BP-IT Solutions

BP-IT Solutions For your IT problem, We are here to assist!

ဒီနေ့ Customer Site မှာ ကြုံခဲ့တာလေး တခြားစက်တွေအကုန်ရ စက်တစ်လုံးထဲကပဲ ထဖောက် 🥲
01/09/2023

ဒီနေ့ Customer Site မှာ ကြုံခဲ့တာလေး တခြားစက်တွေအကုန်ရ စက်တစ်လုံးထဲကပဲ ထဖောက် 🥲

Data Recovery Solution # # # # # # # # # # # # # # # # # #Customer အကိုတစ်ယောက်ရဲ့ HDD ထဲက Virusကြောင့် ပျက်သွားတဲ့ File...
24/08/2023

Data Recovery Solution
# # # # # # # # # # # # # # # # # #

Customer အကိုတစ်ယောက်ရဲ့ HDD ထဲက Virus
ကြောင့် ပျက်သွားတဲ့ File တွေကို Recovery လုပ်ပေးဖြစ်တာလေးပါ... အလုပ်အတွက်အရေးကြီးတဲ့ Data တွေပြန်ရသွားလို့ ပျော်နေတဲ့ အကို့ကိုကြည့်ရင်း ဘီပီတို့လဲ ထပ်တူပျော်ရွှင်ရပါတယ် 😊

BP IT SOLUTIONS
095016269

* 𝙋𝒓𝙞𝒗𝙖𝒕𝙚 𝙈𝒐𝙙𝒆 𝒊𝙨 𝙊𝒏 *ဘီပီတို့ရဲ့ Cus လေးတွေရော ပုံထဲကလိုကိုယ်ရဲ့ Searching History ကို အသည်းအသန် ဖျက်ရတဲ့ အချိန်လေးတွေ ...
12/08/2023

* 𝙋𝒓𝙞𝒗𝙖𝒕𝙚 𝙈𝒐𝙙𝒆 𝒊𝙨 𝙊𝒏 *

ဘီပီတို့ရဲ့ Cus လေးတွေရော ပုံထဲကလိုကိုယ်ရဲ့ Searching History ကို အသည်းအသန် ဖျက်ရတဲ့ အချိန်လေးတွေ ကြုံဖူးလားဟင် 🤭

ကြုံဖူးတယ်ဆိုရင် (ဒါမှမဟုတ်) နောင်ကြုံလာခဲ့သည်ရှိသော် ဘယ်လိုလုပ်ရမလဲဆိုတာလေး သိချင်ရင် ဒီ Post ကိုဆက်ဖတ်ကြည့်နော် 😉

ကိုယ့်ရဲ့ အရေးကြီး Privacy Data တွေထဲကမှ ကိုယ်နဲ့ ကိုယ့်ကိုယ်စောင့်နတ်ကလွဲရင် တခြားသူတွေကို မသိစေချင်တဲ့ Browsing History တွေကို ဘယ်လိုကာကွယ်လို့ရမလဲဆိုတာကို ဒီနေ့မှာ ဘီပီကပြောပြပေးချင်ပါတယ် 🤫

အရင်ဆုံး Browser ဆိုတာ ဘာလဲလို့ ရှင်းပြပေးရမယ်ဆိုရင်.. Browser ဆိုတာ ကိုယ်သိချင်တဲ့
အကြောင်းအရာတွေကို အင်တာနက်ပေါ်မှာ
ရှာချင်တဲ့အခါ သုံးရတဲ့ Software တွေကို
ဆိုလိုတာပါ (ဥပမာ.. Google Chrome, Firefox, Microsoft Edge, Safari.. အစသဖြင့်ပေါ့)

