Innovix HR

Innovix HR InnovixHR is a comprehensive HR Solution to fulfill the needs of today’s businesses that are moving towards a transformation from traditional to digital HR.

တပေါင်းလပြည့်နေ့အခါသမယတွင် မြန်မာနိုင်ငံရှိ မိသားစုများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြ...
02/03/2026

တပေါင်းလပြည့်နေ့အခါသမယတွင် မြန်မာနိုင်ငံရှိ မိသားစုများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း Innovix HR မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏✨

#တပေါင်းလပြည့်နေ့

ရုံးပိတ်ရက် အသိပေးကြေညာခြင်း 📢၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ သည် အများပြည်သူရုံးပိတ်ရက် ဖ...
02/03/2026

ရုံးပိတ်ရက် အသိပေးကြေညာခြင်း 📢

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ သည် အများပြည်သူရုံးပိတ်ရက် ဖြစ်ပါသဖြင့် Innovix HR ရုံးခန်းအား ပိတ်ထားမည် ဖြစ်ပါသည်။

တစ်နိုင်ငံလုံးရှိ ကျေးဇူးရှင် တောင်သူလယ်သမားကြီးများကို လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။ 🙏✨

ယခုခေတ်မှာ Hybrid Work က ရေပန်းစားလာသလို၊ တစ်ဖက်မှာလည်း ဝန်ထမ်းတွေ ရုံးမှာမရှိတဲ့အခါ အလုပ်တကယ်လုပ်ရဲ့လား၊ ဘယ်နေရာရောက်နေ...
26/02/2026

ယခုခေတ်မှာ Hybrid Work က ရေပန်းစားလာသလို၊ တစ်ဖက်မှာလည်း ဝန်ထမ်းတွေ ရုံးမှာမရှိတဲ့အခါ အလုပ်တကယ်လုပ်ရဲ့လား၊ ဘယ်နေရာရောက်နေလဲဆိုတာကို စီမံခန့်ခွဲရတဲ့ HR တွေနဲ့ Manager တွေအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။

ဝန်ထမ်းတွေကို မျက်စိအောက်မှာ မရှိပေမဲ့ စနစ်တကျနဲ့ ယုံကြည်မှုရှိရှိ ဘယ်လို Control လုပ်မလဲဆိုတဲ့ နည်းလမ်းကောင်း (၃) ခုကို မျှဝေပေးလိုက်ပါတယ်။

Hybrid Work ခေတ်မှာ ဝန်ထမ်းတွေကို ရုံးမှာမရှိပေမဲ့ စနစ်တကျ ဘယ်လို Control လုပ်မလဲ? 🏠💻

၁။ GPS စနစ်ပါဝင်တဲ့ Mobile Check-in ကို အသုံးပြုပါ (Location-based Attendance) 📍
ဝန်ထမ်းတွေရဲ့ ဖုန်းထဲမှာတင် Check-in ဝင်လို့ရတဲ့ Mobile App ကို အသုံးပြုသင့်ပါတယ်။ Innovix HR ရဲ့ HR System မှာဆိုရင် ဝန်ထမ်းက ဘယ်နေရာကနေ Check-in ဝင်လိုက်တယ်ဆိုတာကို GPS Location နဲ့တကွ Real-time သိနိုင်လို့ ရုံးမှာမရှိလဲ Attendence မှတ်တန်းများကို စိတ်ချလက်ချ မှတ်တမ်းယူနိုင်ပါတယ်။

၂။ စာရွက်စာတမ်းနဲ့ Viber Group တွေအစား Digital Request ကို ပြောင်းလဲပါ 📱
အိမ်ကနေ အလုပ်လုပ်တဲ့အခါ Leave,OT,Claim စတာတွေကို စာရွက်နဲ့တင်ဖို့ မဖြစ်နိုင်ပါဘူး။ Viber လို Group တွေထဲမှာ တင်ခိုင်းပြန်ရင်လည်း မှတ်တမ်းတွေ ပျောက်ပျက်သွားနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဝန်ထမ်းကိုယ်တိုင် App ထဲကနေ ခွင့်တင်နိုင်ပြီး Manager ကလည်း ဖုန်းထဲကနေပဲ Approve ပေးနိုင်တဲ့ Innovix HR System ဟာH အကောင်းဆုံး အဖြေပါပဲ။

