Success World Company Limited

Success World Company Limited Success World Company Limited is one of the largest and most recognized Telecommunication Distributor Companies in Myanmar.

📢 အလုပ်အကိုင် အခွင့်အလမ်းကောင်းများက သင့်အားစောင့်ကြိုနေပါပြီ။ ✨Success World Company Limited (လှိုင်မြို့နယ်ရုံးခွဲ) တွ...
11/07/2026

📢 အလုပ်အကိုင် အခွင့်အလမ်းကောင်းများက သင့်အားစောင့်ကြိုနေပါပြီ။ ✨

Success World Company Limited (လှိုင်မြို့နယ်ရုံးခွဲ) တွင် MPT SIM ကဒ်နှင့် ငွေဖြည့်ကဒ်များ ရောင်းချရန်အတွက် သွက်လက်တက်ကြွပြီး ရေရှည်လက်တွဲ လုပ်ကိုင်မည့် အရောင်းဝန်ထမ်း (Sale Staff) များ အမြန်အလိုရှိနေပါသည်။ 🤝🧑‍💼

(အသေးစိတ် အရည်အချင်းသတ်မှတ်ချက်များကို ပူးတွဲပါ ပုံတွင် ကြည့်ရှုနိုင်ပါသည် ခင်ဗျာ။)

📩 အလုပ်လျှောက်ထားရန် နည်းလမ်းများ
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form အပြည့်အစုံကို အောက်ပါနည်းလမ်းများအတိုင်း လွယ်ကူစွာ ပေးပို့ လျှောက်ထားနိုင်ပါသည်။
✉️ Email: [email protected] သို့ ပေးပို့၍လည်းကောင်း၊
💬 Messenger: ယခု Page ရဲ့ Messenger မှတစ်ဆင့် တိုက်ရိုက်ပေးပို့၍လည်းကောင်း၊
📲 Viber: ဖုန်းနံပါတ် ၀၉-၂၅၅၈၈၈၈၃၄ သို့ ပေးပို့၍လည်းကောင်း လျှောက်ထားနိုင်ပါသည်။

☎️ အသေးစိတ် ထပ်မံစုံစမ်းလိုပါက -
ဖုန်းနံပါတ် ၀၉-၂၅၅၈၈၈၈၃၄ နှင့် ၀၉-၂၆၄၄၄၄၀၅၅ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Success World Company Limited သင်္ဃန်းကျွန်းရုံးချုပ် နှင့် ပြည်ရုံးခွဲတွင် အလုပ်လုပ်ကိုင်ရန်အတွက် အောက်ဖော်ပြပါ ဝန်ထမ်း...
13/05/2026

Success World Company Limited သင်္ဃန်းကျွန်းရုံးချုပ် နှင့် ပြည်ရုံးခွဲတွင် အလုပ်လုပ်ကိုင်ရန်အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ အလိုရှိပါသည်။

၁။ သန့်ရှင်းရေးဝန်ထမ်း - မ (၁)ဦး
(သင်္ဃန်းကျွန်းရုံးချုပ်တွင် အလုပ်လုပ်ရမည် ဖြစ်သည်။)

✅ လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များ

- ရုံးခန်းအတွင်း အပြင် သန့်ရှင်းရေးလုပ်‌ဆောင်ရန်။
- ဘုရားကျောင်းဆောင် သန့်ရှင်းရေး ပြုလုပ်ခြင်း နှင့် နေ့စဉ် ပန်း၊ ရေချမ်း၊ ဆွမ်းတော်များ စနစ်တကျ ကပ်လှူပူဇော်ပေးရန်။
- အမှိုက်များအား နေ့စဉ် စနစ်တကျ ထုတ်ပိုး၍ စွန့်ပစ်ရန်။
-သန့်စင်ခန်းများကို သန့်ရှင်းတောက်ပအောင် ဆေးကြောရန်။
-အခြား သန့်ရှင်းရေးနှင့်ပတ်သက်သည့် ကိစွများပြုလုပ်ရန်။

✅ လိုအပ်ချက်များ
- ရိုးသားကြိုးစားပြီး အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။
- အလုပ်အပေါ် စေ့စပ်သေချာပြီး သန့်ရှင်းမှုကို ဂရုစိုက်သူဖြစ်ရမည်။
- ကျန်းမာရေးကောင်းမွန်ပြီး တက်ကြွစွာ လုပ်ကိုင်နိုင်သူဖြစ်ရမည်။
- အလုပ်ခွင် ရက်မှန်စွာ ဆင်းနိုင်သူ ဖြစ်ရမည်။

၂။ ပစ္စည်းပို့ ဝန်ထမ်း - ကျား(၁)ဦး
(သင်္ဃန်းကျွန်းရုံးချုပ်တွင် အလုပ်လုပ်ရမည် ဖြစ်သည်။)

✅ လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များ

- ရုံးမှ လုပ်ငန်းသုံး ပစ္စည်းများကို သတ်မှတ်ထားသော ကားဂိတ်များသို့ အချိန်မီ ပို့ဆောင်ပေးရန်။
- ဂိတ်တွင် ပစ္စည်းအပ်နှံပြီးနောက် ဂိတ်လက်ခံဖြတ်ပိုင်း (Voucher) များကို စနစ်တကျ ပြန်လည်ယူဆောင်လာရန်။
- ပစ္စည်းများ မပျောက်ဆုံး၊ မပျက်စီးစေရန် တာဝန်ယူ ကိုင်တွယ်ပို့ဆောင်ရန်။
- အခြား ပစ္စည်းပို့ခြင်းနှင့် သက်ဆိုင်သော ကိစွများ ပြုလုပ်ရန်။

