KTM Computer Sale & Trainer

KTM Computer Sale & Trainer Man

10/02/2026

#နွေရာသီပိတ်ရက်. #ကျောင်းသား #ကျောင်းသူမျာ. #အချိန်မပေးနိုင်သော #ရုံးသမားများအတွက်
#အထူးအစီစဉ်.. #ကွန်ပျူတာ ကို အခြေခံမှ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နိုင်ဖို့ ကျွန်ုပ် သင်ကြားပေးမည်
#အခြေနေအကြောင်းကြောင်းကြောင့် သားသမီးများအပြင်ထွက်ရန် စိုးရိမ်သော မိဘများအတွက်..သားသမီးတို့အတွက် လုံခြုံစိတ်ချမှုနှင့် ​အေးချမ်းစွာ သင်ကြားနိုင်ဖို့အတွက် စီစဥ်ဖွင့်လစ်လိုက်သည်.. #ဆက်သွယ်ရန်. ၀၉၄၂၀၆၉၉၈၁၅

18/05/2025

မှာ Ctrl.+ C. And Ctrl +V လုပ်နေတုန်းလား
ဒီမယ်.. ဒါမျိုးလေး လုပ်ကြည့်. လိုက်လေ

02/04/2023

Computer အခြေခံအားနည်းတဲ့ သူငယ်ချင်းတွေအတွက် Computer အခြေခံ Error ဖြေရှင်းနည်းများ

မေး - Window 10 မှာ My Computer ပျောက်နေလို့။

ဖြေ - ကွန်ပျူတာရဲ့ လွတ်တဲ့ နေရာကို Right Click နှိပ်ပါ

Personalize >>> Themes >>> Computer ကို အမှန်ခြစ်ပါ >>> Apply >>Ok >> နှိပ်ပါ

************************************************
မေး - ကွန်ပျူတာ အောက်ခြေ Taskbar က အပေါ်ရောက်နေတယ်။

ဖြေ - ကွန်ပျူတာ အောက်ခြေ Taskbar က အပေါ်ရောက်နေတယ်။ ဘေးဘက်တွေ ရောက်နေပါက

Taskbar အပေါ်ကို Mouse ဖြင့် အောက်ခြေကို ဖိဆွဲပါ။

ပြီးရင် Taskbar အပေါ်ကို Right Click နှိပ် Lock the taskbar ကို နှိပ်ပေးပါ။ Lock the taskbar မှာ အမှန်ခြစ်ပြပါက အဆင်ပြေပါပြီ။

************************************************

မေး - ကွန်ပျူတာ မျက်နှာပြင်မှာ ဖိုင်တွေ ဆော့ဝဲလ်တွေ ပြန့်ကျဲ နေပါသည်။ တစ်စုတစ်စည်းထဲ ဖြစ်ချင်ပါသည်။

ဖြေ - ကွန်ပျူတာ မျက်နှာပြင်မှာ ဖိုင်တွေ တစ်စုတစ်စည်းထဲ စီနေချင်ပါက ကွန်ပျူတာ လွတ်တဲ့နေရာ Right Click နှိပ်ပါ။

View >>> Auto arrange icons မှာ အမှန်ခြစ်ပါ

************************************************

မေး - ကွန်ပျူတာကို Screen Shot ရိုက်ချင်ပါသည်။

ဖြေ - ကွန်ပျူတာမှာ Screen Shot ရိုက်ချင်ပါက Keyboard မှ PrtSc SysRq ကို နှိပ် ရိုက်ပါ

ပြီးရင် Paint ကို ဖွင့်ပါ။ Ctrl + V နှိပ်ပါ။

လိုသလို ဆိုဒ်ဖျက် Save သိမ်းပါ။

Snipping Tool နဲ့လည်း Screen Short ရိုက်နိုင်ပါတယ်

Search box မှာ Snipping Tool လိုရိုက်ထည့်လိုက်ရင် ကတ်ကြေးပုံလေးပေါ်လာရင် ရပါပြီခင်ဗျ :-)

************************************************

မေး - ကွန်ပျူတာ ပေါ် တင်ထားသော ဆော့ဝဲလ်များ မကြိုက်လို့ ဖြုတ်ချင်ပါသည်။

ဖြေ - ကွန်ပျူတာပေါ်က တင်ထားသော ဆော့ဝဲလ်များ မကြိုက်လို့ ဖြုတ်ချင်ပါက My Computer ထဲ ဝင်ပါ။ Menu bar အောက်က Uninstall or change a program နှိပ် ဖြုတ်နိူင်ပါတယ်။

နောက်တစ်နည်း -

Start >>> Control Panel >>> Programs and Features ကို နှိပ်ပါ။ ပြီးရင် မလိုချင်သော ဆော့ဝဲလ်များကို ဆော့ဝဲလ်ပေါ် Right Click နှိပ် Uninstall ချနိုင်ပါသည်။

နောက်တစ်နည်း -

Window + R ဖြင့် Run box ခေါ် Run Box မှာ appwiz.cpl ဟုရိုက် Enter ခေါက်၍ Programs and Features ထဲ သွားရောက် Uninstall ချနိုင်ပါသည်။

************************************************
Credit - Ko Myo Thant

13/03/2023

Owner.. Video..
အလွယ်တကူ လေ့လာနည်းလေး.. သေချာမှတ်ပီးလေ့လာပါ.....

