Nature Box

Nature Box Aquarium tell stories that everyone interprets differently, what's your story?

Buce and Anubius Scape လေးတစ်ခုလောက်ဆင်ချင်နေခဲ့တာကြာပြီ ...အလုပ်တဖက်နဲ့မအားလို့ကန်ဆင်ဖို့မပြောနဲ့ ရှိပြီးသားကန်တွေတောင်...
13/06/2022

Buce and Anubius Scape လေးတစ်ခုလောက်ဆင်ချင်နေခဲ့တာကြာပြီ ...
အလုပ်တဖက်နဲ့မအားလို့ကန်ဆင်ဖို့မပြောနဲ့ ရှိပြီးသားကန်တွေတောင်
ရေမလဲတာ ၂ လပြည့်တော့မယ် ...

နောက်ရက်ကျ ကန်ဆင်ပြီးပိုနေတဲ့ တို့စရာလေးတွေ ပြန်ရောင်းပေးပါ့မယ် ...

Scaping Design by Me ...Scaping ပိုင်းနဲ့ပါတ်သတ်ပြီး အမြဲကူညီပေးလျက်ရှိပါသည်ခဗျ အစ အလည် အဆုံး အပ်ချင်ရင်လည်း ရပါတယ် ဟလို...
21/05/2022

Scaping Design by Me ...

Scaping ပိုင်းနဲ့ပါတ်သတ်ပြီး အမြဲကူညီပေးလျက်ရှိပါသည်ခဗျ
အစ အလည် အဆုံး အပ်ချင်ရင်လည်း ရပါတယ် ဟလိုလိုက်ပါ ...

စျေးလေးရောင်းပါရစေဗျ ... အပင်တွေ ရောင်းဖို့မရှိတော့ပါဘူးဗျ ...Reddish နဲ့ lindernia rotundifolia variegated ပဲကျန်ပါတော့...
27/03/2022

စျေးလေးရောင်းပါရစေဗျ ...

အပင်တွေ ရောင်းဖို့မရှိတော့ပါဘူးဗျ ...
Reddish နဲ့ lindernia rotundifolia variegated ပဲကျန်ပါတော့တယ်
နောက်ရက်ထပ်ရရင် ထပ်တင်ပေးပါ့မယ် ...
ကျေးဇူးပါဗျ ...

Nature Box မှာရနိုင်တဲ့ အပင်တချို့နဲ့ ပုဇွန်လေးတွေပါဗျ ...
အပင်တွေကတော့အမြဲမရနိုင်သေးပါဘူးနော် ...
ကျွန်တော့်ကန်တွေ အပင်ညှပ်တဲ့အခါရသလောက်လေးပါ ...
အရေအတွက်နည်းပါတယ် သုံးယောက်စာလောက်ပဲရမှာပါ ...
နောက်ကျ ဒီထက်ပိုစုံ အောင်ဖန်တီးပေးပါ့မယ် ...

ပုဇွန်တွေကတော့ စိတ်ကြိုက်မှာပါ ...
အယ်ဂျေးရှယ်ရှင်းတဲ့ ပုဇွန်အသစ်တမျိုးလည်း ရပါပြီနော် ...
စျေးနှုန်းလေးတွေကတော့ ပုံမှာပါပါတယ်ဗျ ...

ပုဇွန်တွေက တစ်ရောင်တကန် တစ်မျိုးတစ်ကန်စီနဲ့
ကွာလတီထိမ်းပြီးမွေးတာမို့ ပေးရတဲ့စျေးနဲ့တန်တဲ့ ကွာလတီရပါမယ် ...
အနီပါ အဝါပါ အပြာပါ အနက်ပါဆိုပြီး ဘာကာလာမှမထွက်တဲ့
ပါယ်ပုဇွန်တွေမဟုတ်ကြောင်း အာမခံပါတယ် ...

