22/08/2022
ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ "Internetကဘာလဲ" ဆိုတာ စဉ်းစားကြည့်ဖူးကြလား? 🤷🏻♂️
နေ့စဉ်အသုံးပြုနေပေမယ့် ဒီလိုအကြောင်းအရာတွေကို မသိရင်တော့ ခေတ်နောက်ကျကျန်ခဲ့မှာပေါ့... ခေတ်နဲ့အညီ လိုက်လျောညီထွေရှိဖို့ သိထားသင့်တဲ့အချက်အလက်လေးတွေကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ💁🏻♂️
🇺🇸 ၁၉၆၉ခုနှစ်မှာ စတင်တီထွင်ပြီး အသုံးပြုခဲ့တဲ့ အင်တာနက်ဟာ အမေရိကန်နိုင်ငံလုံးဆိုင်ရာကာကွယ်ရေးဌာနအနေနဲ့ အစိုးရဝန်ထမ်းတွေအတွက် အချက်အလက်တွေရှာဖွေစုဆောင်းပြီး တစ်ဦးနဲ့တစ်ဦးချိတ်ဆက်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်အနေနဲ့ တီထွင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ စတင်တီထွင်ခဲ့တဲ့အချိန်တုန်းကတော့ နိုင်ငံအတွင်းပဲအသုံးပြုလို့ရခဲ့ပြီး ၁၉၇၂ခုနှစ်ကစလို့ တစ်ကမ္ဘာလုံးဖြန့်ကျက်အသုံးပြုနိုင်ခဲ့ပါတယ်။
ယနေ့ခေတ်မှာတော့ အင်တာနက်ရဲ့အရေးပါမှုက နေ့စဉ်ဆိုသလို ကဏ္ဍပေါင်းစုံမှာ အရေးတကြီးပါဝင်ပတ်သက်နေပါပြီ
ကမ္ဘာတစ်ဝှမ်း လူပေါင်းသန်းနဲ့ချီပြီး အင်တာနက်ကို အချိန်တိုင်း အသုံးပြုနေကြပေမယ့် ၁၀၀ရာခိုင်နှုန်းအသုံးပြုတတ်ပြီလို့ ထင်ပြီလား?
🌍 တစ်ကမ္ဘာလုံးအနေနဲ့ အများဆုံးအသုံးပြုကြတာကတော့ Googleနဲ့Youtubeပါ
ကိုယ်လိုချင်တဲ့အချက်အလက်တွေကို အလွယ်တကူရှာဖွေနိုင်တဲ့အတွက် Googleက အသုံးများတဲ့ Internet search engine တစ်ခုဖြစ်ပါတယ်
Youtubeကတော့ နည်းပညာပိုင်းဆိုင်ရာတွေအပြင် ဖျော်ဖြေရေးအနေနဲ့ပါ အသုံးပြုကြတဲ့အတွက် ဒုတိယအသုံးအများဆုံးဖြစ်နေတာပါ
မြန်မာနိုင်ငံမှာတော့ Facebookကို ဖျော်ဖြေရေးအတွက်ရော စီးပွားရေးအနေနဲ့ပါ အဓိကထားအသုံးပြုနေကြပါတယ်👨🏻💻
ဒါဆို နေ့စဉ် အသုံးပြုနေတဲ့ အင်တာနက်မှာ ဘယ်လိုအပိုင်းအခြားတွေပါသလဲ?🤷🏻♂️
သန်းပေါင်းများစွာသော အကြောင်းအရာတွေက အင်တာနက်ပေါ်မှာ ရှာဖွေတွေ့ရှိနိုင်ပေမယ့် ၉၀ရာခိုင်နှုန်းကတော့ Search Engineတွေဖြစ်တဲ့ Google, Yahoo, Bingအစရှိတာတွေမှာ မြင်တွေ့နေကြအရာတွေမဟုတ်ပါဘူး
ကျွန်တော်တို့သိထားတဲ့ Facebook, Instagram, Youtube, Wiki, Googleနဲ့ အခြားwebsiteတွေဟာ အင်တာနက်ဆိုတဲ့ဖြစ်တည်မှုရဲ့ အပေါ်ယံအလွှာပဲရှိပါသေးတယ်
