Aung

Aung For those who are a little tired of the stereo-typed audio recordings imported from japan; my page is always welcome ��� No

12/09/2021

ခုလိုအချိန်မှာ ကျနော်ဘာမှမလုပ်နိုင်သေးတော ကျနော် ဒီအလေးထလေးတွေကို သင်ယူမှတ်သား လေ့လာနေယုံကလွဲပြီး ဘာမှမလုပ်စောင်နိုင်သေးပါဘူးဗျာ ခုလိုကျနော် accလေးကို အသိအမှတ်ပြုပေးကြတဲ တစ်ဦးတစ်ယောက်ချင်းကို ကျေးဇူးအထူးပင်တင်ရှိပါတယ်ဗျ ကျနော်Shareလေးတောလုပ်ပေးပါရစေဗျ

သင့်ကိုစာအုပ်တွေပိုဖတ်ဖြစ်အောင် ကူညီပေးမယ့် နည်းလမ်း (၁၀) ချက်
____________________________

စာအုပ်တွေပိုဖတ်ဖြစ်အောင် ကူညီပေးနိုင်မယ့် နည်းလမ်း ၁၀ ချက်ကို ပြောပြပေးချင်ပါတယ်။

စာဖတ်ခြင်းဟာ ကိုယ့်ဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာ လူတွေအားလုံး တစ်သားတည်းလက်ခံထားကြပါတယ်။ ဒါတင်မကသေးပါဘူး။ အင်တာနက်စာမျက်နှာတွေပေါ်မှာလည်း ချမ်းသာကြွယ်ဝသူတွေအားလုံးစာအုပ်ဖတ်ကြတယ်၊ မီလီယံနာတွေအားလုံး စာအုပ်ဖတ်တာကိုနှစ်သက်ကြတယ် စသည်ဖြင့် စာဖတ်ခြင်းကို တွန်းအားပေးတဲ့ စာစုတွေ၊ ဒဿနတွေကို အများအပြားတွေ့မြင်ရမှာပါ။

စာဖတ်ခြင်းဟာ ကိုယ့်ဘဝအတွက် ဒီလိုမျိုးအကျိုးကျေးဇူးတွေအများကြီး ဆောင်ယူပေးလာနိုင်တယ်လို့ပြောပေမယ့်လည်း လူအများစုဟာ စာပုံမှန်မဖတ်ဖြစ်ကြပါဘူး။ ဒီလိုဖြစ်ရတာကလည်း အလုပ်မအားလို့၊ အချိန်မရလို့၊ စာအုပ်တစ်အုပ်ဖတ်ဖို့ အာရုံကြာကြာမစိုက်နိုင်လို့၊ ပျင်းလို့၊ ဆိုရှယ်မီဒီယာတွေသုံးနေရလို့ စတဲ့အကြောင်းပြချက်မျိုးစုံကြောင့် ဖြစ်ပါတယ်။ ကိုယ့်ဘဝတိုးတက်ဖို့အတွက် စာဖတ်ဖို့လိုအပ်တယ်၊ စာဖတ်သင့်တယ်လို့ ယူဆထားပေမယ့်လည်း စာမဖတ်ဖြစ်ကြတဲ့
သူတွေအတွက် စာအုပ်ပိုဖတ်ဖြစ်အောင် ကူညီပေးနိုင်မယ့် နည်းလမ်း (၁၀) ချက်ကို အောက်မှာဆက်ပြီးဖတ်ကြည့်လိုက်တော့နော်...

____________________________

၁။ သွားလေရာ အနည်းဆုံးစာအုပ်တစ်အုပ်သယ်သွားပါ။

စာဖတ်ဖို့အချိန်ဆိုတာ အမြဲတမ်းရှိပါတယ်။ ကိုယ်ကအာရုံမစိုက်မိလို့ သတိမထားမိတာပါ။ ဥပမာ အစည်းအဝေးစဖို့ စောင့်နေရတာပဲဖြစ်ဖြစ်၊ ဘတ်စ်ကားပေါ်မှာ ကားလမ်းပိတ်နေတာပဲဖြစ်ဖြစ်၊ ရုံးမှာ နေ့လည်နားချိန်ပဲဖြစ်ဖြစ်၊ ချိန်းထားတာရှိလို့ တစ်ယောက်ယောက်ကို စောင့်နေရတဲ့အခါမှာပဲဖြစ်ဖြစ် ဘယ်လိုအားလပ်ချိန်မျိုးမှာမဆို ဖုန်းမသုံးပဲ အိတ်ထဲမှာအဆင်သင့်ပါလာတဲ့ စာအုပ်လေးကိုထုတ်ပြီး ဖတ်နေနိုင်ပါတယ်။
____________________________