13/03/2023

အစကတော့.. ဟိုစမ်းစမ်း..ဒီစမ်းစမ်းပေါ့လေ..

စျေး အသင့်တင့်လေးတွေ နဲ့ ရုံးသုံး ..ကျောင်းသုံးလေးတွေ သုံးချင်တယ်ဆို.. Hello လိုက်ပါ.အိမ်အရောက်ပို့ပေးပါမည်.
07/03/2023

စျေး အသင့်တင့်လေးတွေ နဲ့ ရုံးသုံး ..ကျောင်းသုံး
လေးတွေ သုံးချင်တယ်ဆို.. Hello လိုက်ပါ.အိမ်အရောက်ပို့ပေးပါမည်.

07/03/2023

ကွန်ပျူတာတွေမှာ Virus ရှိနေရင်

ကိုယ့်ကွန်ပျူတာတွေမှာ Virus ရှိ၊ မရှိကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ပါတလ်... Antivirus Software မရှိဘဲ စစ်ဆေးနိုင်တဲ့ နည်းလမ်းများစွားရှိပါတလ်.....

အရင်ဆုံးစစ်ဆေးကြည့်ရှု ရမှာကတော့ ...

Tools Menu က Folder Options ပျောက်နေခြင်း

Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပျူတာ Restart ကျနေခြင်း

Administrator Account ဖြစ်ရဲ့သားနဲ့ Registry Editor, Task Manager ဖွင့်မရခြင်း

Hidden Files, Hidden System Files တွေကို ဖော်မရဖြစ်နေခြင်း

Folder တွေကို Double Click နှိပ်လိုက်တိုင်း My Document Folder ပဲပေါ်နေခြင်း၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမှလည်းမတတ်လားခြင်း

Memory Stick ရဲ့ Drive ပေါ်မှာ right click နှိပ်လိုက်ရင် Open က ထိပ်ဆုံးရောက်နေ မယ့်အစား Autoplay က ထိပ်ဆုံးရောက်နေခြင်း

Drive တွေ၊ Memory Stick တွေကို Double click နှိပ်လိုက်တိုင်း OpenWith Box ပဲပေါ်လာခြင်း

Memory Stick ထဲက Folder တွေပေါ်မှာ Right click နှိပ်ပြီး properties ကိုရွေးရင် Type မှာ File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေခြင်း

My Folder ဆိုတဲ့ Folder အောက်မှာ MyFolder.exe ကိုတွေ့မြင်နေရခြင်း (Folder ၏ နာမည်နှင့်တူသော exe ၀င်ရောက်နေခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။)

Task Manager ကိုဖြင့္ပါ။ (Ctrl+Alt+Del). Flashy, Fun, New Folder စတဲ့ Process တွေနဲ့ မသင်္ကာဖွယ်ရာ Process တွေ Run နေခြင်း (Run နေတယ်ဆိုရင် ဘယ် Memory Stick မှမတပ်ပါနှင့်။ Virus ချက်ချင်း ကူးစက်ခံနိုင်ရပါတယ်။ Stick ကို Format ချလည်းအပိုပါပဲ။ ကိုယ်က Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါသည်။)

အထက်ပါ အချက်တွေထဲက တစ်ခုခု ဖြစ်နေရင် ကွန်ပျူတာမှာ သေချာသလောက်နီးပါး Virus or Trojan or spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါသည်။ အခြားစစ်ဆေးနည်းတွေ အများကြီးရှိပါသေးသည်။ ပိုသေချာအောင် Antivirus Software တစ်မျိုးမျိုးကို install လုပ်ပြီး Full Scan Run ကြည့်ပါ။ Virus ၀င်တာသေချာပြီးဆိုရင်တော့ Virus ကို အရင္သတ္လိုက္ပါ။ Virus Backup တောင်မလုပ်ထားပါနှင့်။ Backup လုပ်ထားတဲ့ Virus ကအန္တရာယ်ဖြစ်လာနိုင်ပါသည်။ တကယ့်ပြဿနာက Virus တွေကို အပြတ်ရင်းပြီးသည့်တိုင်အောင် Folder Options လို Feature မျိုး ပြန်မပေါ်လာဘူးဆိုရင် Hard Disk ကို Format ချပြီး Windows အသစ်တင်တာမျိုး မလုပ်ပါနဲ့။ Folder Option, Task Manager and Registry တို့ကို Tools တချို့အသုံးပြုပြီး ပြန်လည်ဖော်ထုတ်လုပ်ရပါတယ်။

