Nexus Hub

Nexus Hub nexus hub is a Software Provider that designs Customized Software for your Business.

ယနေ့ကျရောက်တဲ့ Christmas နေ့မှစ၍ လူကြီးမင်းတို့ လိုအင်ဆန္ဒများ ပြည့်ဝပြီး စီးပွါးရေးအလုံးစုံ တိုးတက်ပါစေကြောင်း ကျွန်တော...
25/12/2022

ယနေ့ကျရောက်တဲ့ Christmas နေ့မှစ၍ လူကြီးမင်းတို့ လိုအင်ဆန္ဒများ ပြည့်ဝပြီး စီးပွါးရေးအလုံးစုံ တိုးတက်ပါစေကြောင်း ကျွန်တော်တို့ nexus hub မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေလို့ ကျွန်တော်တို့ nexus hub မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ။ nexus hub...
22/12/2022

ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေလို့ ကျွန်တော်တို့ nexus hub မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ။

nexus hub - Customised Software Provider for Your Business

🤔📣 ဘယ်လို softwareမျိုးက ကိုယ့်လုပ်ငန်းအတွက် ပိုအဆင်​ပြေမလဲ? 🤔📣ယ​နေ့ နည်းပညာခေတ်ကြီးထဲမှာ လုပ်ငန်း​တိုင်းအတွက် software​...
05/12/2022

🤔📣 ဘယ်လို softwareမျိုးက ကိုယ့်လုပ်ငန်းအတွက် ပိုအဆင်​ပြေမလဲ? 🤔📣

ယ​နေ့ နည်းပညာခေတ်ကြီးထဲမှာ လုပ်ငန်း​တိုင်းအတွက် software​တွေက မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်လာတယ်ဆိုတာ ငြင်းလို့မရပါဘူး။ အဲ့ဒါ​ကြောင့် ကိုယ့်လုပ်ငန်းအတွက် softwareတစ်ခု လိုအပ်လာတဲ့အခါ ဘယ်လိုsoftwareမျိုးကို ဝယ်ပြီး အသုံးပြုသင့်လဲဆိုတာ သိထားသင့်ပါတယ်။ 🧑🏻‍💻

ဆို​တော့..ပထမဦးဆုံး တခြားအ​ကြောင်းအရာ​တွေ မ​ပြောခင်မှာ Software Provider​တွေဆီက​နေ ​ယေဘုယျအားဖြင့် ဘယ်လိုsoftwareမျိုး​တွေကို ဝယ်ယူလို့ရလဲဆိုတာ ​ရှင်းပြချင်ပါတယ်။ Software provider​အများစုမှာက Pre-built software (ကြိုတင်ဖန်တီးထားတဲ့ software) နဲ့ Customized software (လုပ်ငန်းရဲ့လိုအပ််ချက်အရ ဖန်တီး​ပေးတဲ့ software)ဆိုပြီး ၂မျိုးရှိတတ်ကြပါတယ်။✌🏻2️⃣

🔹 Pre-built Softwareဆိုတာ ဘာလဲ? 🔹
Pre-built softwareဆိုတာ ကြိုတင်ဖန်တီးထားတဲ့၊ ရှိ​နေပြီးသား softwareတစ်ခုကို ​ပြောတာပါ။ ဥပမာ​ ပြောရရင် Microsoft Officeတို့လိုမျိုး​ပေါ့။ သူ့features​တွေနဲ့သူကရှိ​နေပြီးသား၊ အသစ်ပြန်​ရေးစရာမလိုပါဘူး။ သုံးမယ်ဆိုရင် licenseဝယ်ပြီး သုံးရုံပါပဲ။

🔹 Pre-built software​တွေက ဘာအတွက်​ကောင်းတာလဲ? 🔹
​ကောင်းတဲ့အချက်​တွေကို စ​ပြောရရင်​တော့ အချိန်ကုန်သက်သာပြီး အသုံးပြုရတာ လွယ်ကူပါတယ်။ ကြိုတင်​ရေးထားတဲ့ softwareတစ်ခုဖြစ်တာ​ကြောင့် အသစ်တစ်ခုဖန်တီးသလို အချိန်ထပ်​ပေး​နေစရာ မလိုပါဘူး။ ဒုတိယအချက်က​တော့ ​ငွေကုန်သက်သာတာပါ။ Customized software​တွေ​လောက် ​ဈေးမကြီးသလို ​ဈေးနှုန်း​တွေကလည်း ကြိုတင်သတ်မှတ်ပြီးသား ဖြစ်တဲ့အတွက်​ကြောင့် ကိုယ်သုံးချင်တဲ့ ​ငွေပမာဏနဲ့ချိန်ပြီး ဝယ်ယူလို့ရပါတယ်။

