07/08/2026
🌐ByteDance ကို တည် ၊ TikTokကို ခေတ်ဆန်းစနစ်သို့ ရှေ့ဆောင်သည့် Zhang Yiming.
📱မိုဘိုင်း၊စမတ်ဖုန်း စခရင်ကို အထက်အောက် ပွတ်ဆွဲရုံနဲ့ ကမ္ဘာတစ်ဝှမ်းမှလူသန်းပေါင်းများစွာကို နှစ်သက်၊စွဲလန်းသွားစေခဲ့တဲ့ ဗီဒီယိုပလက်ဖောင်းတစ်ခုကတော့ Tiktok ပဲဖြစ်ပါတယ်။ Tiktok ရဲ့ နောက်ကွယ်မှာ အံ့မခန်း AI နည်းပညာနဲ့ တီထွင်ဖန်တီးမှု စကြာဝဠာတစ်ခု ရှိနေပါတယ်။ ယနေ့ခေတ် လူငယ်တွေရဲ့ လူမှုဘဝနဲ့ ဆိုရှယ်မီဒီယာလောကကို ဆန်းသစ်တဲ့ခေတ်တစ်ခုဖြင့်အသွင်ပြောင်းလဲပစ်ခဲ့သူကတော့ Zhang Yiming နဲ့ သူတည်ထောင်ခဲ့တဲ့ နည်းပညာကုမ္ပဏီကြီး ByteDance ပဲဖြစ်ပါတယ်။
🔎၂၀၁၂ ခုနှစ်မှာ Zhang Yiming က ပေကျင်းမြို့ရှိ တိုက်ခန်းလေးတစ်ခုအတွင်းမှာ ByteDance ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တာပါ။ ရိုးရိုး သတင်းနှင့် မီဒီယာကုမ္ပဏီတစ်ခု မဟုတ်ဘဲ Artificial Intelligence (AI) နည်းပညာကို အခြေခံပြီး သတင်းများကို သုံးစွဲသူဆီ ရောက်အောင် ပို့ဆောင်ပေးတဲ့ ခေတ်သစ်နည်းပညာကုမ္ပဏီ အနေဖြင့် ဦးဆောင်ခဲ့ပါတယ်။ ByteDance မှ ပထမဆုံး ထွက်ရှိခဲ့တဲ့ Toutiao Appl ( Toutiao News ) အလွန် အောင်မြင်ခဲ့ပါတယ်။ သာမာန်ဆိုရှယ်မီဒီယာတွေမှာ အသုံးပြုသည့် "Friend/Follower" စနစ်ပေါ်မှာ မမူတည်ဘဲ သုံးစွဲသူရဲ့ စိတ်ဝင်စားမှုကို (Algorithm) နဲ့ လေ့လာပြီး ချက်ချင်း ဖော်ပြပေးနိုင်တဲ့ နည်းပညာအသစ်ကို ပထမဆုံး စတင်အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။
👉TikTok ရဲ့ မူလအစဟာ ၂၀၁၆ ခုနှစ်မှာ တရုတ်ပြည်တွင်း စျေးကွက်အတွက် ဗီဒီယိုများကို အချိန်ပိုင်းတစ်ခု( 15secs , 60secs , etc..) စသဖြင့် တင်ပေးနိင်ပြီး လူအားလုံးလွယ်ကူစွာ အသုံးပြုနိုင်တဲ့ Platform တစ်ခုအဖြစ် စတင်မိတ်ဆက်ခဲ့တဲ့ Douyin ဆိုတဲ့ App ကနေ စတင်ခဲ့ကြတာပါ။ အဲဒီနောက် ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံ ပြင်ပ အပြည်ပြည်ဆိုင်ရာ စျေးကွက်အတွက် TikTok ဆိုတဲ့ နာမည် နဲ့ တိုးချဲ့ ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း နာမည်ကြီးနေတဲ့ Musical.ly အက်ပ်ကိုဒေါ်လာ 1 ဘီလီယံ နီးပါးနဲ့ ဝယ်ယူပြီး TikTok နှင့် ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကမ္ဘာ့အမြန်ဆုံး ဖြန့်ကျက်လာနိင်တဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းကြီး တစ်ခု အဖြစ် တည်ရှိလာခဲ့ ပါတယ်။ ဒီ App ကို တည်ထောင်သူမှာ သီးသန့် လူတစ်ဦးတည်း မဟုတ်ဘဲ နည်းပညာ အင်ဂျင်နီယာ Zhang Yiming စုစည်းထားတဲ့ ByteDance ကုမ္ပဏီမှ အင်ဂျင်နီယာနှင့် နည်းပညာအဖွဲ့သူ/သားများက စုပေါင်း တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။