လူကိုယ်တိုင်လာရောက်ရွေးချယ် ဝယ်ယူချင်တယ်ဆိုပါက ...

အမှတ် ၃၂/၁ (မြေညီထပ်) ၊ သုနန္နာလမ်း ၊ ၁၀ ရပ်ကွက် ၊ လှိုင်မြင့်မိုရ်အိမ်ယာ ၊ လှိုင်မြို့နယ် ၊ ရန်ကုန် ...

ရန်ကုန် အင်းစိန်လမ်းမဘက်ကလာပါကဘူတာရုံလမ်းမှတ်တိုင် ဆင်း၍
ကန်လမ်းထဲဝင်ကာ သုနန္နာလမ်းအားမေးပါ ...

ပြည်လမ်းဘက်ကလာပါက တံတားဖြူး(အင်းလျားကန်ဘောင်) မှာ
ဆင်း၍ ကန်လမ်းထဲဝင်ကာ ဆင်ဖြူတော်ဟိုတယ်
ရှေ့ကလမ်းထဲဝင်ကာ သုနန္နာလမ်းအားမေး၍လာနိုင်ပါတယ် ...

Google Map မှာဆိုရင်တော့ Thu Zar Tar St. လို့ပြပါတယ် 😁

လူကိုယ်တိုင်လာရောက် ဝယ်ယူလိုပါက ဖုန်းကြိုတင်ဆက်သွယ်ပေးပါရန် ...

09 405 778 689

နယ်သမားများအတွက်လည်း Delivery ရှိပါတယ်ဗျ။
တန်ဆာခ၊ ဖော့ပုံးခ၊ ဂိတ်ချ Delivery ခ ဝယ်သူဘက်ကရှင်းရပါမယ်ဗျ ...

Cherry Shrimp လေးတွေပြန်ရပါပြီဗျအနီ အဝါ ၈၀၀ ကျပ်အပြာ အနက် ၁၅၀၀ ကျပ် ပါဗျတစ်ရောင်တစ်ကန်နဲ့ ထားပြီးမွေးတာဖြစ်လို့ ကာလာကျမှ...
09/03/2022

Cherry Shrimp လေးတွေပြန်ရပါပြီဗျ

အနီ အဝါ ၈၀၀ ကျပ်
အပြာ အနက် ၁၅၀၀ ကျပ် ပါဗျ

တစ်ရောင်တစ်ကန်နဲ့ ထားပြီးမွေးတာဖြစ်လို့
ကာလာကျမှာ ကွာလတီမကောင်းမှာစိတ်ပူစရာမရှိပါဘူး...







09 405 778 689



ဟုတ်ကဲ့ EPC ကောင်းမှု့အကြောင်းပြု၍ Canister ပျက်သွားပါပြီ ... အသစ်လည်းထပ်မဝယ်နိုင်ပါ ဒါ့ကြောင့်ပဲကန်ကိုဖျက်လိုက်ပါပြီ တကယ...
05/03/2022

ဟုတ်ကဲ့ EPC ကောင်းမှု့အကြောင်းပြု၍
Canister ပျက်သွားပါပြီ ...
အသစ်လည်းထပ်မဝယ်နိုင်ပါ ဒါ့ကြောင့်ပဲ
ကန်ကိုဖျက်လိုက်ပါပြီ တကယ်ကျေးဇူးပါ ...

DIY Shrimp Feeding Cup...လျောက်ကလိထားကြည့်တာလေး... 7.6x7.6x(H1.5) mm Acrylic Sheetကော်မပျောက်တစ်ပျောက် အတွင်းကပ် 😁      ...
03/03/2022

DIY Shrimp Feeding Cup...

လျောက်ကလိထားကြည့်တာလေး...