🔹 မ​ကောင်းတဲ့အချက်​​တွေက​ရော ဘာ​တွေရှိမလဲ? 🔹
မ​ကောင်းတဲ့အချက်​တွေထဲက တစ်ခုက​တော့ limitedဖြစ်​နေတာပါ။ ကိုယ့်လုပ်ငန်းရဲ့ လိုအပ်ချက်​တွေအတိုင်း ပြုလုပ်ဖန်တီးထားတာ ​မဟုတ်တဲ့အတွက် ​ကြာလာရင် အဆင်မ​ပြေမှု​တွေ ဖြစ်လာနိုင်ပါတယ်။ တကယ်လိုအပ်တဲ့ feature​sတွေကို သုံးလို့မရဘဲ မလိုအပ်တဲ့ features​တွေက များ​နေတာမျိုးပါ။ ​နောက်တစ်ခုက systemတစ်ခုနဲ့တစ်ခု ချိတ်ပြီးသုံးချင်တဲ့အခါမျိုးမှာဆို အဆင်မ​ပြေနိုင်ပါဘူး။ updateလုပ်ရတာ ခက်ခဲနိုင်သလို maintainခဏခဏပြန်လုပ်ရတဲ့အတွက်​ကြောင့် ပိုပြီးအကုန်အကျများပါလိမ့်မယ်။

🔷 Customized software ဆိုတာက​ရော ဘာလဲ? 🔷
Customized softwareဆိုတာ လုပ်ငန်းရဲ့လိုအပ်ချက်အရ ဖန်တီးထားတဲ့ softwareမျိုးကို ဆိုလိုပါတယ်။ ကိုယ့်လုပ်ငန်းမှာ အသုံးပြုချင်တဲ့ functions​တွေ features​တွေကို ​သေချာသိရင်​တော့ ဒါမျိုးကို ​ရွေးချယ်ဖို့ အကြံပြုပါတယ်။

🔷 Customized software​တွေက ဘာအတွက်​​ကောင်းတာလဲ? 🔷
ကိုယ့်လုပ်ငန်းရဲ့ လိုအပ်ချက်အတိုင်း ပြုလုပ်ထားတဲ့ softwareတစ်ခုဖြစ်တာ​ကြောင့် ​ရေရှည်အတွက် အဆင်​ပြေနိုင်ပါတယ်။ Pre-built software​တွေလိုမျိုး ခဏခဏ maintainလုပ်​ပေးစရာမလိုသလို မလိုအပ်တဲ့features​တွေနဲ့လည်း ရှုပ်​နေမှာ မဟုတ်ပါဘူး။ Maintenance fee အများကြီးမကုန်​တော့ဘူး​ပေါ့​​လေ။

🔷 Customized software​တွေရဲ့ မ​ကောင်းတဲ့အချက်​တွေက? 🔷
Customizedဖြစ်တာ​ကြောင့် software​ရေးဖို့အတွက် အချိန်​ပေးရပါလိမ့်မယ်။ Pre-builtလို အခုချက်ချင်း ဝယ်ချင်၊သုံးချင်လို့ မရပါဘူး။ ​နောက်တစ်ခုက​တော့ ​ဈေးနှုန်းပါ။ ကိုယ့်လုပ်ငန်းရဲ့ requirements​တွေအတိုင်း ​ရေးရတာဖြစ်တဲ့အတွက်​ကြောင့် requirementsများရင် များသည့်အ​​လျောက် ​ဈေးနှုန်း​တွေလည်း ​အ​ပြောင်းအလဲ ရှိနိုင်ပါတယ်။ ကြိုတင်သတ်မှတ်ထားတဲ့ နှုန်းထား မရှိတဲ့အတွက်​ ကုန်ကျစရိတ်ကို​ ခန့်မှန်းရခက်နိုင်ပါတယ်။