အရင်ဆုံး System Restore Point တစ်ခုကို ဖန်တီးပါ။
Start > All Programs > Accessories > System Tool > System Restore ကိုဖွင့်ပါ။ Create a restore point ကိုရွေးပြီး Next ကိုနှိပ်ပါ။ Restore point description မှာ နာမည်တစ်ခုပေးပါ။ (ဥပမာ Before Repair ဆိုတာလိုမျိုးပေါ့။) ပြီးရင် Create ကိုနှိပ်ပါ။ Restore Point Created လို့ပေါ်လာရင် Restore point တစ်ခုကို အောင်မြင်စွာဖန်တီးနိုင်ပါပြီ။ Close ကိုနှိပ်ပြီး ထွက်ပါ။

Registry Editor ကိုအသုံပြုပြီး ပြင်ဆင်မှာ ဖြစ်လို့
Registry Database ကို backup လုပ်ထားနည်း

Start > Run ကိုဖွင့်ပါ။ regedit လို့ရိုက်ထည့်ပါ။ File > Export ကိုရွေးပါ။ နာမည်တစ်ခုကို ပေးပြီး save လုပ်ပါ။

Windows ကို Repair လုပ်နိုင်ဖို့ အတွက် Windows ခွေ တစ်ချပ်ရှိထာဖို့လိုပါလိမ့်မယ်။ ( Windows CD တိုင်းကတော့ Windows ကို Repair လုပ်ပေး နိုင်မှာ မဟုတ်ပါဘူး။)

System Restore Point နဲ့ Registry ကို backup လုပ်ပြီးပြီးဆိုရင် အရေးကြီးတာတစ်ခု လုပ်ရပါလိမ့်မည်။ Data တွေကို Backup လုပ်ထားဖို့ပါပဲ။

Task Manager, Registry Editor & Folder Options ကိုဖော်ယူခြင်း

Task Manager, Registry Editor and Folder Option ကိုဖော်ယူဖို့အတွက် အရင်ဆုံး ကွန်ပြူတာမှာ Virus ကင်းဖို့လိုပါသည်။
ပထဆုံး Task Manager ပွင့်၊ မပွင့် ကြည့်ပါ။ Start > Run မှာ taskmgr လို့ရိုက်ထည့်ပါ။ (Crtl + Alt + Del). Task manger has been disabled by your administrator
လို့တွေ့ရရင် Task Manger ကို Virus ကတော့ပိတ်သွားပြီလို့ ယူဆနိုင်ပါတယ်။ Task Manager ကို registry ကနေပြန်ဖွင့်ရလိမ့်မယ်။

Start > Run မှာ regedit လို့ရိုက်ထည့်ပါ။ Registry ပွင့်တယ်ဆိုရင် Task Manager and Folder Options ကို Manual ပြန်ဖွင့်လို့ရပါတယ်။ Registry ကိုဖွင့်ပြီး

HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer (AND) HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ Policies\Explorer မှာ No Folder Options ဆိုတဲ့ Key ကိုတွေ့ရင်ဖျက်ပါ။ (Right Click > Delete)
HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\System (AND) HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ Policies\System မှာ Disabled TaskMgr ဆိုတဲ့ Key ကို တွေ့ရင်လည်းဖျက်ပါ။

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Run (AND) HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\ Policies\Run က Key
တွေအားလုံးကိုလည်းဖျက်ပါ။

အဲဒါတွေက ကွန်ပြူတာ ဖွင့်ဖွင့်ချင်းမှာ တက်လာမယ့် Program စာရင်းတွေဖြစ်ပါတယ်။ Virus က အဲဒီ နေရာကနေ စတင် Run တာပါ။ အားလုံးပြီးရင်တော့ ကွန်ပြူတာကို Restart ချပါ။ Folder Options and Task Manager ပြန်ရမရစစ်ပါ။ ပြန်မရဘူးဆိုရင် Registry ကိုပြန်ဖွင့်ပြီး HKEY_CURRENT_USER\ Software\ Microsoft\Windows\C urrentVersion\ Policies\ Explorer ကိုပြန်သွားပါ။ No Folder Options ပြန်ရောက်နေတယ်ဆိုရင် Virus မသေသေးပါဘူး။ Virus ကိုအရင်သတ်ပါ။

