20/04/2025
အကြောင်းအမျိုးမျိုးကြောင့် စာမရေးဖြစ်တာ အတော်ကြာသွားပါတယ်.
ဒီတစ်ခေါက်မှာတော့ ခဏ ခဏတွေ့နေရပြီးတော့ ခဏ ခဏ အမေးများတဲ့ မေးခွန်း (၂)ခုကို ပြောပြပေးသွားပါမယ်.
Question 1 : Graphic Design ဆွဲဖို့ Computer လိုလား? ဘယ်လောက်ဆိုရင် သုံးရတာ အဆင်ပြေမလဲ?
အရင်ဆုံး Graphic Design ဆိုတာ Photoshop နဲ့ Illustrator ကို ကိုယ်စားမပြုကြောင်း ပြောချင်ပါတယ်. ဒါဆိုဘာလို့ Graphic Design လို့ ပြောလိုက်တာနဲ့ အဲ့ Software (၂)ခု က အမြဲပါလာတာလဲလို့ မေးစရာရှိပါတယ်.
ရှင်းပြပါမယ်....
Tissue ပေါ်မှာလည်း စာရေးလို့ ရတာပါပဲ. A4 စာရွက်ပေါ်မှာလည်း စာရေးလို့ ရတာပါပဲ. Notebook မှာလည်း စာရေးလို့ ရတာပါပဲ. ခဏပဲ စာရေးမယ် ပြီးရင် လွှင့်ပစ်လိုက်လို့ရတယ်. ဒါဆိုရင် Tissue (or) A4 စာရွက်မှာရေးလည်း ရတာပါပဲ. သေသေချာချာ မှတ်မယ်. မှတ်ထားတာတွေကို အချိန်မရွေး ပြန်ကြည့်မယ်ဆိုရင်တော့ Notebook ကို သုံးတာ အကောင်းဆုံးပါပဲ.
ဒီလိုပါပဲ...
Graphic Design ကို အခုခေတ်ကာလမှာ ဖန်တီးဖို့ သုံးဖို့အတွက် Software တွေထဲမှာ Photoshop နဲ့ Illustrator ဒီ (၂)ခုဟာ အဆင်ပြေပြီး သုံးရတာကောင်းနေတဲ့အတွက် ဒီနေ့အထိ လူကြိုက်များပြီးသုံးနေတာပါ. ဒီ Software (၂)ခုက PC (Window, Mac) မှာပဲ မြင်ကွင်းကျယ်ကျယ်နဲ့ ကောင်းကောင်း အလုပ်လုပ်လို့ရတာဖြစ်လို့ Computer လိုအပ်တာဖြစ်ပါတယ်.
*** ဘယ်လောက်ဆိုရင် သုံးရတာ အဆင်ပြေမလဲ?
အနဲဆုံး Photoshop & Illustrator CC 2022 ကို ကောင်းကောင်းသုံးလို့ရတာမျိုး ရွေးဝယ်သင့်ပါတယ်. ကိုယ်သုံးမယ့် ပစ္စည်းဖြစ်တာကြောင့် Chat gpt, Google နဲ့ page တွေမှာ CPU, Ram, Graphic, Storage (HDD, SSD), Monitor (IPS Panel, Resolution (Full HD, 2K, 4K) စသဖြင့် Computer မှာပါတဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အကြောင်းအရာတွေကို သေသေချာချာဖတ်မယ်. ကိုယ်ကြိုက်တာက (၂)ခု ဖြစ်နေရင် အဲ့ (၂)ခုကို Comparison လုပ်ကြည့်မယ်. ကိုယ်တတ်နိုင်တဲ့ ငွေပမာဏနဲ့ ကိုက်ညီပြီဆိုရင်တော့ ဝယ်လိုက်လို့ရပါပြီ.
ကိုယ်ဝယ်မယ့် ဆိုင်မှာလည်း အပေါ်မှာ ပြောထားတဲ့ အကြောင်းအရာတွေကို သူတို့နဲ့ သေချာလေး မေးပြီး ဆွေးနွေးတိုင်ပင်ကြည့်လို့ရပါတယ်. ပိုက်ဆံများများ ရှိတယ် အာရုံမနောက်ချင်ဘူးဆိုရင်တော့ Macbook (or) iMac ကိုဝယ်ပါ.
စာရှည်သွားမှာစိုးတဲ့အတွက် နောက်နေ့မှာ FAQ No.2 ကို ဆက်ပြီး ပြောပြပေးသွားပါမယ်. ဖတ်ကြည့်လို့ အကျိုးရှိတယ်ဆိုရင်တော့ ပြန်လည်မျှဝေခြင်းဖြင့် တခြားသူတွေကို ကူညီလိုက်ကြရအောင်ပါ....
Graphic Designer
Inspired for Creativity