🤔 ဒါဆို ဘယ်လိုsoftwareမျိုးကို ​ရွေးချယ်ရမလဲ❓
ကိုယ့်လုပ်ငန်းက အ​သေးစားလုပ်ငန်းတစ်ခု၊ ဘာrequirements​တွေ လိုလို့လိုမှန်း မသိ​သေးတဲ့ startup လုပ်ငန်းတစ်ခုဆိုရင် pre-built software​တွေကို ဝယ်ယူသင့်ပါတယ်။ တကယ်လို့ ကိုယ်က softwareတစ်ခုကို ​ရေရှည်အသုံးပြုချင်တယ်၊ အချိန်လည်း​ပေးနိုင်တယ်၊ ကိုယ့် business needs​တွေကိုလည်း သိတယ်ဆိုရင်​တော့ customized softwareကိုသာ ​ရွေးချယ်ဖို့ အကြံပြုချင်ပါတယ် ခင်ဗျာ။

Ps. This is the Intellectual Property of our newest appointed Content Writer 📣
We’ll also communicate the final results to the rest candidates tomorrow 🧑🏻‍💻

nexus hub - Customised Software Provider for Your Business!


📣 nexus hub အ​ကြောင်း တ​​စ်စေ့တစ်​​စောင်း 📣nexus hub ဆိုတာ နည်းပညာပိုင်းနဲ့ပတ်သက်ပြီး talent ရှိတဲ့ လူငယ်​တွေ စု​ပေါင်းဖ...
03/12/2022

📣 nexus hub အ​ကြောင်း တ​​စ်စေ့တစ်​​စောင်း 📣

nexus hub ဆိုတာ နည်းပညာပိုင်းနဲ့ပတ်သက်ပြီး talent ရှိတဲ့ လူငယ်​တွေ စု​ပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ လုပ်ငန်း​အတွင်းမှာရှိတဲ့ process​တွေ တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိပြီး ပိုမို​ကောင်းမွန်လာ​အောင် ကူညီ​ဆောင်ရွက်​ပေး​နေတဲ့​ နေရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ 🧑🏻‍💻

🤔 nexus hub ရဲ့ အဓိကရည်ရွယ်ချက်က? 🤔
တကယ်​တော့ nexus hubဆိုတာ သာမန် software providerတစ်ခုဆိုတာထက် ပိုပါတယ်။ ကျွန်​တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က SME(Small and Mid-size Enterprise) ​​တွေကို modernizedဖြစ်​ပြီး လုပ်ငန်းစဥ်​တွေ ပိုမိုအဆင်​ပြေလွယ်ကူလာ​အောင် ​ဆောင်ရွက်​ပေးချင်တာပါ။ ဆိုလိုတဲ့သ​ဘောက SME​တွေမှာ ကြုံ​တွေ့​နေရတဲ့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲ​တွေ၊ လိုအပ်ချက်​တွေကို ကူညီထောက်ပံ့​ပေး​တာမျိုးပါ။ 💁🏻‍♂️

🤔 ဒါဆို nexus hub က SME​တွေကို ဘယ်လိုကူညီ​ပေးတာလဲ? 🤔
ကျွန်​တော်တို့က SME​တွေ ပိုမိုအဆင်​ပြေ​ချော​မွေ့လာ​အောင် သူတို့ရဲ့လိုအပ်ချက်​တွေအတိုင်း international standardနဲ့ကိုက်ညီပြီး အရည်အ​သွေး​ကောင်းမွန်တဲ့ software​တွေကို ဖန်တီး​ပေး​နေတာ ဖြစ်ပါတယ်။ ဒီလို software​တွေကို အသုံးပြုခြင်းအားဖြင့် လုပ်ငန်းလည်ပတ်မှု ပိုမိုအဆင်​ပြေလွယ်ကူလာပြီး human error​တွေကိုပါ နည်းသွား​စေမှာပါ။ ဒါ့အပြင် ကျွန်​တော်တို့ရဲ့ရည်ရွယ်ချက်က SME​တွေကို ပိုမိုအဆင်​ပြေ​စေချင်ရုံသာမက မြန်မာနိုင်ငံရဲ့ Tech industryကိုပါ မြှင့်တင်​ပေးချင်တာပါ။ ဒါ​ကြောင့်လည်း customized software industryမှာ ​နေရာတစ်ခု​ရောက်​အောင် ကျွန်​တော်တို့ဘက်က အစဥ်မပြတ်ကြိုးစား​​နေပါတယ်။ 💁🏻‍♂️

