TechK

TechK Phone Number - 09899117563

နေပြည်တော်မှာ ရှာရခက်တဲ့ Osmo Pocket 4 Creator Combo ကို TechK မှာ ရနိုင်ပြီ! 💎​လူတိုင်းလိုချင်နေကြတဲ့ Osmo Pocket 4 ရဲ့...
03/05/2026

နေပြည်တော်မှာ ရှာရခက်တဲ့ Osmo Pocket 4 Creator Combo ကို TechK မှာ ရနိုင်ပြီ! 💎

​လူတိုင်းလိုချင်နေကြတဲ့ Osmo Pocket 4 ရဲ့ Creator Combo ကို နေပြည်တော်မှာ ရှားရှားပါးပါး တစ်လုံးရောက်ထားပါတယ်။ မှာလိုက်ရင် ကြာမလား၊ ပစ္စည်း
စစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ကင်းဝေးအောင်
ပျဥ်းမနား မြို့ထဲမှာတင် ကိုယ်တိုင်လာကြည့်ပြီး ဝယ်လို့ရပါတယ်.

​Creator တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အစုံအလင်ပါဝင်တဲ့ ဒီ Combo Set က သင့်ရဲ့ Content creation ခရီးလမ်းကို ပိုပြီး လွယ်ကူလှပစေမှာပါ။

​အသေးစိတ်ကို Comment မှာ မေးမြန်းနိုင်သလို Chat box ကနေလည်း စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ 📩

Phone Number - 09899117563 ☎📞

​Osmo Pocket 4 ရဲ့ အဓိကအားသာချက်တွေကို အောက်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်

​၁။ ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ Slow Motion
​4K/240fps: အရင် Pocket 3 မှာ 120fps အထိပဲ ရခဲ့ပေမဲ့ အခု Pocket 4 မှာတော့ 4K resolution နဲ့တင် 240fps အထိ ရိုက်ကူးနိုင်လို့ ပိုပြီးကြည်လင်တဲ့ Ultra Slow-motion ဗီဒီယိုတွေ ရနိုင်မှာပါ။
​14-Stop Dynamic Range: 1-inch CMOS sensor ကိုပဲ ဆက်သုံးထားပေမဲ့ Dynamic Range က 14-stop အထိ မြင့်တက်လာလို့ အလင်းအမှောင် အရမ်းကွာတဲ့နေရာတွေ (ဥပမာ- နေဝင်ချိန် ဒါမှမဟုတ် နေပြင်းတဲ့အချိန်) မှာ အသေးစိတ်အချက်အလက်တွေကို ပိုမိုပီပြင်စွာ ရိုက်ကူးနိုင်ပါတယ်။
​၂။ ပိုမိုစမတ်ကျလာတဲ့ နည်းပညာများ
​ActiveTrack 7.0: လူ၊ တိရစ္ဆာန်နဲ့ ကားတွေကို ခြေရာခံတဲ့စနစ်က ပိုပြီးတိကျမြန်ဆန်လာပါတယ်။ အရာဝတ္ထုတစ်ခုခုက ကြားထဲမှာ ခေတ္တကွယ်သွားရင်တောင် ပြန်ပြီး အမိအရ ဖမ်းနိုင်စွမ်း ပိုကောင်းလာပါတယ်။
​Lossless Zoom: 2x lossless zoom ပါဝင်လာလို့ အဝေးကအရာတွေကို ဆွဲရိုက်ရင်လည်း ပုံရိပ်ကြည်လင်မှုကို ထိခိုက်မှုနည်းစေပါတယ်။
​၃။ Hardware ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ
​Built-in Storage (107GB): အရင်လို SD card မေ့ကျန်ခဲ့မှာ ပူစရာမလိုတော့ပါဘူး။ စက်ထဲမှာတင် 107GB internal storage ပါဝင်လာပြီး file transfer speed ကလည်း 800MB/s အထိ မြန်ဆန်ပါတယ်။
​1000-nit OLED Screen: လှည့်လို့ရတဲ့ Screen က အရင်ထက် ပိုလင်းလာလို့ (1000 nits) အပြင်မှာ နေပူထဲရိုက်ရင် ပိုပြီး မြင်သာစေပါတယ်။
​Physical Buttons: Screen အောက်မှာ Zoom ဆွဲဖို့အတွက်နဲ့ တခြား functions တွေအတွက် ခလုတ်အသစ် ၂ ခု ထပ်တိုးလာလို့ အသုံးပြုရတာ ပိုမြန်ဆန်လာပါတယ်။
​၄။ ဘက်ထရီနဲ့ အသံပိုင်းဆိုင်ရာ
​ဘက်ထရီသက်တမ်း: 1080p နဲ့ ရိုက်ရင် မိနစ် ၂၄၀ (၄ နာရီ) နီးပါးအထိ ခံပြီး အားပြန်သွင်းရင်လည်း ၁၈ မိနစ်အတွင်း ၈၀% အထိ အားအမြန်တက်ပါတယ်။
​OsmoAudio: 4-channel recording စနစ်သစ်ကြောင့် အသံကို ပိုပြီး Professional ဆန်ဆန် ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။
​အကျဉ်းချုပ်ပြောရရင်:
သင်ဟာ Vlog ရိုက်တာပဲဖြစ်ဖြစ်၊ ခရီးသွားမှတ်တမ်းတွေ ရိုက်တာပဲဖြစ်ဖြစ် Pocket 4 ရဲ့ built-in storage နဲ့ 4K/240fps capability က တကယ့်ကို အသုံးတည့်မယ့် အချက်တွေပါပဲ။

