Codoverse

Codoverse Build the future with us

Free Programming Foundation Course with Java ☕️💻"AI ခေတ်ကြီးထဲမှာ Programming အခြေခံတွေ လေ့လာဖို့ လိုသေးလို့လား" လို့ မေ...
17/07/2026

Free Programming Foundation Course with Java ☕️💻

"AI ခေတ်ကြီးထဲမှာ Programming အခြေခံတွေ လေ့လာဖို့ လိုသေးလို့လား" လို့ မေးစရာရှိနိုင်ပါတယ်။ အမှန်တကယ်တော့ ကိုယ်သွားချင်တဲ့ လမ်းကြောင်းနဲ့ ရည်မှန်းချက်အပေါ် မူတည်ပြီး အခြေခံပိုင်နိုင်ဖို့က အရေးကြီးနေဆဲပါပဲ။

နည်းပညာတစ်ခုကို သာမန်ကာလျှံကာလောက်ပဲ သိချင်တာလား၊ အခြေခံကစပြီး သေချာနားလည်ချင်တာလား ဆိုတာက အဓိကပါပဲ။ တကယ်တမ်း System အကြီးကြီးတွေကို တည်ဆောက်ကိုင်တွယ်ရတော့မယ်ဆိုရင် အဲ့ဒီနည်းပညာရဲ့ အလုပ်လုပ်ပုံနဲ့ Programming Language တစ်ခုရဲ့ အခြေခံ သဘောတရားတွေကို နက်နက်နဲနဲ သိထားဖို့ မရှိမဖြစ် လိုအပ်ပါတယ်။

ဒါကြောင့် ဒီ Course လေးကို Programming အခြေခံ သေချာပိုင်နိုင်ချင်သူတွေအတွက် အထူးရည်ရွယ်ပြီး အခမဲ့ ဖွင့်လှစ်ပေးလိုက်တာပါ။ ကွန်ပျူတာ အခြေခံ သိပ်မရှိသေးတဲ့ သူတွေတောင် နားလည်လွယ်အောင် Java Programming ကို အခြေခံအကျဆုံးကနေ စတင်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်ကြားမယ့် ပုံစံ 🎥

ဒီ Course ကို သင်တန်းသားတွေ အဆင်ပြေစေဖို့အတွက် သင်ခန်းစာ Video Record တွေကို တစ်ရက်လျှင် တစ်ခုနှုန်းဖြင့် စနစ်တကျ တင်ပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ်အားတဲ့အချိန်၊ ကိုယ်အဆင်ပြေတဲ့ နေရာကနေ အချိန်မရွေး ဝင်ရောက်လေ့လာနိုင်ပါတယ်။

သင်တန်းသားတွေဘက်က နားမလည်တာတွေ၊ အခက်အခဲ တစ်စုံတစ်ရာ ရှိလာရင်ဖြစ်စေ၊ မေးခွန်းတွေ မေးချင်ရင်ဖြစ်စေ Live Session (Q&A) တွေကိုလည်း လိုအပ်သလို ပြုလုပ်ပေးသွားပါမယ်။ စာတွေ့အပြင် လက်တွေ့ပါ ကျွမ်းကျင်စေဖို့အတွက် လေ့ကျင့်ခန်း (Assignments) တွေနဲ့ Demo Projects တွေလည်း ပါဝင်မှာပါ။

သင်ကြားမည့် အကြောင်းအရာများ 📚

0. Basic Command Line for Windows and Linux (စတင်လေ့လာသူများအတွက် မရှိမဖြစ် လိုအပ်ချက်)
1. Intro to Computer Science
2. Compiler vs Interpreter
3. Java Compiler
4. Java Language Basic
- .java vs .class
- Class Anatomy
- Variables
- Data types and Array
- Methods
- Conditional Statement
- Looping Statement
- Branching Statement

5. OOP (Object Oriented Programming)
- Encapsulation
- Inheritance
- Abstraction
- Composition vs Aggregation
- Sealed Class and Sealed Interface
- Object Oriented Design Principles (Focused on SOLID)

သင်တန်းပြီးသွားရင် ရှေ့ဆက်သွားရမယ့် လမ်းကြောင်း (Roadmap) တွေကိုပါ လမ်းညွှန်ပေးသွားမှာဖြစ်ပြီး၊ နောက်ထပ် ဆက်လက်လေ့လာနိုင်မယ့် အခမဲ့ အတန်းတွေကိုလည်း ကြိုးစားပြီး ထပ်မံဖွင့်လှစ်ပေးသွားပါဦးမယ်။