🤔 nexus hubက ​ရေး​ပေးလိုက်တဲ့ software​တွေအ​ပေါ် ဘယ်​လောက်အတိုင်းအတာအထိ တာဝန်ယူမှာလဲ? 🤔
ကျွန်​တော်တို့ nexus hubက လုပ်ငန်းရှင်​တွေ ​ရေရှည်အဆင်​ပြေ​​အောင် အသက်သာဆုံးနှုန်းထားနဲ့ အ​ကောင်းဆုံးsoftware​တွေကို ​​ကူညီ​ဆောင်ရွက်​ပေး​ပါတယ်။ တကယ်လို့ clientဘက်က softwareကို အသုံးပြု​နေစဥ် အဆင်မ​ပြေမှုတစ်စုံတစ်ရာများ ရှိခဲ့ရင်လည်း စိတ်​ကျေနပ်တဲ့အထိ တာဝန်ယူ​ဆောင်ရွက်​ပေးမှာဖြစ်လို့ စိတ်ချယုံကြည်လို့ရပါတယ်။🙆🏻

nexus hub - Software Provider for Your Business!


📣🧑🏻‍💼nexus hub is hiring a Sales Lead (Information Technology) 👩🏻‍💼📣nexus hub မှာ client ရှာဖွေခြင်းအပါအဝင် client relat...
22/11/2022

📣🧑🏻‍💼nexus hub is hiring a Sales Lead (Information Technology) 👩🏻‍💼📣

nexus hub မှာ client ရှာဖွေခြင်းအပါအဝင် client relationship management အတွက် Sales Lead တစ်ဦး အလိုရှိပါတယ်။ 💁🏻‍♂️

Job Description:
🔹 Cold calling, Lead generation, Client နဲ့တွေ့ဖို့ appointment စီစဥ်ခြင်း၊ New Business Idea ထုတ်ခြင်းနဲ့ Client base ပိုများအောင် ဆောင်ရွက်ပေးပါမယ်။
🔹 Client ရှာရုံတင်မဟုတ်ပဲ Sales Deal/ Sales Close ပါလုပ်နိုင်ရပါမယ်။
🔹 Team နဲ့ လုပ်ကိုင်နိုင်ရမှာဖြစ်ပြီး Client တွေရဲ့ feedback/ behaviour ပေါ်လိုက်ပြီး ရှိပြီးသား client တွေရော နောင်ဝယ်မယ့် prospect တွေအတွက်ပါ ပိုမိုဆန်းသစ်တဲ့ customised software တွေဖန်တီးနိုင်အောင် အတူတူဆောင်ရွက်ပေးရပါမယ်။
🔹 Client တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်ရပါမယ်။
🔹 Project Manager ကို project status နဲ့ အခြားအကြောင်းတွေရှိရင်ရှိသလို report လုပ်ပေးရပါမယ်။
🔹 Small project owner အနေနဲ့လည်း Project Manager ကို project tracking, monitoring, reporting နဲ့ administration ပိုင်းတွေ ကူညီပေးရပါမယ်။
🔹 Developer တွေနဲ့လည်း အတူတွဲလုပ်ပြီး client စိတ်ကြိုက် ဝန်ဆောင်မှုပေးရပါမယ်။
🔹 Potential client တွေကို research လုပ်ရမှာဖြစ်ပြီး Technical Team နဲ့ ဆွေးနွေးရပါမယ်။
🔹 Daily Sales Activity and Pipeline ကို နေ့စဥ် report တင်ရပါမယ်။

