03/12/2019
၂နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော Seagame ပြိုင်ပွဲကြီးဟာ ယခုဆို 30th အကြိမ်မြောက် 2019 Seagame အဖြစ် အားလုံးလဲ သိကြတဲ့အတိုင်းဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတာဖြစ်ပါတယ်။
အရင်နှစ်တွေမှာလဲ ပုံမှန်အတိုင်း အားကစားနည်းပေါင်းများစွာကို ယှဉ်ပြိုင် ကစားခဲ့ကြပြီး 2019 ယခုနှစ်မှစ တစ်မူထူးခြားခဲ့တာကတော့ Esport အားကစားနည်းဟာ ဆိုရင်ဖြင့် နိုင်ငံတော်အဆင့် တရားဝင် အားကစားနည်းတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ Esport အားကစားနည်းဟာ ဒီနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခွင့်ရလို့ လူငယ်တွေအတွက် တကယ့်ကို ဝမ်းသာကြည်နူးမိပါတယ်။
ထို့အတူ AOV, MLBB နဲ့ Dota2 စသည့် Esport games များကို မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မဲ့ Esport Players များအတွက် Next Level Gaming Team မှာ အလွန်ဝမ်းသာဂုဏ်ယူမိပါတယ်ခင်ဗျာ။
ကစားပွဲတွေကိုလဲ အကောင်းဆုံးကျော်ဖြတ်နိုင်ပြီး ရွှေဆံဆိပ်ဆုကို ဆွတ်ခူးနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ~✨