Microsoft Office 365 (1 Year License) ဘယ်နေရာတွေမှာ သုံးလို့ရမလဲ?✅ Excel, PowerPoint, Word (Full Features)✅ Windows Lapt...
11/04/2026

Microsoft Office 365 (1 Year License)

ဘယ်နေရာတွေမှာ သုံးလို့ရမလဲ?
✅ Excel, PowerPoint, Word (Full Features)
✅ Windows Laptop & MacBook
✅ iPad & Android Tablets
✅ Smartphones

Microsoft Office Crack Version တစ်ခါသွင်းတိုင်း Service ကြေးတွေ ခဏခဏ ပေးနေရလို့ စိတ်ညစ်နေပြီလား? 😫

ပုံမှန်ဆိုရင် တစ်နှစ်ကို (၂ သိန်း​ကျော်) ဝန်းကျင်အထိ ကျသင့်တတ်ပေမယ့် အခု ကျွန်တော်တို့ဆီမှာတော့ တစ်နှစ်စာကို (၃၅၀၀၀ကျပ်) တည်းနဲ့ ရရှိနိုင်ပါပြီ။

ဘာလို့ Official License ကို သုံးသင့်တာလဲ?

Safety First: Crack Version တွေ သုံးစွဲခြင်းဟာ တရားမဝင်သလို (Illegal ဖြစ်သလို) Virus နဲ့ Malware အန္တရာယ်တွေလည်း ရှိနိုင်ပါတယ်။

Cost-Effective: တစ်နှစ်မှ ၃၅၀၀၀ကျပ် ဆိုတော့ တစ်လကို (၃၅၀၀) ကျပ်တောင် မကျသင့်ပါဘူး။ Official Version ကို စိတ်ချလက်ချ သုံးရတာလောက် ဘာမှမတန်ပါဘူး။

Multi-Device Support: Account တစ်ခုတည်းနဲ့တင် Device (၅) လုံးအထိ တစ်ပြိုင်နက် ဝင်ရောက်အသုံးပြုနိုင်ပါတယ်။

​နေပြည်​တော် ပျဥ်းမနား အတွင်းဆိုရင် အိမ်တိုင်ရာ​ရောက်
လာ​ရောက်ထည့်သွင်း​ပေးပါတယ် ခင်ဗျာ
@
📩 စိတ်ဝင်စားတယ်ဆိုရင် Page Messenger ကနေ တစ်ဆင့် အသေးစိတ် ဆက်သွယ်မေးမြန်း မှာယူနိုင်ပါပြီခင်ဗျာ။