7.6x7.6x(H1.5) mm Acrylic Sheet
ကော်မပျောက်တစ်ပျောက် အတွင်းကပ် 😁

'' Available Now '''' Chihiros RGB Vivid II including original shape board ...'''' Built-in Bluetooth controller ...''Sp...
23/02/2022

'' Available Now ''

'' Chihiros RGB Vivid II including original shape board ...''
'' Built-in Bluetooth controller ...''

Specifications ...

Length ... 45.5 cm
Width ... 16.2 cm
high ... 3.4cm
Power Input ... AC100 - 240V 50/60 Hz
Power Consumption ... 130W
LED Quantity ... 160pcs
Luminous flux ... 5500lm
Color ... RGB in one LED Chip
design ... Black
Tank Specifications ... 60 - 90 cm

Contact us 09 405 778 689 or Page ChatBox

အင်း...နာတယ်...
21/02/2022

အင်း...နာတယ်...

အနီဆို ရဲနေမှ အဝါဆို တောက်နေမှ အပြာဆိုလဲ့နေမှ အနက်ဆို မှောင်နေမှ ... ဆိုသူတွေအတွက် ...မကြာခင်မှာ အရောင်းပိုစ့်လေးနဲ့အတူလ...
20/02/2022

အနီဆို ရဲနေမှ
အဝါဆို တောက်နေမှ
အပြာဆိုလဲ့နေမှ
အနက်ဆို မှောင်နေမှ ... ဆိုသူတွေအတွက် ...

မကြာခင်မှာ အရောင်းပိုစ့်လေးနဲ့အတူလာပါတော့မယ် ...

ရဲရဲတောက် တို့ဂျပွန်တွေ ...
18/02/2022

ရဲရဲတောက် တို့ဂျပွန်တွေ ...

Nature Aquarium Creator: Takashi AmanoTakashi Amano ကို 1954 ခုနှစ် July လ 18 ရက်နေ့တွင် Japan နိုင်ငံ Niigata မှာ မွေးဖ...
06/02/2022

Nature Aquarium Creator: Takashi Amano

Takashi Amano ကို 1954 ခုနှစ် July လ 18 ရက်နေ့တွင်
Japan နိုင်ငံ Niigata မှာ မွေးဖွားခဲ့ပြီး Photography နှင့်
Aquascaping ပိုင်းမှာလူသိများခဲ့တယ်။ နောက်ထပ်သူ့ရဲ့
ကျော်ကြားမှုတွေထဲကတစ်ခုကတော့ စက်ဘီးအားကစား
ဖြစ်ပြီးတော့ 1974 မှာစတင်ခဲ့ပြီးတော့ ပြိုင်ပွဲပေါင်း
1078 ပွဲယှဉ်ပြိုင်ခဲ့ပြီး 1990 ခုနှစ်မှာတော့ စက်ဘီးစီးတာ
ကနေအနားယူခဲ့ပါတယ်။

သူက ငါးမွေးမြူခြင်းနဲ့ ရေအောက်အပင်ကန်များကို
ဆယ်ကျော်သက်အရွယ်ကစ ဝါသနာပါခဲ့ပြီးတော့
စက်ဘီးပြိုင်ပွဲတွေကနေရရှိတဲ့ ငွေကြေးတွေကနေပြီး
သူဝါသနာပါတဲ့ Aquascaping နဲ့ Photography
ပိုင်းတွေမှာသုံးစွဲခဲ့တယ်။

" မိခင်သဘာဝတရားကြီးကို နားလည်ဖို့က ၊ သူမရဲ့
အသေးငယ်ဆုံးသောဖန်တီးမှုတွေကိုချစ်ဖို့ပါပဲ ... ''

