I Doctor MDY

I Doctor MDY Shopping & Retail

  အသစ်ဖွင့်ပွဲ အထိမ်းအမှတ် အနေနဲ့  Phone လက်ဆောင်ယူ😍😍😍  or   လက်ဆောင်ယူ🤑😍😍မင်မင်တို့ page လေး နာမည်ပြောင်းတဲ့အနေနဲ့Like ...
10/10/2023

အသစ်ဖွင့်ပွဲ အထိမ်းအမှတ် အနေနဲ့
Phone လက်ဆောင်ယူ😍😍😍
or လက်ဆောင်ယူ🤑😍😍

မင်မင်တို့ page လေး နာမည်ပြောင်းတဲ့အနေနဲ့
Like & Follow လုပ်တဲ့သူများကို
Give Way လေးပေးမှာဖြစ်ပါတယ်ရှင့်

No.1 Page ကို Like & Follow လုပ်ထားရပါမယ်

No.2 ယခု Post ကို အသည်းပေးပြီး Public နဲ့
Share ပေးရပါမယ်

No.3 သူငယ်ချင်း ၃ ယောက်ကို mention ခေါ်ပေးရပါမယ်

No.4 Comment မှာ လက်ဆောင်ယူ လို့
မန့်ပေးရပါမယ်

ဒီအချက် ၄ ချက် လုပ်ပေးပြီးရင်တော့
မင်မင်တို့ပေးမယ့် ဆုလေးတွေက👇👇👇

First Comment ပိုင်ရှင် Vivo Y31a ယူပါ

Second Comment ပိုင်ရှင် Kpay 5000 ယူပါ

Third Comment ပိုင်ရှင် PhBill 3000 ယူပါနော်

လက်သွက်မှရမယ် နော် မြန်မြန်လေး 😘😘😘

သင့် Oraginal Keyboard ဖြင့် စာရိုက်တယ့်အခါ စကားလုံးရဲ့ အသံထွက်အောင် ပြုလုပ်နည်း။ယခုကျွန်တော်ပြောပြပေးမယ့်  Function ကပါ...
07/06/2019

သင့် Oraginal Keyboard ဖြင့် စာရိုက်တယ့်အခါ စကားလုံးရဲ့ အသံထွက်အောင် ပြုလုပ်နည်း။

ယခုကျွန်တော်ပြောပြပေးမယ့် Function ကပါလာတာတော်တော်ကြာနေပါပီ။ဘယ်သူမှသတိမထားမိအသုံးမပြုကြတာကြောင့်အသုံးတည့်အောင်ပြောပြပေးမှာဖြစ်ပါတယ်။မိမိအသုံးပြုနေတယ့်ဘယ်App မှာပဲဖြစ်ဖြစ်အင်္ဂလိပ်စာလုံးတစ်ကြောင်းရေးတယ့်အခါ သို့မဟုတ် အခြား ဘာသာစကားတစ်ခုရေးတယ့်အခါ အသံထွက်ပြပေးမှာဖြစ်ပါတယ်။ယခုFunction ကိုအသုံးပြုမှုကြောင့်အင်္ဂလိပ်အသံထွက်အမှန်ကိုလဲသိသွားမှာဖြစ်တယ့်အတွက်အရမ်းအကျိုးရှိပါတယ်။

Apple က အသိမှတ်ပြုထားတယ့် ဘာသာစကားတွေပဲရဦးမှာဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ထိုင်း / တရုတ် / ဂျပန် / ကိုးရီးယား အစရှိတယ့် စကားလုံးတွေရဲ့ အသံထွက်ကိုပါထွက်ပေးနိုင်ပါတယ်။

ကဲကျွန်တော်ပြောပြပေးမယ့်Function ကိုထည့်ကြရအောင်

Setting – General – Accessbility
Speech – Typing FeedbackTypind
Feedback – Speak Words ကို ဖွင့်ပေးလိုက်ပါ။ပီးရင်တော့ မိမိရေးတယ့် စကားလုံးအတိုင်း အသံထွက်ပေးမှာဖြစ်ပါတယ်။ စာရေးမယ့်ဆိုရင်တော့ Oraginal Keyboard ဖြင့်တာ ရေးမှအသံထွက်ပါမယ်။ အခြား Keyboard ဖြင့် ရေးလျှင် အသံမထွက်ပါ။

App Store မှ File Size ကြီးတယ့် App & Game များကို iOS 13 မှာ Data Limit ကန့်သက်ချက်မရှိပဲ Down နိုင်ပီ။iOS User တိုင်းအ...
07/06/2019

App Store မှ File Size ကြီးတယ့် App & Game များကို iOS 13 မှာ Data Limit ကန့်သက်ချက်မရှိပဲ Down နိုင်ပီ။

iOS User တိုင်းအတွက်ဝမ်းသာစရာသတင်းတစ်ခုပါအရင်တစ်ပတ်ကကျွန်တော်Post တစ်ခုတင်ပေးခဲ့ပါတယ်App Store မှာApp များကိုCellular Data ဖြင့်Down တယ့်အခါယခင်က150 MB မှ200 MB ထိတိုးမြင့်ပေးလိုက်တယ့်Data ကန့်သက်ချက်ကိစ္စပါ။မနေ့ကDeveloper Beta Version အဖြစ်ထွက်ရှိလာတယ့်iOS 13 မှာတော့အဆိုပါကန့်သက်ချက်ကိုအပိတ်အဖွင့်လုပ်နိုင်တယ့်ကန့်သက်ချက်ထည့်ပေးလိုက်ပီဖြစ်ပါတယ်။Wifi အဆင်မပြေတယ့်User တွေအတွက်အသုံးတည့်မယ့်Function တစ်ခုဖြစ်လာတော့မှာပါ။မိမိဟာFile Size ကြီးတယ့်App & Game တွေDown တယ့်အခါCellular Data ဖြင့်Down မှာလားWifi ဖြင့်Down မှာလားဆိုပီးNoti တက်လာမှာဖြစ်ပီးမိမိစိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

သင်ဟာMobile Data ဖြင့်Down တယ့်သူဆိုရင်တော့Setting – iTune & App Store – App Download ထဲကAlways Allow ကိုအမှန်ခြစ်ပေးထားရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့200 MB ထိပဲDown နိုင်တယ့်ကန့်သက်ချက်ကိုလဲရွေးချယ်နိုင်ပါတေးတယ်။

iOS 13 မှာ ပါဝင်လာတယ့် အကောင်းဆုံး လုပ်ဆောင်ချက် ၁၅ ခုApple ရဲ့နှစ်စဉ်ပြုလုပ်နေကျWWDC 2019 (Worldwide Developers Confere...
07/06/2019

iOS 13 မှာ ပါဝင်လာတယ့် အကောင်းဆုံး လုပ်ဆောင်ချက် ၁၅ ခု

Apple ရဲ့နှစ်စဉ်ပြုလုပ်နေကျWWDC 2019 (Worldwide Developers Conference) မှာiPhone အတွက်အသစ်ထွက်ရှိလာမယ့်iOS 13 နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။လုပ်ဆောင်ချက်အသစ်တွေနဲ့ပြည့်နှက်နေတဲ့iOS 13 ထဲကအကောင်းဆုံးလုပ်ဆောင်ချက်၁၅ခုကိုကြိုတင်ပြီးမိတ်ဆက်ပေးလိုက်ပါတယ်။