Phone Number - 09899117563

@​nayptitaw

နာမည်ကြီး Page တွေကပါ သောက်တလွှဲတွေ ထတင်နေကြလို့နည်းနည်းလေး ရှင်းပြဦးမယ်IMEI Status မှာ Correct Tax Payment Status မှာ P...
06/03/2026

နာမည်ကြီး Page တွေကပါ သောက်တလွှဲတွေ ထတင်နေကြလို့
နည်းနည်းလေး ရှင်းပြဦးမယ်

IMEI Status မှာ Correct
Tax Payment Status မှာ Paid
Device Blocking Status မှာ Allowed ဆိုပြီး
(၃) ခုစလုံး မဖြစ်မနေ စိမ်းနေဖို့ မလိုပါဘူး

Tax Payment Status မှာ Unpaid ပြနေတိုင်း လန့်မနေပါနဲ့။
ဒါက အရင်တုန်းက ဒီဖုန်း မြန်မာပြည်ထဲ ဝင်လာတုန်းက တရားဝင် အခွန်ဆောင်ပြီး သွင်းလာတာမဟုတ်လို့ မှတ်တမ်းကို အမှန်အတိုင်း ပြနေရုံသက်သက်ပါ။ အခွန် သွားဆောင်စရာ လုံးဝ(လုံးဝ) မလိုပါဘူး။

အဓိက အရေးအကြီးဆုံးက အောက်ဆုံးက Device blocking status မှာ Allowed ဖြစ်နေရင် ရပီ

Allowed ပြနေရင် ခင်ဗျားတို့ ဖုန်းကို ပိတ်မပစ်ဘူး၊ ဆက်သုံးခွင့် ပေးထားပါတယ်လို့ 🥵

ထုတ်ထားတဲ့ ကြေညာချက်စာရွက်ရဲ့ အပိုဒ် (၃) ကို သေချာ ပြန်ဖတ်ကြည့်ပါ။

လက်ရှိအသုံးပြုနေတဲ့ ဖုန်းတွေကို အခွန်ပေးဆောင်ရန် မလိုအပ်ဘဲ အလိုအလျောက် စာရင်းသွင်းပေးသွားမယ်လို့ ရေးထားပြီးသားပါ။

အဓိကက ၂၀၂၆ မတ်လ (၃၁) ရက် မတိုင်ခင် ဖုန်းထဲမှာ ပြည်တွင်းဆင်းကတ်တစ်ခုခု ထည့်ပြီး သုံးနေဖို့ပဲ လိုတာ

Page ကြီးတွေအနေနဲ့လည်း သေချာနားမလည်ဘဲ လျှောက်မရေးကြပါနဲ့။

ပြည်သူတွေလည်း Unpaid ဆိုတဲ့ စာတန်းလေးတွေ့တာနဲ့ အလကားနေရင်း ငွေကုန်ကြေးကျခံပြီး အခွန်သွားဆောင်ဖို့ မလုပ်ကြပါနဲ့။

ကိုယ့်ဖုန်းအောက်ဆုံးက Status မှာ Allowed ဖြစ်နေရင် ဘာမှလုပ်စရာမလိုဘူး၊ ပုံမှန်အတိုင်းသာ ဆက်သုံးပါ။ ရှင်းပြီလား။ 🥵

မိမိလက်ရှိကိုင်သုံးနေတဲ့ ဖုန်းဟန်းဆက်က C.E.I.R ထဲမှာcorrect / paid / allowed ဖြစ်နေပြီလားဆိုတာ စစ်နိုင်တဲ့ တရားဝင် websi...
06/03/2026