အကယ်၍ Registry ပွင့်ပြီး ကွန်ပြူတာ Restart ကျသွားရင်တော့ ကွန်ပြူတာမှာ Virus ရှိနေပါသေးတယ်။ ပြီးတော့ Run လည်း run နေသေးပါတယ်။ Virus ကင်းအောင် အရင် လုပ်သင့်ပါတယ်။ (Kaspersky ကိုအသုံးပြုရင် အဆင်ပြေနိုင်ပါတယ်။)

ဒါမှမဟုတ် Registry editing had been disabled by your administrator လို့တွေ့ရရင် Registry ကိုလည်း Virus ကပိတ်သွားပါပြီ။ အဲဒါဆိုရင်တော့ Tools တစ်ခုခုသုံးမှအဆင်ပြေနိုင်ပါတော့မည်။ (e.g Cover XP). အဲဒါတွေအပြင် iRepair Man လို့ခေါ်တဲ့ Program လေးတစ်ခုကို အသုံးပြုနိုင်ပါသည်။ သူက Folder Options, Task Manager and Registry ကိုပြန်ဖွင့်ပေးပါလိမ့်မည်။ http://www.isoft.ygn.cc မှာ Download ချယူနိုင်ပါသည်။

Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပေါ်နေခြင်း၊ ဘာမှမတက်လာခြင်း။
Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပေါ်နေခြင်း၊ ဘာမှမတက်လာခြင်း ဖြစ်နေပြီးဆိုရင်တော့ အဲဒီ Folder ဟာ User ရဲ့ Folder
အရောင်ဆောင်ထားတဲ့ Virus တစ်ခုပဲဖြစ်ပါတယ်။ အဲဒီ File ကို Right click နှိပ်ပြီး Type of file မှာကြည့်ကြည့်ပါ။
File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေတယ်။ User ဟာ Folder ကို Double click လုပ်လိုက်ပြီဆိုတာနှင့် ကွန်ပြူတာထဲကို Virus ကတန်းဝင်သွားပါပြီ။

များသောအားဖြင့် Virus ကိုက်နေတဲ့ စက်မှာ သွားတပ်မိတဲ့ Memory Stick တွေမှာ တွေ့ရများပါသည်။
မှိန်နေတဲ့ Folder တွေကတော့ User ရဲ့ Folder အစစ်တွေပါပဲ။ ထင်းနေတဲ့ Folder တွေကတော့ Folder အယောင်ဆောင် File လေးတွေပဲဖြစ်ပါတယ်။ File ကို Select လုပ်လိုက်တဲ့ အခါ Detail မှာ Application လို့ပေါ်နေတာကို သတိထားမိမှာပါ။ မှိန်နေတာလေးတွေကို မြင်ရတယ်ဆိုရင်တော့ ဒီ Folder တွေပါဝင်တဲ့ Drive တစ်ခုလုံးကို Virus Scan စစ်ပေးပါ။ ထင်းနေတဲ့ အယောင်ဆောင် Virus အားလုံးကိုတော့ Antivirus Software ကဖျက်သွားပါလိမ့်မယ်။ မှိန်နေတဲ့ Folder တွေကို Select လုပ်ပြီး File > Properties ကိုရွေးပါ။ Hidden မှာ Click ဖြုတ်ပါ။ Apply > OK ကိုနှိပ်ပါ။ ပြန်မြင်ရပါလိမ့်မည်။

တကယ်လို့ မမြင်ရတော့ဘူးဆိုရင် Tools > Folder Options > View > Do not show hidden files and folder ကိုရွေးထားမိလို့ မမြင်ရတာပါ။ အဲဒါကို Show hidden files and folder ကို ပြောင်းရွေးရင် Hide ဖြစ်နေတာတွေပြန်မြင်ရလာမှာပါ။ တစ်ခါတစ်လေမှာ Show hidden files and folder ကိုရွေးတာတောင် Tools > Folder Options > View > Do not show hidden files and folders ကိုပြန်ရွေးကြည့်ရင် Do not Show ပဲပြန်ဖြစ်နေတတ်ပါတယ်။ (အဲဒါက Rootkit တွေကြောင့်ဖြစ်တဲ့ ပြဿနာပါ။ Windows ကို repair လုပ်မှပြန်ကောင်း လာတော့မှာ ဖြစ်ပါတယ်။) နောက်ထပ်တစ်ခုကတော့ keyboard ပေါ်က F3 ကိုနှိပ်ပါ။ Search Box တက်လာရင် All files and folders ကိုရွေးပါ။ More advanced Options က Search hidden files and folders ကိုအမှန်ခြစ်လုပ်ပေးပါ။

All or part of the file name မှာ *.* လို့ရိုက်ထည့်ပြီး Search ကိုနှိပ်ပါ။ မှိန်နေတဲ့ Folder တွေကို select လုပ်ပြီး File > Properties ကိုရွေး၊ Hidden မှာ အမှန်ခြစ်ဖြုတ်ပြီး Apply > OK ကိုရွေးလိုက်ရင် ရပါပြီ။

