TOE Pharmacy

TOE Pharmacy Pharmacy

iPhone 15 series Preorder ရပါတော့မယ်နော်iPhone 15 - Starting from 32,900 thbiPhone 15 Plus - Starting from 37,900 thbiPh...
13/09/2023

iPhone 15 series Preorder ရပါတော့မယ်နော်

iPhone 15 - Starting from 32,900 thb
iPhone 15 Plus - Starting from 37,900 thb

iPhone 15 Pro - Starting from 41,900thb
iPhone 15 Pro Max - Starting from 48,900thb

15th September မှာစပြီး preorder တင်လို့ရမှာဖြစ်ပြီး 22nd September မှာ စတင်ဝယ်ယူလို့ရရှိပါပီ
Cbမှာ လာမေးရင်မြန်မာငွေပေါက်စျေးနဲ့တွက်ပေးပါတယ်နော်

Service fee 5% ပါနော်

Preorder and Prepaidပါနော်

ဒီရက်ပိုင်း နေရတာ အဆင်မပြေဘူးဗျာ။ဆေးခန်းမှာနှာရည်ယို၊လည်ချောင်းနာ၊အဖျားရှိတဲ့လူတွေ တရွေ့ရွေ့များလာတည်းက 4th wave စတော့မယ...
04/02/2022

ဒီရက်ပိုင်း နေရတာ အဆင်မပြေဘူးဗျာ။ဆေးခန်းမှာနှာရည်ယို၊လည်ချောင်းနာ၊အဖျားရှိတဲ့လူတွေ တရွေ့ရွေ့များလာတည်းက 4th wave စတော့မယ်လို့ ရိပ်မိခဲ့ပါတယ်၊ အခုက ကာကွယ်ဆေးထိုးပြီးသားတွေပါ ဖြစ်ကြတယ်ဆိုတော့ သတိကြီးကြီးထားရတော့မှာပေါ့၊ အခုထိတွေ့ရသလောက်ကတော့ ရောဂါလက္ခဏာတွေက အရင် 3rd wave တုန်းကလောက်တော့ အောက်ဆီဂျင် လိုအပ်ချက် မများသေးဘဲ သာမန် တုပ်ကွေးအပျော့စားတွေလို ကိုယ်တွေလက်တွေကိုက်ကြတယ်၊လည်ပင်းနာတယ်၊ချောင်းဆိုးတယ်၊ဖျားကြတယ်ပေါ့ဗျာ။ ဒါပေမယ့် အခုထိပြင်းတယ်၊မပြင်းဘူး ကတော့ ပြောဖို့ စောပါသေးတယ်၊စောင့်ကြည့်ဖို့လည်း လိုပါအုန်းမယ်၊နိုင်ငံတကာလို သေချာ စနစ်တကျ ထိန်းသိမ်းစီစစ်တဲ့ကြားထဲကကို Omicron ရဲ့ လျင်လျင်မြန်မြန် ပျံ့နိုင်စွမ်းက အံ့မခန်းဘဲ ဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အခုလို အခြေအနေနဲ့ကတော့ ကူးစက်နှုန်းမြန်မယ်ဆိုတာကတော့ မလွဲမသေပါဘဲနော်။ လက္ခဏာတွေက မစိုးရိမ်ရပါဘူးကွာ ဆိုပြီးတော့လည်း ပေါ့ပေါ့ မနေစေချင်ပါဘူး၊ သေဆုံးနှုန်းက 0.2%ရှိလို့ တစ်ထောင်မှာ နှစ်ယောက်နှုန်းတော့ သေနိုင်သေးတာကြောင့် အခုလို ညဘက်ထွက်ရခက်တဲ့ အခြေအနေတွေ၊ဆေးရုံတွေကောင်းကောာင်းမွန်မွန် မလည်ပတ်နိုင်သေးတာတွေ၊wave ကြီးတစ်ခုဖြစ်တာနဲ့ အစစအရာရာ ဈေးတွေတက်တဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အကျင့်လေးတွေရယ်ကြောင့် အတတ်နိုင်ဆုံး ရောဂါ မဖြစ်အောင်ကာကွယ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ အထူးသဖြင့် သွေးတိုး အခံရှိသူတွေ၊ဆီးချိုရောဂါ သမားတွေ၊ အခြားရောဂါအခံရှိသူတွေ အထူး အထူးသတိပြုကြပါ။သွေးပေါင် ပုံမှန်တိုင်းကြပါ၊သွေးတွင်းအချိုဓာတ်ပုံမှန်စစ်ဆေးကြပါ၊အရေးကြီးဆုံးက အသံတိတ်လူသတ်သမားဖြစ်တဲ့ silent hypoxia ကို မလွတ်မိစေဖို့ အောက်ဆီဂျင်ပုံမှန်တိုင်းကြပါ။အခုကျွန်တော်ကျေနပ်မိတာလေး တစ်ခုက ဒီတလော လူနာတွေ ကိုယ်ပူချိန်တိုင်းစက်၊သွေးပေါင်ချိန်စက်တွေ၊ဆီးချိုတိုင်းစက်တွေ၊အောက်ဆီဂျင်တိုင်းစက်တွေ တော်တော်လေးလာဝယ်ကြတယ်ဗျ၊ ကျန်းမာရေးကို စနစ်တကျစောင့်ရှောက်တတ်လာကြပြီ ဆိုတဲ့ သဘောပေါ့၊ အရင်ကလို တိုင်းပါဟဲ့၊ချိန်ပါဟဲ့ အာပေါက်မတတ်မပြောရတော့ဘူး၊ ဒီစက်တွေ ဆောင်ရတဲ့ အကျိူးကိုလည်း သိလာကြတာကိုး၊ကိုယ့်ရောဂါအခံကိုကောင်းကောင်းထိန်းချုပ်နိုင်လေ၊ငဗစ်ရဲ့ ဒဏ်ကို အေးဆေးအန်တုနိုင်လေဘဲကိုး။
အဓိကပြောချင်တာကတော့
ထုံးစံအတိုင်း mask တပ်ဖြစ်အောင်တပ်ပါ(မေးချိတ်ရုံမဟုတ်ဘူးနော်၊စကားပြောတော့မှ မေးစေ့အောက်ကို ဆွဲချလိုက်လို့လည်း မရပါဘူး)
လက်ဆေးပါ
အပြင်ကပြန်လာတာနဲ့ အဝတ်တွေတန်းချွတ်ပါ၊ကိုယ်လက်တန်းသန့်စင်ပါ။
အစာ အာဟာရပြည့်ဝစွာစားသုံးပါ၊အိပ်ရေးဝဝအိပ်ပါ
တတ်နိုင်သမျှ အပြင်မထွက်ပါနဲ့။
Toe Pharmacy မှ မှာယူတဲ့ စက်လေးတွေသာမက ဆေးဝါး အစုံအလင်ကိုလည်း Kpay , KBZ mobile banking , CB mobile banking တွေနဲ့ % ပေးစရာမလိုဘဲ ကြိုတင်ငွေချေခြင်းစနစ် ဖြင့်အိမ်ကို အရောက်ပို့ဆောင်ပေးမှာမို့ အိမ်မှာနေရင်း မိမိရဲ့ကျန်းမာရေးကို စိတ်ချလက်ချ စောင့်ရှောက်နိုင်ပါပြီ။
ကျွန်တော်တို့ အားလုံး ဒီကိုဗစ်ကပ်ရောဂါဆိုးကြီးကိုအတူတူကျော်ဖြတ်ကြရအောင်ဗျာ။ ။