 Speed (မြန်နှုန်း)

iOS 13 မှာအဓိကပြုပြင်ပြောင်းလဲပေးထားတာကမြန်နှုန်းဖြစ်ပါတယ်။Face ID နဲ့ဖုန်းဖွင့်တဲ့မြန်နှုန်း၃၀% ပိုမြန်လာပါတယ်။ဒါ့အပြင်အပလီကေးရှင်းApp တွေကိုဖွင့်တဲ့အခါမှာလည်းလက်ရှိထက်နှစ်ဆပိုမြန်မြန်ပွင့်လာမှာဖြစ်ပါတယ်။ဒီထက်ပိုပြီးထူးခြားတာကတော့iOS 13 အတွက်နောက်ထပ်ထုပ်ပေးမယ့်App တွေရဲ့file size က၆၀% ပိုသေးသွားမှာဖြစ်လို့ဖုန်းမှာနေရာလွတ်တွေများများသုံးလို့ရနိုင်ပါတယ်။


 Dark Mode

Apple ရဲ့iPhone မော်ဒယ်အသစ်တွေအားလုံးOLED မျက်နှာပြင်ပါရှိပါတယ်။အနက်ရောင်Dark mode နောက်ခံမှာဆိုရင်App တွေကပိုပြီးထင်ရှားစေသလိုဖုန်းရဲ့ဘတ်ထရီကိုလည်းအချိန်ကြာကြာပိုအသုံးခံစေပါတယ်။Dark mode ကိုiPhone ရဲ့အသွင်အပြင်အနေနဲ့ရရှိနိုင်သလိုApple ကထုတ်တဲ့App တွေတစ်ခုခြင်းစီမှာလည်းDark mode ပြောင်းလဲနိုင်အောင်ထည့်ပေးတော့မှာပါ။


 Swipe typing

iPhone အသုံးပြုသူတွေတောင်းတနေခဲ့တဲ့Swipe typing ကိုiOS 13 မှာApple ကထည့်ပေးလိုက်ပါပြီ။Swipe typing ဆိုတာကတော့ကီးဘုတ်မှာတစ်နေရာချင်းလက်ထောက်ပြီးရိုက်နေစရာမလိုပဲကီးဘုတ်ရဲ့မျက်နှာပြင်ပေါ်မှာစာလုံးတစ်လုံးကနေတစ်လုံးကိုပွတ်ဆွဲကူးပြောင်းပြီးရိုက်ရတဲ့စနစ်ဖြစ်လို့စာရိုက်ရာမှာပိုမိုမြန်ဆန်စေပါတယ်။


 Reminders

လုပ်စရာရှိတာလေးတွေကိုအချိန်နာရီနဲ့သတိမမေ့အောင်မှတ်သားနိုင်တဲ့Reminders App ကိုအစဆုံးနီးပါးပြုပြင်ပြောင်းလဲထားပုံရပါတယ်။မှတ်စုတွေဖန်တီးရာမှာပိုမိုမြန်ဆန်လွယ်ကူလာပါတယ်။ဒီထက်ပိုမိုက်တာကတော့Smart Lists ဖြစ်ပါတယ်၊Standard lists ထက်စာရင်အများကြီးပိုကောင်းသွားပါတယ်။


 Maps

Apple ရဲ့Maps ကိုလည်းတစ်ကယ့်ကိုပိုပြီးအသေးစိတ်ကျကျဖြစ်အောင်ပြုပြင်ထားပါတယ်။iOS 13 မှာတွေ့မြင်ရမယ့်Map မှာအမေရိကန်နိုင်ငံရဲ့မြေပုံလမ်းကြောင်းကိုအသေးစိတ်စတင်ပြောင်းလဲပေးထားပါတယ်။တစ်နိုင်ငံလုံးမိုင်ပေါင်း၎သန်းဝန်းကျင်ရှိတဲ့ကားလမ်းတွေမှာအသေးစိတ်တွေများစွာထပ်မံဖြည့်စွက်ပေးထားပါတယ်။နောက်ပိုင်းမှာအခြားနိုင်ငံတွေကိုလည်းUpdate ပြောင်းလဲပေးသွားဦးမှာပါ။


 Sign In with Apple

အသုံးပြုသူUser တွေရဲ့လုံခြုံရေးကိုနံပါတ်တစ်ဦးစားပေးတဲ့Apple ကSign In with Apple ကိုiOS 13 မှာမိတ်ဆက်လိုက်ပါတယ်။ဒီလုပ်ဆောင်ချက်ကနေတစ်ဆင့်Google, Facebook တို့လိုApp တွေကိုလုံခြုံစိတ်ချစွာနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Sing In with Apple ကိုအသုံးပြုလိုက်တာနဲ့အခြားApp တွေကကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကိုခြေရာခံလို့ရတော့မှာမဟုတ်ပါဘူး။


 Home Kit

အိမ်မှာတပ်ဆင်ထားတဲ့လုံခြုံရေးကင်မရာတွေနဲ့ချိပ်ဆက်ထားနိုင်ပါတယ်။HomeKit Security camera မှာမျက်နှာကိုဖတ်ပြီးသိနိုင်တဲ့face recognition လုပ်ဆောင်ချက်ပါထည့်သွင်းထားပါတယ်။ဒီလုပ်ဆောင်ချက်နဲ့ကိုယ့်ရဲ့ဗီဒီယိုတွေကိုလုံခြုံစိတ်ချစွာiCloud မှာလည်းသိမ်းဆည်းနိုင်ပါတယ်။iCloud အကောင့်ရှိသူတိုင်း၁၀ရက်အခမဲ့စမ်းသပ်သိမ်းဆည်းခွင့်ရမှာပါ။


 Messages

iOS 13 ရဲ့Messages မှာကိုယ့်ရဲ့ဓါတ်ပုံအီမိုးဂျီပုံလေးတွေထည့်ထားနိုင်ပြီးကိုယ်မက်ဆေ့ပို့တဲ့သူဆီကိုတွဲလျက်ရောက်သွားမှာဖြစ်ပါတယ်။ဒီနည်းနဲ့ကိုယ့်ဆီကိုမက်ဆေ့ပို့တဲ့လူကကိုယ်မမှတ်ထားတဲ့ဖုန်းနံပါတ်အသစ်ဖြစ်နေပေမယ့်သူ့ရဲ့ပုံလေးကိုကြည့်ပြီးသိနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်အီမိုဂျီအသစ်တွေလည်းများစွာထည့်ပေးထားပါတယ်။


 Camera

ကင်မရာအတွက်လည်းလုပ်ဆောင်ချက်အသစ်တွေ(Portrait lighting, RIP, Apollo) စသည်ဖြင့်အများကြီးပါဝင်လာပါတယ်။Photo App မှာလည်းပိုမိုလွယ်ကူစွာတည်းဖြတ်ပြုပြင်နိုင်တဲ့လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။ဗီဒီယိုတွေလည်းထိုနည်း၎င်းတည်းဖြတ်ပြုပြင်နိုင်ပါတယ်။