သူများစက်မှာ သွားတပ်လာတဲ့ Memory stick ကို ကိုယ်စက်မှာတပ်ပြီးရင် Double click မနှိပ်လိုက်ပါနှင့်။ Virus ပါလာတယ်ဆိုရင် ချက်ချင်းကူးနိုင်ပါသည်။ Antivirus Software နှင့် Scan အရင်စစ်ကြည့်ပါ။ Antivirus Software မရှိဘူးဆိုရင် Drive ကို Right Click နှိပ်ကြည့်ပါ။ Open ကထိပ်ဆုံးရောက်နေရင် Memory Stick ထဲမှာ Virus ၀ငျနပေါတယျ။

Anti-Virus Software တစ်ခုခုတင်ပြီးတော့ Scan လုပ်ကိုလုပ်ရပါတော့မည်။

အဆင်ပြေကြပါစေ။
Credit...owner

ကွန်ပျူတာကို ဆိုင်မပို့ဘဲ ကိုယ့်ဘာသာကိုယ် clean ရအောင်( PC-personal computer ) မြန်အောင်လုပ်နည်း)ကွန်ပျူတာကို ဆိုင်မပို့...
06/03/2023

ကွန်ပျူတာကို ဆိုင်မပို့ဘဲ ကိုယ့်ဘာသာကိုယ် clean ရအောင်
( PC-personal computer ) မြန်အောင်လုပ်နည်း)

ကွန်ပျူတာကို ဆိုင်မပို့ဘဲ ကိုယ့်ဘာသာကိုယ် clean ရအောင် ( PC-personalcomputer ) မြန်အောင်လုပ်နည်း
လေးပါ။ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်းရပါတယ်
အဲဒီ Run box မှာပဲ
၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။
၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။
၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။
၄။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။
၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်ပါ.....။

နောက်တစ်နည်းကတော့ကျွန်တော်ပေးထားတဲ့ကုဒ်တွေကို copy ကူးပြီထည့်လိုက်ရုံပါ ဘယ်လိုလုပ်ရမယ်ဆိုတာ
ပြောပြပါမယ် ပုံကိုကြည့်လုပ်ပါ အောက်ပုံပါငယ်ချင်းတို့

ကလစ်တစ်ချက်ထောက်လိုက်ပါ ပုံမှာမြင်ရသည်အတိုင်းပါ New ပေါ်ကလစ်တင်လိုက်ပါ ဘောက်တစ်ခုကြလာပါလိပ်မယ်
Text Document ကိုကလစ်လိုက်ပါ file တစ်ခုကြလာပါမယ် အဲ file ကိုဖွင့်လိုက်ပါ ကျွန်တော်ပေးထား
တဲ့ code ကို copy ယူထည့် လိုက်ပါနော် အောက်ပုံပါနော်။

save as ကိုနှိပ်လိုက်တာနဲ့ ဘောက်တစ်ခုကြပါလိမ့်မယ် အဲမှာ save နဲသိမ်းရမှာပါ အောက်ပုံပါနော်

မိမိဘယ်မှာသိမ်းမှာလဲ desktop ပေါ်မှာသီမ်းမယ်ဆို desktop အရင်ကလစ်လိုက်ပါ နာမည်က pc clear.bat
လို့ မှန်အောင်ရေးထည့်ရမှာဖြစ်ပါတယ် ဒါဆိုရပြိပေါ့နော် မိမိရဲ desktop icon လေးတွေ့ပါလိပ်မယ် ကလစ်
(၂) ချက် (၃) ချက်နှိပ်လိုက်ရုံနဲ့ မိမိတို့ ကွန်ပျူတာကို ဆိုင်မပို့ဘဲ ကိုယ့်ဘာသာကိုယ် clean ရအောင်(PC-personal computer) မြန်အောင်လုပ်နည်း ဖြစ်သွားတာပေါ့ code ကိုတော့ အောက်မှာယူလိုက်နော်

offdel /s /f /q c:\windows\temp\*.*rd /s /q c:\windows\tempmd c:\windows\tempdel /s /f /q C:\WINDOWS\Prefetchdel /s /f /q %temp%\*.*rd /s /q %temp%md %temp%deltree /y c:\windows\tempor~1deltree /y c:\windows\tempdeltree /y c:\windows\tmpdeltree /y c:\windows\ff*.tmpdeltree /y c:\windows\historydeltree /y c:\windows\cookiesdeltree /y c:\windows\recentdeltree /y c:\windows\spool\printersdel c:\WIN386.SWPcls

Credit.Original Writer # crd
သိတဲ့ သူများ သိပီးသားဖြစ်မှာပါ.. မသိသေးသူများအတွက် နဲ့ သိသူများအားလဲ.. တဖန် ပြန်အသိပေးခြင်း