၂။ ဖတ်ဖို့အတွက် စာအုပ်စာရင်းတစ်ခု သတ်မှတ်ထားပါ။

ကိုယ်တစ်လကို ဘယ်နှစ်အုပ်ဖတ်ဖြစ်သလဲဆိုတဲ့ စာရင်းလေးပြုစုထားခြင်းဟာ စာပိုဖတ်ဖြစ်ဖို့အတွက် စိတ်ဓာတ်တက်ကြွစေပါတယ်။ နောက်ပြီး ဒီလကို ဘယ်စာအုပ်တွေဖတ်မယ်ဆိုပြီး သတ်မှတ်ထားတာမျိုး (ဥပမာ ၂ အုပ်တန်သည် ၃ အုပ်တန်သည်) ကိုယ့်ရဲ့ စာကြည့်စားပွဲ ဒါမှမဟုတ် အလုပ်စားပွဲနားမှာ ဒီလအတွင်းကိုယ်ဖတ်ချင်တဲ့စာအုပ်စာရင်းကို ချရေးထားကာ အဲ့ဒီစာရင်းထဲက ဖတ်ပြီးတဲ့စာအုပ်ကိုလည်း ခြစ်လိုက်ခြင်းက စာပိုဖတ်ဖြစ်အောင် အများကြီးကူညီပေးနိုင်ပါတယ်။ ဒီလိုနည်းနဲ့ လအနည်းငယ်ကြာတဲ့အခါ ကိုယ့်စာအုပ်စာရင်းထဲမှာ ဖတ်ပြီးသွားတဲ့စာအုပ်အရေအတွက်တွေ တစ်ဖြည်းဖြည်းတိုးပွားစေလာနိုင်ပါတယ်။
____________________________

၃။ တစ်ခါဖတ်ရင် စာအုပ် ၂ အုပ် ၃ အုပ် အပြိုင်ဖတ်ပါ။

ဒီစာဖတ်နည်းကတော့ ပျင်းလွယ်တဲ့သူတွေနဲ့ စာအုပ်တစ်အုပ်တည်းကို ရေရှည်မဖတ်နိုင်တဲ့သူတွေအတွက် အသုံးဝင်ပါတယ်။ စာအုပ်နှစ်အုပ်ကို အပြိုင်ဖတ်တယ်ဆိုတာက တစ်နေ့တည်းမှာ ကိုယ်ဖတ်ချင်တဲ့စာအုပ်နှစ်အုပ်ကို တစ်လှည့်စီဖတ်ခြင်းပါ။ ဥပမာ မနက်ပိုင်းမှာ အလုပ်အတွက် ဒါမှမဟုတ် ကိုယ့်ဘဝတက်လမ်းအတွက် အထောက်အကူဖြစ်စေတဲ့ non-fiction စာအုပ်တစ်အုပ်ဖတ်ပြီး ညဘက်အိမ်ပြန်ရောက်လို့ အနားယူတဲ့အခါ ခံစားမှုရသပေးနိုင်တဲ့ fiction ဝတ္ထုစာအုပ်တစ်အုပ်ဖတ်ခြင်းဟာ တစ်နေ့တည်းမှာ စာပိုဖတ်ဖြစ်စေသလို တစ်အုပ်တည်းဖတ်ခြင်းကြောင့် ရိုးအီမှုကိုလည်း ကာကွယ်နိုင်ပါတယ်။
____________________________