Takashi Amano

1977 ခုနှစ်မှာတော့ Aquascaping လောကမှာ
ကြီးမားတဲ့အောင်မြင်မှုတစ်ခုကိုရရှိခဲ့တယ်။
အဲ့ဒါကတော့ ကျွန်တော်တို့အခုသုံးနေတဲ့
Carbondioxide (CO2) အသုံးပြုခြင်းနည်းပါပဲ။
တစ်ရက်မှာသူဟာ Bar တစ်ခုမှာသောက်နေရင်းကနေ
Carbonate (ကာဗွန်နိတ်) ပါဝင်တဲ့ရေပူဖောင်းလေးများကို
သတိပြုမိပြီး အိမ်ပြန်ရောက်တဲ့အခါ အိမ်ကကန်မှာသူ
CO2 ကိုစမ်းသပ်ခဲ့ပြီးတော့ ရေအောက်အပင်များ
အလင်းရောင်ကနေတဆင့် အစာချက်ခြင်းလုပ်ငန်းစဉ်အတွက်
လိုအပ်တဲ့ Carbondioxide (CO2) အသုံးပြုခြင်းနည်းကို
တွေ့ရှိခဲ့တယ်။

" Amano ဟာငါးကန်ကို သူ့ရဲ့ Canvas အဖြစ်အသုံးပြုတဲ့
ပုံတူပန်းချီဆရာတစ်ယောက်ဖြစ်တယ် ...''

Dr.Herbert R.Axelrod, 1992

သူ့ရဲ့နောက်ထပ်ဝါသနာတစ်ခုဖြစ်တဲ့ Photography ပိုင်းနဲ့
ပါတ်သတ်ပြီးတော့ ပထမဆုံးအနေနဲ့ 1991 ခုနှစ်
JPS Photography Contest မှာအနိုင်ရရှိခဲ့ပြီး သူ့ရဲ့ပုံကို
လူထုပြပွဲအတွက်ရွေးချယ်ခံခဲ့ရတယ်။ 1992 ခုနှစ်မှာ
Asian Wrasse ရဲ့နစ်မြုတ်နေသောပုံတစ်ပုံကိုသရုပ်ဖော်ထားတဲ့
Oniodori ဖြင့် Fujifilm Nature Photo Contest တွင်
အနိုင်ရရှိခဲ့တယ်။ သူ့ရဲ့လက်ရာများစွာကို ပြပွဲများစွာမှာ
ပြသခဲ့ပြီး အထင်ရှားဆုံးလက်ရာတွေကတော့...

Urin – Ujou, Japan, 1998
Dare mo Shiranai Amazon, Japan, 2004
The Rio Negro, Japan, 2004
The Rio Negro, Japan, 2006
Sozo no Genten Amazon, Japan, 2006
Kusatsu – Amazon, Japan, 2006
Sado – From bottom of the Sea to the Pristine Forest, Japan, 2007
Daremo Shiranai Sado, Japan, 2007
Daremo Shiranai Sado, Japan, 2008
Sado – a Natural Treasure of Japan, Quatar, 2009
Takashi Amano in India for Aquatika 2009, India, 2009
Forests Underwater, Portugal, 2015

Digital Photography ပိုင်ကိုသဘောမကျပဲ
Film Photography ဟာသူပုံဖော်လိုတဲ့ အရောင်အသွေး
အသွင်အပြင်များကို ရယူနိုင်ကြောင်း တွေ့ရှိခဲ့ပြီး
သဘောကျခဲ့တယ်။ သူ့ရဲ့မှတ်သားဖွယ်ရာအလုပ်တချို့ကို
Borneo အနောက်အာဖရိကနဲ့ Amazon တို့မှာလုပ်ခဲ့တယ်။
သူကဂျပန်မှာပဲမဟုတ် ကမာအနှံမှာအလုပ်လုပ်ရတာကို
နှစ်သက်ပါတယ်။ 2008 ခုနှစ်မှာ ကမာအရေးအပါဆုံး
ခေါင်းဆောင်တချို့တက်ရောက်တဲ့ Tokyo မြို့မှာ
ကျင်းပတဲ့ G8 အစည်းအဝေးမှာ သူ့ရဲ့လုပ်ဆောင်ချက်များကို
ချပြခွင့်ရခဲ့တယ်။ သူကဓာတ်ပုံပညာပိုင်းမှာတင်မဟုတ်ပဲ
စာရေးဆရာအဖြစ်လည်း စာအုပ်ပေါင်းများစွာကိုထုပ်ဝေခဲ့တယ်။

