08/06/2026
Computer ဝယ်မယ်ဆို အဓိက သိသင့်တဲ့ အချက်များ
1. ဘာအတွက် သုံးမလဲဆိုတာ အရင်ဆုံး သတ်မှတ်ပါ
* Office / Online Class
* Graphic Design
* Video Editing
* Programming
* Gaming
အသုံးပြုမယ့် ရည်ရွယ်ချက်ပေါ်မူတည်ပြီး Specification ကို ရွေးသင့်ပါတယ်။
2. CPU (Processor)
Computer ရဲ့ ဦးနှောက်ဖြစ်ပါတယ်။
* Intel Core i3 / i5 / i7
* AMD Ryzen 3 / 5 / 7
✅ Office သုံးမယ်ဆို i3 / Ryzen 3 လုံလောက်ပါတယ်။
✅ Design, Editing, Programming အတွက် i5 / Ryzen 5 အနည်းဆုံး ရွေးသင့်ပါတယ်။
3. RAM
Computer အလုပ်လုပ်နှုန်းကို သက်ရောက်စေပါတယ်။
* 8GB – Office, Online Class
* 16GB – Design, Programming, Gaming
* 32GB+ – Professional Work
✅ ယနေ့ခေတ်မှာ 16GB RAM ကို အကြံပြုပါတယ်။
4. Storage
* SSD = မြန်နှုန်းမြင့်
* HDD = Storage များ
✅ SSD ပါတဲ့ Computer ကို ရွေးပါ။
✅ 512GB SSD က အဆင်ပြေဆုံး ဖြစ်ပါတယ်။
5. Graphics Card (GPU)
Gaming၊ Design၊ Video Editing အတွက် အရေးကြီးပါတယ်။
* NVIDIA GeForce RTX Series
* AMD Radeon Series
Office သုံးရုံဆို Integrated Graphics နဲ့ လုံလောက်ပါတယ်။
6. Display (Screen)
* Full HD (1920×1080) အနည်းဆုံး
* IPS Panel ဖြစ်ရင် အရောင်ပိုကောင်း
* 15.6” Laptop / 24” Monitor က လူသုံးများ
7. Battery (Laptop)
* Battery Health စစ်ပါ
* Battery Backup 5-8 Hours ရှိရင် ပိုကောင်း
8. Warranty
* Official Warranty ပါမပါ စစ်ပါ
* Service Center ရှိတဲ့ Brand ရွေးပါ