၄။ စာအုပ်ဖတ်ရင်း မှတ်သားစရာတစ်ခုခုတွေ့ရင် highlight လုပ်ပြီးမှတ်သားပါ။

စာအုပ်ဖတ်ရှုရင်း သိမှတ်သင့်တဲ့အရာတွေကို highlight လုပ်ခြင်း၊ လိုင်းတားခြင်းဟာ အကျိုးကျေးဇူးတွေအများကြီး ရရှိစေပါတယ်။ ပထမအကျိုးကျေးဇူးကတော့ ဖတ်ပြီးတဲ့စာအုပ်ထဲက ကိုးကားစရာ၊ ပြန်ရှာစရာလိုအပ်လာတယ်ဆိုရင် highlight လုပ်မှတ်သားထားခြင်းကြောင့် အလွယ်တကူပြန်လည်ကိုးကားနိုင်ပါတယ်။ နောက်အကျိုးကျေးဇူးကတော့ ဒီစာအုပ်ကိုပဲ နောက်တစ်ခါပြန်ဖတ်တဲ့အခါ အရေးကြီးပွိုင့်တွေကို highlight လုပ် လိုင်းတားထားတာကြောင့် အရေးကြီးအချက်တွေကို မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်ခြုံငုံမိစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် ဒီလိုမျိုး မှတ်သားသင့်တဲ့အချက်တွေကို highlight လုပ်ခြင်း ချရေးထားခြင်းဟာ စာအုပ်ထဲကအသိပညာတွေ ကိုယ့်ဦးနှောက်ထဲမှာ ပိုမိုကြာရှည်စွာကျန်ရစ်စေဖို့ အများကြီးကူညီပေးပါတယ်။
____________________________

၅။ ဖတ်ပြီးတဲ့ဗဟုသုတတွေကို ဝေမျှပေးပါ။

ကိုယ့်အတွက်ကိုယ်ဖတ်တာနဲ့ အခြားသူတွေကို ပြန်လည်ဝေမျှဖို့ ဖတ်တာနဲ့ ခံယူချက်ခြင်းမတူသလို အကျိုးကျေးဇူးလဲမတူပါဘူး။ အခြားသူတွေကို ပြန်လည်ဝေမျှမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖတ်ရှုသူတွေဟာ ကိုယ့်အတွက်ကိုယ်ဖတ်တဲ့သူတွေထက် စာအုပ်ထဲမှာပါတဲ့ အသိပညာဗဟုသုတတွေကို ပိုမိုမှတ်မိလွယ်ပါတယ်။ ဒါ့အပြင် သူတစ်ပါးကိုဝေမျှပေးခြင်းကြောင့် အဆိုပါအသိပညာတွေဟာ ကိုယ့်ရဲ့ဦးနှောက်ထဲမှာ အချိန်ကြာမြင့်စွာ စွဲမှတ်နေမိစေပါတယ်။ ဒါကြောင့် နောက်တစ်ခါစာအုပ်ဖတ်တဲ့အခါ ဒီစာအုပ်ထဲက မှတ်သားစရာအချက်တွေ၊ အိုင်ဒီယာတွေကို ကိုယ့်သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် ကိုယ့်ရဲ့ဇနီး/ခင်ပွန်းကို ပြန်လည်ဝေမျှပေးမယ်ဆိုတဲ့ ခံစားချက်နဲ့ ဖတ်ရှုပါ။
____________________________

၆။ Audio Book တွေလဲ နားထောင်ပါ။

Audio Books တွေကလည်း စာအုပ်တွေဖတ်ရှုခြင်းကဲ့သို့ အသိပညာဗဟုသုတတွေကို ရရှိစေနိုင်ပါတယ်။ Audio Books တွေဖတ်ရှုခြင်းမှာလည်း အားသာချက်အချို့ရှိပါတယ်။ စာအုပ်ကိုင်ဖို့ ခက်ခဲတဲ့အခြေအနေမျိုးမှာ (ဥပမာ ဘတ်စ်ကားပေါ်မှာ မတ်တပ်ရပ်နေရခြင်း၊ ကိုယ်တိုင်ကားမောင်းနေရခြင်း)၊ ဒါမှမဟုတ် မျက်စိညောင်းလို့ အနားယူချင်တဲ့အချိန်မျိုးတွေမှာဆိုရင် Audio Books တွေဟာ အများကြီးအထောက်အကူပေးပါတယ်။ ယနေ့ခေတ်မှာဆိုရင် Audio Books ကောင်းတွေ ပေါများလာသလို အခမဲ့ရယူနိုင်တဲ့နေရာတွေ (ဥပမာ YouTube ပေါ်) လည်း များလာတာကြောင့် စာဖတ်တဲ့နေရာမှာ Audio Books တွေရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
____________________________