အချိန်မရွေး လေ့လာလို့ရတယ်ဆိုပြီး ပေါ့ဆမသွားစေဖို့အတွက် Deadline တစ်ခုတော့ သတ်မှတ်ထားပေးပါတယ်။ Video တွေကို ၅ လတိတိ အချိန်ပေးထားမှာဖြစ်ပြီး ၅ လပြည့်သွားရင်တော့ အလိုအလျောက် Archive လုပ်သွားမှာ ဖြစ်ပါတယ်။

သင်တန်းကို ဘယ်လို Join ရမလဲ? 🚀

ဒီ အခမဲ့အတန်းလေးကို တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါ အချက်လေးတွေကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ် -

- page ကို Like & Follow လုပ်ပေးပါ။ ယခု Post ကို Share ပေးပါ။ (Public မဟုတ်လည်းရပါတယ်။)
- TikTok ရှိလျှင် အကောင့်ကို Follow လုပ်ပေးပါ။ မရှိလည်း ရပါတယ်။
- Telegram Channel ကို Join ထားပေးပါ။

ဒီအချက်လေးတွေ ပြည့်စုံပြီဆိုရင်တော့ သင်တန်း Join ဖို့ Group Link ကို ချပေးသွားမှာ ဖြစ်ပါတယ်။

page: https://facebook.com/codoverse
TikTok: https://tiktok.com/
Telegram Channel: https://t.me/codoverse

16/06/2026

🚀 𝐄𝐧𝐭𝐞𝐫𝐩𝐫𝐢𝐬𝐞 𝐁𝐚𝐜𝐤𝐞𝐧𝐝 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 (𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬)

Professional Backend Developer တစ်ယောက်အဖြစ် ရပ်တည်ချင်ပါသလား?

Enterprise Software လောကမှာ အခြေခံခိုင်ခိုင်မာမာနဲ့ လက်တွေ့ကျကျ တည်ဆောက်နိုင်မယ့် Backend Skills တွေကို တစ်ဆင့်ချင်း စနစ်တကျ သင်ကြားပေးမယ့် အတန်းသစ်လေး ဖွင့်လှစ်လိုက်ပါပြီ။

📚 𝐖𝐡𝐚𝐭 𝐘𝐨𝐮 𝐖𝐢𝐥𝐥 𝐋𝐞𝐚𝐫𝐧

☕ 𝐏𝐡𝐚𝐬𝐞 𝟏: 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐰𝐢𝐭𝐡 𝐉𝐚𝐤𝐚𝐫𝐭𝐚 𝐄𝐄
Jakarta EE ရဲ့ အခြေခံသဘောတရားတွေကို ကောင်းကောင်းနားလည်အောင် အရင်တည်ဆောက်ပေးသွားမှာဖြစ်ပြီး Spring Framework မသွားခင် အုတ်မြစ်ခိုင်ခိုင်မာမာ ဖြစ်အောင် သင်ကြားပေးပါမယ်။

🔸 Servlet & JSP
🔸 JSF (JavaServer Faces)
🔸 CDI (Contexts and Dependency Injection)
🔸 Validation & Security
🔸 WebSocket
🔸 EJB (Enterprise JavaBeans)

🍃 𝐏𝐡𝐚𝐬𝐞 𝟐: 𝐌𝐚𝐬𝐭𝐞𝐫𝐢𝐧𝐠 𝐒𝐩𝐫𝐢𝐧𝐠 𝐅𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤
Enterprise လောကမှာ မဖြစ်မနေ သိထားသင့်တဲ့ Spring ရဲ့ Core Concepts တွေကို လက်တွေ့နဲ့တွဲပြီး သင်ကြားပေးသွားပါမယ်။

🔹 Spring Core (Beans, IoC Container)
🔹 AOP (Aspect-Oriented Programming)
🔹 SpEL (Spring Expression Language)
🔹 Spring Data & Web MVC
🔹 Spring Security & RESTful APIs