06/03/2023

Laptop သုံးပီး.. Dastop မှာ File သိမ်းလျှင် စက်.. ​နှေးမယ် ဟမ်းမယ်.. စနစ်တကျ သုံးတတ်ဖို့တော့ လိုမယ်..ဒါကလဲ ကွန်ပျူတာ သင်တန်း တက်ပီဆိုကတည်းက စနစ်တကျ သင်ပေးကြမှာပါ.. ဒါပေမဲ့ လိုက်နာတတ်ဖို့တော့လိုမယ်.. ... စာအုပ်စင်မှာ စာအုပ်အမျိုးစားခွဲ ထားသလို ကိုယ့် File ကို သပ်သပ်စီ ခွဲထားတတ်ရမယ်...

တနေ့က Fb မှာ လူငယ်တစ်ယောက်ကမေးတယ်Laptop လေးဝယ်ထားတယ်တဲ့ ဒါပေမဲ့ ဘာလုပ်ရမှန်းမသိဘူးတဲ့..လေ.. လမ်းပျောက်နေတဲ့သဘောပေါ့.. ကျ...
04/03/2023

တနေ့က Fb မှာ လူငယ်တစ်ယောက်ကမေးတယ်
Laptop လေးဝယ်ထားတယ်တဲ့ ဒါပေမဲ့ ဘာလုပ်ရမှန်းမသိဘူးတဲ့..လေ.. လမ်းပျောက်နေတဲ့သဘောပေါ့.. ကျွန်တော်လဲ အားပေးစကားတခွန်းပဲပြောလိုက်တယ်.. ** ရပ်မနေပါနဲ့ *** ..လို့
တခုခု လေ့လာပါ.. မှတ်သားပါ.. ပညာရပ်တခုဟာ အချိန်တခုကျလာရင် အသုံးချလို့ရပါပီ...ဒါပေမဲ့
ဆက်သွားရဦးမယ်... မိတ်ဆွေ.. # ရပ်မနေပါနဲ့ #
ဒီလူငယ်လေးနဲ့ ကျွန်တော် နီးတယ်ဆိုရင်တော့ သင်ပြပေးချင်ပါသေးတယ်..အဲသင်ပြပေးနိုင်ဖို့က Laptop လေးရှိမှလေ.. ဒါကြောင့်.. စျေးနှုန်းနဲနဲလေးကို မှ SSD သုံးထားတဲ့ Laptop ပုံကိုထောက်ကြည့်လိုက်ပါ.. စျေးနှုန်းနဲ့ အချက်လက်လေး..ရေးထားပါတယ်
တန့်ယန်းမြို့မှာ .. အိမ်တိုင်ရာရောက် သင်ကြားပေးမှာက အထူးအစီစဥ်.. ဆက်သွယ်ရန်
09420699815..09686263576 တန့်ယန်းမြို့

03/03/2023

HDD နှင့် SSD အားနားလည်ခြင်း. ဗဟုသုတလေးတွေ သိထားသင့်...

ကွန်ပျူတာဖွင့်လိုက်တာနှင့် windows အပါအဝင် လိုအပ်တဲ့ ဒေတာတွေကို hard disk ထဲကနေ system memory (RAM) ပေါ်သို့ကူးယူ ထည့်သွင်းရပါတယ်။ ထို့အတူပင် windows တက်ပြီးတဲ့အခါ program တွေ ဖွင့်သုံးလိုက်တိုင်းမှာလည်း သက်ဆိုင်ရာ ဒေတာများအား hard disk ထဲကနေ RAM ပေါ်သို့ ကူးယူရပြန်ပါတယ်။ ဖွင့်တာတွေ များလာတာနှင့် အမျှ RAM ထဲမှာ နေရာမဆံ့တော့ပါ။ အဲ့ဒီအခက်အခဲအား ပြေလည်စေဖို့ hard disk ထဲက ဧရိယာတခုကို RAM အဖြစ်သတ်မှတ်ပြီး ယူသုံးစေပါတယ်။ virtual memory လို့ခေါ်ပါတယ်။ ဒါ့ကြောင့် virtual memory သည် RAM အစစ်မဟုတ် hard disk သာ ဖြစ်တယ်ဆိုတာ သိထားရပါမယ်။

ဥပမာ ဖွင့်ထားတဲ့ Word, Excel နှစ်ခုထဲက Word ကိုသုံးနေမယ်ဆိုရင် word နဲ့ဆိုင်တဲ့ ဒေတာတွေကို RAM ထဲမှာထားပြီး minimize ဖြစ်နေတဲ့ Excel ရဲ့ ဒေတာများအား virtual memory ထဲသို့ ပို့ထားမှာဖြစ်ပါတယ်။ တဖန် Excel ကိုပြောင်းသုံးဖို့ ရွေးလိုက်တာနှင့် virtual memory ထဲမှ excel data များအား RAM ပေါ်သို့ ကူးယူခြင်း Word data များအားRAM ထဲကနေ virtual memory ပေါ်သို့ ပို့ခြင်းများ လုပ်ဆောင်ရပါတယ်။