ပုံမှန်အားဖြင့် အဲ့လို Browser တွေက ကိုယ်နေ့စဥ်
ရှာဖွေခဲ့တဲ့အကြောင်းအရာတွေကို
History အနေနဲ့သိမ်းထားပေးလေ့ရှိပါတယ်..
ဒါမှ User ကနောက်တခါအသုံးပြုတဲ့အခါ
ရှာပြီးသား အကြောင်းအရာကို History ထဲမှာ
ပြန်ရှာလို့အောင် ဒါမှမဟုတ် တူညီတဲ့အကြောင်းအရာကို User က Search ပြန်လုပ်တဲ့အခါ ရှာပြီးသား Link တွေကို Highlights ပြန်ပြတာမျိုး အစရှိတဲ့ရည်ရွယ်ချက်တွေအတွက်ပါ... အဲ့တော့ကိုယ် ရှာထားတဲ့အကြောင်းအရာတွေကို ရိုးရိုးကော ဖျက်လို့မရဘူးလားဆိုတော့ ဖျက်လို့ရပါတယ်... History ထဲဝင် Clear Browsing History ဆိုတာမျိုး နေ့စဥ်ဝင်လုပ်ပေးနေရင်ရတာပေါ့.. ဒါပေမယ့် ကိုယ့်အနေနဲ့ အဲ့အတွက်အချိန်ပေးနေရမှာကိုး.. ပြီးတော့ ကိုယ်နေ့စဥ်ဝင်သုံးနေတဲ့ Link တွေပါ ပါသွားမှာပေါ့ အဲ့ထဲကမှ ကိုယ်ဖျက်ချင်တာတွေ လိုက်ရှာဖျက်ရပြန်ရင်လဲ အဆင်မပြေပြန်ဘူးလေနော်... အဲ့လိုအချိန်လဲမပေးချင်ဘူး ကိုယ်က ဒီ Browser ကိုပိတ်လိုက်တာနဲ့ ချက်ချင်းကိုယ်ရှာထားတာတွေလဲပျောက်ချင်တယ် ဘယ်လိုလုပ်လို့ရမလဲဆိုရင် အောက်က နည်းလမ်းလေးတွေထဲက ကိုယ်နဲ့အဆင်ပြေတာကို ရွေးသုံးလို့ ရပါတယ်.. ကိုယ့် Privacy ကိုစစ်ချင်တဲ့ ချစ်သူခင်သူတွေ ပြသာနာရှာရင်တော့ ဘီပီနဲ့ မဆိုင်ဘူးနော် 😅

1. Default Browser တွေမှာပါတဲ့ Private Mode တွေကိုသုံးပါ။ များသောအားဖြင့် Windows OS မှာ ဆိုရင် Microsoft Edge နဲ့ MacOS မှာဆိုရင် Safari အစရှိတဲ့ Browser တွေဟာ OS တင်လိုက်ပြီဆိုတာနဲ့တခါတည်းပါလာတဲ့ Default Browser တွေပါ။ Private Browsing အနေနဲ့ကတော့ Microsoft Edge မှာဆိုရင် InPrivate Mode ပါပြီး Safari မှာဆိုရင် Safari's Private Browsing ဆိုတာပါပါတယ်။

2. Third Party Browser တွေဖြစ်တဲ့ Google Chrome, Mozilla Firefox အစရှိတဲ့ Browser
တွေမှာလဲ Private Mode အတွက် Function ပါပါတယ်။ ဥပမာ.. Chrome မှာဆိုရင် Incognito mode
ဆိုတာလေးပါပြီး Firefox မှာဆိုရင် Private Browsing ဆိုတာလေး ပါပါတယ်။

3. နောက်ဆုံးတခုအနေနဲ့ကတော့ လုံးဝ Private
သီးသန့် Search လုပ်လို့ရတဲ့ Browser အမျိုးအစားတွေပါ.. DuckDuckGo Browser, Swisscows Browser, InBrowser စတဲ့ Browser တွေက Applications ထဲက ထွက်လိုက်ပြီဆိုတာနဲ့ Search History ကို Auto Delete လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

တခုသတိထားရမှာက Private Browsing တွေမှာ
History ကိုမသိမ်းပေးထားတာဖြစ်လို့ ကိုယ်မှတ်ထားချင်တဲ့ Link တွေ အကြောင်းအရာတွေကို မှတ်မထား
ပေးနိုင်တဲ့အတွက် ရှာပြီးသားအကြောင်းအရာတွေကို ပြန်ရှာဖတ်လို့မရနိုင်ပါဘူးနော်...

ကဲ အခုပြောပြပေးသွားတဲ့ သုံးချက်ထဲကမှ ကိုယ်အဆင်ပြေတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ရိုးသားစွာနဲ့ Private Mode On နိုင်ပါစေလို့ ဘီပီက အလင်းပြပေးလိုက်ပါတယ်ရှင် 🤭

Cus တွေအနေနဲ့ ထပ်ပြီးသိချင်တာလေးတွေရှိရင်လဲ comment မှာပဲဖြစ်ဖြစ် chat box မှာပဲဖြစ်ဖြစ်အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် 😁

BP IT SOLUTIONS
095016269

Bios Password and User Password Recovery # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #တာမွေက Customer ...
11/08/2023

Bios Password and User Password Recovery
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

တာမွေက Customer အကိုတစ်ယောက်ရဲ့ အိမ်မှာ Bios and User Password ကို Recovery ပြန်ယူပေးဖြစ်တာလေးပါ..