 Photos

Photos App မှာတည်းဖြတ်နိုင်တဲ့လုပ်ဆောင်ချက်အသစ်တွေအပြင်အလိုလျှောက်ဓါတ်ပုံတွေကိုဒိုယာရီသဖွယ်စုစည်းပေးပါလိမ့်မယ်။ဒါ့အပြင်ထပ်နေတဲ့ပုံတူတွေကိုလည်းအလိုလျှောက်ဖျက်ပေးမှာဖြစ်လို့storage နေရာတွေပုတ်တာမဖြစ်တော့ပါဘူး။


 AirPods

Apple ကထုတ်ထားတဲ့ကြိုးမဲ့နားကြပ်AirPods အတွက်အမိုက်စားလုပ်ဆောင်ချက်တစ်ခုiOS 13 မှာပါလာပါပြီ။ဒါကတော့ကိုယ်နားထောင်နေတဲ့အသံကိုခလုပ်တစ်ချက်နှိပ်လိုက်ရုံနဲ့အခြားiPhone အသုံးပြုသူကိုချက်ခြင်းပို့လွှတ်ပြီးအတူတစ်ကွနားထောင်နိုင်ပါတယ်။AirPods sharing လုပ်ဆောင်ချက်အသစ်ဖြစ်ပါတယ်။


 CarPlay

ကိုယ့်ရဲ့ကားထဲမှာApple ရဲ့CarPlay စက်တပ်ဆင်ထားသူတွေအတွက်လည်းလုပ်ဆောင်ချက်အသစ်တွေထပ်ထည့်ပေးထားသလိုSiri ကလည်းApple မဟုတ်တဲ့အခြားတံဆိပ်ပစ္စည်းတွေနဲ့လည်းချိပ်ဆက်အသုံးပြုနိုင်ပါပြီ။


 Find My

iOS 13 မှာFind My App အသစ်ပါဝင်လာပါတယ်။ဒီApp ကFind My Friends နဲ့Find My iPhone တို့ရဲ့လုပ်ဆောင်ချက်တွေကိုပေါင်းစည်းထားတာဖြစ်ပါတယ်။


 Siri Voice

အလိုလျောက်ဖြေကြားနိုင်တဲ့လုပ်ဆောင်ချက်Siri ရဲ့အသံဟာiOS 13 မှာပိုပြီးလူသားသဖွယ်သဘာဝကျလာပါပြီ။


 Spam filter

နောက်ဆုံးတစ်ခုနဲ့အသုံးအတည့်ဆုံးလုပ်ဆောင်ချက်အသစ်စက်စက်တစ်ခုကတော့Spam Filter ပဲဖြစ်ပါတယ်။ကိုယ်ဆီကိုUnknown Call နဲ့ဝင်လာတဲ့ဖုန်းမှန်သမျှVoicemail ထဲကိုအလိုလိုရောက်သွားမှာဖြစ်လို့နောက်ထပ်အာရုံနောက်စရာမလိုတော့ပါဘူး။

iOS 13 Update ကိုiPhone, iPad, iPod Touch မော်ဒယ်အားလုံးမှာသွင်းယူနိုင်မှာမဟုတ်ပဲအောက်ဖော်ပြပါမော်ဒယ်များမှာသာသွင်းယူနိုင်တော့မှာဖြစ်ပါတယ်။

*iPhones*

iPod Touch (7th Gen)

iPhone SE

iPhone 6S

iPhone 6S Plus

iPhone 7

iPhone 7 Plus

iPhone 8

iPhone 8 Plus

iPhone X

iPhone XR

iPhone XS

iPhone XS Max

*iPads*

iPad Air 2

iPad Air (3rd Gen)

iPad mini 4

iPad mini (5th Gen)

iPad (5th Gen)

iPad (6th Gen)

iPad Pro (9.7 inch)

iPad Pro (10.5 inch)

iPad Pro (11 inch)

iPad Pro (12.9 inch)

လက်ရှိမှာတော့iOS 13 Beta ကိုစမ်းသပ်သွင်းယူနိုင်ပါပြီ။

Mac Diary

iPhone တွေကို Set up လုပ်နည်း …ကျနော် မှီငြမ်းထားတဲ့ မူလ Post က အသစ်ထွက်လာတဲ့ iPhone XS နဲ့ iPhone XS Max ကို့ကို Set up...
29/09/2018

iPhone တွေကို Set up လုပ်နည်း …

ကျနော် မှီငြမ်းထားတဲ့ မူလ Post က အသစ်ထွက်လာတဲ့ iPhone XS နဲ့ iPhone XS Max ကို့ကို Set up လုပ်နည်း ဆိုတဲ့ဟာပါ ။ ဒီ Latest Flagship iPhone တွေမှာ Set up လုပ်နည်းနဲ့ အခြား iPhone Series တွေမှာ Set up လုပ်တဲ့ နည်းလမ်းက မတူလို့လား ။

တကယ်က မဟုတ်ပါဘူး ။

အကုန်လုံးက အတူတူပါပဲ ။

ဒါကြောင့်လည်း ကျနော်က iPhone တွေကို Set up လုပ်တဲ့နည်းလို့ ခေါင်းစဉ်ပြောင်းပေးလိုက်တာပေါ့ဗျာ ။

ကဲ .. ကဲ ဒါဆိုလည်း iPhone တွေကို Set up လုပ်တဲ့နည်းလေး စလိုက်ကြရအောင်ဗျာ ။

( ဪ ! မေ့လို့ Set up လုပ်တယ်ဆိုတာ အခုမှ ဝယ်လာတဲ့ iPhone အသစ်တွေကိုပဲ လုပ်လို့ရတာ မဟုတ်ဘူးနော် ။ ဖုန်းအဟောင်းတွေကိုလည်း Erase All လုပ်ပြီးရင် ၊ ဒါမှမဟုတ် Firmware အသစ် ပြန်ရေးပြီးတဲ့ အချိန်တွေမှာလည်း ဒီ Set up ကို လုပ်ပေးဖို့ လိုပါတယ် ။ )

သတိပေးချက် ။ ။ Activate လုပ်ရမယ့် iPhone တွေဟာ ဖုန်းထဲမှာ SIM Cards ထည့်ထားပေးဖို့ လိုအပ်ပါတယ် ။

( 1 ) Power Button ( Side Button ) ကို နှိပ်ပါ ။ Hello ဆိုတဲ့ စာတန်း ပေါ်လာပါလိမ့်မယ် ။ ပြီးရင် အောက်က Set up ဆိုတဲ့ စာတန်းလေးကို နှိပ်လိုက်ရပါမယ် ။

( 2 ) Language & Region ကို ရွေးပေးရပါမယ် ။ ပြီး Next ကို နှိပ်ပါ ။

( 3 ) WiFi ရှိရင် WiFi နဲ့ Connect လုပ်ပေးပါ ။

မရှိရင်တော့ အောက်က Use Cellular Connection ကို နှိပ်ပြီး ထည့်ထားတဲ့ SIM ရဲ့ Internet Data ကို အသုံးပြုလိုက်ပါ ။