၃။ ရလဒ်ကို အခြေခံတဲ့ စီမံခန့်ခွဲမှုကို အလေးပေးပါ (Data-driven Management) 📊
မျက်စိနဲ့ လိုက်မကြည့်နိုင်တဲ့အခါ အလုပ်ချိန်ထက် "အလုပ်ပြီးမြောက်မှု" နဲ့ "တိကျတဲ့ အချက်အလက် (Data)" ကို ကြည့်ပြီး ဆုံးဖြတ်ရပါမယ်။ ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ Attendance Record၊ Leave History နဲ့ Performance တွေကို စနစ်တစ်ခုတည်းမှာ စုစည်းထားမယ်ဆိုရင် ဝန်ထမ်းက ဘယ်လောက်အလုပ်ကြိုးစားနေလဲဆိုတာကို Report တွေကတစ်ဆင့် အတိအကျ သိနိုင်မှာ ဖြစ်ပါတယ်။

Innovix HR နဲ့ဆိုရင် Hybrid Work က ပိုမိုလွယ်ကူသွားမှာပါ ✨

Innovix HR System မှာဆိုရင် -
✅ Remote Check-in: GPS Location ပါဝင်လို့ ဘယ်နေရာကမဆို အလုပ်တက်/ဆင်း မှတ်တမ်းတင်နိုင်မယ်။

✅ Mobile Self-Service: ဝန်ထမ်းကိုယ်တိုင် ဖုန်းထဲကနေ ခွင့်တင်၊ လစာစာရွက်ကြည့်၊ အချက်အလက်ပြင်ဆင်တာတွေ လုပ်နိုင်မယ်။

✅ Real-time Monitoring: HR နဲ့ Manager တွေက ဝန်ထမ်းတွေရဲ့ အခြေအနေကို Dashboard တစ်ခုတည်းကနေ အချိန်မရွေး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Hybrid Work စနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ဆိုတာ ဝန်ထမ်းတွေကို ချုပ်ကိုင်တာမျိုး မဟုတ်ဘဲ "ပွင့်လင်းမြင်သာတဲ့ စနစ်တစ်ခု (Transparent System)" တည်ဆောက်ပေးဖို့ပဲ ဖြစ်ပါတယ်။

💡 သင့်လုပ်ငန်းမှာ Hybrid Work စနစ်ကို စနစ်တကျ အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ Innovix Solutions မှာ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုနောက်ကွယ်မှာ စိတ်ဓာတ်တက်ကြွပြီး ပျော်ရွှင်နေတဲ့ ဝန်ထမ်းတွေရှိဖို့က အဓိကကျပါတယ်။ 🌟ဝန်ထမ်းတစ်...
25/02/2026

လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုနောက်ကွယ်မှာ စိတ်ဓာတ်တက်ကြွပြီး ပျော်ရွှင်နေတဲ့ ဝန်ထမ်းတွေရှိဖို့က အဓိကကျပါတယ်။ 🌟

ဝန်ထမ်းတစ်ယောက်က ခွင့်တိုင်ဖို့ ခက်ခဲနေတာ၊ လစာစာရင်း မှားယွင်းတာ ဒါမှမဟုတ် ရုံးတက်ရုံးဆင်းမှတ်တမ်းတွေ ရှုပ်ထွေးနေတာမျိုးတွေဟာ သူတို့ရဲ့ အလုပ်အပေါ် စိတ်အားထက်သန်မှုကို လျော့ကျစေနိုင်ပါတယ်။ ဒီလို အသေးအမွှားကိစ္စတွေနဲ့ အချိန်မကုန်စေဘဲ လူသားရင်းမြစ်ကို ပိုပြီး တန်ဖိုးရှိရှိ စီမံခန့်ခွဲနိုင်ဖို့ Innovix HR ရှိပါတယ်။