မိမိလက်ရှိကိုင်သုံးနေတဲ့ ဖုန်းဟန်းဆက်က C.E.I.R ထဲမှာ
correct / paid / allowed ဖြစ်နေပြီလားဆိုတာ စစ်နိုင်တဲ့ တရားဝင် website လေးပါ။
( ပုံထဲကအတိုင်း အကုန်လုံးစိမ်းနေမှသာ March 31 နောက်ပိုင်းမှာ မိမိတို့ ဟန်းဆက်က SIM အားလုံးနဲ့ ဆက်လက်အသုံးပြုလို့ရနေမှာဖြစ်ပါတယ်။ )

အခု website ထဲကိုဝင်ပြီးတော့
မိမိတို့ ဖုန်းဟန်းဆက်ရဲ့ IMEI ကို
( * #06 # ကို ဖုန်းခေါ်တဲ့နေရာမှာ ရိုက်ထည့်လိုက်ရင် IMEI ကြည့်လို့ရပါတယ် )
ထည့်ပြီးတော့ စစ်ကြည့်နိုင်ပါတယ်။

ပုံထဲကအတိုင်း Correct / Paid / Allowed ဖြစ်နေရင်တော့
မြန်မာက SIM Card အားလုံးနဲ့ ဆက်လက်အသုံးပြုလို့ရနေမှာဖြစ်ပါတယ်။

Website Link ကို comment မှာ တင်ပေးထားပါတယ်

----------
တစ်ချို့ နားလည်မှုလွဲနေတာတွေ့ရပါတယ်။
အဓိကစစ်တာက ဟန်းဆက်ပါ။
ဟန်းစက်မှာပါတဲ့ IMEI က ခွင့်ပြုစာရင်းထဲမှာ မရှိထားရင်
ဘယ် sim card ထည့်ထည့် အဲ့ဒီဟန်းဆက်က လိုင်းတက်မှာမဟုတ်ပါဘူး။

Sim Card Register က သီးသန့်သပ်သပ်ပါ။
အခုဟာနဲ့ မဆိုင်ပါဘူး။

---------
အခုလိုစစ်တာက စာထုတ်လာတဲ့အတိုင်းစစ်လို့ရတယ်ပြောလို့ စစ်လို့ရအောင်လေးတင်ပေးလိုက်တာပါ။
စာထဲမှာ သေချာမရှင်းသေးလို့ လက်ရှိမှာ အကုန်စိမ်းတယ်ဆိုရင်တော့
အဆင်ပြေပြီလို့ထင်ပါတယ်။
နောက်ဆက်တွဲစဉ်းစားစရာတွေကျန်ပါသေးတယ်။
အဲ့ဒီဖုန်းက all sim ရသွားမှာလား၊
ဒါမှမဟုတ် ကိုယ်ထည့်ထားတဲ့ sim နဲ့ပဲ allow ဝင်သွားမှာလားတွေပေါ့။

သေချာထပ်သိရရင် ထပ်တင်ပေးပါမည်။


🔒 သင့် ရဲ့ ရုံးခန်းတွေမှာ Data Security က တကယ်ရော လုံခြုံရဲ့လား?အစိုးရရုံးဌာနတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းခွင်တွေမှာ နေ့စဉ် ရု...
06/03/2026