( 4 ) Location Services ကို Enable လုပ်ဖို့အတွက် ပြောပါလိမ့်မယ် ။

( Maps , Find My iPhone နဲ့ အချို့ Apps တွေရဲ့ GPS Access လုပ်ဖို့ရန်အတွက် ဖြစ်ပါတယ် ။ )

ဖွင့်ချင်ရင်တော့ Enable ကို နှိပ်ရပါမယ် ။

မလိုအပ်သေးဘူး ဆိုရင်တော့ Later From Setting ကို နှိပ်ရပါမယ် ။ ( ဖုန်းရဲ့ Home Screen ကို ရောက်မှ Enable လုပ်လည်း ဖြစ်ပါတယ် ။ )

( 5 ) WiFi နဲ့ ချိတ်ထားတယ် ၊ ဒါမှမဟုတ် SIM Cards ထည့်ထားတယ်ဆိုရင် Apple က Activate လုပ်သွားပါမယ် ။

( 6 ) ဒီနေရာမှာ Face ID နဲ့ Set up လုပ်သွားတာကို ပြောပြပါမယ် ။ Touch ID သမားတွေလည်း အလားတူ လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ် ။

iPhone ကို Unlocking လုပ်ဖို့ရာမှာ Face ID နဲ့ Passcode လိုကို လိုအပ်ပါတယ် ။

စဉ်းစားရမှာက အခုတစ်ခါထဲ ဒီနေရာကနေ Face ID ကို Set up လုပ်သွားမလား ။ သို့မဟုတ် ဖုန်းထဲကို Access ရောက်ပြီးမှသာ Set up လုပ်မလား ဆိုတာကိုပါပဲ ။

တစ်ခါထဲ လုပ်သွားမယ်ဆိုရင် Continue ကို နှိပ်သွား ရပါမယ် ။ Face ID ကို ( ၂ ) ခါ Access လုပ်ပြီးရင်တော့ နောက်ထပ် လုံခြုံရေး တစ်ခုဖြစ်တဲ့ Passcode ကို သတ်မှတ်ပေးဖို့ လိုပါမယ် ။ သူကလည်း Passcode တွေ Comfirm ဖြစ်ဖို့ ( ၂ ) ခါ ရိုက်ထည့် ပေးရပါမယ် ။ ဒီ Passcode တွေကို မမေ့ဖို့ကတော့ အရေးကြီးပြီး လိုလဲ လိုအပ်တယ် ဆိုတာကိုတော့ သတိထားကြစေချင်ပါတယ် ။

မလုပ်သေးဘူး ။

အထဲရောက်မှပဲ လုပ်မယ် ဆိုရင်တော့ Set up later in Settings ကို နှိပ်လိုက်ရပါမယ် ။

( 7 ) ဒီနေရာမှာတော့ အရေးကြီးပါတယ် ။

ကိုယ်လုပ်ချင်တဲ့ဟာကိုလည်း ဂဃနဏ နားလည်ထားဖို့ လိုအပ်ပါတယ် ။

ဒီဟာကိုတော့ Apps & Data လို့ ခေါ်ပါတယ် ။

iCloud မှာ Backup လုပ်ထားလေ့ ရှိတဲ့ သူဆိုရင် Restore From iCloud Backup ကို နှိပ်ပြီး ကိုယ့်ရဲ့ ဖုန်းအဟောင်းက Data တွေကို တစ်ခါထဲ ရယူနိုင်ပါတယ် ။ ( WiFi ကောင်းကောင်း ၊ လိုင်းကောင်းကောင်းတော့ မဖြစ်မနေ လိုအပ်ပါတယ် ။ )

ကိုယ်က iPhone ကို Set up လုပ်ရာမှာ ကွန်ပျူတာက iTunes နဲ့ ချိတ်ပြီး Set up လုပ်နေတာဆိုရင် တစ်ခါထဲ Restore From iTunes Backup ကို နှိပ်ပြီး ကွန်ပျူတာထဲက Backup ဒေတာတွေကို အလုံးစုံ ပြန်လည် ရယူသွားလို့ ရပါမယ် ။ ( ကျနော်တို့ကတော့ ဖုန်းကနေပဲ တိုက်ရိုက် Set up လုပ်လေ့ ရှိတာဖြစ်တဲ့အတွက် မသုံးဖြစ်တာ များပါတယ် ။ )

အပေါ်က နည်းလမ်း ( ၂ ) ခုက ကိုယ့်အတွက် မလိုအပ်သေးဘူး ။ အသုံးပြုဖို့ မလိုသေးဘူး ။ ဖုန်းထဲရောက်မှပဲ Backup တွေကို Restore လုပ်မယ် ဆိုရင်တော့ ဒီ Set Up as New iPhone ကို နှိပ်သင့်ပါတယ် ။ ( ကျနော်ဆို ဒီဟာကိုပဲ အသုံးပြုတာ များပါတယ် ။ ကိုယ်တွေဆီက Internet လိုင်းကလဲ သိပ်ကောင်းတာ မဟုတ်ဘူးရယ် ။ )

အရင်က Andriod ကိုင်တယ် ။ အခု iOS ပြောင်းကိုင်မှာဖြစ်လို့ ဖုန်းအဟောင်းက Data တွေကို iPhone အသစ်ဆီကို ပြောင်းရွှေ့ပေးချင်တယ် ဆိုရင်တော့ ဒီ Move Data From Andriod ကို နှိပ်ရပါမယ် ။ ဘာတွေ ရွှေ့ပြောင်းပေးလို့ရမလဲဆိုတော့ Contacts တို့ Photos တို့ကို ရွှေ့ပေးနိုင်ပါမယ် ။ ဒါပေမယ့် ဒီအတွက် Andriod ဖုန်းပေါ်မှာ Move to iOS ဆိုတဲ့ App ကို install လုပ်ပေးထားဖို့တော့ လိုအပ်ပါမယ် ။ ( ကျနော်ကတော့ ဒီနည်းလမ်းကို တစ်ခါမှ အသုံးမပြုခဲ့ဖူးပါဘူး ။ Andriod တွေရဲ့ Apps တွေကို စိတ်ချ လက်ချနဲ့ အသုံးမပြုရဲလို့ပါ ။ )

( 8 ) ကိုယ်က Apple ID ကို တစ်ခါထဲ ထည့်သွားချင်တယ် ဆိုရင်တော့ အပေါ်က Apple ID အကွက်မှာ ရိုက်ထည့်ပေးရပါမယ် ။ ပြီးရင် Next ကို နှိပ် ။ Apple ID ရဲ့ Password ကို ရိုက်ထည့်ပေး ။

