31/05/2026
လာမယ့် World Cup ရာသီမှာ Event ပွဲတွေ၊ Promotion ပွဲတွေနဲ့ ပြပွဲ Booth တွေမှာပါဝင်ဖို့ ပြင်ဆင်နေပြီလား။ 🤔
အဲဒီ့အချိန်ကျရင် ပုံမှန်အတိုင်း လက်ကမ်းစာစောင်ဝေတာတွေ၊ ကံစမ်းမဲနှိုက်တာမျိုးတွေထက် လာတဲ့လူတွေက ပိုစိတ်ဝင်စားပြီး ကိုယ့် Booth မှာ လူအုန်းအုန်းထသွားစေဖို့ 𝐫𝐚𝐧𝐠𝐨𝐨𝐧.𝐭𝐞𝐜𝐡 ရဲ့ AR နည်းပညာလေးတွေကို တွဲသုံးကြည့်ရအောင်။ ဒါတွေကတော့ …
📸 AR Filter နဲ့ အမိုက်စား ဓာတ်ပုံရိုက်မယ်။
ပွဲကို လာတဲ့သူတွေက ကိုယ့် Brand ရဲ့ World Cup Filter လေးတွေနဲ့ ပျော်ပျော်ပါးပါး ဓာတ်ပုံရိုက်လို့ရမယ်။ ပြီးရင် QR ကနေချက်ချင်း ဓာတ်ပုံပြန်ယူသွားလို့ရပြီး သူတို့ရဲ့ Social Media တွေမှာ ပြန်တင်ကြမှာဖြစ်လို့ အများကြီးကြော်ငြာနေဖို့မလိုဘဲ ကိုယ့် Brand ကိုပိုပေါက်သွားစေမှာပါ။
🎮 ပျော်စရာ AR ဘောလုံးဂိမ်းတွေလည်း ဆော့လို့ရသေးတယ်။
ပွဲမှာ AR နဲ့ဖန်တီးထားတဲ့ ဘောလုံးဂိမ်းလေးတွေ ထည့်ထားပေးရုံနဲ့ လူစည်ပြီးစိတ်ဝင်စားသွားမှာဖြစ်သလို၊ ဂိမ်းဆော့လို့ နိုင်တဲ့သူကို လျှော့စျေးကူပွန်တွေနဲ့ ဆုလက်ဆောင်ပေးတဲ့ စနစ်မျိုးတွေကိုပါလုပ်လို့ရပါတယ်။ ဒါကလည်း လာတဲ့သူတွေလည်းပျော်ရ၊ ပစ္စည်းတွေလည်းပိုရောင်းရမှာ လုံးဝသေချာတယ်နော်။
ဒါကြောင့် ကမ္ဘာဖလားပွဲတွေနဲ့ဆက်စပ်ပြီး ကိုယ့် Brand က Promotion ပွဲတွေ၊ Event တွေနဲ့ ပြပွဲတွေမှာ တခြားဆိုင်တွေ၊ တခြား Brand တွေထက် ပိုဆန်းသစ်ပြီး လူအစည်ကားဆုံးဖြစ်စေဖို့ 𝐫𝐚𝐧𝐠𝐨𝐨𝐧.𝐭𝐞𝐜𝐡 ကို အခုပဲ ဆက်သွယ်လိုက်ပါ။ 🤗