08/08/2026
🧠👀 လူတစ်ယောက်ရဲ့ ဘဝမှာ...
( ၁၀ နှစ် )ဆိုတဲ့၊ အချိန်ကို( ၇ ကြိမ် )ပဲ ဖြတ်သန်းရတာပါ။
၁. ပထမ ၁၀ နှစ်
အပြစ်ကင်းစင်တဲ့ ကလေးဘဝနဲ့ ပျော်ရွှင်စွာ ဆော့ကစားရင်း၊ စိုးရိမ်ပူပန်စရာ မရှိတဲ့ နေ့ရက်တွေကို ဖြတ်သန်းရတယ်။
၂. ဒုတိယ ၁၀ နှစ်
ပညာသင်ကြားရင်း၊ စာဖတ်၊ စာမေးပွဲဖြေ၊ သူငယ်ချင်းတွေ ဖွဲ့ပြီး မိတ်ဆွေတွေ ရလာတယ်။ အတွေ့အကြုံအသစ်တွေကို ရှာဖွေရင်း ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ ကြိုးစားရတဲ့ အချိန်ပေါ့။
၃. တတိယ ၁၀ နှစ်
အလုပ်အကိုင်ကို အလေးအနက်ထားပြီး အနာဂတ်အိမ်မက်တွေအတွက် ငွေရှာ၊ ကြိုးစား၊ အလုပ်များရင်း ဘဝကို တည်ဆောက်တဲ့ အချိန်။
၄. စတုတ္ထ ၁၀ နှစ်
မိသားစုတစ်ခုကို တည်ဆောက်ရင်း ကိုယ်ချစ်ရသူတွေအတွက် အခြေခံဘဝနဲ့ အနာဂတ်ကို ဖန်တီးပေးတဲ့ အချိန်။
၅. ပဉ္စမ ၁၀ နှစ်
ကြိုးစားပြီး ရရှိခဲ့သမျှကို တည်တံ့အောင် ထိန်းသိမ်းရင်း ဘဝကို အေးအေးချမ်းချမ်း အခြေချတဲ့ အချိန်။
၆. ဆဋ္ဌမ ၁၀ နှစ်
နှစ်ပေါင်းများစွာ အလုပ်လုပ်ရင်း အသုံးချခဲ့တဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပြီး ကျန်းမာရေးကို ပြန်လည် ထိန်းသိမ်းရတဲ့ အချိန်။
၇. နောက်ဆုံး ၁၀ နှစ်
တစ်သက်လုံး ကြိုးစားရှာဖွေခဲ့သမျှကို တဖြည်းဖြည်း လွှတ်ချရင်း... တစ်နေ့မှာ ကိုယ်လာခဲ့တဲ့ နေရာကို ပြန်သွားဖို့ အချိန်ကို စောင့်မျှော်ရတဲ့ အချိန်။
ဒါကြောင့်...
ဘဝရဲ့ အဆုံးမှာ ကိုယ်ဘာတွေ "ပိုင်ဆိုင်ထားလဲ" ဆိုတာထက်
ဒီနေ့... ဒီအချိန်ထိ
ကိုယ် ရယ်မောခဲ့ပြီလား...
ချစ်ခဲ့ပြီလား...
ကိုယ့်ဘဝကို ကိုယ်ဖြစ်ချင်တဲ့ ပုံစံအတိုင်း အပြည့်အဝ နေထိုင်ခဲ့ပြီလား...
အဲဒါက ပိုပြီး အရေးကြီးပါတယ်။
!!! ဘာလို့လဲဆိုတော့...
၁၀ နှစ် ၇ ကြိမ်ထဲမှာ "အခု" ဆိုတဲ့ အချိန်ကပဲ အကောင်းဆုံး အချိန်ဖြစ်နေလို့ပါ။