Job Requirements:
🔹 Computer Science/ Management or related field တစ်ခုခုကနေ ဘွဲ့ရထားမှာဖြစ်ပြီး IT software, services sales လောကမှာ လုပ်သက် 2 နှစ်ကနေ 3 နှစ်ထိ ရှိရပါမယ်။
🔹 IT industry ထဲမှာရှိတဲ့ top market player တွေရဲ့ အလုပ်လုပ်ပုံနဲ့ ဘာတွေရောင်းလဲ ဘာ service ပေးလဲ စတာတွေကို အပြည့်အဝသိတဲ့သူဖြစ်ရပါမယ်။
🔹 Business development experience ရှိရမှာဖြစ်ပြီး deal ဖြစ်ခဲ့တဲ့ sales တွေကို record လုပ်ထားတာရှိရပါမယ်။
🔹 Leadership experience ရှိရမှာဖြစ်ပြီး IT Market အကြောင်း အသေးစိတ် သိထားရပါမယ်။
🔹 Documentation နဲ့ report writing experience ရှိရပါမယ်။
🔹 Technical requirement တွေနဲ့ scheduling method တွေအကြောင်း နားလည်ထားရပါမယ်။
🔹 Project အများကြီးကို တစ်ပြိုင်တည်း ကိုင်တွယ်ပေးနိုင်တဲ့ အတွေအကြုံနဲ့ အရည်အချင်း ရှိရပါမယ်။
🔹 လုပ်ငန်းသုံး English နဲ့ မြန်မာလိုကျွမ်းကျင်ရပါမယ်။

ဒီ position ကို စိတ်ဝင်စားတယ်ဆိုရင်တော့ nexus hub page ရဲ့ messenger သို့မဟုတ် ဒီ position ကို စိတ်ဝင်စားတယ်ဆိုရင်တော့ nexus hub page ရဲ့ messenger သို့မဟုတ် [email protected] ကို CV နဲ့ Portfolio ပို့ပြီး လျှောက်ထားနိုင်ပါတယ် ခင်ဗျာ။ (Email နဲ့လျှောက်မယ်ဆို ကိုယ်လျှောက်မယ့် position နဲ့ ဘယ်ကနေ ဒီ vacancy ကိုတွေ့ပြီး လျှောက်ဖြစ်လဲဆိုတာပါ ထည့်ပေးပါဗျ။)

‼️CV သို့မဟုတ် Portfolio တစ်ခုမဟုတ်တစ်ခု ပို့ဖို့ကျန်ခဲ့တဲ့သူတွေကို ထည့်သွင်းစဥ်းစားမှာ မဟုတ်ပါဘူး။ 📣‼️

Deadline ကတော့ "December 10" ရက်နေ့ (စနေနေ့) ည 11:59 pm အထိပဲ ဖြစ်လို့ အမြန်ဆုံး လျှောက်ထားဖို့ ဖိတ်ခေါ်ပါတယ်။

nexus hub မှ သင်နဲ့အတူ အလုပ်လုပ်ဖို့ စောင့်မျှော်နေပါတယ် ခင်ဗျာ။ 🧑🏻‍💻



📣 Are you a Creative/ Graphic enthusiast?? Join us!!! 🧑🏻‍🎨nexus hub နဲ့ အတူအလုပ်လုပ်ရန် Graphic Designer တစ်ဦးအလိုရှိပါ...
21/11/2022

📣 Are you a Creative/ Graphic enthusiast?? Join us!!! 🧑🏻‍🎨

nexus hub နဲ့ အတူအလုပ်လုပ်ရန် Graphic Designer တစ်ဦးအလိုရှိပါတယ်။

Job Description
🔹 Marketing Team နဲ့အတူ အလုပ်တွဲလုပ်ရပါမယ်။
🔹 Deadline အမှီ Design တွေပေးနိုင်ရပါမယ်။
🔹 လိုအပ်ရင် လိုအပ်သလို Design တွေကို revise လုပ်ပေးနိုင်ရပါမယ်။
🔹 Content ကိုကြည့်ပြီး သက်ဆိုင်တဲ့ Design တွေကို idea ထုတ်ပြီး ဆွဲရပါမယ်။

