Creative Coder Myanmar

Creative Coder Myanmar လုပ်ငန်းခွင်ဝင် Level Project များကို Creative Coder နဲ့အတူ လေ့လာလိုက်ပါ။ 🚀 [email protected]
(5)

20/06/2026

ဒီနေ့က ကျွန်တော့်အတွက် အထူးနေ့တစ်နေ့ပါ 🎂❤️

Birthday ရောက်တိုင်း လူတိုင်းက ကိုယ့်အတွက် တစ်ခုခု လိုချင်တတ်ကြပါတယ်။

ဒါပေမယ့်...

ဒီနှစ် Birthday မှာတော့ ကျွန်တော် ကိုယ့်အတွက် ဘာမှ မတောင်းချင်ဘူး။

အစား...

လူ ၅၀ ရဲ့ Web Development Journey ကို စတင်ပေးချင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်လည်း Web Development ကို စသင်ခဲ့တဲ့ Beginner တစ်ယောက်ပါပဲ။

ဘယ်ကနေ စရမလဲ မသိဘူး။
ဘာတွေ သင်ရမလဲ မသိဘူး။
မေးစရာ Mentor မရှိဘူး။

အဲ့ဒီအချိန်မှာ တစ်ယောက်ယောက်က လမ်းညွှန်ပေးခဲ့ရင် ပိုမြန်မြန် ရောက်နိုင်မယ်လို့ အမြဲတွေးမိတယ်။

ဒါကြောင့် ဒီ Birthday အထိမ်းအမှတ်အနေနဲ့...

Web Development သင်ချင်ပေမယ့် မစဖြစ်သေးတဲ့သူတွေ၊
Roadmap မရှိသေးတဲ့သူတွေ၊
Support System မရှိသေးတဲ့သူတွေ၊
ငွေကြေးအခက်အခဲကြောင့် နောက်ဆုတ်နေတဲ့သူတွေ

အတွက် CCM Founder Birthday Special Gift ကို ပြင်ဆင်ထားပါတယ်။ 🎁

ဒီ Program ထဲမှာ 299,000 MMK နဲ့

✅ 20+ Premium Courses
✅ Step-by-Step Learning Paths
✅ Private Mentorship Group
✅ Current Courses Lifetime Access

တွေကို ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့်...

ဒီ Birthday Gift ကို လူ ၅၀ ပဲ လက်ခံသွားမှာပါ။

ဒီနှစ် Birthday မှာ ကျွန်တော်ရဲ့ ဆုတောင်းက...

လူ ၅၀ ဟာ Developer Journey ကို စတင်နိုင်ဖို့ပါ။ ❤️

ပါဝင်ချင်ရင် Messenger မှာ “Birthday” လို့ ပို့ပေးပါ။ 🎂





Happy Birthday Our Founder Sayar Hlaing Min Than 🥳 ဆရာလှိုင်မင်းသန်းရဲ့ ယနေ့ကျရောက်တဲ့ မွေးနေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်း...
20/06/2026

Happy Birthday Our Founder Sayar Hlaing Min Than 🥳

ဆရာလှိုင်မင်းသန်းရဲ့ ယနေ့ကျရောက်တဲ့ မွေးနေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေကြောင်း Creative Coder Myanmar ကနေ ဆုတောင်းပေးလိုက်ရပါတယ်။

19/06/2026

မနက်ဖြန်က...

ကျွန်တော့်အတွက် အထူးနေ့တစ်နေ့ပါ 🎂

ပြီးတော့...

Creative Coder Community အတွက်လည်း အမှတ်တရဖြစ်မယ့် အစီအစဉ်တစ်ခု ပြင်ဆင်ထားပါတယ်။

ဒီအစီအစဉ်ကို လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက စဉ်းစားနေခဲ့တာပါ။

ဘာကြောင့် ဒီလိုလုပ်ဖြစ်တာလဲ?

ဘယ်သူတွေအတွက် ရည်ရွယ်ထားတာလဲ?

ဘာတွေ ပါဝင်မလဲ?