၇။ ဖြစ်နိုင်ရင် second-hand လို စျေးပေါတဲ့စာအုပ်တွေဝယ်ပါ။

နိုင်ငံခြားစာအုပ်တွေ (အထူးသဖြင့် အင်္ဂလိပ်စာအုပ်တွေ) ဟာ အသိပညာဗဟုသုတတွေ အများကြီးပေးစွမ်းနိုင်သလို စျေးလည်းမြင့်မားပါတယ်။ ကိုယ်စာဖတ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က မူရင်းစာအုပ်တွေစုဆောင်းဖို့မဟုတ်ပဲ စာအုပ်ထဲကအသိပညာဗဟုသုတတွေကိုသာ ရယူမှတ်သားဖို့ဖြစ်တယ်ဆိုရင်တော့ second-hand စာအုပ်ဟောင်းတွေ ဒါမှမဟုတ် original မဟုတ်တဲ့ ကော်ပီစာအုပ်တွေကို ဝယ်ယူဖတ်ရှုသင့်ပါတယ်။ ကော်ပီစာအုပ်တွေဟာ မူရင်းစာအုပ်တွေထက် စျေးနှုန်းအားဖြင့် ၅ဆကနေ ၁၀ဆအထိ သက်သာတတ်တာကြောင့် မူရင်းစာအုပ်တစ်အုပ်ဝယ်မယ့်ကုန်ကျစရိတ်နဲ့ မတူညီတဲ့ကော်ပီစာအုပ် ၅ အုပ်လောက် ဝယ်ဖတ်နိုင်ပါတယ်။ စာအုပ်များများဝယ်ဖတ်လေလေ အသိပညာဗဟုသုတ ပိုများများရလေပေါ့။
____________________________

၈။ စာဖတ်ခြင်းကို အမြဲဦးစားပေးပါ။

စာအုပ်တွေများများဖတ်ချင်တယ်ဆိုရင် စာဖတ်ခြင်းကို အမြဲဦးစားပေးသင့်ပါတယ်။ နေ့လည်စာစားချိန်မှာ အရင်လိုဖုန်းလေးဆွဲထုတ်ပြီး Facebook ပွတ်မယ့်အစား လွယ်အိတ်ထဲက စာအုပ်ကိုဆွဲထုတ်ပြီး ဖတ်ရှုနေတာမျိုး၊ ညနေအိမ်ပြန်ရောက်လို့ ညစာစားပြီးချိန်မှာ တီဗီရှေ့ထိုင်မယ့်အစား စာကြည့်စားပွဲပေါ်ထိုင်ပြီး စာအုပ်ဖတ်တာမျိုး စသည်ဖြင့် စာဖတ်ခြင်းကို အခြားအရာတွေထက် ပိုပြီးဦးစားပေးသင့်ပါတယ်။ လူတိုင်းဟာ ၂၄နာရီဆိုတဲ့ အချိန်ပမာဏတစ်ခုကို တန်းတူညီမျှရရှိထားကြပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေက ဘာလို့ တစ်နှစ်ကို စာအုပ်ရေ ၅၀ ကနေ ၁၀၀ အထိ ဖတ်ချိန်ရှိကြတာလဲ? အဖြေကတော့ စာဖတ်ခြင်းကို သူတို့အမြဲဦးစားပေးကြလို့ပါပဲ။
____________________________

