Hnin Electrical Shop

Hnin Electrical Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hnin Electrical Shop, Electronics Store, Yangon.

ပန်ကာသုံးမို့လား မီးထွန်းမလို့လားကြိုက်ရာ သုံးနိုင်တဲ့ အားသွင်းပန်ကာ70000 ကျပ်ဝန်းကျင်နဲ့ စွယ်စုံသုံးလို့ရတဲ့ ပန်ကာကို ဝ...
23/04/2022

ပန်ကာသုံးမို့လား
မီးထွန်းမလို့လား
ကြိုက်ရာ သုံးနိုင်တဲ့ အားသွင်းပန်ကာ
70000 ကျပ်ဝန်းကျင်နဲ့ စွယ်စုံသုံးလို့ရတဲ့ ပန်ကာကို ဝယ်လို့ ရပါတယ်…

ဒီပန်ကာလေးက ၁၂လက်မ အရွယ်ဖြစ်လို့ ပေါ့ပေါ့ပါးပါး သယ်သွားလို့ ရတဲ့အပြင်
ဘယ်နေရာရောက်ရောက် အားသွင်းပြီး အသုံးပြုနိုင်တဲ့ ဆိုလာအားသွင်းစနစ်
USB Mobile Charger
ပေါက်လေးပါလို့ ကြိုးနဲ့ အားသွင်းလို့ရသလို
မီးထွန်းလို့ ရတဲ့ အားကောင်းတဲ့ မီးလုံး (၂)လုံး
ညဘက်အိပ်တဲ့ထွန်းအိပ်လို့ရအောင် ပန်ကာမှာ LED Night Light လေးပါပါတယ်…
ဆိုလာပြားပါ ပါလို့ နေရောင်ခြည်နဲ့အားသွင်းရတာလဲအဆင်ပြေပါတယ်
လျှပ်စစ်မီးနဲ့ရော ဆိုလာနဲ့ရောဆိုတော့ အဆင်ပိုပြေတာပေါ့

200W ,500W အားသွင်း မီးသီး  ရပါပီနော် 🤍ဝယ်ယူလိုသော Customer များ ❤ဆက်သွယ်ရန် 📱09442469984 .09987622855viber 09442469984🔍...
11/03/2022

200W ,500W အားသွင်း မီးသီး ရပါပီနော်

🤍ဝယ်ယူလိုသော Customer များ ❤
ဆက်သွယ်ရန်
📱09442469984 .09987622855
viber 09442469984
🔍နယ်မှcustomer များ K pay .Wave money ဖြင့်ငွေကြိုရှင်းနိုင်ပါသည်။

👉အားသွင်းမီးလုံး ၅၀၀w 👈Usb ခေါင်းပါလို့ မီးပျက်ရင်လဲ powerbank နဲ့သွင်းလို့ရပါတယ် ဒီဇိုင်းအသစ်လေး အလင်းအားကလဲ ကောင်းမှကေ...
11/03/2022

👉အားသွင်းမီးလုံး ၅၀၀w 👈
Usb ခေါင်းပါလို့ မီးပျက်ရင်လဲ
powerbank နဲ့သွင်းလို့ရပါတယ် ဒီဇိုင်းအသစ်လေး အလင်းအားကလဲ ကောင်းမှကောင်းလိုချင်တယ်ဆို
cbကနေမှာပေးကြပါရှင်
တလုံးထဲနဲ့ တခန်းလုံးလင်းဖို့အာမခံပါတယ်ရှင်

Led T8 4ပေ မီးချောင်းရပါမယ်တချောင်း ၃၅၀၀ပါရှင် အနည်းဆုံး၁၀ချောင်းယူပေးပါရှင် ။နှစ်ပေ မီးချောင်းတွေတောင် တချောင်း၃၃၀၀လက်က...
04/12/2021

Led T8 4ပေ မီးချောင်းရပါမယ်
တချောင်း ၃၅၀၀ပါရှင် အနည်းဆုံး၁၀ချောင်းယူပေးပါရှင် ။
နှစ်ပေ မီးချောင်းတွေတောင် တချောင်း၃၃၀၀လက်ကားစျေးပေးရတဲ့အချိန်မှာ ၄ပေမီးချောင်းတချောင်း၃၅၀၀ကအရမ်းတန်တယ်နော် 😍😍😍