အဲ့ဒါတွေကိုတော့ မနက်ဖြန် ပြောပြပေးပါမယ် ❤️

June 20 မှာ ပြန်တွေ့ကြမယ်ဗျာ 🎂

🎂 June 20 က ကျွန်တော့်အတွက် အထူးနေ့တစ်နေ့ပါ။နှစ်တိုင်း June 20 ရောက်တိုင်း ကျွန်တော် အရင်နှစ်တွေကို ပြန်တွေးဖြစ်ပါတယ်။စတ...
19/06/2026

🎂 June 20 က ကျွန်တော့်အတွက် အထူးနေ့တစ်နေ့ပါ။

နှစ်တိုင်း June 20 ရောက်တိုင်း ကျွန်တော် အရင်နှစ်တွေကို ပြန်တွေးဖြစ်ပါတယ်။

စတင်ခဲ့တဲ့ အချိန်တွေ...
အခက်အခဲတွေ...
သင်ယူခဲ့တဲ့ သင်ခန်းစာတွေ...

အားလုံးကို ပြန်သတိရမိပါတယ်။

ဒါပေမယ့် ဒီနှစ် June 20 ကတော့ ကျွန်တော့်အတွက်တင် မဟုတ်ပါဘူး။

Creative Coder Community အတွက်လည်း အမှတ်တရဖြစ်စေမယ့် အရာတစ်ခုကို ပြင်ဆင်ထားပါတယ် 🎁

အခုတော့ အသေးစိတ် မပြောသေးပါဘူး 😁

ဒါပေမယ့် Creative Coder ကို Follow လုပ်ထားတဲ့သူတွေ၊ Community Member တွေအတွက် စိတ်ဝင်စားစရာ ဖြစ်မယ်လို့တော့ ပြောနိုင်ပါတယ်။

👀 June 20 မှာ ဘာဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်ခဲ့ပါဦး။

Comment မှာ Guess လုပ်ခဲ့လို့ရပါတယ် 👇

📅 June 20 ကို စောင့်ကြည့်ပေးဖို့တော့ မမေ့နဲ့နော်...
ဒီတစ်ခေါက်မှာ အမှတ်တရလေးတစ်ခု ရှိနေပါတယ် 💙

18/06/2026

ကျွန်တော် Creative Coder မှာ စာစသင်ခဲ့တာ အခုဆိုရင် ၇ နှစ်နီးပါး ရှိလာခဲ့ပါပြီ။❤️
အဲ့ဒီတုန်းက ကျွန်တော်လည်း
ကျောင်းသားတစ်ယောက်လိုပဲ
Coding ကို စိတ်ဝင်စားပြီး
တကယ်တမ်း သင်ယူနေတဲ့သူတစ်ယောက်ပါ။

နောက်ပိုင်းတော့
Freelance အလုပ်တွေ လုပ်ခဲ့တယ်။
Foreign Company တွေမှာ အလုပ်လုပ်ခဲ့တယ်။
Project တွေ ရေးခဲ့တယ်။

ဒီလိုနဲ့
ကိုယ်သိထားတဲ့ အတွေ့အကြုံတွေကို
ပြန်မျှဝေချင်တဲ့စိတ်ကနေ
Creative Coder ကို စတင်ဖြစ်ခဲ့ပါတယ်။
ရိုးရိုးသားသား ပြောရရင်
Creative Coder ကို ဒီနေ့ထိ ရောက်လာမယ်လို့
ကျွန်တော်ကိုယ်တိုင်တောင် မထင်ခဲ့ဘူး။
ဒီခရီးတလျှောက်မှာ
ကျောင်းသား ထောင်ချီပြီး သင်ပေးခွင့်ရခဲ့တယ်။
အလုပ်အကိုင်ရသွားတဲ့သူတွေ ရှိလာတယ်။
ဘဝလမ်းကြောင်း ပြောင်းလဲသွားတဲ့သူတွေလည်း ရှိလာတယ်။
ဒါတွေအားလုံးက
ကျွန်တော်တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။
Creative Coder ကို ယုံကြည်ပြီး
အမြဲ Support ပေးခဲ့ကြတဲ့
ကျောင်းသားတွေ၊ Community & Team Members တွေကြောင့်ပါ။ ❤️
လာမယ့် June 20 ရက်နေ့က
ကျွန်တော့်အတွက် အထူးနေ့တစ်နေ့ ဖြစ်သလို
Creative Coder Community အတွက်လည်း
ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့
တစ်ခုခု အထူးအစီအစဉ် ပြင်ဆင်ထားပါတယ်။ 🎂
June 20 မှာ ပြန်တွေ့ကြမယ်ဗျာ ❤️

📈 လွန်ခဲ့တဲ့ (၆) နှစ်၊ အခုနဲ့ နောက် (၆) နှစ်Web Development က ဘာတွေ ပြောင်းလဲသွားမလဲ?၂၀၂၀ လောက်တုန်းက Web Developer တစ်ယ...
17/06/2026

📈 လွန်ခဲ့တဲ့ (၆) နှစ်၊ အခုနဲ့ နောက် (၆) နှစ်
Web Development က ဘာတွေ ပြောင်းလဲသွားမလဲ?