Job Requirements
🔹 Banner ads, Social Media Post တွေအတွက် concept တွေဆွဲရတာ နှစ်သက်သူဖြစ်ရပါမယ်။
🔹 Adobe Photoshop နဲ့ Illustrator ကျွမ်းကျင်စွာ သုံးတတ်ရပါမယ်။
🔹 Adobe After Effects သုံးတတ်ရပါမယ်။
🔹 ဒီဇိုင်းဆွဲတာနဲ့ပတ်သက်ပြီး အမြင်ရှိရမှာဖြစ်ပြီးတော့ ဒီဇိုင်း အသေးစိတ်လည်း အာရုံစိုက်နိုင်ရပါမယ်။
🔹 Interpersonal and Communication Skill ကောင်းမွန်ရပါမယ်။
🔹 Creative/ Digital လောကမှာ အနည်းဆုံး 1 နှစ် အတွေ့အကြုံရှိရပါမယ်။
🔹 Illustrations တွေ Graphics တွေဆွဲဖူးတဲ့ portfolio ကောင်းကောင်းရှိရပါမယ်။

Work from home ပဲလုပ်ရမှာဖြစ်ပြီး လစာကတော့ ညှိုနှိုင်းနိုင်ပါတယ်။ 😇

ဒီ position ကို စိတ်ဝင်စားတယ်ဆိုရင်တော့ nexus hub page ရဲ့ messenger သို့မဟုတ် [email protected] ကို CV နဲ့ Portfolio ပို့ပြီး လျှောက်ထားနိုင်ပါတယ် ခင်ဗျာ။ (Email နဲ့လျှောက်မယ်ဆို ကိုယ်လျှောက်မယ့် position နဲ့ ဘယ်ကနေ ဒီ vacancy ကိုတွေ့ပြီး လျှောက်ဖြစ်လဲဆိုတာပါ ထည့်ပေးပါဗျ။)

‼️CV သို့မဟုတ် Portfolio တစ်ခုမဟုတ်တစ်ခု ပို့ဖို့ကျန်ခဲ့တဲ့သူတွေကို ထည့်သွင်းစဥ်းစားမှာ မဟုတ်ပါဘူး။ 📣‼️

Deadline ကတော့ "December 6" ရက်နေ့ (အင်္ဂါနေ့) ည 11:59 pm အထိပဲ ဖြစ်လို့ အမြန်ဆုံး လျှောက်ထားဖို့ ဖိတ်ခေါ်ပါတယ်။

nexus hub မှ သင်နဲ့အတူ အလုပ်လုပ်ဖို့ စောင့်မျှော်နေပါတယ် ခင်ဗျာ။ 🧑🏻‍💻

nexus hub - Software Provider for Your Business!



📣 We are now on LinkedIn 📣 🎉nexus hub Page ကို LinkedIn မှာလည်း ကြည့်လို့ရပြီနော် 🧑🏻‍💻 ကျွန်တော်တို့ရဲ့ LinkedIn ပေါ်က n...
17/11/2022

📣 We are now on LinkedIn 📣 🎉

nexus hub Page ကို LinkedIn မှာလည်း ကြည့်လို့ရပြီနော် 🧑🏻‍💻

ကျွန်တော်တို့ရဲ့ LinkedIn ပေါ်က nexus hub page မှာတော့ Job Vacancy Post တွေနဲ့ Available Service အကြောင်းတွေ အဓိကထားတင်သွားမှာမို့ Follow လုပ်ပေးကြပါဦး ခင်ဗျ။ 🙇🏻‍♂️

Page Link 👇🏻
https://www.linkedin.com/company/nexus-hub-mm/

nexus hub- Software Provider for Your Business



📣 လွန်ခဲ့တဲ့ နှစ်ပတ်က Content Writer position အတွက် Application တွေခေါ်တာကို မှတ်မိကြမယ်ထင်ပါတယ်။ 🧑🏻‍💻Open Application ခ...
16/11/2022

📣 လွန်ခဲ့တဲ့ နှစ်ပတ်က Content Writer position အတွက် Application တွေခေါ်တာကို မှတ်မိကြမယ်ထင်ပါတယ်။ 🧑🏻‍💻

Open Application ခေါ်ခဲ့တဲ့ နှစ်ပတ်အတွင်း Facebook ကရော LinkedIn ကနေပါ တွေ့ပြီး စိတ်ဝင်တစားမေးမြန်းမှုတွေ အများအပြားရတဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။ 🙇🏻‍♂️