☁️ 𝐏𝐡𝐚𝐬𝐞 𝟑: 𝐂𝐥𝐨𝐮𝐝-𝐍𝐚𝐭𝐢𝐯𝐞 & 𝐌𝐢𝐜𝐫𝐨𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬
Modern backend architecture တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Cloud-Native knowledge တွေကိုပါ ထည့်သွင်းသင်ကြားပေးသွားမှာပါ။

🚀 Quarkus Framework နဲ့ တည်ဆောက်ခြင်း
🚀 Microservices Architecture
🚀 Docker အသုံးပြုပြီး Application Deploy လုပ်ခြင်း

👨‍💻 𝐖𝐡𝐨 𝐒𝐡𝐨𝐮𝐥𝐝 𝐉𝐨𝐢𝐧?

Backend Developer အဖြစ် ရေရှည်တည်တံ့ခိုင်မာစွာ ရပ်တည်ချင်သူတွေ၊ Java Basic ရှိပြီး next level တက်ချင်သူတွေ အတွက် အထူးသင့်တော်ပါတယ်။

💡 𝐂𝐨𝐮𝐫𝐬𝐞 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬

ဒီသင်တန်းတက်ဖို့ Java Basic ကို နားလည်တတ်မြောက်မှုရှိ/မရှိ Test တစ်ခုအရင် ဖြေဆိုရပါမယ်။
Java Basic အခြေခံ မခိုင်သေးဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ Java Basic (Pre-recorded) အတန်းကို အရင် join ပြီးမှ တက်ရောက်နိုင်ပါတယ်။

🎓 𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐨𝐫

သင်ကြားရေးအတွေ့အကြုံ ၅ နှစ်ကျော်ရှိပြီး လက်ရှိမှာလည်း အဆင့်မြင့် Enterprise Application များကို ကိုယ်တိုင် တည်ဆောက်နေတဲ့ software engineer တစ်ဦးက စာတွေ့/လက်တွေ့ ပေါင်းစပ်ပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

🗓 𝐂𝐥𝐚𝐬𝐬 𝐃𝐞𝐭𝐚𝐢𝐥𝐬

💻 သင်ကြားမည့်ပုံစံ: Fully Online Class (Microsoft Teams)
📅 စတင်မည့်ရက်: ၁၉.၇.၂၀၂၆ (19 July 2026)
📆 သင်တန်းရက်: စနေ၊ တနင်္ဂနွေ၊ တနင်္လာ
⏰ အချိန်: ည ၇:၃၀ မှ ၉:၃၀ အထိ (မြန်မာစံတော်ချိန်)
⏳ သင်တန်းကာလ: ၈ လ မှ ၁၀ လ
💰 သင်တန်းကြေး: တစ်လ ၁၀၀,၀၀၀ ကျပ်

💳 𝐏𝐚𝐲𝐦𝐞𝐧𝐭 𝐈𝐧𝐟𝐨

🔹 AYA Bank: 20021345481 (PYAE PHYO)
🔹 KPay: 09262990832 (U PYAE PHYO)
🔹 AyaPay: 09262990832 (PYAE PHYO)
🔹 Wave Pay: 09262990832 (Pyae Phyo)

✅ ငွေလွှဲပြီးပါက ပြေစာ screenshot ကို Codoverse Page Messenger သို့မဟုတ် Viber 09262990832 သို့ ပေးပို့ပြီး သင်တန်းအပ်နှံမှုကို အတည်ပြုနိုင်ပါတယ်။

Build the future with us

Java 25: Core & Beyond (Online Batch)အားလုံး မင်္ဂလာပါခင်ဗျာ။ Java Basic Online အတန်းကို ဖွင့်ပေးဖို့ တောင်းဆိုထားကြသူမျ...
02/04/2026

Java 25: Core & Beyond (Online Batch)

အားလုံး မင်္ဂလာပါခင်ဗျာ။ Java Basic Online အတန်းကို ဖွင့်ပေးဖို့ တောင်းဆိုထားကြသူများအတွက် "Java 25: Core & Beyond" အတန်းသစ်လေး ဖွင့်လှစ်လိုက်ပါပြီ။ 🚀

အရင်ဆုံး အတန်းမှာ ဘာတွေသင်မှာလဲ၊ ဘယ်လောက်ကြာမှာလဲ၊ သင်တန်းကြေး ဘယ်လောက်လဲ ဆိုတာလေးတွေကို အရင်ရှင်းပြပေးချင်ပါတယ်။