ဆယ်လုံးမြောက် digital သွေးပေါင်ချိန်စက်လေး လည်းလာဝယ်သွားပါပီ❤️❤️❤️❤️ဝယ်ယူအားပေးသူအပေါင်းကိုကျန်တော်တို့TOE PHARMACYမှကျေ...
03/02/2022

ဆယ်လုံးမြောက် digital သွေးပေါင်ချိန်စက်လေး လည်းလာဝယ်သွားပါပီ❤️❤️❤️❤️
ဝယ်ယူအားပေးသူအပေါင်းကိုကျန်တော်တို့TOE PHARMACYမှကျေးဇူးတင်လျက်……🥰🥰

အားဆေးဆိုတာ အသက်ကြီးမှသောက်ရမယ်တဲ့လား။အရင်ကလို အသက်ကြီးမှ အားဆေးလိုတာပါ ဆိုတဲ့ အတွေးကို ဟိုးခေတ်မှာထားခဲ့လိုက်ပါတော့။ အခ...
09/01/2022

အားဆေးဆိုတာ အသက်ကြီးမှသောက်ရမယ်တဲ့လား။

အရင်ကလို အသက်ကြီးမှ အားဆေးလိုတာပါ ဆိုတဲ့ အတွေးကို ဟိုးခေတ်မှာထားခဲ့လိုက်ပါတော့။ အခုလို အနီးကပ်ရန်သူ ကိုဗစ်ကြီးနဲ့ ကြုံပြီးမှတော့ အားဆေးပုံမှန်သောက်တတ်တဲ့သူ၊ကျန်းမာရေးပုံမှန် ဂရုစိုက်တတ်တဲ့သူတွေရဲ့ အားသာချက်ကို သိရှိလောက်ပြီထင်ပါတယ်နော်။အခုလိုခက်ခဲနေတဲ့ကာလကြီးမှာ ဆက်လက်ရင်ဆိုင်ဖြတ်သန်းဖို့ဘဲဖြစ်ဖြစ်၊ အသက်အရွယ်ကြီးလာပေမယ့် မိသားစုနဲ့အတူ ကျန်းကျန်းမာမာဖြတ်သန်းချင်ရင်ဘဲဖြစ်ဖြစ် သက်စောင့်ဓာတ်လေး၊အားဖြည့်ဓာတ်လေးပုံမှန်မှီဝဲမှ အဆင်ပြေမှာပါ။ကျွန်တော်တို့ TOE Pharmacy မှာလူကြိုက်များတဲ့အားဆေးလေးတွေကို တင်ပြပေးလိုက်ပါတယ်၊အချိန်မရွေးလိုအပ်တာရှိရင် မှာယူနိုင်ပါတယ် ခင်ဗျာ။

Hello .. မနေ့က ကျွန်တော် သွေးတိုးရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတပြောပြပြီးသွားပြီဆိုတော့ အခုကျွန်တော်တို့ ဆိုင်မှာ အမှာများတဲ...
08/01/2022

Hello .. မနေ့က ကျွန်တော် သွေးတိုးရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတပြောပြပြီးသွားပြီဆိုတော့ အခုကျွန်တော်တို့ ဆိုင်မှာ အမှာများတဲ့၊ အမြဲ မပြတ်အောင်တင်ပေးထားရတဲ့ သွေးပေါင်ကျဆေး သွေးပေါင်ထိန်းတဲ့ နေရာမှာ အထောက်အကူဖြစ်အောင်သောက်ရတဲ့သွေးတွင်းအဆီကျဆေး လေးတွေတင်ပြပေးလိုက်ပါတယ်နော်။ ဆေးနဲ့ပတ်သက်လို့ သိချင်တာရှိရင် မေးထားလို့ရပါတယ်၊ အားလုံးလည်း ကျန်းမာသုခနဲ့ ပြည့်စုံကြပါစေလို့ ကျွန်တော် Dr Zen မှဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ ။

သင်သိပါသလား။ခေါင်းကိုက်လိုက်တာဆိုပြီးသွေးပေါင်ချိန်ကြည့်လိုက်မှ သွေးပေါင်တက်နေတာမျိုးဆေးခန်းမှာ ဆေးခန်းပြဖို့သွေးပေါင်ချ...
07/01/2022

သင်သိပါသလား။

ခေါင်းကိုက်လိုက်တာဆိုပြီးသွေးပေါင်ချိန်ကြည့်လိုက်မှ သွေးပေါင်တက်နေတာမျိုး

ဆေးခန်းမှာ ဆေးခန်းပြဖို့သွေးပေါင်ချိန်မှ သွေးပေါင်တက်နေတာသိတာမျိုး

ထူးထူးခြားခြားဆေးခန်းပြတာမျိုးမရှိပါဘူး၊ ရောဂါ အခံလည်းဘာမှ မရှိဘူးဆိုပြီးနောက်မှ ဦးနှောက်သွေးကြောပေါက်ပြီး အသက်ဆုံးရှုံးရတာမျိုး