ပုံမှန်စက်တွေနဲ့ မတူပဲ နည်းနည်းတိုင်ပတ်ခဲ့ရပေမယ့် လိုချင်တဲ့ Data တွေလဲပြန်ရခဲ့တာမို့ Customer အကိုလဲပျော် ကိုယ်တွေလဲ ပညာတိုးခဲ့ပါတယ် 😊😊

ဘီပီတို့ကို ယုံကြည်စွာနဲ့ Service အပ်ပေးတဲ့ အတွက်ရော လိုအပ်တာတွေ Support ပေးခဲ့တဲ့အတွက်ပါ Customer အကို့ကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 🙏

BP IT SOLUTIONS
095016269

နမ့်စန်က Customer အကိုတစ်ယောက်ရဲ့စက်မှာ Ransomware Virus Attack လုပ်ခံရတာကို Remote Software ကနေ ဖြေရှင်းပေးဖြစ်ခဲ့တာလေး...
17/07/2023

နမ့်စန်က Customer အကိုတစ်ယောက်ရဲ့စက်မှာ Ransomware Virus Attack လုပ်ခံရတာကို Remote Software ကနေ ဖြေရှင်းပေးဖြစ်ခဲ့တာလေးပါ။ Data Recovery ကို ရသလောက်ယူပေးခဲ့ပေမယ့် တချို့ Data တွေတော့ စိတ်မကောင်းစွာနဲ့ပဲ ပြန်မရခဲ့ပါဘူး။ လိုင်းမကောင်းတဲ့ကြားကနေ ဘီပီတို့ပြောတဲ့ Step-by-Step instructions တွေကို စိတ်ရှည်လက်ရှည်လိုက်လုပ်ပေးတဲ့ Customer အကိုကို ဘီပီတို့က အထူးကျေးဇူးတင်ပါတယ်ရှင်။

ဘီပီတို့ရဲ့ Customer တွေအနေနဲ့ ကိုယ့်ရဲ့ ပျောက်ဆုံးလို့မရတဲ့ အရေးကြီး Data တွေများ ကိုယ့်စက်ထဲမှာ ရှိခဲ့မယ်ဆိုရင်

➤ External HDD, Cloud, Storage Server အစရှိတဲ့ နေရာတွေမှာ Data Backup အနေနဲ့သိမ်းထားဖို့ရယ်
➤ မိမိရဲ့ စက်မှာ Update and License Antivirus Software တွေအသုံးပြုကြဖို့ရယ်
➤ ကိုယ်မရင်းနှီးတဲ့ Website တွေက Link တွေ၊ ကိုယ်မသိတဲ့ Email တွေက ပါလာတဲ့ Linkတွေကိုမနှိပ်မိစေဖို့ကို ဘီပီတို့က အကြံပေးချင်ပါတယ်။

အကယ်လို့ အကြောင်းကြောင်းကြောင့် Virus တွေ မိမိရဲ့ စက်ထဲဝင်လာတဲ့ Alert တွေရခဲ့ရင်လဲ စိတ်မပူပဲ ဘီပီတို့ဆီသာ အမြန်ဆုံးဆက်သွယ်လိုက်နော်... ထိရောက်တဲ့ အကြံပေးချက်တွေနဲ့အတူ Service ပေးဖို့ ဘီပီတို့ အသင့်ရှိနေပါတယ်ရှင့်... 👩‍💻🧑‍💻

BP IT SOLUTIONS
095016269 (Viber, WhatsApp)

ငယ်ငယ်တုန်းက USB ဆိုတာ USA ဘေးက နိုင်ငံလို့ ထင်ခဲ့ဖူးတယ်တဲ့ 😁 ဘီပီတို့လဲ ဘာမှမသိခင်တုန်းက အဲ့လိုပါပဲလို့ 😆
14/07/2023

ငယ်ငယ်တုန်းက USB ဆိုတာ USA ဘေးက နိုင်ငံလို့ ထင်ခဲ့ဖူးတယ်တဲ့ 😁 ဘီပီတို့လဲ ဘာမှမသိခင်တုန်းက အဲ့လိုပါပဲလို့ 😆