၉။ စာဖတ်ချိန် သတ်သတ်မှတ်မှတ်ထားပါ။

ကြုံတဲ့အချိန်မှာ စာဖတ်မယ်ဆိုတာထက် စာဖတ်ချိန်ဆိုပြီး သတ်သတ်မှတ်မှတ်ရှိထားရင် ပိုထိရောက်ပါတယ်။ ဥပမာ မနက်အိပ်ရာနိုးလို့ မျက်နှာသစ် လေ့ကျင့်ခန်းလုပ်ပြီး မိနစ် ၃၀ လောက်စာဖတ်တာမျိုး၊ နေ့လည်စာစားချိန်မှာ ပုံမှန်စာဖတ်တာမျိုး ဒါမှမဟုတ် ညအိပ်ရာမဝင်ခင်မှာ မိနစ် ၃၀ လောက် စာဖတ်တာမျိုး စသည်ဖြင့် ကိုယ့်ရဲ့ပုံမှန်စာဖတ်ချိန်ဆိုပြီး သတ်သတ်မှတ်မှတ် ရှိထားသင့်ပါတယ်။ ဒါမှလည်း စာဖတ်ရတာဟာ အကျင့်တစ်ခုလို ဖြစ်လာမှာပါ။
____________________________

၁၀။ စာဖတ်ဝါသနာပါသူတွေ စုစည်းထားတဲ့ အသင်းလေးတွေမှာ ဝင်ရောက်ဆွေးနွေးပါ။

ဒါကတော့ စာဖတ်ခြင်းရဲ့နောက်တစ်ဆင့်ဖြစ်သွားပါပြီ။ ခုမှစာစဖတ်တဲ့သူတွေဆိုရင်တော့ ဒီအဆင့်ကို မရောက်နိုင်သေးလဲ ကိစ္စမရှိပါဘူး။ တစ်ဖြည်းဖြည်းခြင်းရောက်လာမှာပါ။ စာဖတ်အသင်းလေးတွေမှာ ဝင်ရောက်ဆွေးနွေးခြင်းဟာ စာအုပ်တစ်အုပ်အပေါ် ဒါမှမဟုတ် စာရေးဆရာအပေါ်မှာထားတဲ့ ကိုယ့်ရဲ့ထင်မြင်ယူဆချက်၊ ခံယူချက်တွေသာမကပဲ ကိုယ်နဲ့မတူတဲ့ (ကိုယ်နဲ့ နယ်ပယ်မတူ၊ အတွေ့အကြုံမတူ၊ ခံယူချက်မတူ၊ ပညာအရည်အချင်းမတူတဲ့) အခြားသူတွေရဲ့ ထင်မြင်ယူဆချက်၊ ခံယူချက်တွေကိုပါ သိရှိနားလည်ပြီး အပြန်အလှန်ဆွေးနွေးဖလှယ်နိုင်တာကြောင့် ကိုယ့်ရဲ့အသိပညာတွေ၊ အမြင်တွေကိုပါ အများကြီးပွင့်သွားစေနိုင်ပါတယ်။
____________________________

ဒါကြောင့် ကိုယ့်မှာ စာဖတ်ချင်တဲ့ စိတ်ကူးဆန္ဒလေးရှိတယ်ဆိုရင် အချိန်ထပ်မဆွဲတော့ပဲ အခုဖော်ပြခဲ့တဲ့ အချက်လေး (၁၀) ချက်အတိုင်း ဒီနေ့ပဲစတင်ပြီး ကိုယ်နှစ်သက်ရာစာအုပ်တွေကို စတင်ဖတ်ရှုလိုက်ပါတော့

Credit_Myanmar Online Entrepreneur - MOE👦

သူငယ်ချင်းမိတ်ဆွေတို့ရေ ရေသားထားတဲအကြောင်းအရာလေးကတော နဲနဲလေးနဲ ထိရောက်ပါတယ်နော် အဓီကကစိတ်ဓာတ်ခိုင်မာလိုက်ပါရဲရဲကြီး ​မဖြ...
01/09/2021

သူငယ်ချင်းမိတ်ဆွေတို့ရေ ရေသားထားတဲအကြောင်းအရာလေးကတော နဲနဲလေးနဲ ထိရောက်ပါတယ်နော် အဓီကကစိတ်ဓာတ်ခိုင်မာလိုက်ပါရဲရဲကြီး ​မဖြစ်ဖူးဆိုတာတောမရှိသလောက်ပဲ မဖြစ်သေတာတွေတောရှိကောင်းရှိလိမ်မယ်
ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ တွန်းအားတစ်ခုတဲ့နဲ ရှေဆက်ကြည်ပါ

