25/07/2026
"LED Tube Retrofit Installation – Magnetic & Electronic Ballast အစားထိုးနည်း
ကျွန်တော့် အနေနဲ့ ရှေ့က video တွေမှာ Led မီးချောင်းနဲ့ Led driver အကြောင်း ကို ပြောပြခဲ့ ပါတယ်။ အခု တခါ က တော့ ဒီ Led မီးချောင်းတွေကို အရင်က conventional type (choke starter တွေ holder တွေ) နေရာမှာ ဘယ်လို အစားထိုး တပ်ဆင်ကြမလဲ ဆိုတာလေးကို ဆွေးနွေးသွားပါမယ်။သတိမမူ ဂူမမြင် ဖြစ်တတ် တာလေးတွေရှိတတ်လို့ပါ။
ကျွန်တော်တို့ အိမ်တွေမှာတော့ရှင်းပါတယ် ။ တဖက်ဖက်ကနေပဲ line နဲ့ neutral ကြိုး၂ချောင်းကို socket လေးနဲ့ စွတ်ပြီးသုံးကြပါတယ်။ဘေးမှာ မီးချောင်း ရဲ့ led driver ကို power ပေးဖို့ တဖက်ဖက်ကို ပဲ socket လေးစွပ်ပေးလိုက်ရတာပါ။
အခု ဒီ Video လေးမှာတော့ အခုကျွန်တော်တို့က တချိန်က သုံးခဲ့ကြတဲ့ electronics ballast နဲ့ ရိုးရိုး သံချုပ်ကြီးတွေ နေရာမှာ led မီးချောင်းတွေကို ဘယ်လိုအစားထိုး(retrofit )တပ်ကြမလဲဆိုတာကို အကြမ်းဆွေးနွေးသွားမှာဖြစ်လို့ ပိုမို သိသော သူများ ဝင်ရောက် အကြံပေး ဆွေးနွေးနိုင်ပါတယ်။
Video အရှည်ကို You tube မှာ သွားရောက် ကြည့် ရှူနိုင်ပါတယ်
You tube link
https://youtu.be/dHxffyOqtqw?is=s8xeg7Kwr7eIhgIe