Apple ID ကို မထည့်သေးဘူး ။

Sign in မလုပ်ချင်သေးဘူး ။

ရတယ်လေ ။

Forget password or don’t have an Apple ID ? ကိုသာ စိတ်ချလက်ချ နှိပ်လိုက်ပါ ။

( 9 ) ကိုယ်က Apple ရဲ့ အသိအမှတ်ပြုထားတဲ့ Banks Card တွေ ၊ Credit Cards တွေ ၊ Debit Cards တွေ အသုံးမပြုလို့ မလိုအပ်ဘူးဆိုရင် Set Up Later in Wallet ကို နှိပ်ရပါမယ် ။ ( ကျနော်တော့ တစ်ခါမှကို ထည့်ဖူးပါဘူးဗျာ ။ )

( 10 ) ကိုယ့်အနေနဲ့ iCloud ကိုပါ တစ်ခါထဲ အသုံးပြုချင်တယ် ဆိုရင်တော့ iCloud ကို Enable လုပ်သွားပါ ။ ဒါက ကိုယ့်ဖုန်းရဲ့ Data တွေကို Backup လုပ်ဖို့ရာ အသုံးဝင်ပါတယ် ။ ( ကျနော်ကတော့ မလုပ်ဘူးဗျ ။ ဖုန်းထဲရောက်မှပဲ ။ )

( 11 ) iPhone 6S ကနေ အထက်ဆိုရင်တော့ Continue ကို နှိပ်ပြီး ၊ Hey Siri ဆိုပြီး လုပ်လိုက်ရုံပါပဲ ။

ကျနော်ကတော့ မလုပ်ပါဘူး ။

Set Up Later in Settings ကိုပဲ နှိပ်ပြီး သွားပါတယ် ။

( 12 ) ဒါကတော့ iOS 12 မှာမှ ပါလာတဲ့ New Feature တစ်ခုပဲ ဖြစ်ပါတယ် ။ ကိုယ်နေ့စဉ် အသုံးပြုနေတဲ့ Apps တွေကို အချိန်ကန့်သတ်ပြီး အသုံးပြုလို့ရတဲ့ ဟာပေါ့ ။ ကိုယ့်အိမ်က ခလေးတွေကိုလည်း Apps တွေကို အချိန်မှတ်ပြီး ပေးသုံးလို့ ရတယ်ပေါ့ ။

ကျနော်ကတော့ ဖွင့်ထားပေးလိုက်တယ် ။

ဒီတော့ Continue ပေါ့ ။

မလုပ်ထားချင်လည်း ရတယ်လေ ။

Set Up in Settings Later ကိုသာ နှိပ်လိုက် ။

( 13 ) Diagnostic Informations ( iOS ရဲ့ ချို့ယွင်းချက်တွေကို ) ရှာဖွေ တွေ့ရှိပါက Apple သို့ informations တွေကို Share ပေးမလားလို့ မေးပါလိမ့်မယ် ။

အာ့ဒါတွေက ကိုယ်တွေလို Normal ယူစာတွေအတွက် လိုမှ မလိုတဲ့ဟာ ။

Don’t Share ပဲ ချတယ် ။

( 14 ) ဒီ Display Zoom ဆိုတဲ့ Feature ကို iPhone 6 ကနေ အထက်မှာ ရရှိပါတယ် ။

ဘာကြီးလဲ ဆိုတော့ iOS ရဲ့ UI တွေ ၊ Text တွေကို မူလထက် အရွယ်အစား ကြီးသွားစေတဲ့ Feature ပဲ ဖြစ်ပါတယ် ။

အဓိကကတော့ အရွယ်အစားကြီးတဲ့ iPhone Plus ဆိုဒ်ကို ကိုင်ဆောင်တဲ့ သူတွေအတွက် ဖုန်းနဲ့ Compatibles ဖြစ်တဲ့ UI တွေ အသုံးပြုနိုင်အောင်လို့ပဲ ဖြစ်ပါတယ် ။ လူကြီးပိုင်းတွေ အတွက်ပေါ့ဗျာ ။ ( ကျနော်တော့ မသုံးဖြစ်ပါဘူး ။ )

ကိုယ်ကြိုက်တဲ့ Zoom ကိုသာ ရွေးပေးလိုက်ဗျ ။

( 15 ) ဒါကတော့ iOS 12 မှာမှ စတင်ပြီး ပါလာတဲ့ Feature အသစ်စက်စက်ကြီးပဲ ဖြစ်ပါတယ် ။

ညဖက် ကိုယ်အိပ်ခါနီးမှာ iPhone ကို WiFi နဲ့ ချိတ်ပြီး iOS Software Update လုပ်တော့မယ် ဆိုပါစို့ ။

WiFi နဲ့တော့ ချိတ်ထားလိုက်မယ် ။

လူကတော့ အိပ်မယ် ။

ကိစ္စမရှိ ။

ဒီ Automatic Updates ကိုသာ On ပေးထားလိုက် ။ ဖုန်းက သူ့ဖာသာ iOS ကို ဒေါင်းပြီး install လုပ်ပေးသွားလိမ့်မယ် ။

( လုပ်ချင်ရင် ပြောပါတယ် ။ မလုပ်ချင်လည်း ရတယ်လေ ။ ကျော်ပစ်လိုက်ပေါ့ ။ Turn on လုပ်မနေနဲ့ပေါ့ဗျာ ။ )

( 16 ) Okay !

Set up လုပ်တာ လုံးဝ ပြီးဖို့အတွက် Get Started ကို နှိပ်ပြီး Finish လိုက်လို့ ရပါပြီဗျားးး … ။

ပြောပြီးပြီနော် ။

ဒီ Set Up လုပ်တာက iPhone အသစ်တွေ ဖြစ်တဲ့ iPhone XS တို့ ၊ iPhone XS Max တို့မှ မဟုတ်ပါဘူး ။ ကျန်တဲ့ iPhone Model Series တွေကိုလည်း ဒီလိုပဲ Set Up လုပ်ပေးရမှာပဲ ဖြစ်ပါတယ် ။

iPhone XS နဲ့ iPhone XS Max တို့ရဲ့ Selfie Beauty Filter EffectApple ဟာ iPhone XS ရဲ့ ကင်မရာကို Hardware ကော , Software ...
29/09/2018

iPhone XS နဲ့ iPhone XS Max တို့ရဲ့ Selfie Beauty Filter Effect

Apple ဟာ iPhone XS ရဲ့ ကင်မရာကို Hardware ကော , Software ကောကိုပါ တိုးတက်မှုရှိအောင်လို့ လုပ်ခဲ့ပါတယ် ။ iPhone XS နဲ့ XS Max တို့ရဲ့ ကြီးမားတဲ့ Sensor ကြောင့် Details , Contrast နဲ့ Dynamic Range တို့ ပိုမို တိုးတက်ပြီး တိကျမှုတွေလည်း ပိုရှိလာပါတယ် ။

ဒါပေမယ့်လည်း Apple ဟာ အခုတော့ iPhone XS ပိုင်ရှင်တွေရဲ့ Selfie နဲ့ ပါတ်သက်ပြီး စိတ်တိုမှုတွေ စိတ်အလိုမကျမှုတွေ ကြုံနေတွေ့နေရပြီ ဖြစ်ပါတယ် ။

iPhone XS ပိုင်ရှင်တွေက Selfie ဓါတ်ပုံတွေမှာ လွန်လွန်ကဲကဲကို Skin Smoothing Effect တွေ ဖြစ်နေပါတယ်လို့ Complain တက်လာကြပါတယ် ။