📚 သင်ကြားမည့် Outline များ

သင်တန်းမှာ အခြေခံကနေ Advanced ပိုင်းအထိ စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

✅ Foundations: CS Intro, Basic Concepts, CLI, Variables, Data Types, Operators, Expressions & Statements
✅ Object-Oriented (OOP): Class Design, Encapsulation, Inheritance, Polymorphism, Abstraction, Composition, OO Design Principles
✅ Core & Advanced: Advanced Java Types, Generics, Collections Framework, Lambda & Functional Interface, Optional & Stream APIs
✅ Libraries: String, Math, Exceptions, Date/Time & Localization, IO APIs & Java Module

⏱️ သင်တန်းကာလနှင့် သင်ကြားမှုပုံစံ

Java Version တွေ မြင့်လာတာနဲ့အမျှ သင်ကြားစရာတွေ ပိုများလာတဲ့အတွက် ထိရောက်မှုအရှိဆုံး Hybrid Learning စနစ်ကို သုံးသွားပါမယ်။

🔹 Live Sessions (၄ လ): လုံးဝမသိမဖြစ် အရေးကြီးတဲ့ Core Concepts တွေကို ဆရာနဲ့ တိုက်ရိုက် ဆွေးနွေးသင်ကြားမှာ ဖြစ်ပါတယ်။
🔹 Pre-recorded Lessons: String, Math, IO, Date & Time စတာတွေကိုတော့ သင်တန်းကာလ လျှော့ချနိုင်ဖို့အတွက် ဗီဒီယိုနဲ့ တင်ပေးသွားမှာ ဖြစ်ပါတယ်။
🎥 Recording: စာသင်ကြားသည့်အခါ OBS Studio ဖြင့် Record ဖမ်းပေးထားမှာဖြစ်ပြီး သင်ခန်းစာများကို ပြန်လည်လေ့လာနိုင်အောင် တင်ပေးသွားမှာ ဖြစ်ပါတယ်။

"အခြေခံကို ပိုင်အောင်လုပ်၊ အခြေခံပိုင်ရင် ကျန်တာ အေးဆေးပဲ" ဆိုတဲ့အတိုင်း သင်တန်းကာလ ၄ လအတွင်းမှာ Coding Assignments နဲ့ Quizzes တွေနဲ့ တတ်မြောက်မှုအတွက် သေချာစိစစ်သွားမှာပါ။ 🎯

🌍 ဘာကြောင့် Java ကို သင်ယူသင့်တာလဲ?

Java ဟာ ဆယ်စုနှစ်များစွာတိုင်အောင် ကမ္ဘာ့အသုံးအများဆုံးနဲ့ လူကြိုက်အများဆုံး Programming Language စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။
🔹 Enterprise Systems: ကမ္ဘာကျော် ဘဏ်လုပ်ငန်းတွေ၊ အာမခံနဲ့ လုပ်ငန်းကြီးတွေရဲ့ Backend စနစ်တွေမှာ Java ကို အဓိက သုံးပါတယ်။
🔹 Mobile Development: Android App တွေရဲ့ ပင်မအုတ်မြစ် ဖြစ်ပါတယ်။
🔹 Performance & Security: စနစ်ကြီးမားလေလေ Java ရဲ့ မြန်ဆန်မှုနဲ့ လုံခြုံစိတ်ချရမှုကို ပိုသိသာလေလေပါပဲ။
🔹 Cloud & Big Data: ခေတ်သစ် Cloud Computing နဲ့ Big Data နယ်ပယ်တွေမှာလည်း Java က မရှိမဖြစ် နေရာယူထားပါတယ်။
🎯 ဒီ Course ကို ဘယ်လိုလူတွေ တက်သင့်သလဲ?

