16/11/2026
Hello EV lovers!
MEVP charging station တိုင်းမှာ charging station တစ်ခုအနေနဲ့ပြည့်စုံစေရန် လိုအပ်တဲ့ charging adapter ခေါင်းများအပိုထားရှိပေးထားပါတယ်။
ယခင်က adapter များပျောက်ရှခြင်းများရှိခဲ့သော်လည်း MEVP ဘက်မှအမြဲအစားထိုးပြန်လည်ထားရှိပေးခဲ့ပါတယ်။
Adapter များမှာ လွတ်ကျရင်ကွဲတတ်ပါတယ်။ Customer များ အသုံးပြုရင်းမတော်တဆလွတ်ချတတ်သော ပျက်စီးမူများအတွက်ကိုလည်း အမြဲအစားထိုးထားရှိပေးထားနေကျဖြစ်ပါတယ်။
Adapter မှာ တပ်ဆင်ထားတဲ့ security ကြိုးဟာ ကိုယ်ထည်ကြီးမားတဲ့ကားဖြစ်ပါက ကားပါကင်ထိုးတဲ့ပုံစံအနည်းငယ်ပြောင်းပြီး တပ်ဆင်အသုံးပြုဖို့တော့လိုအပ်ပါမယ်ရှင့်။ ဒါဟာလည်း ကားအနည်းစုအတွက်ဖြစ်ပြီး security ကြိုးများကိုလည်း လုံလောက်တဲ့အရှည်အပြင် တပ်ဆင်ပြီးနောက်
ပြန်လည်ရုန်းကန်မူအတွက်လည်း အဆင်ပြေမယ့်ပစ္စည်းအမျိုးအစားကိုပြောင်းလဲအသုံးပြုပေးထားတာပါ။
သို့ပေမယ့် အချို့ station အသုံးပြုသူ customer များဟာ security ကြိုးကို အားစိုက်ထုတ်ကာဖြတ်တောက်ပြီး အသုံးပြုလေ့ရှိပါတယ်။
(ပျက်စီးလိုစိတ်ဖြင့် ဖြတ်တောက်ပါက security ကြိုးဘယ်လောက်ကောင်းကောင်းပြတ်မှာဖြစ်ပါတယ်။)
Comment တွင် ဖြတ်တောက်ခံထားရသော adapter များထဲမှ တစ်လုံးကိုပြပေးထားပါမယ်ရှင့်။
ပစ္စည်းကိုယူသွားလိုစိတ်ဖြင့်ပြုလုပ်တာမျိုးမဟုတ်ဘူးဆိုပေမယ့် ဖျက်စီးတာဖြစ်သည့်အတွက် ဆက်လက်မပြုလုပ်ပါရန် MEVP ဘက်မှ လေးစားစွာတောင်းဆိုအပ်ပါတယ်ရှင့်။ 🙏🙏🙏
အကယ်၍ MEVP ဘက်မှစီစဉ်ပေးထားသော adapter သည် လူကြီးမင်း၏ကားနှင့်အသုံးပြုရအဆင်မပြေဘူးဆိုပါက adapter သီးသန့်ဝယ်ယူအသုံးပြုနိုင်ပါကြောင်းကိုလည်း လေးစားစွာသတင်းပေးလိုပါတယ်ရှင့်။
အမြဲတမ်းကြိုးဖြတ်ခံရသော station များတွင် Adapter များထားရှိမူရပ်ဆိုင်းထားခြင်းမှာ adapter ရောင်းချလိုသောကြောင့်စီစဉ်ခြင်းမျိုးမဟုတ်ဘဲ ဖြေရှင်းနိုင်မည့်နည်းလမ်းကိုရှာဖွေနေသောကာလမှာ ပျက်စီးဆုံးရှုံးမူထပ်မဖြစ်ရအောင်စီစဉ်ခြင်းဖြစ်ကြောင်းကိုလည်း လေးစားစွာအသိပေးလိုပါတယ်ရှင့်။
Customer များအတွက် အကောင်းဆုံး service တွေပေးဖို့အမြဲကြိုးစားလုပ်ဆောင်နေတာမို့ အဆင်မပြေမူများရှိခဲ့ရင် နားလည်ပေးဖို့လည်းမေတ္တာရပ်ခံပါတယ်ရှင့်
ကျေးဇူးတင်ပါတယ်ရှင့်။