ကျွန်တော်တို့ရဲ့ စနစ်ဟာ HR ဌာနရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးရုံတင်မကဘဲ ဝန်ထမ်းတွေအတွက်လည်း သုံးရတာ လွယ်ကူ၊ ပွင့်လင်းမြင်သာပြီး စိတ်ကျေနပ်မှုရစေမယ့် အတွေ့အကြုံသစ်ကို ပေးစွမ်းနိုင်ပါတယ်။

Innovix HR က ဘာတွေ ကူညီပေးနိုင်မလဲ?

✅ Digital Attendance: ဖုန်းထဲကနေတင် အချိန်မရွေး၊ နေရာမရွေး ရုံးတက်မှတ်တမ်း တင်နိုင်လို့ ဝန်ထမ်းတွေအတွက် ပိုအဆင်ပြေစေပါတယ်။
✅ Auto Payroll: လစာတွက်ချက်မှုတွေကို တိကျမြန်ဆန်စေပြီး အမှားအယွင်းမရှိတာကြောင့် ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်။
✅ Easy Management: ခွင့်တိုင်တာ၊ OT ခေါ်တာကအစ ဖုန်းထဲကနေတင် လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ပါတယ်။

ဝန်ထမ်းတွေအတွက် အလုပ်လုပ်ရတာ ပိုလွယ်ကူသွားတဲ့အခါ သင့်လုပ်ငန်းရဲ့ ကုန်ထုတ်စွမ်းအားကလည်း အလိုအလျောက် မြင့်တက်လာမှာပါ။ Innovix HRMS နဲ့အတူ ပျော်ရွှင်စရာ လုပ်ငန်းခွင်တစ်ခုကို ဒီနေ့ပဲ စတင်ဖန်တီးလိုက်ပါ။

အသေးစိတ်သိရှိလိုပါက -
☎️ Phone Number: 09 447892959, 09 979172645
📧 Email: [email protected]
🏠 Office: Level 5, Building 10, MICT Park, Hlaing Township, Yangon, Myanmar

Wishing you a prosperous Year of the Horse! 🧧🐎May the New Year bring new opportunities, joy, and success to your doorste...
17/02/2026

Wishing you a prosperous Year of the Horse! 🧧🐎

May the New Year bring new opportunities, joy, and success to your doorstep. Happy Chinese New Year from all of us at Innovix HR! 🍊✨

Gong Xi Fa Cai! Wishing you health, wealth, and happiness. 🎇

ဗိုလ်ချုပ်မွေးနေ့  ငါဒို့မမေ့13.2.2026 မှာကျရောက်တဲ့(111) နှစ်ပြည့်“ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့”အားလေးစာ:စွာဖြင့် ဂုဏ်ပြု...
13/02/2026

ဗိုလ်ချုပ်မွေးနေ့ ငါဒို့မမေ့

13.2.2026 မှာကျရောက်တဲ့(111) နှစ်ပြည့်“ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့”အားလေးစာ:စွာဖြင့် ဂုဏ်ပြုအပ်ပါသည်။

#ဗိုလ်ချုပ်အောင်ဆန်း

ဖေဖော်ဝါရီလအတွင်းရှိ အများပြည်သူရုံးပိတ်ရက်များဖြစ်သည့် ဖေဖော်ဝါရီ 12,13 ,16,17 ရက် တို့တွင် Innovix HR ရုံးခန်းအား ပိတ်...
11/02/2026

