိုင်ပါတယ်။
📌၅။ ဆေးဖျန်းနေချိန်အတွင်း ခေတ္တနားပြီး ထမင်းစားခြင်း၊ အစာ တစ်ခုခုစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ရေသောက်ခြင်းများကို လုံးဝရှောင်ကြဉ်ရန် လိုအပ်ပါသည်။ ❗
ဆေးဖျန်းပြီးပြီဆိုပါက ဝတ်ဆင်ထားသော အင်္ကျီ၊ ဦးထုပ်၊ လက်အိတ်၊ နှာခေါင်းစည်း၊ မျက်မှန်၊ ဖိနပ်တို့ကို ဆပ်ပြာရည်နဲ့ စိမ်ပြီးတော့ ရေများများနဲ့ ပြောင်အောင် လျှော်ဖွပ်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်ကိုလည်း ဆပ်ပြာဖြင့်တိုက်၍ ရေများများချိုးပေးရန် လိုအပ်ပါတယ်။ အသုံးပြုပြီးသွားသော ဆေးပုလင်းများနဲ့ ဘူးခွံများကို ကျင်းနက်နက်တူး၍ မြှုပ်ပြီး မြေဖို့ပေးရန် လိုအပ်ပါတယ်။ ✅
🗣ဦးကြီးတို့အနေနဲ့ ပိုးသတ်ဆေးဖျန်းတဲ့အခါ ဒီအချက်တွေကို ဂရုစိုက်ဖို့ မမေ့နဲ့နော်။❗❗
#ပိုးသတ်ဆေးဖျန်းခြင်း