ကျွန်တော်တို့ nexus hub ရဲ့ Content Writer position အတွက် မြန်မာနိုင်ငံကနေရော နိုင်ငံရပ်ခြားကနေပါ လျှောက်ခဲ့တဲ့သူ စုစုပေါင်း အယောက် 30 ရှိပါတယ်။ အဲ့ဒီသူတွေရဲ့ “ Demographic Analysis “📊📈 ကိုလည်း တင်ပြလိုက်ပါတယ် ခင်ဗျာ။ 💁🏻‍♂️

အလုပ်တော်တော်များများက shortlisted ဖြစ်တဲ့သူတွေကိုပဲ ရွေးချယ်အကြောင်းကြားလေ့ရှိပေမယ့် ကျွန်တော်တို့ nexus hub အနေနဲ့ အဲ့လိုမျိုး လစ်ဟာမှုမရှိအောင် shortlisted ဖြစ်သူတွေရော shortlisted မဖြစ်တဲ့သူတွေကိုပါ သေချာ အကြောင်းပြန်ခဲ့ပါတယ်။ 😇

Shortlisted မဖြစ်ခဲ့တဲ့သူတွေရဲ့ CV တွေကိုလည်း ကျွန်တော်တို့ Talent Portal ထဲမှာ သိမ်းထားတဲ့အတွက် သင့်လျော်တဲ့ Position ရှိရင် ဦးစားပေး ဆက်သွယ်ပေးပါမယ် ခင်ဗျာ။ 🧑🏻‍💻

ခုလိုမျိုး စိတ်ဝင်တစားနဲ့ အလုပ်လျှောက်ကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်သလို Job Position အသစ်တွေလည်း ထပ်ခေါ်ဦးမှာမို့ စောင့်ကြည့်နေပေးဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။ 🤩

နောက်ပြီး Backend Developer position အတွက် Application ခုထိဖွင့်ထားတုန်းမို့ လာလျှောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
Backend Developer Job Opening Post 👇🏻
https://m.facebook.com/story.php?story_fbid=199267199153747&id=100072114031125



Hello! Just a kind reminder that Content Writer applications will be closed tonight at 11:59 pm. So don’t think twice an...
11/11/2022

Hello! Just a kind reminder that Content Writer applications will be closed tonight at 11:59 pm.

So don’t think twice and send your CVs and portfolios (if available) to our messenger!

📣 Retail လုပ်ငန်းတိုင်းအတွက် လိုအပ်တဲ့ POS Software 💰POS System ဆိုတဲ့ အသုံးအနှုန်းကို မကြာခဏတွေ့ဖူးနေပေမယ့် အဲ့ဒါက ဘာလဲ...
09/11/2022

📣 Retail လုပ်ငန်းတိုင်းအတွက် လိုအပ်တဲ့ POS Software 💰

POS System ဆိုတဲ့ အသုံးအနှုန်းကို မကြာခဏတွေ့ဖူးနေပေမယ့် အဲ့ဒါက ဘာလဲ၊ ဘယ်မှာသုံးရလဲဆိုတာကိုရော သိကြရဲ့လား?

POS System ဆိုတာကတော့ Point of Sale System ကိုဆိုလိုတာဖြစ်ပြီး ဒီ system တွေကို supermarket တွေနဲ့ စားသောက်ဆိုင်တွေအပြင် cashier counter ရှိတဲ့ဆိုင် တော်တော်များများမှာတွေ့ရမှာပါ။ 💁🏻‍♂️

သူ့ရဲ့ အခြား system တွေနဲ့မတူတဲ့ အချက်ကတော့ သူ့ကို computer မှာသာမက အခြား hardware devices တွေဖြစ်တဲ့ ဖုန်း၊ card reader၊ cash register၊ barcode scanner၊ receipt printer အစရှိတာတွေနဲ့လည်း တွဲပြီးအသုံးပြုလို့ရပါတယ်။ 😇

POS System ကို ဘယ်နေရာတွေမှာသုံးလို့ရလဲ??
အရိုးရှင်းဆုံးပြောရရင်တော့ ဈေးရောင်းတဲ့နေရာတွေအကုန်လုံးမှာ POS System ကို လိုအပ်ပါတယ်။ ဈေးရောင်းတဲ့အခါ ငွေဝင်ငွေထွက် transaction တွေက အရမ်းများတဲ့အတွက် အဲ့ဒီ transaction တွေကို လက်နဲ့ ဒါမှမဟုတ် excel နဲ့မှတ်တာက ရေတိုမှာတော့ အဆင်ပြေနိုင်ပေမယ့် ရေရှည် ငွေအဝင်အထွက်များလာတဲ့အခါမှာတော့ စာရင်းပျောက်တာတွေ စာရင်းမကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ 🙁