* 𝑹𝒆𝒎𝒐𝒕𝒆 𝑺𝒐𝒇𝒕𝒘𝒂𝒓𝒆 𝑨𝒏𝒅 𝑯𝒐𝒘 𝑻𝒐 𝑼𝒔𝒆 𝑻𝒉𝒆𝒎 𝑺𝒆𝒄𝒖𝒓𝒆𝒍𝒚 *တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာ နည်းပညာကိုအသုံးပြုရင်းနဲ့ နည်းပညာဆိုင်...
25/06/2023

* 𝑹𝒆𝒎𝒐𝒕𝒆 𝑺𝒐𝒇𝒕𝒘𝒂𝒓𝒆 𝑨𝒏𝒅 𝑯𝒐𝒘 𝑻𝒐 𝑼𝒔𝒆 𝑻𝒉𝒆𝒎 𝑺𝒆𝒄𝒖𝒓𝒆𝒍𝒚 *

တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာ နည်းပညာကိုအသုံးပြုရင်းနဲ့ နည်းပညာဆိုင်ရာလုံခြုံရေးတွေကိုလဲမေ့ထားလို့မရပါဘူး.. ဒါကြောင့် ဘီပီက ဒီနေ့မှာ Remote Software တွေအကြောင်းနဲ့ သူတို့တွေကိုအသုံးပြုတဲ့အခါ ကိုယ့်စက်ရဲ့ Personal Data တွေပါမသွားအောင်၊ ကိုယ်မသိတဲ့သူတွေ ကိုယ့်စက်ကို Control လုပ်လို့မရအောင် ဘယ်လိုလုပ်လို့ရမလဲဆိုတာကို Sharing လုပ်ပေးချင်ပါတယ်။

# 𝑾𝒉𝒂𝒕 𝒊𝒔 𝒓𝒆𝒎𝒐𝒕𝒆 𝒔𝒐𝒇𝒕𝒘𝒂𝒓𝒆?

ပထမဆုံးအနေနဲ့ Remote Software ဆိုတာဘာလဲဆိုတာရယ် ဘာအတွက် အသုံးပြုလို့ရလဲဆိုတာလေးကိုအရင်ဆုံး ရှင်းပြပေးချင်ပါတယ်။ Remote Software ဆိုတာ အင်တာနက်ရှိနေရုံနဲ့နေရာဒေသမရွေးကနေ ကိုယ့်ရဲ့ စက်ထဲကို Access လုပ်ဖို့အတွက် အသုံးပြုလို့ရတဲ့ Software တွေကိုပြောတာပါ.. ဥပမာပြောရမယ်ဆိုရင်.. ကိုယ်က ဒီနေ့မနက်ရုံးကိုရောက်သွားတယ်.. မနေ့ညက ကိုယ်လုပ်ထားတဲ့ File တခုက အိမ်က ကွန်ပျုတာ ထဲမှာကျန်နေခဲ့တယ်.. ကိုယ်ကလဲ ဒီနေ့မနက်မှာ အဲ့ File ကိုအရေးတကြီးလိုနေပြီ.. အဲ့အချိန်မှာကိုယ့်အိမ်ကစက်ကလဲ ဖွင့်ထားမယ်.. အင်တာနက်လဲရနေမယ်ဆိုရင်.. ဒီ Remote Software တွေကို သုံးပြီး အိမ်ကစက်ထဲဝင်မယ် ပြီးရင် ကိုယ့်ရဲ့ File ကိုလှမ်းယူလိုက်လို့ရတယ်။ နောက်တခုကကျတော့ ကိုယ့်စက်မှာ Software Error ဒါမှမဟုတ် User Error တခုခုဖြစ်နေတယ်ပေါ့.. အဲ့လိုအချိန်မျိုးမှာ ကိုယ်က Service ဆိုင်ကိုလူကိုယ်တိုင်သွားနေစရာမလိုဘူး.. Online ပေါ်ကနေပြီး ဒီလို Error တွေကို ဖြေရှင်းပေးနေတဲ့ Service Provider တွေရှိတယ်.. (ဥပမာ ဘီပီတို့လိုပေါ့) သူတို့ကိုဆက်သွယ်လိုက်ရင် သူတို့တွေကနေပြီးတော့ Remote Software တွေကနေတဆင့် ကိုယ်ရဲ့စက်ထဲကို Access လုပ်ပြီး ဖြစ်နေတဲ့ Error တွေကိုရှင်းပေးလို့ရတယ်။ ဒါကတော့ Remote Software တွေအကြောင်းကို အကြမ်းဖျင်းအနေနဲ့ရှင်းပြတာပါ။ ကိုယ်အသုံးပြုမယ့် Software တွေရဲ့ Feature တွေပေါ်မှာ မူတည်ပြီးတော့ ဒီထက်မကလဲ အသုံးပြုလို့ရနိုင်ပါသေးတယ်။

