I'm ur K

I'm ur K K 's OFFICIAL PAGE
🛫🇲🇲🇸🇬🇰🇷🇻🇳🇹🇭🇰🇭🇲🇾🛬

Nationality - (🇲🇲+🇨🇳)

23/08/2026

ကိုယ့် Page လေးရဲ့ Boost မလုပ်ပဲ Engagement အများဆုံး post လေး 💙

#𝓚

အခုတလော လုပ်စရာကိစ္စတွေရှိနေတာနဲ့ ညစာတောင် simple ပဲ လုပ်စားဖြစ်နေမိတယ်ကွယ် ဗက်ဟက်ဟက် 🤭 #𝓚.  .
19/08/2026

အခုတလော လုပ်စရာကိစ္စတွေရှိနေတာနဲ့ ညစာတောင် simple ပဲ လုပ်စားဖြစ်နေမိတယ်ကွယ် ဗက်ဟက်ဟက် 🤭

#𝓚. .

18/08/2026

93/100 points……. Haha, seriously? 😅

#𝓚. .

14/08/2026

💙💙

နောက်ထပ် Academic milestone တစ်ခုအနေနဲ့ Zenodo မှာ Publish ဖြစ်သွားတဲ့ working paper နှစ်ဝက်စာတမ်းကို OSF မှာ Registrati...
13/08/2026

နောက်ထပ် Academic milestone တစ်ခုအနေနဲ့ Zenodo မှာ Publish ဖြစ်သွားတဲ့ working paper နှစ်ဝက်စာတမ်းကို OSF မှာ Registration ရခဲ့ပြီလေ 🏆

OSF DOI Link: https://doi.org/10.17605/OSF.IO/DJA5G

စိတ်ဝင်စားရင် ဒီမှာ ဝင်လေ့လာလို့ရပါတယ်။

ပထမဦးဆုံးအနေနဲ့ ကိုယ့်ရဲ့paper စာတမ်းတစ်ခုကို OSF (Open Science Framework) မှာ Registration ရတာက ကိုယ့်ရဲ့ paper အတွက် ဘာတွေ အထောက်အကူဖြစ်စေတာလဲဆိုတာ ပြောပြချင်ပါတယ်။

OSF ဆိုတာ၂၀၁၃ ခုနှစ်မှာ Center for Open Science (COS) ဆိုတဲ့ အမေရိကန်နိုင်ငံ၊ Virginia ပြည်နယ်၊ Charlottesville မှာ အခြေစိုက်တဲ့ community က စတင်ဖန်တီးခဲ့တာဖြစ်ပြီး သုတေသနလုပ်ငန်းတွေကို ပိုပြီး ပွင့်လင်းမြင်သာစွာနဲ့ စနစ်တကျ မှတ်တမ်းတင်နိုင်ဖို့ ရည်ရွယ်ထားတဲ့အဖွဲ့အစည်းတစ်ခုပါ။

ကိုယ့်ရဲ့paperကို OSF မှာ Registration ရထားတဲ့အခါ အရေးကြီးတဲ့အချက်တစ်ခုက ကိုယ့် Research နဲ့ Idea ကို ဘယ်အချိန်ကတည်းက စတင်မှတ်တမ်းတင်ထားတယ်ဆိုတာကို Timestamp အနေနဲ့ သိမ်းဆည်းထားနိုင်တာပဲ။

အဲ့ဒါကလည်း နောင်တစ်ချိန်မှာ ကိုယ့်ရဲ့ Research Idea ဒါမှမဟုတ် လုပ်ဆောင်ချက်တချို့နဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်က ပုံတူကူးခဲ့သည်ရှိသော် ဘယ်သူက အရင်စတင်ရေးသားခဲ့တာလဲဆိုတဲ့ အခြေအနေမျိုး ဖြစ်လာရင် ကိုယ်က အရင်ကတည်းက ဒီ research ကို လုပ်ဆောင်ခဲ့တယ်ဆိုတာ ပြန်လည်သက်သေ (evidence) ပြသနိုင်ဖို့ အထောက်အကူဖြစ်စေတယ်လေ။

နောက်တစ်ချက်က Research Process ကို ပိုပြီး ပွင့်လင်းမြင်သာစွာ မှတ်တမ်းတင်ထားနိုင်တာပါ။

ကိုယ်ဘယ်အချိန်မှာ ဘယ်လို Idea တွေစတင်ခဲ့တယ်၊ ဘယ်လို Research Plan နဲ့ လုပ်ခဲ့တယ်ဆိုတာတွေကို နောင်မှာ အချိန်မရွေး ပြန်ကြည့်နိုင်ပါတယ်။

အတိုချုပ်ပြောရရင် OSF မှာ Registration မူပိုင်ရထားလိုက်ခြင်းက ကိုယ့်ရဲ့ Research Idea နဲ့ လုပ်ဆောင်မှုတွေကို အချိန်မှတ်တမ်းတစ်ခုနဲ့ စနစ်တကျ မှတ်တမ်းတင်ထားတာလို့ ပြောလို့ရပါတယ်။

ကိုယ်တိုင် အချိန်ယူပြီး ကြိုးစားလုပ်ထားတဲ့ Research တစ်ခုဖြစ်တဲ့အတွက် အခုလို Registration ရထားခြင်းကလည်း တစ်ဖက်တစ်လှမ်းကနေ မူပိုင်ခွင့်မဆုံးရှုံးတော့ဘူးပေါ့။

နောက်တစ်ချက်က ကိုယ့် အနောက်မှာ Master program အထိ ဆက် run ကြမယ့် ဂျူနီယာ ကျောင်းသား/သူတွေအဖို့ ကိုယ့်စာတမ်းရဲ့ မူပိုင်ခွင့်လိုင်စင်က CC-BY 4.0 International License နဲ့ Registration ဝင်သွားခဲ့တာဆိုတော့ ကိုယ့်လိုပဲ Financial Engineering ကို နှစ်ဝက်စာတမ်းရေးမယ့် ကျောင်းသား/သူတွေ ကိုယ့်စာတမ်းကို inspire ယူပြီး ထပ်ချဲ့ ထပ်ပြီးကိုးကားရေးလို့ရသွားတာပေါ့။

#𝓚. . . .