ဖေဖော်ဝါရီလအတွင်းရှိ အများပြည်သူရုံးပိတ်ရက်များဖြစ်သည့် ဖေဖော်ဝါရီ 12,13 ,16,17 ရက် တို့တွင် Innovix HR ရုံးခန်းအား ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ဝန်ထမ်းတွေများစွာနဲ့ လည်ပတ်နေတဲ့ လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းတွေကို စီမံခန့်ခွဲမှုလုပ်ရာမှာ စနစ်ရှိဖို့က အလွန်အရေးကြီးပါတယ်။...
30/01/2026

ဝန်ထမ်းတွေများစွာနဲ့ လည်ပတ်နေတဲ့ လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းတွေကို စီမံခန့်ခွဲမှုလုပ်ရာမှာ စနစ်ရှိဖို့က အလွန်အရေးကြီးပါတယ်။

Attendance, Leave, Payroll စတာတွေကို System တစ်ခုတည်းမှာတင် အလွယ်တကူ ပြုလုပ်နိုင်မှာဖြစ်တဲ့အပြင် ဝန်ထမ်းတွေအတွက်လည်း Mobile Phone တစ်လုံးရှိရုံနဲ့ အလွယ်တကူ အသုံးပြုလို့ရနိုင်မယ့် တစ်ခုတည်းသော အရာကတော့ Innovix HR System ပဲဖြစ်ပါတယ်။ Innovix HR ဟာ လုပ်ငန်းရှင်တွေနဲ့ HR တွေရဲ့ အဖိုးတန်အချိန်တွေကို အကျိုးရှိရှိ သုံးစွဲနိုင်ဖို့ ကူညီပေးမှာပါ။

✅ ဝန်ထမ်းများအတွက် အားသာချက်များ :
Mobile App ကနေတစ်ဆင့် ကိုယ်တိုင် Attendance ပြုလုပ်နိုင်ပါတယ်။
Leave, OT စတာတွေကို စက္ကန့်ပိုင်းအတွင်း ဖုန်းထဲကနေ လုပ်ဆောင်နိုင်ပါတယ်။
ရုံးတက်ရက်၊ ရုံးပျက်ရက် စတဲ့ Attendance History တွေကို Mobile App ထဲမှာ အလွယ်တကူ ကြည့်နိုင်ပါတယ်။

✅ HR များအတွက် အားသာချက်များ :
Attendance, Leave နဲ့ Payroll အားလုံးကို စနစ်တစ်ခုတည်းမှာ အလိုအလျောက် ချိတ်ဆက်ပေးထားလို့ လူကိုယ်တိုင် တွက်ချက်ရတဲ့ အမှားတွေကို လျှော့ချနိုင်ပါတယ်။
ဝန်ထမ်းရေးရာ အချက်အလက်တွေကို စနစ်တကျ သိမ်းဆည်းထားနိုင်လို့ Manage လုပ်ရာမှာ လွယ်ကူစေပါတယ်။

Data အချက်အလက်တွေကို ကြည့်ပြီး ဝန်ထမ်းတွေရဲ့ Performance ကို အသေးစိတ် လေ့လာနိုင်ပါတယ်။

Innovix HR နဲ့ဆိုရင် HR လုပ်ငန်းဆောင်တာများဟာ ပိုမိုမြန်ဆန်လာပြီး ဝန်ထမ်းတွေရဲ့ Performance ကိုပါ မြှင့်တင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
______________________________________________________
အသေးစိတ်သိရှိလိုပါက -
☎️ Phone Number: 09 447892959, 09 979172645
📧 Email: [email protected]
🏠Office: Level 5, Building 10, MICT Park, Hlaing Township, Yangon, Myanmar

လုပ်ငန်းတစ်ခု တိုးတက်ဖို့ဆိုရင် ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုက တိကျမြန်ဆန်ဖို့ လိုအပ်ပါတယ်။ 📈 Excel ဇယားတွေကိုကြည့်ပြီး Ma...
19/01/2026

