26/03/2026
PC Second တစ်လုံး ဆင်တော့မယ် ဆိုရင် ??? 🧐
ဟုတ်ပါတယ် အခုချိန် Computer ဈေးတွေ မိုးပေါ်ရောက်နေချိန်မှာ ကိုယ့်အနေနဲ့ PC ကောင်းကောင်းတစ်လုံး ဆင်ဖို့ကလဲလိုအပ်နေပြီ လက်ထဲမှာရှိတဲ့ Budget ကလဲ အသစ်ဆင်ရင် Office Built လောက်ပဲ တတ်နိုင်မယ် ဆိုတော့ကာ Second Market ကနေ PC တစ်လုံးဆင်မယ် ဆိုရင် လက်ရှိတဲ့ Budget နဲ့ဆို Performance ကောင်းကောင်း PC တစ်လုံး ရနိုင်ပါတယ်
သို့ပေမဲ့…
Second ပစ္စည်းဆိုတာနဲ့ PC အသစ်တစ်လုံး ဆင်လိုက်တာထက် စဉ်းစားရမယ် အချက်တွေ အများကြီးပါလာပါပြီ
၁။ ရေရှည်ခံပါ့မလား။
၂။ အသစ်လောက်ရော Performance ထွက်ပါ့ဦးမလား။
၃။ အာမခံရော ရှိပါ့မလား။
၄။ After Sale Service ရောကောင်းပါ့မလား။
၅။ Second PC ရောင်းတဲ့သူကိုယ်တိုင်ကရော Center ကြီးတွေက Technician တွေလောက် ကျွမ်းကျင်ပါ့မလား။
၆။ ဆင်ပီးမှ ကိုယ်သုံးမဲ့ software တွေနဲ့ အဆင်ပြေပါ့မလား၊ စက်ကမနိုင်လို့ ပိုက်ဆံထပ်စိုက်ပြီး CPU GPU တွေ Upgrade ထပ်လုပ်နေရင်ရော??
စတဲ့ အခြားခြားသော အချက်တွေကိုလဲ မိတ်ဆွေ စဉ်းစားမိမှာ အမှန်ပဲ ဒါဖြစ်သင့်တဲ့ ကိစ္စပါ
အခုကျနော်က ဒီအချက်တွေကို ဘယ်လိုဂရုပြုရှောင်ရှားရမယ် ဘယ်လိုရွေးချယ်ရမယ်ဆိုတာတွေကို ပြောပြပေးမှာြဖစ်ပါတယ်
အဲ့တော့ ကျနော်ရဲ့ Page လေးကို လဲ like & follow လေးလုပ်ခဲ့ဖို့လဲ မမေ့ပါနဲ့
၁။ ရေရှည်ခံပါ့မလား။
စက်ပစ္စည်းတိုင်းကတော့ အသစ်ရော အဟောင်းရော ပျက်တတ်ပါတယ် Second ကတော့ ပိုဆိုးတာပေါ့ဗျာ။ ယျေဘုယျ အားဖြင့်တော့ ထွက်ထားတာမကြာသေးတဲ့ Generation အမြင့်တွေထဲက ရွေးချယ်ရင်တော့ ပိုပီးကြာကြာခံဖို့ ရာခိုင်နှုန်းများပါတယ်။ နောက် ပြုပြင်ထားတဲ့ ပစ္စည်းမဖြစ်ဖို့လဲ အရေးကြီးပါတယ်။ ကိုယ်တိုင် ဒီအချက် ၂ခုကို မရွေးချယ်တတ်ရင် နားလည်တဲ့ သူတွေကို မေးတာ အကောင်းဆုံးပါပဲ။
၂။ အသစ်လောက်ရော Performance ထွက်ပါ့ဦးမလား။
ဒီအချက်က ပထမအချက်နဲ့ သက်ဆိုင်ပါတယ် Generation မြင့်တဲ့ computer parts တွေက သိပ်အသုံးမပြုထားရသေးတဲ့အတွက် Performance နဲ့ Heat issue ကို သိပ်ထည့်စဉ်းစားစရာမလိုသေးပါဘူး။ ဒါပေမဲ့ မိတ်ဆွေက Budget အနေထားအရ Generaton နိမ်တဲ့ Parts တွေကို သုံးရတော့မယ် ဆိုရင်တော့ Physical Condition သန့်မသန့်၊ SSD HDD GPU တို့ဆိုရင်လဲ Software တွေနဲ့ Health Performance Heat Issue FPS တွေကို စစ်နိုင်ပါတယ်။ လိုအပ်ရင်တော့ Youtube ကနေ နည်းလမ်းတွေ ရှာကြည့်လို့ရပါတယ်။ ကျနော့်ကိုလဲ CB ကနေလာပီး မေးမြန်းအကူညီ အခမဲ့ ရယူနိုင်ပါတယ်။
