02/05/2025
ဒီနေ့တော့မိတ်ဆွေတို့ကို CPU Model နောက်ကပါတဲ့အက္ခရာလေးတွေ အကြောင်းပြောပြပေးမယ်။
CPUမှာများသောအားဖြင့်တော့ B,U,M,H,
HQ,K စသဖြင့်ပါတတ်ကြတယ်ဗျ။ ဘယ်လိုကြည့်ရလဲဆိုတော့ 7100U ဆိုပါစို့
အဲ့ဒါဆို U series ဗျ၊ 3340M ဆိုရင်တော့
M seriesပေါ့။
B,U ကတော့ Low Performance၊ဒါပေမဲ့
သူ့ရဲ့အားသာချက်က Battery ကြာကြာခံတယ်ဗျ၊ပုံမှန် Software လေးတွေကိုဇိမ်လေးနဲ့သုံးချင်တယ်ဆို ရွေးချယ်သင့်တဲ့အမျိုးအစားပဲ၊ကွန်ပျူတာအပူချိန်တက်တာ သက်သာတဲ့အားသာချက်လဲရှိတယ်၊
ကွန်ပျူတာအမျိုးအစားပေါ်မူတည်ပြီး Display ပိုင်းအားသာချက်တွေလဲရှိတယ်
B,U series က Low Performance ဆိုပေမဲ့လည်း Photoshop, Video Editing (not Professional) နဲ့ပုံမှန်ဂိမ်းတွေကောင်းကောင်းဆော့လို့ရပါတယ်။
H,HQ,Kကတော့ High Performanceပါ၊
ကွန်ပျူတာအပူချိန်မြင့်ခြင်း၊ ဘက်ထရီစားခြင်းစတဲ့ အားနည်းချက်တော့ရှိတယ်၊
ဈေးမြင့်တဲ့ Gaming Laptop တွေမှာအသုံးပြုလေ့ရှိတာကြောင့် Cooling စနစ်
ကောင်းကောင်းနဲ့ Cover ပြန်လုပ်ထားတော့OKတာပေါ့၊
Mကတော့B,U seriesထက်စာရင် CPU
Performance ကောင်းပါတယ်၊ အပူချိန်မြင့်
ဘက်ထရီစား စတဲ့အားနည်းချက်တွေတော့ရှိတာပေါ့၊ တခြား U series ဈေးမြင့်တာတွေနဲ့ယှဉ်ရင်လဲအားနည်းချက်တွေရှိတာပေါ့၊
ဒါနဲ့ကျန်ခဲ့တာလေးပြောပြရဦးမယ်၊i5-3340M နောက်က 2.3Ghz က Clock Speedပါ၊ ရိုးရိုးလေးတွေးလိုက်တဲ့အတိုင်း
Clock Speed များရင်ပိုကောင်းပါတယ်၊
(Clock Speed အကြောင်းကို လာမယ့် Post မှာ ထပ်ရှင်းပြဖို့ရှိပါတယ်)
ခုလက်ရှိ ကျနော်ကတော့ CPU performance ကောင်းတာလိုချင်လို့ i5-3340M (2nd Hand) လေးတွေ့လို့ ဝယ်သုံးနေပါတယ်။ အဓိက ရွေးချယ်ဖြစ်တဲ့ အကြောင်းရင်းက စျေးသက်သာတဲ့ အချက်ပါ။ U series အသစ်တွေနဲ့ ယှဉ်ရင် စျေးတော်တော်လေးသက်သာပြီး တော်တော်လေးယှဉ်သုံးနိုင်ပါတယ်။ ဖလန်း ဖလန်းအလုံးလေးပါ။ စက်ဟန်းတာ စက်လေးတာ မကြုံရသေးပါဘူး။(နောက် ကြုံလာရင် ပြန်ပြီး သတိပေးပြောပြမယ်နော်။)
ခုလောက်ဆို မသိသေးတဲ့ ချိဖ၊ ချိမတို့ Computer, Laptop ဝယ်မယ်ဆို ကိုယ်နဲ့သင့်တော်မယ့် အမျိုးအစားကိုရွေးချယ်လို့ရမယ် ထင်ပါတယ်။ (ဆရာကြီးများလည်း အမှားပါခဲ့ရင်ထောက်ပြပေးပါနော်။ 🙂 )
အများကြီးမရေးတော့ဘူးနော် ဖတ်ရတာ
မောနေမှာစိုးလို့(တော်တော်တောင် ရှည်သွားပြီ😁)
ဖုန်းနံပါတ် - 📞 09 79 10 15 165