ဒါတွေက ကျွန်တော်တို့ မြန်မာလူမျိုးတွေတော်တော်များများမှာကြားရလေ့ရှိတဲ့ စကားတွေပါ။တကယ်တမ်းကတော့ ကျွန်တော်တို့က မိမိကျန်းမာရေးကို ပုံမှန်လေးတော့စောင့်ရှောက်မှုတွေပြုလုပ်နေရမှာပါ၊အနည်းဆုံးတော့ သွေးပေါင်လေးပုံမှန်ချိန်ပေးရမယ်၊ သွေးတွင်းသကြားဓာတ်အခြေအနေလေးစောင့်ကြည့်သင့်ပါတယ်။အကြမ်းဖြင်းအားဖြင့်တော့ သွေးပေါင် ၁၄၀/၉၀ mmHg ရှိနေပြီဆိုရင်တော့ဖြင့် မိမိမှာသွေးပေါင်တက်နိုင်ခြေတော့ ရှိနေပြီဆိုပြီး သတိထားဆင်ခြင်သင့်နေပါပြီ။သက်ဆိုင်ရာဆရာ၀န်နဲ့ဆွေးနွေတိုင်ပင်သင့်နေပါပြီ။လိုအပ်ရင်လိုအပ်သလိုဆေးပုံမှန်သောက်သင့်တန်သောက်ရပါမယ်။အခု ကျွန်တော် တွေ့နေရတာဖြင့် သွေးပေါင်တက်နေမှ သွေးတိုးကျဆေးသောက်ကြတယ်၊ခေါင်းမူးသလိုရှိလို့သွေးတိုးတယ်ထင်မှသောက်တယ်၊သွေးပေါင်ကျဆေးကိုပုံမှန်သောက်ရမယ်ဆိုပြီး မသိကြတယ့်သူတွေ အတော်များနေသေးတာကိုတွေ့နေရသေးပါတယ်။သွေးတိုးလို့ခေါင်းကိုက်ပျောက်ဆေးတွေဘဲ​သောက်နေတာက မှန်ကန်တဲ့ကုသမှုမျိုး မဟုတ်ပါဘူး။ သွေးတိုးရောဂါရှိနေတာကိုသေချာမကုသဘဲပစ်ထားခဲ့မိရင် နောက်ဆက်တွဲ အနေနဲ့သွေးကြောတွေက အရင်လိုပျော့ပြောင်းမှုမရှိတော့ဘဲ မာလာမယ်၊ကျဥ်းလာမယ်၊နှလုံးကိုထိခိုက်လာမယ်၊ဦး​နှောက်သွေးကြောပေါက်တာမျိုး၊နှလုံးသွေးကြောပိတ်တာ စတဲ့ အသက်ဆုံးရှုံးနိုင်တဲ့ အထိဖြစ်လာနိုင်ပါတယ်။ဒါကြောင့်လုံး၀ပေါ့ဆလို့မရပါဘူး။ဆရာ၀န်ညွှန်ကြားထားတဲ့ဆေးကိုပုံမှန်သောက်နေရမယ်၊အစားအသောက်အနေအထိုင်ဆင်ခြင်ရပါမယ်(ဆေးချည်ဘဲအားကိုးလို့မရပါဘူး)သွေးပေါင်လည်း ပုံမှန်ချိန်ကြည့်ရပါမယ်၊အခုလိုခေတ်ကြီးထဲမှာ အိမ်တိုင်းမှာသွေးပေါင်ချိန်စက်လေးဆောင်ထားကြတာတွေ့နေရပါပြီ။ ကိုယ်သွေးပေါင်ချိန်တဲ့ အခါမှာ လှုပ်လှုပ်ရှားရှားပြုလုပ်ထားတာမျိုးမဖြစ်ရဘူး၊ ဘယ်ဘက်လက်မောင်းမှာထိုင်ရက် အနေအထားနဲ့ ချိန်တဲ့ အခါမှာ ၁၄၀/၉၀ mmHg အထက်ရှိနေတယ်၊ဒါမျိုးဆက်တိုက်ဖြစ်နေရင်တော့ယေဘူယျအားဖြင့်ကိုယ့်သွေးပေါင်ထိန်းနှုန်းကလုံလောက်မှုမရှိသေးဘူး၊မိမိသက်ဆိုင်ရာဆရာ၀န်နဲ့ ပြန်လည်းစမ်းသပ်တိုင်ပင်ဖို့လိုပါမယ်။ဒါမှမဟုတ် သွေးပေါင်က ၉၀/၆၀mmHg အောက်နည်းနေမယ်၊ခေါင်မူးနေမယ်ဆိုရင်တော့ သောက်လက်စသွေးပေါင်ကျဆေးကိုပြလက်စဆရာ၀န်နဲ့ တိုင်ပင်ပြီးညှိဖို့လိုနေပါပြီ၊ဒီကြားထဲရောက်တယ်ဆိုတော့ သွေးပေါင်ထိန်းနိုင်တယ်၊GOOD တယ်ပေါ့ဗျာ။သွေးပေါင်ကျဆေးတွေကလည်း အမျိုးအစားအမျိုးမျိုးရှိတာမို့ မိမိအသက်အရွယ်အလိုက်၊အခြေအနေအလိုက်ဆရာ၀န်ညွှန်ကြားချက်နဲ့အညီပုံမှန်သောက်ပေးဖို့လိုပါတယ်၊ကြုံသလိုသောက်လို့မရပါဘူး။ဒါကတော့ကျွန်တော်တွေ့မြင်နေကျပြဿနာလေးတွေကိုဗဟုသုတအဖြစ်တင်ပြပေးထားတာပါ။နောက်လည်း ကျွန်တော်ကြုံရတတ်တဲ့ လူနာတွေကြားမှာတွေ့ရတတ်တဲ့ အယူအဆလွဲလေးတွေကို နားလည်ရလွယ်အောင်၊စာအရှည်ကြီးလည်း မဖတ်ရအောင် အပတ်စဥ်တင်ပြပေးသွားပါမယ်။