👤ByteDance ကို တည် ၊ TikTokကို ခေတ်ဆန်းစနစ်သို့ ရှေ့ဆောင်သည့် Zhang Yiming ကတော့ ၁၉၈၃ ခုနှစ်မှာ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်မှာ မွေးဖွားခဲ့ပြီး Nankai အမည်ရ တက္ကသိုလ်ကနေ Software Engineering ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့သူ ဖြစ်ပါတယ်။ သာမန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထက်စာရင် နည်းပညာအပေါ် အလွန်ရူးသွပ်ပြီး တွေးခေါ်မြှော်မြင်မှု မြင့်မားတဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်တာနဲ့အညီ ByteDance ကို မတည်ထောင်မီမှာ Kuxun နဲ့ 99fang စတဲ့ နည်းပညာအက်ပ်တွေကိုလည်း တီထွင်ခဲ့ဖူးပါတယ်။
💡Zhang Yiming အားထုတ်မှုရလဒ်တစ်ခုဖြစ်တဲ့ TikTok App ဟာ သာမန် ဗီဒီယိုကြည့်သည့် Application တစ်ခု မဟုတ်တော့ဘဲ ကမ္ဘာတစ်ဝှမ်း သုံးစွဲသူလူဦးရေပေါင်း (၃) ဘီလီယံကျော် ရှိခဲ့ပါတယ်။ဒါ့အပြင် Google, Facebook နဲ့ Instagram တို့လို Application ကြီးတွေကို အမှီလိုက်ပြီး ကမ္ဘာ့ ဒေါင်းလုဒ်အများဆုံး ရေပန်းအစားဆုံး သတင်း၊ ဖျော်ဖြေရေးနှင့် စီးပွားရေး အစရှိတဲ့ အခန်းကဏ္ဉ များစွာ ပါဝင်သည့် ပလက်ဖောင်းကြီး တစ်ခု ဖြစ်လာခဲ့ပါတယ်။ သုံးစွဲသူ ကြည့်ရှုသည့် စက္ကန့်ပိုင်းအတွင်း မိုက်ခရို ဒေတာများကို လေ့လာပြီး ကြိုက်နှစ်သက်နိုင်မယ့် ဗီဒီယိုတွေကို ဆက်တိုက် ပြသပေးနိုင်သည့် For You Page (FYP) စနစ်ကြောင့် သုံးစွဲသူများကို စွဲလန်းသွားစေတာ ဖြစ်သလို၊ TikTok Shop မှ တစ်ဆင့် အွန်လိုင်း ရောင်းဝယ်ရေး နယ်ပယ်ကိုပါ လွှမ်းမိုးထားနိုင်ခဲ့တာ ယနေ့ထိတိုင် အရှိန်အမြင့်ဆုံးသော အောင်မြင်မှုသက်သေတစ်ခုလည်း ဖြစ်ပါတယ်။
🚀သင့်လုပ်ငန်းနဲ့ ကွက်တိကျပြီး လုံခြုံမြန်ဆန်တဲ့ Mobile Application / Web App တွေကို ရင်းနှီးမြှုပ်နှံမှု အချည်းအနှီး မဖြစ်ရအောင် စနစ်တကျ တည်ဆောက်ချင်တယ်ဆိုရင်တော့ Digital Base ရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် အခုပဲ တိုင်ပင်ဆွေးနွေးလိုက်ပါတယ် ခင်ဗျာ။
📌Packages ဝန်ဆောင်မှုအသေးစိတ်ကို ဖော်ပြပါ လင့်ခ်လေးကနေလည်း ဖတ်ရှုနိုင်ပါတယ်။
👉 https://www.facebook.com/share/p/196oK8ehzi/
Packages ဝန်ဆောင်မှု အသေးစိတ်ကို သိလိုပါက ဖော်ပြပါ ဖုန်းလေး
☎️09 775999680 မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။