# 𝑯𝒐𝒘 𝒕𝒐 𝒖𝒔𝒆 𝒕𝒉𝒆𝒎 𝒔𝒆𝒄𝒖𝒓𝒆𝒍𝒚?

အရာရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေသလို Remote Software တွေရဲ့ ကောင်းတာတွေရဲ့ နောက်မှာဆိုးတာတွေလဲကပ်ပါလာတတ်ပါတယ်.. Remote Software ကို အသုံးပြုလိုက်တာနဲ့ ကိုယ့်စက်ရဲ့ Remote Permission က ပွင့်သွားပြီဖြစ်ပါတယ်၊ အဲ့ဒီ့အချိန်မှာ ကိုယ်ကကိုယ့်စက်ရဲ့ Remote Permission ကို တဖက်လူကို ပေးလိုက်တာပဲဖြစ်ဖြစ်၊ ခွင့်ပြုချက်မရှိပဲဝင်လာတာပဲဖြစ်ဖြစ် Permission ရသွားပြီဆိုတာနဲ့ ကိုယ့်စက်ကို သူကြိုက်သလို စီမံခွင့်ရှိသလို Data တွေလဲယူခွင့်ရှိနေတာပါပဲ.. ဒါကြောင့် ကိုယ်ခွင့်မပြုထားတဲ့ လူတစ်ယောက်က ကိုယ့်စက်ကို ဝင်လာလို့မရအောင် ကိုယ့်ဘက်ကဘယ်လိုကြိုတင်ကာကွယ်လို့ရမလဲ.. ကိုယ့် Data တွေကို ကိုယ့် ခွင့်ပြုချက်မရပဲ ယူသွားလို့မရအောင် ကိုယ်ဘယ်လိုတားဆီးလို့ရမလဲဆိုတဲ့အခြေခံအချက်တွေကို ဘီပီက ရှင်းပြပေးချင်ပါတယ်...

𝟭. ပထမဆုံးအနေနဲ့ Remote Software တွေကို Download လုပ်တဲ့အခါ သူတို့ရဲ့ official website တွေကနေပဲ download လုပ်ပါ။ ကိုယ်မသိတဲ့ သူတွေ Link တွေကနေပေးတဲ့ website တွေကနေ Download မလုပ်ပါနဲ့။ Remote Software တော်တော်များများက Free Version နဲ့ Paid Version ဆိုပြီးရှိတာမို့ သူတို့ရဲ့ Official Website မှာ ပိုက်ဆံပေးစရာမလိုပဲ Free Download လုပ်နိုင်ပါတယ်။

𝟮. ဒုတိယအနေနဲ့ကတော့ ကိုယ့်ရဲ့စက်ကို Remote ဝင်လာတိုင်းမှာ ကိုယ့်စက်ရဲ့ Screen ပေါ်မှာ Alert ပေါ်စေနိုင်တဲ့ Setting တွေ၊ Accept/Deny လုပ်လို့ရတဲ့ Setting မျိုးတွေ ချိန်ထားပေးပါ။ Automatically Log in ဆိုတာမျိုးတွေ၊ Remote Service တွေ နောက်ကွယ်မှာ Run နေတဲ့အချိန် အလိုအလျောက် connection တွေဝင်လာလို့မရအောင် Privacy Setting တွေ Security Setting တွေကို သေချာချိန်ညှိထားပေးပါ။