🔒 သင့် ရဲ့ ရုံးခန်းတွေမှာ Data Security က တကယ်ရော လုံခြုံရဲ့လား?
အစိုးရရုံးဌာနတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းခွင်တွေမှာ နေ့စဉ် ရုံးလုပ်ငန်းသုံး Software တွေကို မရှိမဖြစ် အသုံးပြုနေကြရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိမထားမိဘဲ အသုံးပြုနေတဲ့ Crack Version (ခိုးသုံးဆော့ဖ်ဝဲ) တွေဟာ သင့်ရဲ့ လုပ်ငန်းခွင်အတွက် "အချိန်ကိုက်ဗုံး" တစ်လုံး ဖြစ်နေနိုင်တယ်ဆိုတာ သိပါသလား?
⚠️ Crack Version သုံးစွဲခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ
* Malware & Ransomware: Crack ဖိုင်တွေထဲမှာ Hacker တွေက Spyware တွေ ထည့်သွင်းထားတတ်ပါတယ်။ ဒါဟာ ရုံးရဲ့ အရေးကြီး Document တွေကို ခိုးယူဖို့ ဒါမှမဟုတ် ဖျက်ဆီးဖို့ လမ်းဖွင့်ပေးထားသလိုပါပဲ။
* System Instability: အရေးကြီးတဲ့ အစည်းအဝေးမှတ်တမ်းတွေ ရေးနေတုန်း Excel ဒါမှမဟုတ် Word က ရုတ်တရက် "Not Responding" ဖြစ်ပြီး ပိတ်သွားတာမျိုးဟာ လုပ်ငန်းကြန့်ကြာမှုကို ဖြစ်စေပါတယ်။
* Legal & Reputation Risk: ဌာနဆိုင်ရာပုံရိပ်နဲ့ လုပ်ငန်းဂုဏ်သိက္ခာအတွက် တရားဝင်လိုင်စင်သုံးစွဲခြင်းကသာ အဆင့်အတန်းတစ်ခုကို ဖော်ဆောင်ပေးနိုင်ပါတယ်။
✨ Microsoft 365 (Genuine License) ပြောင်းလဲအသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများ
တရားဝင်လိုင်စင်ကို ပြောင်းလဲအသုံးပြုခြင်းဟာ ကုန်ကျစရိတ်တစ်ခုထက်စာရင် "ရေရှည်ရင်းနှီးမြှုပ်နှံမှု" တစ်ခုဖြစ်ပါတယ်။
* Cloud Storage (1TB OneDrive): ကွန်ပျူတာပျက်သွားလည်း စိတ်ပူစရာမလိုတော့ပါဘူး။ Cloud ပေါ်မှာ Document တွေကို သိမ်းထားပြီး ဘယ်နေရာကမဆို ဖုန်းနဲ့ဖြစ်စေ၊ Tablet နဲ့ဖြစ်စေ အလုပ်လုပ်နိုင်ပါတယ်။
* Always Up-to-Date: နောက်ဆုံးပေါ် Feature အသစ်တွေနဲ့ လုံခြုံရေး Update တွေကို အမြဲရရှိနေမှာဖြစ်လို့ Virus အန္တရာယ်ကို စိတ်ပူစရာမလိုတော့ပါဘူး။
* Real-time Collaboration: ဖိုင်တစ်ခုတည်းကို လူအများကြီးက တစ်ပြိုင်နက်တည်း ဝင်ရောက်ပြင်ဆင်နိုင်လို့ အချိန်ကုန်သက်သာစေပါတယ်။
✅ အထူးသက်သာသော ဈေးနှုန်းဖြင့် ယနေ့ပဲ
စတင်လိုက်ပါ
"ဈေးသက်သာတာထက် စိတ်ချရတာကို ရွေးချယ်ပါ"
လူကြီးမင်းတို့ရဲ့ ရုံးဌာန၊ လုပ်ငန်းခွင်တွေမှာ အချက်အလက်လုံခြုံမှုအပြည့်နဲ့ စိတ်အေးချမ်းသာစွာ အလုပ်လုပ်နိုင်ဖို့အတွက် Genuine Microsoft 365 License တွေကို အထူးဈေးနှုန်းနဲ့ ရောင်းချပေးနေပါပြီ။

💰 ဈေးနှုန်း - ၅၀,၀၀၀ ကျပ် (တစ်နှစ်တာအသုံးပြုခွင့်)

အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

📞 ဖုန်း - 09 899 117 563

> ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခုအတွက် တရားဝင်ဆော့ဖ်ဝဲကိုသာ သုံးစွဲကြပါစို့။

Address

Paung Laung , Oo Yin Su

15011

Website

Alerts

Be the first to know and let us send you an email when TechK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TechK:

  • Want your business to be the top-listed Computer & Electronics Service?

Share