POS System ကို အသုံးပြုခြင်းဖြင့် အဲ့ဒီ ပြဿနာတွေကို အလွယ်တကူဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ POS System က ငွေသွင်းငွေထုတ်ကိုပါ manage လုပ်ပေးနိုင်ရုံသာမက

✅ ကိုယ့်ဆိုင်က ဘယ်ပစ္စည်းတွေရောင်းရတယ်၊ ဘယ်ပစ္စည်းတွေ out of stock ဖြစ်တော့မယ်ဆိုတာကိုပါ စစ်ပေးတဲ့ inventory management၊

✅ တစ်နေ့တာဘယ်လောက်ရောင်းရတယ် ဘယ်လောက်အမြတ်ကျန်တယ်ဆိုတာတွေကို တွက်ပေးမယ့် sales reporting၊

✅ ကိုယ့် customer တွေရဲ့ ဈေးဝယ်တဲ့ ပုံစံ (ဘယ်ပစ္စည်းတွေကို အဝယ်များတယ်၊ ဘယ်အချိန်တွေ ဝယ်တယ်) ဆိုတာကိုပါ မှတ်ပေးပြီး နောက်ပိုင်း marketing အတွက်ပါ ပြန်သုံးလို့ရတဲ့ customer relationship management (CRM) စတဲ့ features တွေပါ ထည့်အသုံးပြုလို့ရတဲ့အတွက် Retail တွေ Restaurant တွေအနေနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် POS System ရှိရုံနဲ့ Sales ရော Marketing ပါ တစ်ခါတည်း လုပ်နိုင်ပြီဆိုတော့ အချိန်ကုန်လူပင်ပန်းသက်သာတာပေါ့။

လူကြီးမင်းတို့ရဲ့ Retail၊ Restaurant လုပ်ငန်းတွေအတွက် POS Software ကောင်းတစ်ခုဆွဲဖို့ လိုနေတယ်ဆိုရင်တော့ nexus hub ကိုသာ သတိရလိုက်ပါနော်။ ကျွန်တော်တို့ nexus hub အနေနဲ့ အခြား ဘယ်သူနဲ့မှ မတူတဲ့ customized software ရေးပေးနေတာဖြစ်တဲ့အတွက် လူကြီးမင်းတို့ရဲ့ လုပ်ငန်းနဲ့ အကိုက်ညီဆုံး software တစ်ခုရစေဖို့ အာမခံပါတယ် ခင်ဗျာ။🧑🏻‍💻🤜🏻🤛🏻

POS Software အကြောင်း အသေးစိတ်သိလိုပါက nexus hub page messenger သို့မဟုတ် ဖုန်း 09972090952 ကို ဆက်သွယ်နိုင်ပါတယ်။ 😇

nexus hub - Software Provider for Your Business!



Hello!! Only 3 Days left to the Deadline 📣Content Writer position အတွက် Application ခေါ်တာ နောက် 3 ရက်နေရင် ပိတ်တော့မှာဖ...
08/11/2022

Hello!! Only 3 Days left to the Deadline 📣

Content Writer position အတွက် Application ခေါ်တာ နောက် 3 ရက်နေရင် ပိတ်တော့မှာဖြစ်တဲ့အတွက် စိတ်ဝင်စားတဲ့သူတွေအနေနဲ့ Deadline မတိုင်မီ အမှီလျှောက်ကြဖို့ တိုက်တွန်းလိုပါတယ်။ 💨

*November 11 (Friday) 11:59pm နောက်ပိုင်းလျှောက်တဲ့ Application တွေကို ထည့်သွင်းစဥ်းစားပေးမှာ မဟုတ်ပါဘူး ခင်ဗျ။ 🙅🏻‍♂️

nexus hub - Software Provider for Your Business!



Address

Room (201), Building (15), Pearl Mon Housing
Yangon
11062

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959972090952

Website

Alerts

Be the first to know and let us send you an email when Nexus Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nexus Hub:

Share