24/03/2026
Response To The Appeal🟡
Yangon Galacticos အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော "ညှိနှိုင်းကစားခြင်း" နှင့် "အားကစားသမားစိတ်ဓာတ်နှင့် မကိုက်ညီသော လုပ်ရပ်များ" ဆိုသည့် စွပ်စွဲချက်များသည် AX1 နှင့် MFG အသင်းတို့အပေါ် အခြေအမြစ်မရှိဘဲ တစ်ဖက်သတ် ကောက်ချက်ချထားခြင်းသာ ဖြစ်ကြောင်း အောက်ပါအတိုင်း ပြန်လည်ရှင်းလင်းအပ်ပါသည်။
NEC 2026 ၏ Day 1 Match 2 တံတားဖြစ်စဉ်တွင်
YG အနေဖြင့် "ရိုးသားစွာယှဉ်ပြိုင်နေသောအသင်းအားလုံးအတွက် မျှတမှုမရှိ" ဟု ဆိုထားသော်လည်း ယနေ့တိုင် အသင်းနှစ်သင်းကြား ပူးပေါင်းတိုက်ခိုက်မှု (Coordinated Attack) သို့မဟုတ် ပစ္စည်းမျှဝေမှု (Loot Sharing) ကဲ့သို့သော ခိုင်လုံသည့် သက်သေတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိပါ။ အသင်းတစ်သင်း၏ တစ်ဦးချင်းစီ ခံစားချက် (Subjective Feeling) အပေါ် အခြေခံ၍ အခြားအသင်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းမှာ Sportsmanship နှင့် မညီညွတ်သော လုပ်ရပ်ဖြစ်ပါသည်။
NEC ပြိုင်ပွဲသည် တရားဝင် အသိအမှတ်ပြုထားသော ပြိုင်ပွဲဖြစ်ပြီး Observers နှင့် Admins များက ပွဲစဉ်တစ်လျှောက် စောင့်ကြည့်နေခြင်း ဖြစ်ပါသည်။ အကယ်၍ YG စွပ်စွဲသကဲ့သို့ မသမာမှုရှိခဲ့ပါက ပွဲစီစဉ်သူများဘက်က ချက်ချင်း အရေးယူမှု ပြုလုပ်မည်ဖြစ်သော်လည်း ယခုအချိန်ထိ တရားဝင် အရေးယူမှု တစ်စုံတစ်ရာ မရှိသေးခြင်းမှာ အဆိုပါ စွပ်စွဲချက်များမှာ အထောက်အထားမဲ့နေကြောင်း သက်သေပြနေခြင်း ဖြစ်ပါသည်။
AX1 သည် ပွဲစဉ် ၁၈ ပွဲလုံးတွင် တစိုက်မတ်မတ် အမှတ်ရှာဖွေနိုင်ခဲ့သောကြောင့် ချန်ပီယံဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ပွဲစဉ်တစ်ပွဲတည်းမှ အငြင်းပွားဖွယ် အခြေအနေလေးတစ်ခုကို ဆွဲထုတ်၍ တစ်ပြိုင်ပွဲလုံး၏ ရလဒ်ကို ပုံဖျက်ရန် ကြိုးစားခြင်းမှာ အောင်နိုင်သူ၏ ကြိုးစားအားထုတ်မှုကို မလေးစားရာ ရောက်ပါသည်။
YG အသင်းအနေဖြင့် ကမ္ဘာ့ချန်ပီယံ (PMWC 2025) ဖြစ်ခဲ့ခြင်းကို ဂုဏ်ယူပါသော်လည်း ၎င်းတို့၏ လက်ရှိ ထုတ်ပြန်ချက်သည် Sponsor ပေးထားသော နိုင်ငံတော်အဆင့် Bank ကြီး နှင့် မြန်မာ့ Esport ပုံရိပ် ကို ထိခိုက်စေနိုင်ပါသည်။
မိမိတို့ အလိုမကျသည့် ရလဒ်ထွက်ပေါ်လာတိုင်း အခြားအသင်းများကို "မရိုးသားပါ" ဟု စွပ်စွဲခြင်းမှာ Community အတွင်း Toxic ဖြစ်စေပြီး Sponsor ၏ Professional ပုံရိပ်ကို ညှိုးနွမ်းစေပါသည်။
မျိုးဆက်သစ် ကစားသမားများအတွက် "သန့်ရှင်းသော Community" ဟု ဆိုထားသော်လည်း လက်တွေ့တွင် အသင်းသစ်များ၏ အောင်မြင်မှုကို အသိအမှတ်မပြုဘဲ စွပ်စွဲချက်များ ပြုလုပ်နေခြင်းမှာ မျိုးဆက်သစ်များအတွက် စံပြမဖြစ်သော လုပ်ရပ်ဖြစ်ပါသည်။
Regarding the allegations made in the Yangon Galacticos team’s statement regarding "collusion" and "actions inconsistent with sportsmanship," we would like to clarify as follows that these accusations against AX1 and MFG are baseless and represent a one-sided conclusion.
In the incident at the bridge in Day 1 Match 2 of NEC 2026:
Although YG stated that this is "unfair to all teams competing honestly," to this day, no concrete evidence such as a coordinated attack or loot sharing between the two teams has been presented. Damaging another team’s reputation based on a subjective feeling is an act inconsistent with sportsmanship.
The NEC tournament is an officially recognized competition, and observers and admins were monitoring throughout the matches. If there had been any foul play as YG alleged, the tournament organizers would have taken immediate action. The fact that no official action has been taken to date proves that these allegations are unfounded.
AX1 became champions because they consistently earned points across all 18 matches. Attempting to discredit the overall result of the tournament by highlighting a controversial situation from a single match is a failure to respect the efforts of the winner.
While we respect YG’s achievement as world champions (PMWC 2025), their current statement could damage the reputation of the national-level bank that sponsors them and the image of Myanmar Esports.
Accusing other teams of dishonesty every time an unfavorable result occurs creates toxicity within the community and tarnishes the professional image of the sponsor.
Although they speak of a "clean community" for the next generation of players, failing to recognize the success of new teams and instead making baseless accusations is not an exemplary act for the next generation.