✅ Programming ကို အခြေခံကနေ စနစ်တကျ စတင်လေ့လာချင်သူများ
✅ Programming Language တစ်ခုခုကို အခြေခံခိုင်မာအောင် လုပ်ပြီး Career ကောင်းတစ်ခု တည်ဆောက်ချင်သူများ
✅ Java ရဲ့ နောက်ဆုံးထွက် Version 25 အထိ Update ဖြစ်ချင်တဲ့ Developer များ
✅ Backend Development နယ်ပယ်ထဲကို ခြေစုံပစ် ဝင်ရောက်ချင်သူများ

🗓️ သင်တန်းအသေးစိတ် အချက်အလက်များ

📅 စတင်မည့်ရက်: ဧပရယ် 25 ရက် (စနေနေ့)
🗓️ သင်တန်းရက်: စနေ၊ တနင်္ဂနွေ (တစ်ပတ် ၂ ရက်)
⏰ သင်တန်းအချိန်: ညနေ ၆:၃၀ နာရီ မှ ၉:၃၀ နာရီအထိ (မြန်မာစံတော်ချိန်)
📍 Platform: Microsoft Teams (Live Class) & Telegram (Info Sharing)

💰 သင်တန်းကြေး

သင်တန်းကြေးမှာ ၄ လစာအတွက် ၃၀၀,၀၀၀ (သုံးသိန်း) ကျပ် ဖြစ်ပါတယ်။

💳 သင်တန်းအပ်နှံရန် ငွေပေးချေမှု အချက်အလက်များ

သင်တန်းအပ်နှံလိုပါက အောက်ပါ Account များသို့ ငွေလွှဲပေးသွင်းနိုင်ပါတယ်ခင်ဗျာ။

🔹 AYA Bank: 20021345481 (PYAE PHYO)
🔹 KPay: 09262990832 (U PYAE PHYO)
🔹 AyaPay: 09262990832 (PYAE PHYO)
🔹 Wave Pay: 09262990832 (Pyae Phyo)

📩 ငွေလွှဲပြီးပါက ပြေစာ (Screenshot) ကို Page Messenger ကဖြစ်စေ၊ Viber (09262990832) သို့ဖြစ်စေ ပေးပို့၍ အပ်နှံမှု အတည်ပြုနိုင်ပါတယ်ခင်ဗျာ။

အခြေခံကို ခိုင်မာအောင် တည်ဆောက်ပြီး Java Developer တစ်ယောက်အဖြစ် အတူတူ လျှောက်လှမ်းကြရအောင်။ 😊

𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠 𝐅𝐨𝐫 𝐊𝐢𝐝𝐬=========================☘️ သားသားမီးမီးတို့အတွက် တီထွင်ဖန်တီးမှု Programming (𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐦𝐩𝐮...
07/11/2025

𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠 𝐅𝐨𝐫 𝐊𝐢𝐝𝐬
=========================
☘️ သားသားမီးမီးတို့အတွက် တီထွင်ဖန်တီးမှု Programming (𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠)
💻 သားသားမီးမီးတို့အတွက် ၂၁ ရာစုရဲ့ ရွေးချယ်မှုအများဆုံး၊ လူစိတ်ဝင်စားမှု အများဆုံး၊ hot အဖြစ်ဆုံး အနာဂတ်လမ်းကြောင်းကို ရှာဖွေနေပါသလား?
💻 သားသားမီးမီးတို့ ကြုံဆုံလာရမဲ့ အနာဂတ်ရဲ့ နည်းပညာလောကအတွက် အသင့်ပြင်ပေးဖို့ စဥ်းစားနေပါသလား?
💻 သားသားမီးမီးတို့ရဲ့ စိတ်ကူးဉာဏ်တွေကို ကွန်ပျူတာပေါ်မှာ အကောင်အထည်ဖော်စေချင်ပါသလား?
💻 သားသားမီးမီးတို့ ဖုန်းတွေ၊ ကွန်ပျူတာတွေ ရှေ့မှာ အချိန်ဖြုန်းနေတာထက် ကိုယ်တိုင်ဖန်တီးတတ်သူတစ်ဦး ဖြစ်လာစေဖို့ ဘယ်လိုကူညီပေးရမလဲ စဉ်းစားနေပါသလား?
💻 အနာဂတ်ရဲ့ ဖန်တီးရှင်တွေ ဖြစ်လာဖို့ သားသားမီးမီးလေးတွေကို ဘယ်လို လမ်းပြပေးရမလဲ စဥ်းစားနေပါသလား?
💻 သားသားမီးမီးတို့ရဲ့ Screen Time ကို အကျိုးရှိရှိ အသုံးချဖို့ နည်းလမ်းကောင်း ရှာနေပါသလား?
💻 သားသားမီးမီးတို့ရဲ့ ဝါသနာကို အနာဂတ်ရဲ့ ကျွမ်းကျင်မှုအဖြစ် ဘယ်လို ပြောင်းလဲပေးရမလဲ စဥ်းစားနေပါသလား?