Zuzanခေါက်ဆွဲ  ကြက်ဥပြုတ်အိုး16cm   ၈၅၀၀18 cm  ၉၅၀၀
23/11/2021

Zuzan
ခေါက်ဆွဲ ကြက်ဥပြုတ်အိုး
16cm ၈၅၀၀
18 cm ၉၅၀၀

Caribbean 12" Table Fan- Made in Thailandလက်လီဈေး - ၂၈၅၀၀ ကျပ်
18/11/2021

Caribbean 12" Table Fan
- Made in Thailand

လက်လီဈေး - ၂၈၅၀၀ ကျပ်

Sharp Iron AM-P333- Made in Thailand- အစိမ်းပဲရလက်လီဈေး - ၂၆၅၀၀ ကျပ်
18/11/2021

Sharp Iron AM-P333
- Made in Thailand
- အစိမ်းပဲရ

လက်လီဈေး - ၂၆၅၀၀ ကျပ်

OMG! Mist Mist Mist! I feel so relax! 😍😍😍House Humidifier 🤍Specification:Colour: white, pinkMaterial: ABSPower: USB DC5V...
10/11/2021

OMG! Mist Mist Mist! I feel so relax! 😍😍😍

House Humidifier 🤍

Specification:
Colour: white, pink
Material: ABS
Power: USB DC5V
Battery capacity: 1200mAh (battery version)
Water tank volume: 250ml
Fog: 20-30ml/h
Weight: 227G/265G (battery version)
Size: 85x85x93mm
Box weight: 16/17KG
Timing: 4h
Noise value: less than 36db
Price:27500Ks



Humidifiers and Health ယခုကာလဟာဆိုရင် အချို့သောသူတွေအတွက် အသက်ရှူလမ်း‌ကြောင်းဆိုင်ရာ ပြဿနာများနဲ့ ကြုံတွေ့နေကြရပါတယ်။ ဒါ...
10/11/2021

Humidifiers and Health

ယခုကာလဟာဆိုရင် အချို့သောသူတွေအတွက် အသက်ရှူလမ်း‌ကြောင်းဆိုင်ရာ ပြဿနာများနဲ့ ကြုံတွေ့နေကြရပါတယ်။ ဒါ့ကြောင့် အသက်ရှူလမ်းကြောင်းကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်မယ့် လေထုအစိုဓါတ်ထိန်းညှိပေးသည့်စက်(Humidifiers) အကြောင်းကို ပြောပြပေးချင်ပါတယ်။

-Humidifiers ဆိုတာဘာလဲ...
Humidifiers ဆိုတာကတော့ ပါတ်ဝန်းကျင် လေထု၏ စိုထိုင်းဆကို ထိန်းညှိ‌ပေးတဲ့ စက်ကိရိယာဖြစ်ပါတယ်။ စက်အတွင်းမှ ရေ‌ငွေ့ကိုထုတ်လွှတ်ပေးပြီး လေထုခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပါတယ်။ ထိုသို့ ထုတ်လွှတ်ခြင်းဖြင့် ခန္ဓာကိုယ်အရေပြားခြောက်သွေ့ပြီး ယာယံခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။ Humidifier ကိုအသုံးပြုခြင်းဖြင့် အရေပြား၊ နှာခေါင်း၊ လည်ပင်း နှင့် နှုတ်ခမ်း ခြောက်သွေ့ခြင်းကို ကုသရာမှာ များစွာအထောက်အကူပြုပါတယ်။ ထို့အပြင် ရာသီတုပ်ကွေး နှင့် အအေးမိခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာအချို့ကိုလည်း သက်သာစေနိုင်ပါတယ်။ Humidifiers ဟာကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ခေတ်သစ်တီထွင်မှုတစ်ခုလို့ ပြောရမှာပါ။

သို့သော်လည်း ဆိုးကျိုးအနေနဲ့ Humidifiers များကို အလွန်အကျွံသုံးခြင်းကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါ့ကြောင့် Humidifiers များကို မှန်မှန်ကန်ကန်ဘယ်လိုသုံးရမလဲဆိုတာသိထားဖို့အရေးကြီးပါတယ်။