Selfie ရိုက်တဲ့အခါမှာ iPhone XS နဲ့ XS Max တွေရဲ့ ပုံတွေဟာ သဘာဝအတိုင်း မဟုတ်ပဲ အတု ပြုလုပ် ဖန်တီးထားသကဲ့သို့ Results ထွက်လာတာပဲ ဖြစ်ပါတယ် ။

ဘာနဲ့ အလားတူလဲဆိုတော့ Samsung , Vivo , Oppo & Huawei တို့နဲ့ Selfie ရိုက်နေသလိုမျိုး ဖြစ်နေပါတယ် ။ ဒီ Feature ကို Beauty Filter လို့ ခေါ်ဝေါ်ကြပါတယ် ။ သူ့ကို Disable လုပ်ထားလို့ မရပါဘူး ။ Effect ကို အတိုး အလျော့ လုပ်လို့တော့ ရပါတယ် ။

ဒါပေမယ့်လည်း iPhone XS မှာကျတော့ Beauty Filter Effect အတွက် Option မပါလာပါဘူး ။ လူတွေရဲ့ မျက်နှာပေါ်မှာ Beauty Filter က အသက်ဝင်နေမှာဖြစ်ပြီး Smart HDR Feature ကို ပိတ်ထားလိုက်ပြန်တော့လည်း ပုံကောင်းကောင်းတွေ ရရှိမှာ မဟုတ်ပြန်ဘူး ။

ဒီ Beauty Filter ရဲ့ Side Effect ကတော့ လူတွေဟာ အမှန်တကယ် ရှိသင့်တာထက် ပိုပြီး Smoother ဖြစ်သွားတာပါပဲ ။ လူတစ်ဦးချင်းစီရဲ့ မျက်နှာပေါ်ရှိ အနာအဆာနဲ့ အမဲအကွက်တွေကို တစ်ခါထဲ Remove လုပ်ပေးလိုက်ပါတယ် ။ iPhone XS ပိုင်ရှင်တွေကတော့ Selfie ကင်မရာမှာ ဒီ Beauty Filter Effect ကို ပိတ်ဖို့ မပါတဲ့အတွက် စိတ်ပျက်နေကြတာပဲ ဖြစ်ပါတယ် ။

ဒီပြဿနာဟာ iOS 12 ရဲ့ အစိတ်အပိုင်း တစ်ခုတော့ မဟုတ်နိုင်ပါဘူး ။ ဘာလို့ဆို iOS 12 တင်ထားတဲ့ iPhone X တွေရဲ့ Selfie ကင်မရာတွေမှာ ဒါမျိုး မဖြစ်ပဲ အရင်လို သဘာဝကျကျ ပြတ်သားနေတဲ့ ပုံတွေ ရရှိနေလို့ပဲ ဖြစ်ပါတယ် ။ ဒါဟာ iPhone XS နဲ့ XS Max ရဲ့ Selfie ကင်မရာတွေမှာ ဖြစ်နေတဲ့ ပုံပါပဲ ။
ဖြစ်နိုင်တာကတော့ Apple ဟာ iPhone XS နဲ့ XS Max တို့ရဲ့ Beauty Filter Effect ကို Off လိုက်တာပဲဖြစ်ဖြစ် , Effect ကို လျော့ချလိုက်တာပဲဖြစ်ဖြစ်တို့ကို iOS 12 ရဲ့ Update အသစ် iOS 12.1 မှာ ပြုလုပ်ပေးလာလိမ့်မယ်လို့ ယူဆရပါတယ် ။

Screen TimeScreen Time ဖြင့် သင့်ရဲ့ iPhone and iPad တို့အပေါ်မှာ အချိန်တွေ ဘယ်လောက်တောင် ဖြုန်းခဲ့ပြီးပြီလဲ ဆိုတာကို သင်...
27/09/2018

Screen Time

Screen Time ဖြင့် သင့်ရဲ့ iPhone and iPad တို့အပေါ်မှာ အချိန်တွေ ဘယ်လောက်တောင် ဖြုန်းခဲ့ပြီးပြီလဲ ဆိုတာကို သင်သိနိုင်ပါမယ် ။ ဒါ့အပြင် သင်လိုအပ်သလို ထိမ်းချုပ်မှုတွေကိုလည်း ပြုလုပ်နိုင်ပါဦးမယ် ။

Screen Time

iOS 12 ရဲ့ New Feature တစ်ခု ဖြစ်ပါတယ် ။

သင်နဲ့ သင့်ရဲ့ခလေးတို့ Applications တွေ , Websites တွေအပြင် အခြားသော အသုံးပြုမှုတွေ အပေါ်မှာပါ အချိန် ဘယ်လောက်ကြာကြာ အသုံးပြုခဲ့ အသုံးပြုနေလဲ ဆိုတာကို သိရှိနိုင်ပါတယ် ။

ဒီလို သိရှိထားတော့ သင့်ရဲ့ iDevice တွေ အသုံးပြုနေမှုကို သင့်စိတ်ကြိုက် ကန့်သတ်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် အထောက်အကူ ရပါမယ် ။ သင့်အတွက် မဟုတ်ရင်တောင်မှ သင့်ခလေးရဲ့ Device ကို ထိမ်းချုပ်မှုတွေ ပြုလုပ်ပေးထားနိုင်တာပေါ့ ။

Turn on Screen Time

သင့် iPhone or iPad ရဲ့ Setting ကို သွားပါ ။

Screen Time ကို ဝင်ပါ ။

Turn On Screen Time ကို နှိပ်ပါ ။

Continue ကို နှိပ်ပါ ။

ဒီမှာ ရွေးချယ်ဖို့ ( ၂ ) ခု ရှိပါမယ် ။

This is My [ Device ] or This is My Child’s [ Device ] ဆိုပြီး ဖြစ်ပါတယ် ။

ဒါကတော့ This is My Child’s [ Device ] ကို ရွေးထားတာ ဖြစ်ပါတယ် ။

သင့်ခလေးကို ဘယ်အချိန်ကနေ ဘယ်အချိန်ထိ ဆိုတဲ့ အသုံးပြုခွင့်ကို Screen Time မှာ သတ်မှတ် ပေးထားလို့ ရပါမယ် ။ သတ်မှတ်ပြီးရင် Set Downtime ကို နှိပ် ။

သင့်ခလေးအတွက် ကန့်သတ်ထားချင်တာက Applications အားလုံးကိုလား ။ Social Applications တွေကိုပဲ သီးသန့် ကန့်သတ် ပေးထားမှာလား ။ Games တွေကိုပဲလား ဆိုတာကို ဒီနေရာမှာ ရွေးချယ်ပေးရမှာပဲ ဖြစ်ပါတယ် ။ နောက်ထပ်လည်း Show All Categories ကို နှိပ်ပြီး ထိမ်းချုပ်မှုတွေ ပြုလုပ်နိုင်ပါဦးမယ် ။