လုပ်ငန်းတစ်ခု တိုးတက်ဖို့ဆိုရင် ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုက တိကျမြန်ဆန်ဖို့ လိုအပ်ပါတယ်။ 📈 Excel ဇယားတွေကိုကြည့်ပြီး Manual စနစ်နဲ့ လစာတွက်နေရတာဟာ အချိန်ကုန်စေရုံတင်မကဘဲ အမှားအယွင်း ဖြစ်နိုင်ခြေလည်း အရမ်းများပါတယ်။

Innovix HR ရဲ့ Smart Payroll Modules ကို အသုံးပြုခြင်းဖြင့် -

📍 Attendance Module: ဝန်ထမ်းတွေရဲ့ ရုံးတက်ရုံးဆင်းချိန်တွေကို အချိန်နေရာ အတိအကျ သတ်မှတ်နိုင်ပါတယ်။

📍Leave Module: ခွင့်တိုင်တာ၊ ခွင့်ပေးတာနဲ့ ခွင့်လက်ကျန်ရက် စစ်တာတွေကို အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။

📍Overtime Module: အချိန်ပိုဆင်းတာတွေကို အတိအကျ မှတ်သားပေးနိုင်ပါတယ်။
Attendance နဲ့ ပတ်သက်ပြီး Leave, OT စတာတွေကို စနစ်တစ်ခုတည်းမှာပဲ အသုံးပြုနိုင်တာကြောင့် လစာတွက်တဲ့အခါ အဆင့်များစွာ မလိုဘဲ Click တစ်ချက်တည်းနဲ့ တိတိကျကျ သိနိုင်ပါတယ်။ ✨

ဝန်ထမ်းတွေရဲ့ လစာကို မိနစ်ပိုင်းအတွင်း Auto တွက်ချက်ပေးနိုင်တဲ့ Payroll Module တွေအပြင် အခြား HR ပိုင်းဆိုင်ရာ လိုအပ်တဲ့ Module အစုံအလင် ရှိပါတယ်။ 💰⚙️
ဒါကြောင့် မိမိလုပ်ငန်းအတွက် Payroll နဲ့ ပတ်သက်တဲ့ အပိုင်းကို စိတ်ရှုပ်ခံစရာ မလိုဘဲ ဝန်ထမ်းတွေရဲ့ လစာကို အလွယ်တကူ တွက်ချက်ပေးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် မိမိလုပ်ငန်း အနာဂတ်တိုးတက်ရေးအတွက် များစွာ အထောက်အကူ ဖြစ်စေမှာပဲ ဖြစ်ပါတယ်။ 🚀🏢

________________________________________
အသေးစိတ်သိရှိလိုပါက -
☎️ Phone Number: 09 447892959, 09 979172645
📧 Email: [email protected]
🏠Office: Level 5, Building 10, MICT Park, Hlaing Township, Yangon, Myanmar

ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုတွေက လူကြီးမင်းတို့ကို ခေါင်းခဲစေသလား? စာရွက်စာတမ်းတွေ၊ ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေနဲ့ အချိန်...
12/01/2026

ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုတွေက လူကြီးမင်းတို့ကို ခေါင်းခဲစေသလား?

စာရွက်စာတမ်းတွေ၊ ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေနဲ့ အချိန်ကုန်နေတာကို အဆုံးသတ်ဖို့ အချိန်တန်ပါပြီ။

Innovix HR ဟာလူကြီးမင်းတို့လုပ်ငန်းရဲ့ HRလုပ်ငန်းစဉ်တွေကိုလွယ်ကူရိုးရှင်းစေပြီးအမှားအယွင်းကင်းအောင် ကူညီပေးမယ့် စနစ်တစ်ခုဖြစ်ပါတယ်။ 🚀

✅ လွယ်ကူရိုးရှင်းသော အသုံးပြုမှု (User-Friendly Interface)
နည်းပညာမကျွမ်းကျင်သူ များအတွက်လည်း အလွယ်တကူ အသုံးပြုနိုင်မယ့် Dashboard နဲ့ Mobile App ပါရှိပါတယ်။ ဝန်ထမ်းတွေအတွက် Attendance မှတ်တာကအစ Leave Request တင်တာအထိ ဖုန်းတစ်လုံးရှိရုံနဲ့တင် လွယ်ကူမြန်ဆန်စွာပြုလုပ်နိုင်ပါတယ်။ 📱