Glass no Naka no Daishizen, 1992
Mizu – Shizen eno Kaiki, 1994
Nature Aquarium World, 1994
Pflanzenparadies unter Wasser, 1994
Nature Aquarium World Book 2, 1996
Nature Aquarium World Book 3, 1996
De wonderlijke wereld onder water, 1996
Faszinierendes Aquarium, 1996
Le Nouveeau Monde des Plantes Aquatiques, 1996
Aquarium Plant Paradises, 1997
Amanos Naturaquarien, 1997
Ihr Hobby-Naturaquarien, 1998
Diskus im Naturaquarium, 1998
Das Große Buch der Naturaquarien, 1998
Les aquariums naturels d’Amano, 1998
The Rio Negro, 2004
Sado – To Pristine Forest From Bottom of Sea, 2007
Sado – To Pristine Forest From Bottom of Sea “Revised and Enlarged Edition”, 2009
Nature Aquarium: Complete Works 1985-2009, 2011

Takashi Amano ဟာအပင်ကန်ပြုလုပ်ပုံ နည်းလမ်းအသစ်
Design အသစ်ကိုဖန်တီးခဲ့တယ်။ သူဟာ Japan စိုက်ပျိုးရေး
နည်းပညာတွေထဲက Wabi-sabi (မစုံလင်သော၊
ရွှေ့လျှားနေသည့် အရာဝတ္တုများ၏ သဘာဝအလှကို
ရှာဖွေသည့် Japan အနုပညာပုံစံ) နှင့် Zan Art တို့ကို
ပေါင်းစပ်ပြီး Nature Aquarium ဆိုပြီးအမည်ပေးခဲ့ပါတယ်။
ဝေါဟာရအသစ်ဖြစ်လာတဲ့ Nature Aquarium ရဲ့
အဓိပါယ်ကတော့ ပြီးပြည့်စုံသော ဂေဟစနစ်နှင့်အတူ
အပင်များ ငါးများ သဟာဇာတဖြစ်စွာနေထိုင်နိုင်ပြီး
Aquascape အတွင်းရှိ မျိုးစိတ်အားလုံးအတွက် ပြီးပြည့်စုံသော
ပါတ်ဝန်းကျင်တစ်ခုဖြစ်သည် ဟုဆိုလိုပါသည်။

သူကဆက်လက်ပြီးတော့ လေ့လာတဲ့အခါရေချိုကန်တွေမှာ
သူမတူတဲ့ Algae eater တစ်မျိုးဖြစ်တဲ့ ပုဇွန်မျိုးစိတ်တစ်ခု
ဖြစ်တဲ့ Caridina Japonica ကိုတွေ့ရှိခဲ့ပြီး ထိုမျိုးစိတ်ကို
ဒေ​ခံတွေဆီကနေမှာယူပြီး သူ့ရဲ့ Aquarium တွေစတင်
အသုံးပြုခဲ့တယ်။ ထိုမှတဆင့် Amano Shrimp ဟု
အမည်တွင်ခဲ့တယ်။

Amano Shrimp ဟာထိမ်းသိန်းရလွယ်ကူပြီး ကန်ထဲက
အခြား ငါးပုဇွန်တွေကိုလဲ ရန်လိုခြင်းမရှိတာကြောင့်
Aquascaper တွေဟာနှစ်သက်ခဲ့ကြတယ်။
Amano ရဲ့ယခုအထိရှိနေသေးတဲ့အမွေအနှစ်တွေထဲက
တစ်ခုဖြစ်တဲ့ သူ့ရဲ့ Aqua Design Amano Co.,Ltd.(ADA)
ကို 1982 ခုနှစ်တွင်တည်ထောင်ခဲ့ပြီး အရည်အသွေး
အကောင်းဆုံးသော Aquarium Equipment တွေကို
ရောင်းချပြီး ကမ္ဘာနှင့်အဝှမ်းအောင်မြင်မှုများစွာရရှိခဲ့တယ်။