ကန့်သတ်မှု ပြုချင်တဲ့ Categories တွေကို ရွေးချယ်ပြီးပြီ ဆိုပါက Time Amount က Set ကို နှိပ်ပေးရပါမယ် ။ သင့်ခလေး အသုံးပြုနိုင်မယ့် Times ကို ထည့်ပေးပြီးရင်တော့ Set App Limit ကို နှိပ်သွားရုံပါပဲ ။

သင့်ခလေးရဲ့ Device က Screen Time ကို အထက်ပါအတိုင်း ပြုလုပ်ပြီးသွားပြီ ဆိုရင်တော့ Family Sharing ကို အသုံးပြုပြီး သင့်ရဲ့ iPhone or iPad ပေါ်ကနေပဲ ခလေးရဲ့ Device ကို Configure ပြုလုပ်နိုင်ပါမယ် ။ ဒါ့အပြင် View Reports တွေ Adjust Settings တွေကိုပါ ကြိုက်တဲ့အချိန်မှာ သင့် Device ပေါ်ကနေ ကြည့်ရှု ထိမ်းချုပ်လို့ ရပါဦးမယ် ။

Screen Time ကို Create လုပ်စဉ်မှာ Passcode သတ်မှတ် ထည့်ပေးခဲ့ရတာ ဖြစ်တဲ့အတွက် အချိန်တိုးတာ လျော့တာတွေအပြင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ကလည်း သင်တစ်ယောက်ထဲသာ အခွင့်ရှိမှာ ဖြစ်ပါတယ် ။

Screen Time အတွက် Passcode ထည့်ရာမှာလည်း သင်အသုံးပြုနေတဲ့ Device ကို Unlock ပြုလုပ်ရာမှာ ထည့်ပေးရတဲ့ Passcode နဲ့ မတူတာကိုပဲ ထည့်သင့်ပါတယ် ။

View your report and set limits

Screen Time ဟာ သင့် Device ရဲ့ အသုံးပြုမှုတွေကို အသေးစိတ် ဖော်ပြပေးပါတယ် ။ သင်ဖွင့်ခဲ့တဲ့ Applications တွေ ၊ ဝင်ခဲ့တဲ့ Websites တွေကို အချိန်နှင့်တကွ ကြည့်ရှုနိုင်ပါတယ် ။

Setting >> Screen Time ကို သွားပြီး Graph ကို နှိပ်ရပါမယ် ။ အဲဒီမှာ သင့်ရဲ့ Usage တွေ , အသုံးအများဆုံးသော Apps တွေကို Limits လုပ်ထားတာတွေ , သင်ဘယ်နှကြိမ်လောက် Device ကို ကိုင်ခဲ့ ချခဲ့တယ် ဆိုတာတွေအပြင် Notifications လက်ခံခဲ့တာတွေပါ ရှိပါမယ် ။

Share Across Devices ကိုပါ Turn on လုပ်ထားမယ် ဆိုရင်တော့ သင့်ရဲ့ Apple ID တွေ Password တွေနဲ့ Sign in လုပ်ထားတဲ့ အခြားသော Device ပေါ်ကနေလည်း Overall Usage တွေကို ကြည့်ရှုနိုင်ပါမယ် ။

Downtime

Downtime မှာ Schedule နဲ့ သတ်မှတ်ပေးထားမယ် ဆိုရင်တော့ သင်အသုံးပြုဖို့ ရွေးချယ်ပေးထားတဲ့ Applications တွေနဲ့ ဖုန်းခေါ်တာလောက်ကိုပဲ ပြုလုပ်နိုင်ပါမယ် ။ Screen Time ကို Enable လုပ်ထားတဲ့ Device မှာ Downtime လုပ်ဆောင်တော့မယ်ဆိုရင် မစတင်ခင် ( ၅ ) မိနစ်အလိုမှာ Reminder တစ်ခု ပြသပေးပါမယ် ။

ပြီးရင်တော့ Downtime အသက်ဝင်ပါပြီ ။

Downtime Enable ဖြစ်နေစဉ်မှာ သင့်အနေဖြင့် ကန့်သတ်ထားတဲ့ Applications တွေထဲကို ဝင်ရောက်ပါက Time Limit ဆိုတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။

သင့်အနေဖြင့် Time Limit ကို ဂရုမစိုက်ဘူး ဆိုရင်ဖြင့် Ignore Limit မှာ ရွေးချယ်စရာ ( ၂ ) ခု ရှိပါမယ် ။ ထပ်တိုး ( ၁၅ ) မိနစ် အသုံးပြုခွင့်နဲ့ ဒီနေ့ တစ်နေ့စာလုံး အသုံးပြုခွင့်တို့ပဲ ဖြစ်ပါတယ် ။

App Limits

App Limits ဖြင့် App Categories တွေကို နေ့စဉ် ကန့်သတ် ပေးထားနိုင်ပါမယ် ။ ဥပမာ သင့်အနေဖြင့် အလုပ်ချိန်ဖြစ်နေတဲ့အတွက် Social Applications တွေ Games တွေကို မလိုအပ်ဘူး ဆိုပါတော့ ။ Productivity Apps တွေကိုပဲ မြင်တွေ့ရပါမယ် ။ ကျန်တဲ့ Apps တွေကတော့ Downtime လိုပဲ ပိတ်ပေးထားမှာပဲ ဖြစ်ပါတယ် ။

Always Allowed

သင့်အနေဖြင့် Downtime ကို အသုံးပြုထားပြီး All Apps & Categories တွေကို အသုံးပြုခွင့် ကန့်သတ်ထားမယ် ဆိုရင်တောင် သင်အသုံးပြုဖို့အတွက် Apps တွေကို ရွေးချယ်ပြီး ချန်လှပ်ပေးထားလို့ ရပါဦးမယ် ။ Default အနေနဲ့ Phone App , Messages App , FaceTime App နဲ့ Maps တို့ကို အမြဲ အသုံးပြုခွင့် ပေးထားပါမယ် ။ ဒါပေမယ့် သင့်အနေဖြင့် ဆန္ဒရှိမယ် ဆိုရင်တော့ သူတို့ကိုပါ Remove လုပ်နိုင်ပါမယ် ။

Content & Privacy Restrictions

သင့်ရဲ့ Device အပေါ်မှာ ကျေနပ်မှုရှိစေရန်နှင့် Privacy ကို ကန့်သတ်ထားဖို့အတွက် Content & Privacy Restrictions ကို အသုံးပြုပြီး မသင့်လျော်တဲ့ဟာတွေ , Purchases လုပ်တာတွေ , Download ဆွဲတာတွေနဲ့ သင့်ရဲ့ Privacy Settings တွေကိုပါ ကာကွယ်မှု ပြုလုပ်ထားနိုင်ပါမယ် ။

Family Sharing ဖြင့် Music တွေ , Movies တွေ , Apps တွေအပြင် အခြားသော အရာတွေကိုလည်း သင့်မိသားစုနဲ့အတူ Share ပြုလုပ်နိုင်ပါပြီ ။အခု Screen Time ဖြင့်လည်း လုပ်နိုင်ပြီပဲ ဖြစ်ပါတယ် ။