စတဲ့ စတဲ့ မေးခွန်းတွေရဲ့ အဖြေဟာ ယခု ဖွင့်လှစ်လိုက်တဲ့ 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠 သင်တန်းမှာ အဖြေရှိပါတယ်။ သားသားမီးမီးတို့အတွက် ကွန်ပျူတာ Programming ကို ပျော်စရာအကောင်းဆုံး ဖြစ်အောင် သင်ကြားပေးမှာ ဖြစ်ပါတယ်။

သင်ခန်းစာများမှာ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ 𝐇𝐚𝐫𝐯𝐚𝐫𝐝 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ကနေပြီး ဝါရင့်ဆရာ/မများကိုယ်တိုင် ရေးဆွဲထားတဲ့ 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 ကို အခြေခံပြီး သားသားမီးမီးလေးတို့ကို -

💡 Scratch (Block-based Programming) ဖြင့် ကိုယ်ပိုင် Game များ၊ Animation များ၊ Interactive Story များ ဖန်တီးလာနိုင်အောင်။
💡 Algorithm, Logic (AND, OR, NOT), Variables စသော Computational Thinking Concepts များကို လက်တွေ့ကျကျ နားလည်လာနိုင်အောင်။
💡 ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving Skills) နှင့် တီထွင်ဖန်တီးနိုင်စွမ်း (Creativity) များ တိုးတက်လာအောင် တို့အပြင်
💡 သားသားမီးမီးတို့ရဲ့ သင်ယူနိုင်စွမ်းအပေါ် စိစစ်ပြီး Text based Programming(AI, Machine Learning နှင့် Data Analysis ကဲ့သို့ နည်းပညာမြင့် နယ်ပယ်များတွင် အခြေခံကျသော Language) ဖြစ်တဲ့ Python Languague Basic ကိုလည်း ထည့်သွင်း သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဒီ Course မှာ ကန့်သတ်ချက်တွေတော့ ရှိပါတယ်။
📌 အသက် ၆ နှစ်မှ ၁၅ နှစ်အတွင်း သားသားမီးမီးလေးတွေပဲ သင်တန်းအပ်နှံလို့ရမှာပါ။
📌 သင်တန်းကို အပြင်မှာ ဆရာကိုယ်တိုင် သင်ကြားမှာဖြစ်ပါတယ်။ On Campus အတန်းအဖြစ်ပါတယ်။ (Online မဟုတ်ပါ)
📌 သင်တန်းတက်မည့် သားသားမီးမီးတို့မှာ ကိုယ်ပိုင်ကွန်ပြူတာတစ်လုံး ရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ မရှိသေးရင် ကွန်ပြူတာနဲ့ ပတ်သက်ပြီး Instructor နဲ့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ၊ Page Messenger ကဖြစ်စေ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

သားသားမီးမီးတို့က ကျောင်းစာကတစ်ဖက်၊ သင်တန်းစာကတစ်ဖက် နဲ့ ဝန်ပိနိုင်လား?
𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 ရဲ့သဘောသဘာဝကိုက အလွတ်ကျက်မှတ်ခြင်းထက် လက်တွေ့ရေးသားဖန်တီးခြင်းက ပိုမိုထိရောက်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့ကို ကျောင်းစာကိုသာ အာရုံစိုက်ခိုင်းဖို့လိုပါတယ်။ သင်တန်းက တစ်ပတ်ကို နှစ်ရက်တည်းဖြစ်လို့ ကြားရက်မှာ တစ်ရက် သို့ နှစ်ရက်မှာ အချိန် တစ်နာရီလောက် ပေးရင် သားသားမီးမီးတို့အတွက် အဆင်ပြေပါတယ်။ အတန်းချိန်မှာ သင်ယူခဲ့တဲ့ Concept တွေကို အားလပ်ချိန်မှာ Project အသေးလေးတွေ ပြန်လည်လေ့ကျင့်ကြည့်တာ၊ ကိုယ့်စိတ်ကူးတွေနဲ့ ထပ်ဖြည့်စွက်တာ၊ Challenge တွေကို ဖြေရှင်းကြည့်တာမျိုး လုပ်နိုင်ရင် သားသားမီးမီးတို့ ပိုပြီး တိုးတက်စေနိုင်မှာပါ။ တကယ်လို့ သားသားသားမီးမီးတို့က အချိန်မပေးနိုင်ရင်တောင် ကျွန်တော်တို့သင်တန်းက တစ်ပတ်စာကို သင်ခန်းစာတွေပြန်နွှေးပြီးမှ သင်ခန်းစာအသစ်ဆက်လက် သင်ကြားမှာဖြစ်ပါတယ်။ အချိန်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်။