၂၀၂၀ လောက်တုန်းက Web Developer တစ်ယောက်ဖြစ်ချင်ရင် HTML, CSS, JavaScript သင်မယ်၊ jQuery သုံးမယ်၊ Bootstrap နဲ့ Website တွေ တည်ဆောက်မယ်ဆိုတာက လူသိများတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက Frontend တစ်ဖက်၊ Backend တစ်ဖက် ခွဲပြီး တည်ဆောက်ရတာ များသလို AI ကလည်း Developer တွေရဲ့ နေ့စဉ်အလုပ်ထဲမှာ မပါဝင်သေးပါဘူး။

အခု ၂၀၂၆ ကို ရောက်လာတဲ့အချိန်မှာတော့ အရာတွေ အများကြီး ပြောင်းလဲသွားပါပြီ။

Next.js, TypeScript လို နည်းပညာတွေ ပိုလူသုံးများလာတယ်။ Frontend နဲ့ Backend ကို တစ်နေရာတည်းမှာ စီမံနိုင်တဲ့ Framework တွေ ပိုခေတ်စားလာတယ်။ AI ကလည်း Developer တွေအတွက် Google လို နေ့စဉ်အသုံးပြုတဲ့ Tool တစ်ခု ဖြစ်လာပါတယ်။

ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတာက နောက် (၆) နှစ်အကြာ ၂၀၃၂ မှာ ဘာတွေ ဖြစ်လာမလဲဆိုတာပါ။

Framework အသစ်တွေ ထပ်ထွက်လာနိုင်တယ်။ AI က Code ရေးရာမှာ ပိုပြီး ကူညီလာနိုင်တယ်။ တချို့ အလုပ်တွေက အလိုအလျောက် ဖြစ်လာနိုင်တယ်။

ဒါပေမယ့် Developer တွေအတွက် အရေးကြီးဆုံး အရာတွေကတော့ သိပ်မပြောင်းလဲနိုင်ပါဘူး။

ပြဿနာတစ်ခုကို နားလည်နိုင်မှု၊ အဖြေရှာနိုင်မှု၊ နည်းပညာအသစ်တွေကို လေ့လာနိုင်မှုတွေက အမြဲတမ်း တန်ဖိုးရှိနေဦးမှာပါ။

ဘာကြောင့်လဲဆိုတော့ Tool တွေက ပြောင်းလဲနေတတ်ပေမယ့် တကယ်ကောင်းတဲ့ Developer တွေကို ခွဲခြားပေးတာက Tool မဟုတ်ဘဲ စဉ်းစားနိုင်စွမ်း ဖြစ်လို့ပါပဲ 💡





🎮 Gaming နဲ့ ProgrammingGamer တွေ Programming သင်ရင် ဘာလို့ ပိုလွယ်ကူတာလဲ?တကယ်တော့ Gamer ဖြစ်တာနဲ့ Developer ဖြစ်တာမှာ တ...
16/06/2026

🎮 Gaming နဲ့ Programming

Gamer တွေ Programming သင်ရင် ဘာလို့ ပိုလွယ်ကူတာလဲ?