10/08/2026

💙💙

#𝓚. .

လွန်ခဲ့တဲ့ လအတော်ကြာကတည်းက စခဲ့တဲ့ Research Working Paper လေးတစ်ခု ဒီနေ့တော့ အောင်အောင်မြင်မြင်နဲ့ အဆုံးထိ ပြီးမြောက်သွာ...
09/08/2026

လွန်ခဲ့တဲ့ လအတော်ကြာကတည်းက စခဲ့တဲ့ Research Working Paper လေးတစ်ခု ဒီနေ့တော့ အောင်
အောင်မြင်မြင်နဲ့ အဆုံးထိ ပြီးမြောက်သွားခဲ့ပြီ။

ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ Paper ကို ကမ္ဘာ့အကြီးဆုံး ရူပဗေဒနဲ့ သိပ္ပံဓာတ်ခွဲခန်းကြီးဖြစ်တဲ့ CERN က ထိန်းသိမ်းထားတဲ့ Zenodo မှာ တရားဝင် Open Access Working Paper အဖြစ် တင်ခွင့်ရလိုက်လို့ပါပဲ။

Zenodo ဟာ CERN (European Organization for Nuclear Research) ရဲ့ host institution အောက်မှာ လည်ပတ်နေတဲ့ global open research repository တစ်ခုဖြစ်ပြီး၊ published research outputs တွေကို DOI ပေးပြီး scholarly record အဖြစ် သိမ်းဆည်းပေးတဲ့ platform တစ်ခုဖြစ်တဲ့အတွက် ကိုယ့် working paper လေး အဲ့ဒီ platform မှာ တင်ခွင့်ရတာကို အရမ်းဝမ်းသာမိတယ်။

အဲ့ဒီအပြင် Zenodo ဆိုတာ Switzerland နိုင်ငံ Geneva မြို့မှာ အခြေစိုက်တဲ့ ကမ္ဘာ့အဆင့်မီ Research Data Repository (သုတေသန စာတမ်းနှင့် ဒေတာ သိမ်းဆည်းရာ Platform) တစ်ခုဖြစ်တဲ့အတွက် အဲ့ဒီလို platform ပေါ်မှာ ကိုယ့် စာတမ်းကို တင်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိတယ်။

ဒီ Paper စာတမ်းမှာ Macroeconomic Monetary Shocks တွေက Corporate Capital Structure နဲ့ Financial Distress အပေါ် ဘယ်လို သက်ရောက်ပုံဖော်သလဲဆိုတာကို Quantitative Framework တွေနဲ့ စနစ်တကျ လေ့လာဆန်းစစ်ထားတာ ဖြစ်ပါတယ်။

ကိုယ့်စာတမ်းကို တာဝန်ယူပြီး စီစစ်ပေးတဲ့ တာဝန်ခံ organization ကတော့ ကိုယ်အခုလက်ရှိတက်နေတဲ့ WorldQuant University ရဲ့ WorldQuant Foundation စာစစ်ဌာနကနေ ကိုယ့်စာတမ်းကို စီစစ်ပေးတာပါ။

တရားဝင် DOI (Digital Object Identifier) ထွက်ရှိထားတာမို့ စာဖတ်ရတာနှစ်သက်တဲ့သူတွေ စိတ်ကြိုက်ဖတ်နိုင်ပြီနော်။

📌 Research Title:
"The Transmission Mechanism of Monetary Expansion to Corporate Distress: A Case Study of Carvana Co. Under the Post-Pandemic Inflationary Regime"

🔗 DOI Link: https://doi.org/10.5281/zenodo.21853675

ပင်ပန်းရကျိုးနပ်သွားတဲ့အတွက် အရမ်းပျော်တယ်။

#𝓚. . . .

ကိုယ့်ရဲ့ Future Learn Online English Center က video လေး promote လုပ်စရာမလို boost လုပ်စရာမလိုပဲ engagement တွေ ရှယ်တက်န...
06/08/2026

ကိုယ့်ရဲ့ Future Learn Online English Center က video လေး promote လုပ်စရာမလို boost လုပ်စရာမလိုပဲ engagement တွေ ရှယ်တက်နေတာ 🤗

Target Audience ဆို Myanmar တင်မကဘူး၊ Cambodia, Thailand, Dubai, Mexico, USA အထိပါ boost ထိုးဖို့မလိုပဲကို Audience တွေရနေတာ

Myanmar user တွေတင်မကပဲ တခြားနိုင်ငံကပါ ကိုယ့်ရဲ့ ပညာရေး page လေးကို အသိအမှတ်ပြုပြီး appreciate လုပ်ပေးကြလို့ တကယ်ပဲ အတိုင်းမသိဝမ်းသာမိတယ်

#𝓚. .

03/08/2026

💙💙

#𝓚. . .

Korea ထမင်းသုပ်လေး တစ်ဖြတ် အိမ်မှာလုပ်စား 🤤 #𝓚.  .  .
01/08/2026

Korea ထမင်းသုပ်လေး တစ်ဖြတ် အိမ်မှာလုပ်စား 🤤

#𝓚. . .

Address

Yangon

Website

Alerts

Be the first to know and let us send you an email when I'm ur K posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share