သင့်ရဲ့ Device ကနေပြီး သင့်မိသားစုအတွင်းမှာရှိတဲ့ သင့်ခလေးရဲ့ Reports တွေကို မြင်နိုင်သလို Setting ကိုလည်း Adjust လုပ်လို့ ရပါမယ် ။

Family Group ထဲမှာ သင်ဟာ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီးသား ဆိုရင်တော့ Setting >> Screen Time ကို ဝင်ပြီး သင့်ခလေးရဲ့ နာမည်ပေါ်ကို နှိပ်လိုက်ပါ ။

ဒါမှမဟုတ် Family Group ကို Create မလုပ်ရသေးတာ ဆိုရင်တော့ Setting >> Screen Time >> Set Up Screen Time for Family ကို နှိပ်ရပါမယ် ။

သင့်ခလေးမှာ Apple ID တစ်ခု မရှိသေးဘူးဆိုလျှင် Create a Child Account ကို နှိပ်ပြီး Apple ID ကို ခလေးအတွက် ပြုလုပ်ပေးလို့ ရပါမယ် ။

ဒါမှမဟုတ် သင့်ခလေးမှာ Apple ID ရှိနေပြီးသား ဆိုရင်တော့ Add Child ကို နှိပ်ပြီး ခလေးရဲ့ Apple ID နဲ့ Password ကို ထည့်ပေးလိုက်ရပါမယ် ။

Family Sharing ဖြင့် Screen Time ကို အသုံးပြုရန်မှာ Family Group အတွင်းမှာ သင်ဟာ သင့်မိသားစုရဲ့ စီစဉ်သူ ဒါမှမဟုတ် အုပ်ထိန်းသူမိဘ ဖြစ်ဖို့တော့ လိုပါမယ် ။

ဒီလိုမျိုး သင့်ခလေးရဲ့ လုံခြုံမှုနှင့် သင့်ရဲ့ Privacy တွေအတွက် သင့်စိတ်ကျေနပ်မှု ရှိစေရန် iOS 12 က ယူဆောင်ပေးလာပြီပဲ ဖြစ်ပါတယ် ။

iOS မှာ Built-in ပါလာတဲ့ Thesaurus ( ဝေါဟာရပဒေသာကျမ်း ) ကို အသုံးပြုနည်းiOS Devices တွေ အပေါ်မှာ Dictionary တွေဟာ Built-i...
27/09/2018

iOS မှာ Built-in ပါလာတဲ့ Thesaurus ( ဝေါဟာရပဒေသာကျမ်း ) ကို အသုံးပြုနည်း

iOS Devices တွေ အပေါ်မှာ Dictionary တွေဟာ Built-in အဖြစ် ပါလာတာ ကြာလှနေပါပြီ ။

အခုတော့ Apple ဟာ ပိုပြီး အသုံးဝင်မယ့် Feature တစ်ခုကို ထပ်ပြီး ထည့်ပေးလိုက်ပါပြီ ။

အဲဒါကတော့ Oxford American Writer တွေရဲ့ Thesaurus ( မြန်မာလိုဆိုရင်တော့ ဝေါဟာရ ပဒေသာကျမ်းပါ ) ကို Built-in အဖြစ် ထည့်ပေးလိုက်တာပဲ ဖြစ်ပါတယ် ။

အခု ဒီပို့စ်မှာ iPhone ရဲ့ Thesaurus ကို ဘယ်လို အသုံးပြုရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ် ။

ကျနော်တို့ iPhone or iPad ပေါ်က Built-in ပါလာတဲ့ Thesaurus ကို အသုံးမပြုခင် လုပ်ရမှာ ရှိပါသေးတယ် ။ အဲဒါကတော့ Thesaurus ကို Activate ( install ) လုပ်ပေးရပါဦးမယ် ။

( 1 ) Setting ထဲကို သွားပါ ။

( 2 ) General ကို ဝင်ပါ ။

( 3 ) Dictionary ကို ထပ်ဝင်ပါ ။ ( iOS ရဲ့ Dictionaries တွေ Manage လုပ်နိုင်တဲ့နေရာ ဖြစ်သလို , Language Translators တွေ ရှိနေတဲ့ နေရာကြီးလဲ ဖြစ်ပါတယ် ။ အခြား Apps တွေတောင် မလိုအပ်သလောက်ပါပဲ ။ )

( 4 ) American English ( Oxford American Writer’s Thesaurus ) ကို နှိပ်လိုက် ရပါမယ် ။ ( ကျနော်ကတော့ တွေ့တဲ့အတိုင်း လိုမယ် ထင်တာ အကုန် install လုပ်ထားလိုက်တယ် ။ )

( 5 ) Install လုပ်ပြီးသွားလို့ ဘေးမှာ အမှတ်ခြစ်လေးနဲ့ ပြပေးပြီဆိုရင် Thesaurus ကို အသုံးပြုလို့ ရပါပြီ ။

Thesaurus ( ဝေါဟာရ ပဒေသာကျမ်း ) ကို ဘယ်လို အသုံးပြုရမလဲ ?

ကျနော်ကတော့ Safari Browser ကို အသုံးပြုတာ များပါတယ် ။ Note App တို့ ၊ Bear App တို့ကနေလည်း သုံးတတ်ပါတယ် ။ Chrome Browser ပေါ်မှာပါ အသုံးပြုလို့ရတယ်လို့ သိထားပါတယ် ။ ယူစာအချို့အတွက်လည်း အသုံးဝင်နိုင်တဲ့အတွက် ကိုယ်တိုင် စမ်းသပ် ကြည့်ကြပါလို့ တိုက်တွန်းပါတယ် ။

ကျနော် သိချင်တဲ့ စကားစု တစ်ခုကို Highlight ဖြစ်အောင်လို့ Select ပေးလိုက်ပါတယ် ။

ဒါဆို ပုံထဲကလို Cut , Copy , Paste , … တို့ ပါတဲ့ Pop-up လေး ပေါ်လာပါလိမ့်မယ် ။

Look Up ကို နှိပ်လိုက်ရပါမယ် ။ ( Look Up ကို Pop-up မှာ မတွေ့ရင် မျှားအတိုင်း ဘေးကို ဆွဲပါ ။ )

ဒါဆို ကျနော် သိချင်တဲ့ စကားစုနဲ့ ပါတ်သက်တဲ့ Thesaurus တွေ ပေါ်လာပါပြီ ။

( အကယ်၍ Thesaurus Lists တွေ Screen ရဲ့ အပေါ်ဆုံးမှာ မပေါ်လာရင် Scroll Down ပြီး ရှာကြည့်ပါ ။ )

New Oxford American Dictionary ကို iOS ပေါ်မှာကော ၊ macOS ပေါ်မှာပါ အသုံးပြုလို့ ရပါတယ် ။

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

Address

40B Street Between 56 X 57

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959447785844

Website

Alerts

Be the first to know and let us send you an email when I Doctor MDY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to I Doctor MDY:

Shortcuts

  • Want your business to be the top-listed computer & electronics service?

Share