တကယ်တော့ Gamer ဖြစ်တာနဲ့ Developer ဖြစ်တာမှာ တူညီတဲ့ အချက်တွေ အများကြီးရှိပါတယ်။

🎯 Quest တစ်ခုကို ပြီးအောင်လုပ်ရသလို

Programming မှာလည်း Feature တစ်ခု၊ Project တစ်ခုကို အဆင့်လိုက် ဖြေရှင်းရပါတယ်။

🧩 Puzzle ဖြေရှင်းရသလို

Game ထဲမှာ Mission တစ်ခု ပိတ်မိသွားရင် နည်းလမ်းရှာရပါတယ်။

Programming မှာလည်း Error တက်ရင် အကြောင်းရင်းကို ရှာပြီး ဖြေရှင်းရပါတယ်။

🔄 Retry လုပ်ရသလို

Game တစ်ခုမှာ Boss မနိုင်သေးရင် ထပ်ကြိုးစားရတယ်။

Programming မှာလည်း Code မအလုပ်လုပ်ရင် ပြန်ပြင်၊ ပြန်စမ်းပြီး အဖြေရှာရပါတယ်။

📈 Level တက်ရသလို

Game မှာ Level 1 ကနေ Level 100 ရောက်ဖို့ အချိန်ယူရသလို

Programming မှာလည်း Beginner ကနေ Professional ဖြစ်လာဖို့ အချိန်ယူရပါတယ်။

တကယ်တော့ Programming က Genius တွေအတွက် မဟုတ်ပါဘူး။

🎮 မရှုံးမချင်း ပြန်ကြိုးစားတတ်တဲ့ Gamer စိတ်ဓာတ်ရှိရင် Programming မှာလည်း အောင်မြင်နိုင်ပါတယ် 🚀

💬 Comment မှာ ပြောခဲ့ပါဦး...

အကြိုက်ဆုံး Game က ဘာလဲ? 🎮

🎯 Coding ကို မြန်မြန်တတ်ချင်ရင် ဒီ (၁) ချက် လုပ်ပါ"ကြည့်တာထက် လုပ်ပါ"Beginner တော်တော်များများက Video တွေ အများကြီးကြည့်...
15/06/2026

🎯 Coding ကို မြန်မြန်တတ်ချင်ရင် ဒီ (၁) ချက် လုပ်ပါ

"ကြည့်တာထက် လုပ်ပါ"

Beginner တော်တော်များများက Video တွေ အများကြီးကြည့်နေကြပါတယ်။

1 Hour Tutorial ကြည့်တယ်။
နားလည်သလိုလည်း ခံစားရတယ်။

ဒါပေမယ့် နောက်နေ့ ပြန်ရေးခိုင်းလိုက်ရင်...

"ဘယ်ကစရမလဲ?" 🤔

ဆိုတဲ့ အခြေအနေကို ရောက်သွားတတ်ပါတယ်။

တကယ်တော့ Coding မှာ သင်ယူမှုအများစုက ကြည့်နေရင်း မဟုတ်ပါဘူး။

ကိုယ်တိုင် လုပ်နေရင်း ဖြစ်တာပါ။

Error တက်မယ်။
မသိတာတွေ့မယ်။
Google ခေါက်ရမယ်။

ဒါပေမယ့် အဲ့ဒီအချိန်တွေကပဲ တကယ်တိုးတက်တဲ့ အချိန်တွေ ဖြစ်ပါတယ် 🚀

💡 Coding ကို မြန်မြန်တတ်ချင်ရင်

"Tutorial ကြည့်တာ" ထက်
"Project လုပ်တာ" ကို ပိုလုပ်ပါ။

😅 Developer တွေမုန်းတဲ့ စကား"Website လေးပဲဟာ...""AI နဲ့ လုပ်လိုက်လေ...""ဒီ Button လေး ပြင်တာ ဘာကြာလို့လဲ..."Developer တွ...
13/06/2026

😅 Developer တွေမုန်းတဲ့ စကား

"Website လေးပဲဟာ..."

"AI နဲ့ လုပ်လိုက်လေ..."

"ဒီ Button လေး ပြင်တာ ဘာကြာလို့လဲ..."

Developer တွေဆို ဒီစကားတွေ ကြားဖူးမှာ သေချာပါတယ် 😂

တစ်ခါတလေ "Button လေး" ဆိုပေမယ့်
နောက်ကွယ်မှာ Code တွေ၊ Testing တွေ၊ Bug တွေ အများကြီး ရှိနေနိုင်ပါတယ် 😆

💬 Comment မှာ Developer တစ်ယောက်အနေနဲ့

"အများဆုံး မုန်းတဲ့ စကား" တစ်ခု ရေးခဲ့ပါဦး 👇

ကြည့်ရအောင် ဘယ်စကားက Champion ဖြစ်မလဲ 😅




ကဲ..Creative Coder ကို Emoji သုံးခုနဲ့ဖော်ပြရမယ်ဆိုရင်..
11/06/2026

ကဲ..Creative Coder ကို Emoji သုံးခုနဲ့ဖော်ပြရမယ်ဆိုရင်..

Address

Yangon
10011

Alerts

Be the first to know and let us send you an email when Creative Coder Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Creative Coder Myanmar:

Share