-Humidifiers များကိုဘယ်လိုနေရာတွေမှာအသုံးပြုကြသလဲ...
အထက်မှာပြောခဲ့သလို Humifdifiers ဆိုတာကတော့ ပါတ်ဝန်းကျင်၏ အစိုဓါတ်ကိုထိန်းညှိခြင်းနှင့် လေထုခြောက်သွေ့ခြင်းမှ ကာကွယ်ပေးသောပစ္စည်းတစ်မျိုးပါ။ ထို့ကြောင့် Humidifiers များကို

-အရေပြားခြောက်သွေ့ခြင်း
-အအေးမိနှာဆေးခြင်း/ ခေါင်းကိုက်ခြင်း
-လည်ပင်းခြောက်သွေ့ပြီး ယားယံခြင်း
-နှာခေါင်းယားယံခြင်း
-နှာခေါင်းသွေးထွက်ခြင်း
-ချောင်းခြောက်ဆိုးခြင်း နှင့်
-နှုတ်ခမ်းကွဲခြင်း တို့ကို ကာကွယ်ရန်နှင့် ကုသရန်အတွက် အသုံးပြုလေ့ရှိကြပါတယ်။

နေထိုင်ရာပါတ်ဝန်းကျင်နှင့် အိမ်တွင်းလေထုမှာ ခြောက်သွေ့နေမယ်ဆိုရင်တော့ အထက်မှာပြောပြသွားတဲ့ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ လေထုခြောက်သွေ့ခြင်းကို အထူးသဖြင့်‌ ဆောင်းနှင့် နွေတို့လို ရာသီဥတုတွေမှာ ပိုမိုကြုံတွေ့ရလေ့ရှိပါတယ်။

-Humidifiers အမျိုးအစားများ...
အသုံးပြုတဲ့‌နေရာတွေကို ပြောပြီးတဲ့နောက်မှာတော့ Humidifiers တွေရဲ့ အမျိုးအစားများကိုလည်း ပြောပြပေးသွားပါမယ်။ Humidifiers များဟာအမျိုးအစားအနေနဲ့ ငါးမျိုး ရှိပါတယ်။ မှန်ကန်တဲ့ Humidifiers အမျိုးအစားကို ရွေးချယ်နိုင်ဖို့အတွက် အသုံးပြုသူရဲ့လိုအပ်ချက်၊ ဈေးနှုန်း နှင့် စိုထိုင်းမှုထိန်းညှိချင်တဲ့ နေရာအကျယ်အဝန်းပေါ်မှာမူတည်ပြီး‌ရွေးချယ်ရပါမယ်။ ဆက်လတ်ပြီးတော့ ‌ရွေးချယ်စရာ Humidifiers ငါးမျိုးကို ဖော်ပြပေးသွားပါဦးမယ်။

Humidifiers ငါးမျိုးကတော့

-Central humidifiers
-Evaporators
-Impeller humidifiers
-Steam vaporizers
-Ultrasonic humidifiers တို့ပဲဖြစ်ပါတယ်။

-Humidifiers တွေရဲ့အရွယ်အစား...
ပါတ်ဝန်းကျင်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Humidifier တစ်လုံးကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့အတွက်ဆိုရင် အရွယ်အစားကလည်း အရေးကြီးပါတယ်။ များသောအားဖြင့်တော့ Humidifiers တွေကို သယ်ဆောင်ရလွယ်ကူပြီး စားပွဲပေါ်မှာ အလှတင်ထားလို့ရနိုင်လောက်တဲ့အထိ ပေါ့ပေါ့ပါးပါးလေးတွေပဲထုတ်လုပ်ကြလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ဈေးကွက်လိုအပ်ချက်အရ အရွယ်အစားကြီးမားသော Humidifiers များကိုလည်း ထုတ်လုပ်ကြပါတယ်။ အရွယ်အစားကြီးမားတဲ့ Humidifers တွေမှာတော့ ရွှေ့ပြောင်းရလွယ်ကူစေရန်အတွက် ဘီးတွေတပ်ဆင်ပေးထားလေ့ရှိပါတယ်။ အရွယ်အစားကြီးမားတဲ့ (Console Humidifiers) တွေကတော့ အခန်းတွင်းအစိုဓါတ်ကို ထိန်းညှိပေးနိုင်ဖို့အတွက်ရည်ရွည်ပြီးတော့ ပေါ့ပါးသေးငယ်တဲ့ (Portable Humidifiers) တွေကတော့ သွားလေရာကိုအလွယ်တကူယူဆောင်သွားနိုင်ဖို့အတွက် အဓိကရည်ရွယ်ထားပါတယ်။ Humidifiers တွေမှာ အရွယ်အစားကွာတာနှင့်အမျှ စိုထိုင်းဆထိန်းညှိနိုင်စွမ်းကလည်း ကွာခြားသွားမှာပါ။