ဤဖြစ်စဉ်အား သုံးသပ်ကြည့်ပါက hard disk သို့ ဒေတာများ ရေးခြင်း ဖတ်ခြင်းများဖြင့် ကြိမ်ဖန်များစွား စဉ်ဆက်မပြတ် လုပ်နေရတဲ့သဘောကို မြင်ရမှာဖြစ်တယ်။ ကွန်ပျူတာတလုံးရဲ့ မြန်ခြင်း နှေးခြင်းသည်လည်း RAM အနည်းအများ သာမက hard disk တို့၏ speed အပေါ်မှာလည်း မူတည်ကြောင်း သိနိုင်ပါတယ်။

SATA Bus

ယနေ့ကွန်ပျူတာတွေမှာ Hard Disk Drive (HDD) နှင့် Solid State Drive (SSD) ဆိုပြီး နှစ်မျိုးရှိပါတယ်။ ယင်း drive တို့အား Motherboard ပေါ်ကနေ ဒေတာများ အပြန်အလှန် ပေးပို့ရယူနိုင်အောင် ဝါယာလမ်းကြောင်းများဖြင့် ချိတ်ဆက်ထားရပါတယ်။ ထိုလမ်းကြောင်း အစုအဝေးအား BUS လို့ခေါ်ပြီး ကွန်ပျူတာ အများစုတွင် အသုံးပြုသော လမ်းကြောင်းမှာ SATA Bus ဖြစ်ပါတယ်။

2.5 SATA HDD
laptop တို့တွင် သုံးသော HDD အမျိုးအစား ဖြစ်ပါတယ်။ 2.5 သည် HDD ရဲ့ ကန့်လန့်ဖြတ် အတိုင်းအတာ ၂.၅လက်မ ကို ရည်ညွှန်းပြီး SATA သည် အသုံးပြုသော BUS အမည်အား ရည်ညွှန်းခြင်း ဖြစ်ပါတယ်။ HDD ဖြစ်သည့်အတွက် အထဲမှာ ဒေတာတွေ မှတ်သားထားဖို့ platter , platter ပေါ်မှ ဒေတာများအား ရေးဖို့ ဖတ်ဖို့ head arm တွေ , platter လည်ဖို့မော်တာ စသည့် moving parts များ ပါရှိပါတယ်။ Desktop ကွန်ပျူတာတွေမှာ သုံးတာ 3.5 SATA HDD ဖြစ်ပါတယ်။ အရွယ်အစားသာ ကွာပြီး interface connector အပါအဝင် သဘောတရား အားလုံး အတူတူဖြစ်သည့်အတွက် 2.5 SATA HDD အား Desktop ကွန်ပျူတာများတွင် တပ်ဆင် အသုံးပြုနိုင်ပါတယ်။

2.5 SATA SSD
2.5 SATA HDD တို့နေရာတွင် အစားထိုးရန် ထုတ်လုပ်ထားသော SSD အမျိုးအစား ဖြစ်ပါတယ်။ HDD တွေမှာလို moving parts တွေ မပါတော့ပဲ memory cell များအား chip များအတွင်း ထည့်သွင်း တည်ဆောက်ထားပါတယ်။ အဲဓိက အားသာချက်က HHD တို့ထက် ၅ဆ ပိုမြန်သောနှုန်းဖြင့် လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါတယ်။ ယင်း SSD အား desktop ကွန်ပျူတာတွေမှာလည်း တပ်ဆင်သုံးနိုင်ပါတယ်။

မြန်ဖို့အတွက် RAM တိုးရမလား SSD ပြောင်းရမလား

မြန်ဖို့အတွက်ဆို RAM တိုးတာရယ် လက်ရှိ HDD နေရာမှာ SSD အစားထိုးတာရယ် နည်းလမ်းနှစ်ခု ရှိတယ်။ RAM တွေဆိုတာက လက်ရှိ မည်သည့် drive ထက်မဆို ပိုမြန်တယ်။ RAM တိုးခြင်းဖြင့် virtual memory ဖြစ်တဲ့ hard disk သို့ ရေးဖတ် လုပ်ရတာနည်း သွားမှာ ဖြစ်သည့်အတွက် တချို့ကိစ္စတွေမှာ မြန်လာမှာ အသေအချာပါပဲ။ သို့သော် windows တက်တဲ့အခါ file တွေ သိမ်းတာ ဖွင့်တဲ့ အခါတွေမှာ disk drive အား access လုပ်နေရဦးမှာ ဖြစ်သည့်အတွက် hard disk နှေးရင် နှေးနေဦးမှာပါပဲ။ ဒါ့ကြောင့် RAM လဲတိုး SSD လဲပြောင်း ဆိုရင်တော့ သေချာပေါက် မြန်လာပါလိမ့်မယ်။ RAM နှင့် SSD နှစ်မျိုးထဲက တမျိုးပဲပြောင်းနိုင်မယ် ၊ မြန်လည်းမြန်ချင်တယ် ဆိုရင်တော့ RAM မတိုးပဲ HDD အစား SSD ပြောင်းရပါမယ်။ SSD နဲ့ပတ်သက်တဲ့ သတိထားရမည့် အချက်တချို့အားလည်း သိထားသင့်ပါတယ်။