ကွန်ပြူတာမသုံးတတ်ရင်ရော သင်တန်းအပ်နှံလို့ရလား?
အခြေခံကွန်ပြူတာသုံးတတ်ဖို့အတွက်လည်း ထည့်သွင်းသင်ကြားပေးမှာမို့ မသုံးတတ်ရင်တောင် သင်တန်းအပ်နှံလို့ ရပါတယ်။

သားသားမီးမီးတို့အတွက် တခြားသိချင်သည့် မေးခွန်းများကို သင်တန်းမှာ လာရောက် ဆွေးနွေးလို့လည်းရသလို ဖုန်းဆက်ပြီးလည်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

သင်တန်းစမည့်ရက် - ၆.၁၂.၂၀၂၅
သင်တန်းအချိန် - ညနေ ၁ နာရီ မှ ၂:၃၀ နာရီအထိ
သင်တန်းကြာချိန် - ၄ လ
သင်တန်းရက် - စနေ၊ တနင်္ဂနွေ (တစ်ပတ်နှစ်ရက်)
သင်တန်းကြေး - တစ်လ (၇၀၀၀၀) ကျပ်

** သင်တန်းသား (၁၀) ယောက်သာ လက်ခံ သင်ကြားမှာ ဖြစ်ပါတယ် **
သတင်းကောင်းအနေနဲ့ ပထမဆုံးအပ်နှံမည့် သားသားမီးမီး (၅) ဦးကို Early Bird Discount (၂၀၀၀၀) ကျပ် ပေးသွားမှာဖြစ်ပါတယ်။

သင်တန်းအပ်နှံမည်ဆိုလျှင်
AYA Banking - 20021345481 (PYAE PHYO)
KPay - 09262990832 (U PYAE PHYO)
AyaPay - 09262990832 (PYAE PHYO)
Wave Pay - 09262990832 (Pyae Phyo)

တို့ကို ငွေလွှဲပြီး ပြေစာ screenshot ကို Page Messenger ကဖြစ်စေ Viber (09262990832) ကိုဖြစ်စေ ပေးပို့ပြီး confirm နိုင်ပါတယ်ခင်ဗျ။

သင်တန်းလာရောက်အပ်နှံလိုလျှင် -
အိမ်အမှတ် ၁၄/၆၂၊ ပေါင်းလောင်း ၁၂ လမ်း၊ ပေါင်းလောင်း ၁ ကို လာရောက် အပ်နှံနိုင်ပါတယ်။ Google Map ထောက်ကြည့်လို့ ရပါတယ်။
https://maps.app.goo.gl/pgbi8jxX41JcZHvk9

Java Free Class လေးမှာ အရင်ပတ် တနင်္ဂနွေက Data Type အကြောင်း စပြောဖြစ်တယ်။ ဒီနေ့အထိ Underscore Literal အကြောင်းပဲ ရောက်တ...
19/10/2025

Java Free Class လေးမှာ အရင်ပတ် တနင်္ဂနွေက Data Type အကြောင်း စပြောဖြစ်တယ်။ ဒီနေ့အထိ Underscore Literal အကြောင်းပဲ ရောက်တယ်။ ဒါပေမဲ့ အဆင်ပြေတယ်။ အကြောင်းအရာတခုကို သေသေချာချာ သူတို့ နားလည်သွားလို့။ ကလေးတွေ ကျွန်တော့်ကို မရှိန်ဘူး။ မေးစရာရှိတာမေးတယ်။ သူတို့လေးတွေကို ပညာတခုကို လေ့လာရတာ ပျော်စရာကောင်းတယ်ဆိုတာမျိုးကို ဖြစ်စေချင်တယ်။ သူတို့လည်း ပျော်ရွှင်ကြတယ်။ ဝမ်းသာပီတိ ဖြစ်ရပါတယ်။