ဆိုလိုတာက ရာခိုင်နှုန်းဟာ သုညဒဿမအနေအထားပဲရှိတယ်ဆိုတဲ့အခြေအနေပါ🧏🏻♂️
ဒီတော့ အင်တာနက်အကြောင်း လေ့လာတော့မယ်ဆိုရင် သိထားသင့်တာက
🌐 Surface web
🌐 Deep web
🌐 Dark web ဆိုတာတွေကိုပါပဲ
💻 Surface webဆိုတာက အပေါ်မှာပြောခဲ့တဲ့အတိုင်း သိချင်တဲ့အရာတွေကို လွတ်လွတ်လပ်လပ် အကန့်အသတ်မရှိရှာဖွေနိုင်တဲ့ အပေါ်ယံအလွှာလို့ သတ်မှတ်ထားလို့ရပါတယ်
🛡️ Deep webဆိုတာကိုတော့ မမြင်ရတဲ့အရာ၊ ဖုံးကွယ်ထားတဲ့အရာလို့ အဓိပ္ပာယ်မှတ်ယူနိုင်ပါတယ်
ဆိုလိုတဲ့သဘောက အကန့်အသတ်တစ်ခုထားတဲ့သဘောမျိုးပါ
Online bankingတွေ၊ payment methodနဲ့ အသုံးပြုရတဲ့ websiteတွေ၊ Private network အစရှိတာတွေကို Deep webလို့ခေါ်ပါတယ်
💀 Dark webကတော့ *စုပ်လည်းစူး စားလည်းရူး*ဆိုသလိုပဲ မစူးစမ်းသင့်တဲ့ websiteတစ်ခုဖြစ်ပါတယ်
ဆိုသော်ငြားလည်း ဘယ်လိုအခြေအနေတွေကြောင့် မစူးစမ်းသင့်ဘူးလဲဆိုတာ အနည်းကျဥ်းတော့ ပြောပြပေးချင်ပါတယ်
Dark webကို ပုံမှန်အသုံးပြုနေကြ browserတွေကနေ အလွယ်တကူဝင်ရောက်လို့ မရပါဘူး ❌
Tor browserဟာ တင်းကြပ်တဲ့လုံခြုံရေးစနစ်ေတွနဲ့ အသုံးပြုသူတွေရဲ့အချက်အလက်တွေကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် စုံစမ်းလို့မရနိုင်အောင် ကာကွယ်ပေးထားတဲ့အတွက် Dark webကိုအသုံးပြုဖို့ လမ်းကြောင်းတစ်ခုဖြစ်နေပါတယ်
Dark webမှာဆိုရင် တကယ့်ပြင်ပလောကမှာ လွယ်လင့်တကူဝယ်ယူလို့မရနိုင်တဲ့ မူးယစ်ဆေးဝါးတွေ၊ လက်နက်တွေ၊ ငွေစက္ကူအတုပြုလုပ်တာတွေ၊ hackingပြုလုပ်တာတွေကို မိမိဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ပြစရာမလိုတဲ့အပြင် လူသတ်မှု၊ မဒိန်းမှုလို လူ့ပတ်ဝန်းကျင်က ရှုံ့ချထားတဲ့ ရာဇဝတ်မှုတွေကိုပါ ပျော်ပျော်ကြီးကျူးလွန်လို့ရနေတဲ့ အမှောင်ကမ္ဘာကြီးတစ်ခုဖြစ်နေပါတယ်...
ကဲ ဒီအပတ်အတွက် အင်တာနက်အကြောင်း ဗဟုသုတကတော့ ဒီလောက်နဲ့ ရပ်ပါရစေ
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေနဲ့အတူ ပြန်လာခဲ့ပါမယ်ခင်ဗျာ 👨🏻💻
📌Maven Technology
🏠အမှတ်၂၇၇/၅၊ ကျောင်းလမ်း ၊၂၅ ရပ်ကွက် ၊ သုဝဏ္ဏ
☎️Hot Line : 09 951 978 176
🌐www.maventechmm.com
📧 [email protected]