ဘဝမှာလိုအပ်တဲ့အကြောင်းလေးတွေပေါ့

" လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုတာ
အလုပ်လုပ်ခြင်းပဲ "

" အပြောနဲ့ ကဲ့ရဲ့တတ်သူတွေကို အလုပ်နဲ့
အနိုင်ယူရမယ် "

" လုပ်သင့်တာကို လုပ်မှ လိုချင်တာကို ရမယ် "

" အားက်ပါ မနာလိုမဖြစ်နဲ့ "

" လောကမှာ -
ဘာတစ်ခုမှ အလကား မရပါ -
ဒါပေမယ့်
တန်ဘိုးအကြီးဆုံးနဲ့ အခမဲ့ရတာကတော့
မိဘရဲ့ ​ေမတ္တာနဲ့ စေတနာပဲ "

" နေပူထဲရောက် မှ အရိပ်ရဲ့ တန္ဖိုးကို သိလာမယ်...
ကန္တာရထဲရောက် မှ ရေတစ်ပေါက်ရဲ့တန်ဖိုးသိလာမယ်"
စာမေးပွဲခန်းထဲရောက် မှ ဆရာတစ်ယောက်ရဲ့
စေတနာကို သိလာမယ် "

" သာမာန်ဘဝမျိုးထက် သာချင်ရင်တော့ မာန်တင်းပြီး
ကြိုးစားရမှာပဲ "

" မင်းရဲ့ လုပ်ရပ်ဟာ မင်းရဲ့ "ဘဝတန္ဘိုး " ဘဲ "

" ယုံကြည်ချက်ရှိသူတွေဟာ ရည်မှန်းချက်
ထားကြတယ် "

" ပျင်းရိသူကို ဝီရိယရွိသူက ကျော်နိုင်တယ်...
ဝီရိယရှိသူကိုတော့ စည်းကမ်းရှိသူက ကျော်နိုင်တယ်"

" အပြောကြီးတာဟာ မလုပ်ချင်တာကို ဖုံးကွယ်တဲ့
နည်းတစ်မျိုးပဲ့ "

" လောကမှာ -
တန္ဖိုးအရွိဆုံးက အချိန်
အရေးကြီးဆုံးက စိတ်ဓာတ်
အကြီးမားဆုံးက မိဘေက်းဇူး "

" မလုပ်သင့်တာကို လုပ်ရင် မလိုချင်တာကို ရမယ်"

" ဉာဏ်ကောင်းဖို့ထက် စိတ်ဓာတ်ခိုင်မာဖို့
ပိုအရေးကြီးတယ် "

" မမြင်ရသော အရာကို
အချိန်ကုန်ခံ မျှော်လင့်နေမယ့်အစား
မြင်နိုင်တာကို မဆုတ်မနစ်သော ဇွဲနဲ့ |
အခု့ထလုပ်လိုက်ပါ "

" အနိုင်အရှုံးဆိုတာ လုပ်ရပ်ပေါ်မူတည်တယ် "

" အစာ " ငတ်ရင်တခဏ " စာ " ငတ်ရင် တစ္ဘဝလုံး
ဆုံးရှုံးပြီမှတ် "

" တစ်နေ့မှာ (၂၄) နာရီချင်း တူပေမဲ့ ဘဝေတြ
ဘာကြောင့် မတူတာလဲ "

" ရောဂါပျင်းလျှင် ဆေးရှိသည် | လူပျင်းလျှင် ဆေးမရှိ"


🔶အလုပ်အကိုင်နဲ့ပတ်သက်ပြီး
မင်မင်တို့Telegram Channel လေးကို Join ထားပေးပါ
https://t.me/paramiedu2018

Telegram မရှိသေးသူများ Down လို့ရပါတယ်ရှင်
https://bit.ly/3zAzeDH

Address

Yangon

Telephone

+959964461543

Website

Alerts

Be the first to know and let us send you an email when Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share