2013 ခုနှစ်မှာ Amano ဟာ ဥရောပရှိ Portugal နိုင်ငံမှ
Oceanario de Lisboa အတွက် ကမ္ဘာအကြီးဆုံး
Nature Aquarium ဖန်တီးပေးရန် ဖိတ်ကြားခံခဲ့ရပြီး
Amano ဟာပရောဂျက်အတွက်အချိန်များစွာယူခဲ့ပြီး
သူ၏ခေါင်းဆောင်မှုအောက်မှာ ပံ့ပိုးကူညီရန်နှင့်
လုပ်ဆောင်ရန် လေ့ကျင်သင်ကြားထားသူများနှင့်
အတူပြုလုပ်ခဲ့တယ်။

ဖွင့်ပွဲအခမ်းအနားကို April 21 ရက်နေ့ 2015 မှာဖွင့်လှစ်ခဲ့ပြီး
Nature Aquarium လောကအတွက်စံတင်လောက်တဲ့
လက်ရာတစ်ခုအဖြစ် ချီးကျူးဂုဏ်ပြုခံခဲ့ရတယ်။
Topical Paradise ဟာ Takashi Amano ရဲ့ စိတ်အား
ထက်သန်မှုနဲ့ အပူပိုင်းသစ်တောများအကြောင်း ဘယ်လောက်
နားလည်ထားသလည်းဆိုတာကိုမြင်တွေ့နိုင်တဲ့
လက်ရာတစ်ခုဖြစ်တယ်။

Lisbin Nature Aquarium မှ facts and figures

40m long
2.5m deep
1.5m water depth
160,000 litre/160t
4 tonnes of sand
25 tonnes of volcanic rock
8 tonnes of aquasoil
2 tonnes of wooden branches, including 78 giant pieces of driftwood
More than 46 species of plant
10,000 tropical fish of 40 different species

ဒီ အံ့သြစရာလက်ရာမှာ သူ့ရဲ့အခြားဝါသနာအလုပ်တွေနဲ့မတူပဲ
သူ့ရဲ့ ရှည်လျားပြီးစိတ်အားထက်သန်တဲ့ အသက်မွေး
ဝမ်းကျောင်းမှုမှာ သူ့ရဲ့အထင်ရှားဆုံးအနုပညာလက်ရာတစ်ခု
ဖြစ်တယ်ဆိုတာမလွဲပါပဲ။

" ကမ္ဘာအပူပိုင်းမိုးသစ်တောတွေမှာ ကျွန်တော်တွေ့ကြုံခဲ့ရတဲ့
ရေအောက်မြင်ကွင်းတွေနဲ့ ဇီဝမျိုးကွဲတွေကို ပေါင်းစပ်ခြင်း
အားဖြင့် ဒီကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာပါတ်ဝန်းကျင်ကို
ဒီလုပ်ငန်းမှာချပြခဲ့တယ် ... ဒီကန်ကနေတဆင့်သဘာဝကို
တန်ဖိုးထားသူတွေပိုများလာမယ်ဆိုရင် ဒါဟာကျွန်တော့်
အတွက်ဝမ်းသာစရာအကောင်းဆုံးပါပဲ ... "

Takashi Amano

2015 ခုနှစ်မှာတော့ Amano ဟာအဆုပ်ရောင်ရောဂါဖြင့်
အသက် 61 နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ရေအောက်အပင်ကန်ဖန်တီးခြင်းဟာ သူ့ရဲ့တသက်တာ
ဝါသနာမဟုတ်ခဲ့ပါက Iwagumi နှင့် Wabi-kusa တို့လို
ရင်သပ်ရှုမောဖွယ်ရာ Aquascaping Layout များဟာ
ပေါ်ထွက်လာခဲ့မှာမဟုတ်ပါဘူး။