𝟯. နောက်တဆင့်အနေနဲ့ Remote Software တွေမှာ Strong Connection Password တွေထားပေးပါ.. ဥပမာ 123456, abcdef ဆိုတဲ့ လွယ်ကူတဲ့ Password တွေအစား Asdf@5678 လိုမျိုး combination password တွေ ထားပေးပါ။ များသောအားဖြင့် remote software တွေမှာ ကိုယ့် Password ကိုတခြားသူကိုပေးစရာမလိုပဲ ကိုယ့်ရဲ့ စက်ထဲကို သူများဝင်လာတဲ့အခါ Accept/ Deny Function တွေပါတာမျိုး၊ One Time Password တွေ Generate လုပ်ပေးတာမျိုးတွေရှိတာကြောင့် အဲ့လို Function မျိုးတွေကိုပဲ အဓိကသုံးပြီး ကိုယ့်စက်ရဲ့ Remote Connection Password ကို ကိုယ့်တယောက်တည်းအတွက်ပဲသုံးပါ။ အကယ်လို့မဖြစ်မနေ ပေးလိုက်ရတယ်ဆိုရင် အလုပ်ကိစ္စပြီးပြီဆိုတာနဲ့ ချက်ချင်း အသစ်ပြန်ပြောင်းဖို့အတွက်လဲ မမေ့ပါနဲ့နော်.. ဘာလို့လဲဆိုတော့ ကိုယ်ပေးလိုက် တဲ့ Password နဲ့ ကိုယ့်စက်ထဲကို အချိန်မရွေး control လုပ်လို့ရနေနိုင်ပါတယ်။ တစ်ချို့ Remote Software တွေဆိုရင် 2 Step Verification လို Function တွေပါတဲ့အတွက် Security ပိုကောင်းတာမို့ ကိုယ့်နဲ့သင့်တော်မယ့် Software ကို သေချာရွေးချယ်အသုံးပြုပါ။

𝟰. နောက်ဆုံးအချက်အနေနဲ့ကတော့ ကိုယ့်စက်ကို Access လုပ်မယ့်သူရဲ့ အချက်အလက်တွေကိုအရင်မေးပါ။ ဘာအတွက် ကိုယ့်စက်ကို Access လုပ်ဖို့လိုတာလဲဆိုတာရယ် ဘာနာမည်နဲ့ ကိုယ့်စက်ကို Accept လုပ်မှာလဲ ဆိုတာမျိုးရယ်ပါ.. ဥပမာ Windows Activate လုပ်ဖို့အတွက် BP-PC ဆိုတဲ့စက်ကနေ Service လုပ်ပေးမှာပါဆိုတာမျိုးတွေပါ.. ကိုယ်နဲ့ တဖက်ကလူနဲ့ ဘာမှကြိုတင်ဆက်သွယ်ထားတာမျိုးမရှိပဲ ဝင်လာတဲ့ Connection မျိုးတွေဆိုချက်ချင်း Deny လုပ်ပါ။ ဒါမှမဟုတ် Remote Software Service တွေကို ကိုယ်အသုံးမလိုတဲ့အချိန်မှာ Disable လုပ်ထားပါ။ ကိုယ့်စက်ကို တခြားသူက အကြောင်းကြောင့် Access လုပ်ပြီးပြီဆိုတာနဲ့ ကိုယ်ချိန်ထားတဲ့ Setting တွေမှန်/မမှန်ပြန်စစ်ပါ။ တစ်ချို့ Remote Software တွေရဲ့ ကောင်းတဲ့အချက်တချက်ကတော့ Client ဘက်က Monitoring ထိုင်လုပ်နေလို့ရတာပါပဲ... တဖက်လူက ကိုယ့်စက်ထဲမှာဘာတွေလုပ်နေလဲဆိုတာကို ကိုယ်က ကြည့်နေလို့ ရသလို Data တွေ Copy ယူသွားလား မယူဘူးလားဆိုတာကိုလဲ History ပြန်ကြည့်လို့ရနေတာပါ။

ဘီပီ အခုပြောပြသွားတဲ့ အချက်တွေကို တကိုယ်ရည်စာအတွက်တင် မဟုတ်ပဲ မိမိရဲ့ အလုပ်တွေ ရုံးတွေမှာလဲအသုံးပြုနိုင်ပါတယ်။ အကယ်လို့ ကိုယ်ရဲ့ အလုပ်တွေ ရုံးတွေမှာ Remote Service တွေအသုံးမလိုပဲ ပွင့်နေတယ်ဆိုရင် လုံခြုံရေးအရ ပိတ်ထားသင့်ပါတယ်။ အခုလို Remote Software တွေအကြောင်းလဲသိရပြီ၊ ဘယ်လို Security မြှင့်ရမလဲဆိုတာလဲ သိရပြီဆိုရင် Customer တွေအနေနဲ့ Remote Software တွေကို အသုံးပြုဖို့ စိုးရိမ်နေစရာမလိုတော့တဲ့အတွက် အချိန်ကုန် သက်သာစေနိုင်သလို ဘီပီတို့လို Service Provider တွေအနေနဲ့လဲ Online ပေါ်ကနေ လုံခြုံစိတ်ချစွာနဲ့ Service ပေးလို့ရနေတဲ့အတွက် ပိုပြီးအဆင်ပြေနိုင်မယ်လို့ ဘီပီ မျှော်လင့်ပါတယ်။