အရွယ်အစားတွေအကြောင်းကို‌ပြောပြီးတဲ့နောက် အထက်မှာပြောခဲ့တဲ့ Humidifiers ငါးမျိုးအကြောင်းကို ဆက်ပြီးပြောပြပါမယ်။

-Central humidifiers
Central humidifiers ဆိုတာကတော့ လေ‌အေးပေးစက် သို့မဟုတ် အပူပေးစက်ထဲမှာ တစ်ခါတည်းထည့်သွင်းအသုံးပြုရတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ Central humidifiers ဟာဈေးကွက်အတွင်းမှာရှိတဲ့ Humidifiers တွေထဲမှာ ဈေးအကြီးဆုံး Humidifiers အမျိုးအစားပြီး ကျယ်ဝန်းတဲ့အခန်းကို စိုထိုင်းဆထည့်ဖို့အတွက်တော့ အကောင်းဆုံးရွေးချယ်မှုပဲဖြစ်ပါတယ်။
သာမာန် Humidifiers တွေမှာတော့ ရေကိုလောင်ကျွမ်းပြီး ရေ‌ငွေ့ကိုထုတ်ပေးတာပါ။ Central humidifiers တွေမှာတော့ ရေငွေ့ကိုတွေ့နိုင်မှာမဟုတ်ပါဘူး။

-Evaporators
Evaporators ကတော့ ရေကိုလောင်ကျွမ်းစေပြီး ရရှိလာတဲ့ရေငွေ့ကို စိုထိုင်းနေတဲ့ ကြားခံသတ္ထုကိုဖြတ်သန်းကာ ပြင်ပသို့ထုတ်လွှတ်ပေးတာပဲဖြစ်ပါတယ်။ စိုထိုင်းနေတဲ့ရေငွေ့ကို ပြင်ပသို့ရောက်ရှိဖို့အတွက် ပန်ကာမှတစ်ဆင့် တွန်းထုတ်ပေးတာပဲဖြစ်ပါတယ်။ ဒါကတော့ Evaporators တစ်လုံးရဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။
Evaporators တွေက central humidifiers များထက်ကုန်ကျစာရိတ်ဈေးပိုမိုသက်သာပါတယ်။ သို့သော်လည်း Evaporators တွေရဲ့ အားနည်းချက်မှာ အစိုဓာတ်ကို လေထဲသို့အလွန်အကျွံထုတ်လွှတ်လေ့ရှိတတ်ပါတယ်။ လေထုခြောက်သွေ့မှုပြဿနာကို ဖြေရှင်းပေးနိုင်ပေမယ့် ပန်းနာရောဂါဝေဒနာသည်များအတွက်တော့ ကြီးမားတဲ့ ပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။

-Impeller humidifiers
Impeller humidifiers ဆိုတာကတော့ ရေကိုဓါတ်ပြုဖိုခွဲခြင်းထက် ဒလတ်တစ်စုံကိုလည်ပါတ်စေပြီး ထွက်ပေါ်လာတဲ့ ရေအမှုန်မွှားလေးတွေကို ထုတ်လွှတ်ပေးခြင်းဖြစ်ပါတယ်။ Impeller humidifiers တွေကတော့ ဈေးကွက်အတွင်းအလွယ်တကူဝယ်ယူရရှိနိုင်သလို ဈေးလည်းသက်သာပါတယ်။ အခြား umidifiers တွေကဲ့သို ရေကိုလောင်ကျွမ်းပြီးဓါတ်ပြုဖြိုခွဲခြင်းမဟုတ်တဲ့အတွက် အပူလောင်ခြင်းမှ ကင်းဝေးစေပါတယ်။
Impeller humidifiers တွေရဲ့အားနည်းချက်ကတော့ Evaporators တွေလိုပါပဲ။ အခန်းထဲမှာပဲသုံးလို့ရမယ်။ အလွန်အကျွံသုံးစွဲမိလျှင် ပန်းနာရင်ကြပ်သမားတွေအတွက် အသက်ရှူရခက်ခဲသော ပြဿနာတစ်ရပ်ဖြစ်ပေါ်လာနိုင်ပါတယ်။