Write cycles
drive တွင် ဒေတာတွေကို ဖျက်လိုက် ရေးလိုက်နဲ့ ထပ်ကာထပ်ကာ ပြန်ရေးနိုင်တဲ့ အကြိမ်အရေအတွက် ဖြစ်ပါတယ်။ မည်သည့် drive အမျိုးအစားမဆို အကြိမ်အရေအတွက် အကန့်အသတ် ရှိတယ်။ limit ကျော်လျှင် မည်သည့် drive မှ စိတ်မချရ အချိန်မရွေး ပျက်သွားနိုင်ပါတယ်။ SSD တို့၏ write cycles သည် HDD တို့နှင့် ယှဉ်လျှင် များစွာလျော့နည်းပါတယ်။ ဒါ့အပြင် SSD မှာသုံးထားတဲ့ memory chip တို့ရဲ့ အရည်အသွေးညံ့ရင် ညံ့သလောက် write cycle က ပိုနည်းဖို့ ရှိပါသေးတယ်။ RAM နည်းလေ virtual memory သို့ ရေးခြင်း ဖျက်ခြင်းများ ပိုလုပ်ရသည့်အတွက် သတ်မှတ် write cycle အရေအတွက်သို့ အချိန်တိုအတွင်း ရောက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် RAM တိုးခြင်းသည် drive သက်တမ်းအား ဆွဲဆန့်ထားစေနိုင်သည့် အကြောင်းရင်းတခုလည်း ဖြစ်ပါတယ်။

ပျက်တော့မှာလား
HDD ပဲဖြစ်ဖြစ် SSD ပဲဖြစ်ဖြစ် boot အတက်နှေးလာတယ် ၊ Read/Write speed တွေကျပြီး သုံးရတာ အရင်ထက် နှေးလာလေးလာရင် ဒေတာတွေကို backup လုပ်သိမ်းထားသင့်ချိန် ရောက်ပြီလို့ သိရပါမယ်။ သုံးနေရင်း blue screen ဖြစ်ပြီး ဝင်းဒိုးကျသွားခြင်းမျိုးက တခြားအစိတ်အပိုင်းများကြောင့် ဖြစ်တတ်သလို hard drive ကြောင့်လည်းဖြစ်တတ်ပါတယ်။ HDD တွေ ချို့ယွင်းတော့မယ်ဆို အသံပိုမြည်လာတာ ပုံမှန်မဟုတ်တဲ့ အသံစူးစူး တချက်တချက် မြည်လာတတ်တဲ့အတွက် အခြေအနေကို ကြိုတင်အကဲခေတ်နိုင်ပြီး ဒေတာကူးထားဖို့ အချိန်ရပါတယ်။ ဆုံးရှုံးမှုနည်းပါတယ်။ SSD တွေကျတော့ နှေးခြင်းလေးခြင်း ရှေ့ပြေးနမိတ်တွေ သတိမထားလိုက်မိရင် လုံးဝလစ်သွားမှပဲ သိနိုင်တာမျိုး ဖြစ်သည့်အတွက် အရေးကြီး ဒေတာတွေရှိရင် မကြာခဏ backup လုပ်သိမ်းကာ သုံးတတ်တဲ့ အကျင့်လေး မွေးထားသင့်ကြောင်းပါ။

03/03/2023

Laptop အမျိုးအစား အများကြီးရှိတယ်နော
စျေးနှုန်း နဲနဲ လေးနဲ့ ကိုယ်သုံးမည့် Brand ကို
ကိုယ်နိုင်မည့် စျေးလေးနဲ့ အသင့်တင့် စျေးနှုန်းလေးများ အား မှာယူနိုင်ပါတယ်.. Laptop ဝယ်လျှင် သိထားသင့်သည့် အချက် ( ၁၀ ) ချက်ကို သေချာနားလည်အောင် ဖတ်ပါ..

Address

Tangyan

Telephone

+959686263576

Website

Alerts

Be the first to know and let us send you an email when KTM Computer Sale & Trainer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KTM Computer Sale & Trainer:

Share