Aquarium တစ်ခုဖြင့် တောတွင်းသဘာဝပုံစံ ဖန်တီးထားသော
Nature Aquarium Style ကိုမမြင်ဖူးကြသလို ကြားလည်း
မကြားဖူးခဲ့ပါဘူး။ သူဟာခေတ်မှီရေအောက်သဘာဝတခု
အားဖန်တီးရန်အတွက်အစပြုခဲ့လေသောအစဖြစ်လေသည်။
ယခုအခါသူ့အား Aquascaping နယ်ပါယ်ထဲမှသူများမှ
သူ့အားလေးစားသောအားဖြင့် ဆရာတယောက်သဖွယ်
အသိအမှတ်ပြုကြလေတယ်။

" Takashi Amano ဟာကျွန်တော့်အလုပ်နဲ့ ဝါသနာကို
အရမ်းချစ်ရတဲ့အကြောင်းအရင်းတွေထဲကတစ်ခုပါ။
Nature Aquarium Book One မှာသူ့ရဲ့လက်ရာကို
ပထမဆုံးမြင်တွေ့ရတဲ့အခိုက်အတန့်ကို ကွက်ကွက်ကွင်းကွင်း
မှတ်မိနေပါတယ်။ ဒါကိုငါအောင်မြင်အောင်လုပ်ချင်တယ်ဆိုပြီး
ဒီခရီးကိုအစပြုခဲ့တယ်။ Aquarium တွေ လေးဒေါင့်မှန်ကန်ထဲ
ရေထည့် ငါးထည့်မွေးတဲ့အရာကနေ ငါးမွေးတာကို
အနုပညာလက်ရာ တစ်ခုအဖြစ်ပြောင်းလည်းစေခဲ့ပါတယ်။ ကျွန်တော့်ဘဝထဲကို သူကူညီပေးခဲ့တဲ့ လှုံဆော်မှုနဲ့
ပျော်ရွှင်မှုတွေအတွက် ကျေးဇူးတင်တယ်ဆိုတဲ့စကားက
မလုံလောက်ပါဘူး။ သူ့ကိုလူချင်းတွေ့ပြီးကျေးဇူတင်ကြောင်း
မပြောခဲ့ရတဲ့အတွက် အရမ်းဝမ်းနည်းရပါတယ်။ ကမာကြီးဟာထူးချွန်တဲ့အနုပညာရှင်
တစ်ဦးကိုဆုံးရှုံးလိုက်ရပေမဲ့ သူ့ရဲ့လက်ရာတွေဟာ
မရေမတွက်နိုင်တဲ့ ရေနေသတဝါတွေကနေတဆင့်
ရှင်သန်နေဆဲပါပဲ ... ''

UK Aquascaper, George Farmer

အနုပညာဟာ ပုံပြင်တွေကိုပြောပြပေးတယ်။ Amano ရဲ့
အနုပညာတွေကတော့ Aquarium တစ်ခုကနေပြီးတော့
သင်တို့အတွက် ပုံပြင်များစွာကိုဖန်တီးပေးပါလိမ့်မယ် ...

Ref: Google, Wikipedia and Aquascapinglove
Tran: NatureBox (Dio)

Google မှာစာလျောက်ဖတ်ရင်း တတ်သလောက်မှတ်သလောက်အဆင်ပြေအောင် ဘာသာပြန်ပေးထားပါတယ်ဗျာ အဆင်ပြေကြပါစေ...

03/02/2022

The Giant Ghost Shrimp ...

Address

Yangon

Telephone

+959405778689

Website

Alerts

Be the first to know and let us send you an email when Nature Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nature Box:

Share