မနေ့က full-stack အတန်းမှာ unary နဲ့ binary အကြောင်းလေ့လာခဲ့ပြီး number တွေကို counting လုပ်ခဲ့ပါတယ်။ ဒီနေ့ Text တွေကို c...
17/10/2025

မနေ့က full-stack အတန်းမှာ unary နဲ့ binary အကြောင်းလေ့လာခဲ့ပြီး number တွေကို counting လုပ်ခဲ့ပါတယ်။ ဒီနေ့ Text တွေကို computer မှာ ဘယ်လို represent လုပ်သလဲ ဆက်လေ့လာကြပါမယ်။

The Full-stack Developer အတန်းအတွက် ဒုတိယအတွက် Discount ရသွားသူတွေကတော့1. Ei Khaing Soe2. Khaing Thin Kyi3. Htoo Aung Li...
15/10/2025

The Full-stack Developer အတန်းအတွက် ဒုတိယအတွက် Discount ရသွားသူတွေကတော့
1. Ei Khaing Soe
2. Khaing Thin Kyi
3. Htoo Aung Linn
တို့ ဖြစ်ပါတယ်။ Congratulation ပါ။ အရင်ပေါက်ပြီး အကြောင်းကြောင်းကြောင့် discount မယူလိုက်သူတွေလည်း စိတ်မကောင်းပါဘူး။ ပေါက်တဲ့သူတွေက မယူတဲ့အတွက် နောက်လူတွေကို ဆက်ပေးလိုက်ပါတယ်ဗျ။ Thanks guys.

The Full-stack Developer အတန်းလေး ဒီနေ့ စဖြစ်ပါတယ်။
14/10/2025

The Full-stack Developer အတန်းလေး ဒီနေ့ စဖြစ်ပါတယ်။

ဒီနေ့ Telegram Bot လေး အတွက် git init run လိုက်တာ အောက်ကလို warning ကြီးတက်လာလို့ ဘာလဲဆိုပြီး ကြောင်သွားသေးတယ်။ရှာကြည့်လ...
13/10/2025

ဒီနေ့ Telegram Bot လေး အတွက် git init run လိုက်တာ အောက်ကလို warning ကြီးတက်လာလို့ ဘာလဲဆိုပြီး ကြောင်သွားသေးတယ်။

ရှာကြည့်လိုက်တော့...

Git repository အသစ်တွေရဲ့ အဓိက branch ကို master လို့ နာမည်ပေးတာက ကျွန်တော်တို့အတွက် အသားကျနေခဲ့တာ။

ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ၊ Tech လောကတခုလုံးက master/slave လိုမျိုး ကျွန်စနစ်ကို အမှတ်ရစေတဲ့ စကားလုံးတွေအစား ပိုမိုသင့်တော်တဲ့ စကားလုံးတွေကို ပြောင်းသုံးလာကြတယ်တဲ့။

အဲ့ဒီရဲ့ ရလဒ်အနေနဲ့ GitHub, GitLab တို့လို Platform ကြီးတွေအားလုံးက repository အသစ်တွေအတွက် default branch နာမည်ကို master အစား main ဆိုတဲ့ နာမည်ကို တရားဝင် ပြောင်းသတ်မှတ်လိုက်တယ်။

ပြင်ဆင်ဖို့ဆို

အောက်က command နှစ်ကြောင်းကို run ရတယ်။

git config --global init.defaultBranch main

ဒီ commnad က နောက်နောင် git init လုပ်လိုက်တိုင်း default branch ကို master အစား main လို့ ပြောင်းလဲ လိုက်မှာပါ။

git branch -m main

ဒါကတော့ master ဖြစ်နေတဲ့ default branch က master ဖြစ်နေရင် main ကို ပြောင်းပေးမှာပါ။

ဒါဆိုရင် Git workflow က Ok သွားပြီ။ warning message ကိုလည်း နောက်တစ်ခါ မပြတော့ဘူး။

Happy Coding ပါ! 💻🚀

hint: Using 'master' as the name for the initial branch. This default branch name
hint: is subject to change. To configure the initial branch name to use in all
hint: of your new repositories...

Address

Yuzana Street, Ywar Kaught
Pyinmana
15041

Alerts

Be the first to know and let us send you an email when Codoverse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share