-Steam vaporizers
Steam vaporizers ကတော့ ကျန်းမာရေးသုံးပစ္စည်းတစ်ခုအနေဖြင့် ထုတ်လုပ်ထားတဲ့ ရေနွေးငွေ့ထုတ်စက်ဖြစ်ပါတယ်။ လျှပ်စစ်ဓါတ်အားကို အသုံးပြုပြီး အလုပ်လုပ်ပါတယ်။ ဖြည့်သွင်းထားတဲ့ရေကို အပူပေးပါတယ်။ ထို့နောက် ရရှိလာတဲ့ ရေနွေးငွေ့ကို အအေးခံပါတယ်။ Steam vaporizers ကတော့ ဈေးအသက်သာဆုံး Humidifier လို့ဆိုနိုင်ပြီး ‌ဆေးဆိုင်များတွင်လည်း အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။
Steam vaporizers တွေဟာ ရေကို အပူပေးပြီး ရေငွေ့ထုတ်လွှတ်တာဖြစ်ပါတယ်။ ထို့ကြောင့် ကလေးငယ်များကို ပေးမသုံးမိဖို့နဲ့ အန္တရာယ်ကင်းတဲ့နေရာမှာ ထားနိုင်ဖို့ဂရုစိုက်ရပါမယ်။

-Ultrasonic humidifiers
Ultrasonic humidifiers တွေမှာတော့ နာမည်အတိုင်း Ultrasonic လေးတွေရဲ့ တုန်ခါမှုကနေပြီးတော့ အေးမြတဲ့ ရေငွေ့လေးတွေကို ထုတ်လွှတ်ပေးတာပဲဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ ဝယ်ယူလိုတဲ့ အရွယ်အစားအပေါ်မှာမူတည်ပြီးတော့ပြောင်းလဲသွားမှာဖြစ်ပါတယ်။ Ultrasonic humidifiers ရဲ့ထူးခြားချက်တစ်ခုကတော့ အေးမြတဲ့ရေငွေ့ထုတ်ပေးနိုင်တဲ့အမျိုးအစား နဲ့ နွေးတဲ့ရေငွေ့ကိုထုတ်ပေးတဲ့အမျိုးအစား ဆိုပြီးတော့ နှစ်မျိုးရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။
အထူးသဖြင့် အေးမြတဲ့ရေနွေးငွေ့ကိုထုတ်လွှတ်ပေးတဲ့ cool-mist ultrasonic humidifier ဟာဆိုရင်တော့ ပါတ်ဝန်းကျင်အတွက်ရော ကလေးငယ်တွေအတွက်ပါ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။

-Controlling humidity levels
Humidifiers တွေအကြောင်းကို ပြောပြပေးပြီးတဲ့နောက်မှာတော့ လေထုအတွင်း အစိုဓါတ်ထိန်းညှိခြင်းနဲ့ပါတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ လေထုထဲကို ရေငွေ့ထုတ်လွှတ်ပြီး စိုထိုင်းဆထည့်သွင်းခြင်းဟာ ကောင်းကျိုးများစွာရရှိနိုင်ပါတယ်။ ကောင်းကျိုးတွေရှိသလိုပဲ ဆိုးကျိုးတွေလည်းရှိနေပါသေးတယ်။ လေထုထဲကို ရေငွေ့ထုတ်လွှတ်မှုများလာတာနှင့်အမျှ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ ဖြစ်ပေါ်လာတတ်ပါတယ်။ Humidifiers အတွင်း မသန့်ရှင်းမှုတွေကြောင့်လည်း ဘက်တီရီးယားတွေပေါက်ဖွားကာ ပြဿနာများဖြစ်ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် မိမိတို့အသုံးပြုနေတဲ့ Humidifiers ကို အသန့်ရှင်းဆုံးထားဖို့လိုအပ်ပါတယ်။
Mayo Clinic မှအကြံပြုထားသလို လေထုစိုထိုင်းဆကို 30% - 50% ကြားမှာထားသင့်ပါတယ်။ စိုထိုင်းဆကို တိုင်းတာနိုင်ဖို့အတွက်တော့ Hydrometer တစ်ခုလိုအပ်ပါမယ်။ Central humidifiers တွေမှာတော့ Hydrometer တွေကို တပ်ဆင်ပေးထားလေ့ရှိပါတယ်။ Hardware Store ဆိုင်တွေမှာလည်း Hydrometers များကိုအလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ အထူးသဖြင့် အိမ်သူအိမ်သားထဲမှ စိုထိုင်းဆနှင့်ဓါတ်မတည့်သူ သို့မဟုတ် ပန်းနာဝေဒနာခံစားနေရသူရှိလျှင် စိုထိုင်းဆကို နေ့စဉ်စစ်ဆေးပေးနေဖို့လိုအပ်ပါတယ်။