နောက်နေ့တွေမှာလဲ Remote Software တွေထဲက လက်ရှိအသုံးများဆုံးဖြစ်နေတဲ့ Anydesk နဲ့ Teamviewer တွေရဲ့ အကြောင်းနဲ့ သူတို့ကို Secure ဖြစ်အောင် ဘယ်လို Setting တွေချိန်ရမလဲဆိုတာကို ဘီပီတို့က ပြောပြပေးသွားမှာမို့ ဘီပီတို့ Page လေးကို Like and Follow လုပ်ထားနော် 👩‍💻👨‍💻

BP IT SOLUTIONS
095016269



Password Recovery Solution # # # # # # # # # # # # # # # # # # # # # #ဘီပီတို့ Customer တစ်ယောက်ရဲ့Long Long Ago က ပေးထာ...
01/03/2023

Password Recovery Solution
# # # # # # # # # # # # # # # # # # # # # #

ဘီပီတို့ Customer တစ်ယောက်ရဲ့
Long Long Ago က ပေးထားတဲ့
Excel File Password ကို မေ့သွားလို့
ပြန်ဆယ်ပေးဖြစ်တာလေးပါ...

Remark: Password Recovery လုပ်ပေးတဲ့
အခါ File တွေရဲ့ Owner အစစ်တွေကိုပဲ
Service ပေးပါတယ် တခြားသူတွေရဲ့ File တွေကို
Recovery လုပ်ခိုင်းရင်တော့ မလုပ်ပေးပါဘူးနော်..

ဘာပဲမေ့မေ့ ဘီပီကိုသတိရလိုက်ပါနော်... 😉

BP-IT Solutions
095016269
09765016269

ဘီပီတို့ ဘဝက အတက်အကျကြမ်းလွန်းပါတယ် 🥲
25/02/2023

ဘီပီတို့ ဘဝက အတက်အကျကြမ်းလွန်းပါတယ် 🥲

Internet Error Solution # # # # # # # # # # # # # # # # # #ဒီတခါတော့ တခြားသူ Error မဟုတ်ပဲBP IT Team Member တစ်ယောက်ရဲ့အ...
10/02/2023

Internet Error Solution
# # # # # # # # # # # # # # # # # #

ဒီတခါတော့ တခြားသူ Error မဟုတ်ပဲ
BP IT Team Member တစ်ယောက်ရဲ့
အိမ်က Error ပါ... အင်တာနက်ကို အပေါ်ထပ်
အောက်ထပ် မျှသုံးနေရင်းနဲ့ တစ်ရက်ကျတော့
အောက်ထပ်က ဗြုန်းဆို အင်တာနက်သုံးမရတော့
ဘီပီတို့အိမ်က လူကြီးတွေက YouTube နဲ့
ရုပ်ရှင်ကြည့်ရတာ ကြိုက်တဲ့သူတွေဆိုတော့
အင်တာနက်မရရင် စိတ်တွေမကြည်တော့ဘူးပေါ့
အပေါ်ထပ်က ရပြီး အောက်ထပ်တစ်ခုထဲ
ကွက်မရတာဆိုတော့ ဘီပီတို့လဲ အကြံကုန်
ထုတ်ရတော့တာပဲ.. ဒါပေမယ့် နောက်ဆုံးတော့
Solutions ရှာတွေ့သွားခဲ့ပြီလေ... အခုတော့
အပေါ်ထပ် အောက်ထပ်တင်မကဘူး အိမ်သာထဲ
ထိတောင် လိုင်းက အေးဆေး သုံးလို့ရနေပြီ 😁

BP IT Solutions
095016269

Data Recovery Service # # # # # # # # # # # # # # # # #External Hard disk ထဲမှာ သိမ်းထားတဲ့Excel File Error ဖြစ်သွားလို့...
26/01/2023

Data Recovery Service
# # # # # # # # # # # # # # # # #

External Hard disk ထဲမှာ သိမ်းထားတဲ့
Excel File Error ဖြစ်သွားလို့ bp IT Team
ကနေ Recovery Service လေးလုပ်ပေးခဲ့ပါတယ်..