✅ အမှားအယွင်းကင်းမဲ့သော တွက်ချက်မှုများ (Error-Free Calculations)
လစာတွက်ချက်ခြင်း (Payroll)၊ အချိန်ပို (OT) တွက်ချက်ခြင်း တွေကို System က အလိုအလျောက် တိကျစွာ လုပ်ဆောင်ပေးတဲ့အတွက် Manual တွက်ချက်ရာမှာ ဖြစ်တတ်တဲ့ Human Error တွေကို ၇၀% လျှော့ချပေးနိုင်ပါတယ်။ 💰

✅ တစ်နေရာတည်းမှာ အလုံးစုံထိန်းချုပ်နိုင်ခြင်း (Centralized System) Attendance: ရုံးရောက်/မရောက်ကို Location Check in စနစ်ဖြင့် တိကျစွာ သိရှိနိုင်ခြင်း။ Leave Management: ခွင့်တိုင်ကြားမှုတွေကို စက္ကန့်ပိုင်းအတွင်း စစ်ဆေးအတည်ပြုနိုင်ခြင်း။ Employee Record: ဝန်ထမ်းအချက်အလက်အားလုံးကို စနစ်တကျ သိမ်းဆည်းထားနိုင်ခြင်း။ 📂

စတဲ့ အချက်တွေအပြင် Innovix HR ဆိုတာ Software တစ်ခုထက်ပိုပြီး သင့်လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် Smart HR Solution တစ်ခုဖြစ်ပါတယ်။ ဝန်ထမ်းရေးရာအမှားကင်းမှ လုပ်ငန်းရှင်ရော၊ HR Manager ပါ အရေးကြီးတဲ့ လုပ်ငန်းတိုးချဲ့မှုတွေမှာပဲ အာရုံစိုက်နိုင်တော့မှာပါ။ 🌟

👉 စနစ်ကျတဲ့ HR System တစ်ခုကို သင့်လုပ်ငန်းမှာအသုံးပြုဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ ကျွန်ုပ်တို့ဆီမှာ အခမဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ။ 📞
______________________________________________________
အသေးစိတ်သိရှိလိုပါက -
☎️ Phone Number: 09 447892959, 09 979172645
📧 Email: [email protected]
🏠Office: Level 5, Building 10, MICT Park, Hlaing Township, Yangon, Myanmar

31/12/2025

Happy New Year 2026 from Innovix HR! 🥂✨

To our dedicated team and our valued clients—thank you for your trust and for being an essential part of our journey this year. We truly appreciate the strong partnerships we’ve built through Innovix HR. As we step into the New Year, we wish you a very Happy New Year! May you be blessed with peace of mind, good health, and great success in all your business endeavors. 🎆✨

📢 ရုံးပိတ်ရက်ကြေညာခြင်း၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ သည် နှစ်သစ်ကူး ရုံးပိတ်ရက်များ ဖြစ်ပါသဖြင့် Inn...
31/12/2025

📢 ရုံးပိတ်ရက်ကြေညာခြင်း

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ သည် နှစ်သစ်ကူး ရုံးပိတ်ရက်များ ဖြစ်ပါသဖြင့် Innovix HR ရုံးခန်းအား ပိတ်ထားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။ 🗓️✨
ဇန်နဝါရီလ (၅) ရက်နေ့ (တနင်္လာနေ့) တွင် ရုံးလုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည် စတင်သွားမည် ဖြစ်ပါသည်။

နှစ်သစ်ကူး အားလပ်ရက်များမှာ အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။ 🎆🙏

Address

Level 5, Building 10, MICT Park, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959447892959

Alerts

Be the first to know and let us send you an email when Innovix HR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Innovix HR:

Share