✅ လိုအပ်ချက်များ

- အနည်းဆုံး ဆယ်တန်း(သို့) ဆယ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
- အသက်(၁၈)နှစ်မှ (၃၀)နှစ်အတွင်း ဖြစ်ရမည်။
-အကျင့်စာရိတ္တ ကောင်းမွန်ပြီး ရိုးသားမှုရှိကာ လုပ်ငန်းအပေါ် တာဝန်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။
- အလုပ်ခွင် ရက်မှန်စွာ ဆင်းနိုင်သူ ဖြစ်ရမည်။

၃။ အရောင်းဝန်ထမ်း - ကျား(၃)ဦး
(ပြည်ရုံးခွဲတွင် အလုပ်လုပ်ရမည် ဖြစ်သည်။)

✅ လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များ

- သတ်မှတ်ထားသော နယ်မြေအတွင်းရှိ ဆိုင်များသို့ ကိုယ်တိုင်သွားရောက်၍ ပစ္စည်းများ ရောင်းချရန်။
- ဆိုင်အသစ်(ဝယ်ယူသူ) ရှာဖွေခြင်းနှင့် ရှိပြီးသား ဆိုင်များနှင့် ရေရှည်ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ရန်။
- နေ့စဉ်သွားရောက်ခဲ့သည့် ဆိုင်စာရင်းများနှင့် အရောင်းမှတ်တမ်းများကို စနစ်တကျ ပြန်လည်တင်ပြရန်။
- Customer များ၏ လိုအပ်ချက်နှင့် ဈေးကွက်အခြေအနေကို လေ့လာတင်ပြရန်။
- အခြား အရောင်းပိုင်း လုပ်ငန်းကိစွများ ဆောင်ရွက်ရန်။

✅ လိုအပ်ချက်များ

- အနည်းဆုံး ဆယ်တန်း(သို့) ဆယ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
- အသက်(၁၈)နှစ်မှ (၃၀)နှစ်အတွင်း ဖြစ်ရမည်။
-အကျင့်စာရိတ္တ ကောင်းမွန်ပြီး ရိုးသားမှုရှိကာ လုပ်ငန်းအပေါ် တာဝန်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။
- အလုပ်ခွင် ရက်မှန်စွာ ဆင်းနိုင်သူ ဖြစ်ရမည်။
- ​အရောင်းအတွေ့အကြုံရှိသူ (သို့မဟုတ်) အရောင်းပိုင်းကို ဝါသနာပါပြီး ကြိုးစားလိုသူဖြစ်ရမည်။

အသေးစိတ် သိရှိလိုပါက

သင်္ဃန်းကျွန်းရုံးချုပ်
လိပ်စာ - အမှတ်(၄)၊ လေးထောင့်ကန် လမ်းမကြီး၊ ဘဝမြင့်မှတ်တိုင်၊ သင်္ဃန်းကျွန်း၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - ၀၁ ၃၅၅၀၂၁၁ ၊ ၀၉ ၂၆၀၈၆၅၅၅၀
Email - [email protected]

ပြည်ရုံးခွဲ
လိပ်စာ - အမှတ် (၂၇)၊ ဗိုလ်ချုပ်လမ်း၊ ရွာဘဲ ရပ်ကွက်၊ ပြည်။
ဖုန်းနံပါတ် - ၀၉ ၂၆၁၆၃၂၄၀၀ ၊ ၀၉ ၂၅၁၅၉၁၅၁၅
Email- [email protected]

မိမိလျှောက်ထားလို့ သည့် ရုံးခွဲများသို့ Email ပေးပို့၍ လျှောက်ထားနိုင်ပါသည်။

ဒီတခေါက်မှာတော့ မရမ်းကုန်းရုံးခွဲအတွက် ဝန်ထမ်းခေါ်ယူထားတာလေးကို တင်ပေးလိုက်ပါတယ်ရှင့်😍စိတ်ဝင်စားလို့ လျှောက်ထားလို့ပါက C...
29/01/2026

ဒီတခေါက်မှာတော့ မရမ်းကုန်းရုံးခွဲအတွက် ဝန်ထမ်းခေါ်ယူထားတာလေးကို တင်ပေးလိုက်ပါတယ်ရှင့်😍

စိတ်ဝင်စားလို့ လျှောက်ထားလို့ပါက CV Form အား Viber or Email ကတဆင့် လျှောက်ထားလို့ရသလို လူကိုယ်တိုင်လည်း လာရောက်လျှောက်ထားလို့ရပါတယ်ရှင့်။

အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉ ၂၅၅၈၈၈၈၃၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Success World Company Limited နှင့် သက်ဆိုင်ခြင်း မရှိတော့ပါကြောင်း အများသိစေရန် ထုတ်ပြန်ခြင်းSuccess World Company Limi...
10/01/2026

Success World Company Limited နှင့် သက်ဆိုင်ခြင်း မရှိတော့ပါကြောင်း အများသိစေရန် ထုတ်ပြန်ခြင်း

Success World Company Limited သထုံရုံးခွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော ကိုရှိန်းလတ်သူနှင့် မော်လမြိုင်ရုံးခွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော ကိုဝေယံမိုး တို့နှစ်ယောက်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့မှစတင်၍ ကုမ္ပဏီ၏ နာမည်ပျက်စာရင်း(Black List) ဝန်ထမ်းများအဖြစ် ထည့်သွင်းသတ်မှတ်လိုက်ကြောင်း အသိပေးအပ်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါဝန်ထမ်းနှစ်ဦးနှင့်ပတ်သက်သော မည်သည့်ကိစ္စရပ်များကိုမဆို ကုမ္ပဏီမှ လုံးဝ(လုံးဝ) တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

Address

No-4, Lay Daungkan Road
Thingangyun

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959260865550

Alerts

Be the first to know and let us send you an email when Success World Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Success World Company Limited:

Shortcuts

Share