Accidentally Overwrite ဖြစ်သွားတဲ့ Excel File
ကို နဂိုမူလလုပ်ထားတဲ့ စာရင်းဒေတာ တွေအတိုင်း
ပြန်ရသွားလို့ပျော်နေတဲ့ Customer မမ နဲ့အတူ
ဘီပီတို့လဲထပ်တူပျော်ရွှင်ရပါတယ်... 😊😇

လူကြီးမင်းတို့ရဲ့ Computer & Storage Device
ထဲက အရေးကြီးတဲ့ Document, ဓါတ်ပုံ, Video
တွေများ မတော်တဆ ပျောက်ဆုံးသွားခဲ့ရင်
bp IT Team ကိုဆက်သွယ်လိုက်ပါနော်... 👨‍💻👩‍💻

bp IT Solutions
095016269
09765016269

သုံးရက်လောက်ခေါင်းခဲခဲ့ရတဲ့စက်လေးနောက်ဆုံးတော့ အဆင်ပြေသွားခဲ့ပြီ 😁 # # # # # # # # # # # # # # # # # # # # # # # #Drawin...
25/01/2023

သုံးရက်လောက်ခေါင်းခဲခဲ့ရတဲ့စက်လေး
နောက်ဆုံးတော့ အဆင်ပြေသွားခဲ့ပြီ 😁
# # # # # # # # # # # # # # # # # # # # # # # #

Drawing Tablet နဲ့ ချိတ်သုံးတာကို
Display ပိုင်းရော Function ပိုင်းပါ
Error တက်နေတဲ့စက်ကို Data Loss
လုံးဝမဖြစ်ပဲ အကုန်ပြန်သုံးလို့ရအောင်
bp တို့Team ကဖြေရှင်းပေးဖြစ်ခဲ့တာပါ....
ဘီပီတို့ Customer တွေအနေနဲ့ ကိုယ့်ရဲ့ PC
ကို Windows 11 တင်တော့မယ်ဆိုရင်
မိမိရဲ့စက် brand ရဲ့ သက်ဆိုင်ရာ Website
တွေကို သွားပြီးတော့ မိမိရဲ့ စက် Model နဲ့
Windows 11 နဲ့ကိုက်မကိုက်ရယ်....
Windows 11 အတွက် Original Drivers တွေ
Support လုပ်မလုပ်ရယ်ကို အရင်စစ်ပြီးမှ
Upgrade လုပ်တာ ပိုပြီး အဆင်ပြေပါတယ်..
တစ်ချို့စက်တွေက Windows 11 သုံးလို့
ရတယ်ဆိုပေမယ့် Original Driver တွေ
မဟုတ်ပဲ OEM Drivers တွေနဲ့ သုံးတဲ့အခါ
ပုံမှန် Users တွေအနေနဲ့ ပြသာနာအများကြီး
မရှိပေမယ့် ဒီလို External Device တွေနဲ့
ချိတ်သုံးတဲ့အခါ Network ပေါ်ကနေ Software
တွေသုံးရတဲ့အခါ Heavy Display တွေသုံးရတဲ့
အခါ Error တွေပေါ်လာတတ်ပါတယ်...
အဲ့အခါကျရင် Divers Settings တွေပြန်ပြင်ရ
Windows ကို ပြန်နှိမ့်ရနဲ့ဆို ဘီပီတို့ Customer
တွေအနေနဲ့ အချိန်ကုန်တာ လူပင်ပန်းတာမျိုး
ပိုက်ဆံအပိုကုန်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်..
ဒါကြောင့် Windows 11 ကိုသုံးချင်တယ်ဆိုရင်
ကိုယ်ရဲ့စက်နဲ့ကိုက်မကိုက် အရင်စစ်ပါနော်...

ဘီပီတို့ရဲ့ Customer တွေ Error ကင်းစင်တဲ့
နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ... 👨‍💻👩‍💻

bp IT Solutions
095016269

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+9595016269

Website

Alerts

Be the first to know and let us send you an email when BP-IT Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BP-IT Solutions:

Share