၃။ အာမခံရော ရှိပါ့မလား။
Second ပစ္စည်းတွေမှာတော့ များသောအားဖြင့် ရောင်းသူရဲ့ အာမခံပေးမှုတွေက မတူကြပါဘူး ဈေးနည်းနည်းနဲ့ရောင်းရင် အာမခံနည်းတတ်သလို အာမခံများများပေးပီး အမြတ်များများ လဲတင်ထားတတ်ကြပါတယ်။ ချွင်းချက်အနေနဲ့ အသစ်ဆိုင် Warranty ကျန်သေးတဲ့ Second ပစ္စည်းတွေလဲ တွေ့ရတတ်ပါတယ်။
၄။ After Sale Service ရောကောင်းပါ့မလား။
ဒါကတော့ သင့်နဲ့လုံးဝ မဆိုင်တော့ပါဘူး။ ရောင်းတဲ့ဆိုင်နဲ့ အများကြီးသက်ဆိုင် သွားပါပီ။ တစ်ခါဆက်ဆံ တစ်သက်လန်သွားတဲ့ ဆိုင်တွေ ရှိသလို ပစ္စည်း error ကို ဆိုင်နဲ့ သင့်ကြားက error ဖြစ်မသွားစေပဲ အကောင်းဆုံး တာဝန်ယူပေးနေတဲ့ ဆိုင်တွေ အများကြီးရှိပါတယ်။ အဲ့တာကိုတော့ Second pc ရောင်းဝယ်ရေး Group တွေထဲမှာ ဝင်ပီး ရှာကြည့်လို့ရပါတယ်။ ရေရှည်ရပ်တည်မဲ့ သူတွေက ဘယ်တော့မှ နာမည်တစ်လုံးကို အပျက်မခံပါဘူး။
၅။ Second PC ရောင်းတဲ့သူကိုယ်တိုင်ကရော Center ကြီးတွေက Technician တွေလောက် ကျွမ်းကျင်ပါ့မလား။
မိတ်ဆွေရဲ့ အလုပ်ကို မအပ်ခင် အဲ့ဆိုင်က အချိန်ဘလောက်ကြာအောင် ရပ်တည်လာတဲ့ ဆိုင်လဲ။ အရင်လက်ခံထားတဲ့ အလုပ်တွေကို လေ့လာကြည့်ပါ မေးမြန်းကြည့်ပါ လည်လည်ပတ်ပတ် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ရင်တော့ မိတ်ဆွေ အတွက် အဖြေတစ်ခု ရလာနိုင်ပါတယ်။
၆။ ဆင်ပီးမှ ကိုယ်သုံးမဲ့ software တွေနဲ့ အဆင်ပြေပါ့မလား၊ ဆင်ပီးကာမှ စက်ကမနိုင်လို့ ပိုက်ဆံထပ်စိုက်ပီး CPU GPU တွေ Upgrade ထပ်လုပ်နေရင်ရော??
ဆိုင်ဘက်က တွက်ပြတဲ့ Specification နဲ့ မိတ်ဆွေ သုံးမဲ့ Software Version တွေကို သက်ဆိုင်ရာ Software Website တွေမှာ Minimum requirement တွေကို စစ်ဆေးနိုင်ပါတယ်။ ဒါမှမဟုတ် Ai တွေမှာ လဲ အလွယ်တကူ မေးနိုင်ပါတယ်။
အဲ့အချက်တွေ အားလုံးကို မိတ်ဆွေ စဉ်းစားမိချင်လဲ မိလိမ့်မယ် သတိမထားမိတာလဲဖြစ်နိုင်တယ်
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ မိတ်ဆွေ ရဲ့လိုအပ်ချက်တွေကို ကျွန်တော်တို့ EZ Solve Computer မှ လိုလေသေးမရှိအောင် အတတ်နိုင်ဆုံး စီမံ အကြံပြုရင်း တပ်ဆင်ပေးနေပါတယ်
မိတ်ဆွေက စက်ဆင်ဖို့ စိတ်ကူးနေတုန်း Budget ကလက်ထဲမပြည့်သေးပေမဲ့လည်း ကျနော်တို့ EZ Solve မှာ အခမဲ့ လာရောက် အကြံဉာဏ်တောင်းခံနိုင်ပါတယ်