အထက်မှာ ပြောပြပေးသွားတာကတော့ Humidifiers တွေရဲ့အကြောင်းနဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုး၊ ဆိုးပြစ်များပဲဖြစ်ပါတယ်။ အဆုံးထိဖတ်လာခဲ့ပြီးဖြစ်တဲ့အတွက် Humidifiers တွေရဲ့အကြောင်းကို နားလည်သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ‌နောက်များမှာလည်း သိရသမျှ ဗဟုသုတလေးတွေကို ပြန်လည်ပြီးချပြပေးဦးမှာဖြစ်တဲ့အတွက်တို့ရဲ့ Page ကို Like & Follow လေးလုပ်ပေးသွားပါဦးနော်။



3 in 1ဆိုလာမီးအိမ်ဓာတ်မီး 22000ksမှတ်ချက် 3V မီးသီးမပါပါဘူးတွဲသုံးလို့ရပါတယ်။3V3Wမီးသီးခလုပ်ပါ ကြိုးအရှည်15ပေ 8000ksဆိုလ...
07/11/2021

3 in 1ဆိုလာမီးအိမ်ဓာတ်မီး 22000ks
မှတ်ချက် 3V မီးသီးမပါပါဘူးတွဲသုံးလို့ရပါတယ်။

3V3Wမီးသီးခလုပ်ပါ ကြိုးအရှည်15ပေ 8000ks

ဆိုလာနဲ့အားသွင်းမယ်
အိမ်မီးနဲ့အားသွင်းမယ် အဆင်ပြေတာနဲ့အားသွင်း
ဘေးမီး ဓာတ်မီး မီးအိမ် အကုန်ပါပါတယ်

အရေးပေါ်Keypad,Smart Phone ဖုန်းတွေကိုပြန်အားသွင်းလို့ရပါမယ်။


crd

02/11/2021

ပထမတကြိမ်စျေးလာဝယ်တာက
#သင့်ကိုယုံလို့ပါ......

ဒုတိယအကြိမ်စျေးလာဝယ်တာက
သင်ရောင်းတဲ့ပစ္စည်းရဲ့
#အရည်အသွေးကိုတကယ်ကြိုက်နှစ်သက်ခဲ့လို့ပါ.......

အရေတွက် တစ်ခုထက်ပိုဝယ်ရင်တော့
Customer အနေနဲ့
#သင်နှင့်သင့်ပစ္စည်းအပေါ်100%
#အပြည့်ဝသဘောကျလို့ပါ

ဘယ်သူမှ ကိုယ့်အိတ်ထဲကငွေကို
အလဟာသ အထွက်မခံပါဘူး.
သင်စျေးရောင်းကောင်းနေတာဟာ
အထက်ပါအချက်များထဲမှ
တစ်ခုခုနှင့်ကိုက်ညီနေလို့ပါ

ဝယ်သူညီမလေးရဲ့အခန်းလေး ချစ်ဖို့အရမ်းကောင်းတယ်မီးပျက်လဲပူစရာမလိုဘူး ဓါတ်ခဲလေးနဲ့မို့လို့ 😍😍😍အဆင်ပြေတယ် ဆိုကျေးဇူးပါနော် ည...
23/10/2021

ဝယ်သူညီမလေးရဲ့အခန်းလေး ချစ်ဖို့အရမ်းကောင်းတယ်
မီးပျက်လဲပူစရာမလိုဘူး ဓါတ်ခဲလေးနဲ့မို့လို့ 😍😍😍
အဆင်ပြေတယ် ဆိုကျေးဇူးပါနော် ညီမလေးရေ 😘😘😘

Address

Yangon

Telephone

+959442469984

Website

Alerts

Be the first to know and let us send you an email when Hnin Electrical Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share