TOE Pharmacyမှာရနိုင်တဲ့သွေးပေါင်ကျဆေးအမျိုးအစားစုံစုံလင်လင် သာမက Digital သွေးပေါင်ချိန်စက် များကိုလည်းအိမ်မှာနေရင်း မှာယူနိုင်ပါပြီ ခင်ဗျာ။

မင်္ဂလာပါ။ ကျွန်တော်ကတော့ လူကြီမင်းတို့ ဆေး၀ါးနဲ့ပတ်သက်တဲ့ ကိစ္စအ၀၀ကို ကူညီဆောင်ရွက်ပေးနေတဲ့ “တိုးဆေးဆိုင်”က  ဒေါက်တာZen...
05/01/2022

မင်္ဂလာပါ။ ကျွန်တော်ကတော့ လူကြီမင်းတို့ ဆေး၀ါးနဲ့ပတ်သက်တဲ့ ကိစ္စအ၀၀ကို ကူညီဆောင်ရွက်ပေးနေတဲ့ “တိုးဆေးဆိုင်”က ဒေါက်တာZen ဖြစ်ပါတယ်။ ကျွန်တော်လူကြီးမင်းတို့ သိလိုတဲ့ ဆေး၀ါးနဲ့ ပတ်သက်တဲ့မေးခွန်းလေးတွေကို ဖြေကြားပေးသွားမှာပါနော်။ ကျွန်တော်တို့ Page ရဲ့ Chat Box မှာသိချင်တာမေးထားလို့ရပါတယ်၊ ကျွန်တော်ပြန်ဖြေပေးထားပါမယ် ခင်ဗျာ။

ဆေး၀ယ်တော့မယ်ဆိုတာနဲ့သင်တို့ ဘာအခက်အခဲတွေ့နိုင်လဲ။ဆေး၀ယ်တယ်ဆိုတာ ခက်ခဲတဲ့ကိစ္စတော့မဟုတ်ပေမယ့် လစဥ်ပုံမှန် သောက်ဆေးတွေ၀ယ်...
03/01/2022

ဆေး၀ယ်တော့မယ်ဆိုတာနဲ့သင်တို့ ဘာအခက်အခဲတွေ့နိုင်လဲ။
ဆေး၀ယ်တယ်ဆိုတာ ခက်ခဲတဲ့ကိစ္စတော့မဟုတ်ပေမယ့် လစဥ်ပုံမှန် သောက်ဆေးတွေ၀ယ်တာဖြစ်ဖြစ်၊ အိမ်မှာ လိုမယ်ထင်တာလေးတွေ ဆောင်ချင်တာဘဲ ဖြစ်ဖြစ် ခေါင်းခြောက် မခံချင်ဘူးဆိုရင် ကျွန်တော်တို့ “တိုးဆေးဆိုင်” က အချိန်မရွေးကူညီပေးနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ “တိုးဆေးဆိုင်”က အတွေအကြုံရှိတဲ့ ဆရာ၀န်များကိုယ်တိုင် ရောင်းချပေးနေတာမို့ ဆေးစစ်မှန်ဖို့ အာမခံတယ်၊ လိုအပ်တဲ့ဆေး၀ါးတွေကိုလည်း လမ်းညွှန်ပေးနိုင်ပါတယ်။
လိုချင်တဲ့ဆေး၀ါးလေးတွေကို စာရင်းပေးလိုက်ရုံနဲ့ ရန်ကုန်မြို့ အတွင်း အချိန်တိုအတွင်းလိုက်လံပို့ဆောင်ပေးမှာဖြစ်ပါတယ်။
ဆေးနဲ့ ဆက်စပ်ပစ္စည်းလေးတွေဖြစ်တဲ့ သွေးပေါင်ချိန်စက်၊ဆီးချိုတိုင်းစက်လေးတွေလည်းမှာယူလို့ရပါတယ်ခင်ဗျာ။
အခုဘဲလိုချင်တဲ့ ဆေးလေးတွေကို Chat Box ကနေတဆင့် မှာထားခဲ့လိုရပါပြီ ခင်ဗျာ။

Address

Yangon
11111

Website

Alerts

Be the first to know and let us send you an email when TOE Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share