Marga Global Telecom Myanmar

Marga Global Telecom Myanmar PREMIUM Telecommunications' Services
EXCELLENT Customer Care and Support
QUALITY Infrastructure

အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် မြန်ဆန်တည်ငြိမ်တဲ့ အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုချင်တယ်ဆိုရင်တော့ Marga Global T...
04/08/2026

အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် မြန်ဆန်တည်ငြိမ်တဲ့ အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုချင်တယ်ဆိုရင်တော့ Marga Global Telecom ရဲ့ SME Internet Package ကို ရွေးချယ်လိုက်ပါ။

August အထူးပရိုမိုးရှင်းအနေနဲ့ SME Internet 100 Mbps Package တပ်ဆင်သူများအတွက် ၁ လစာ အင်တာနက်ဝန်ဆောင်မှုကို အခမဲ့ပေးအပ်နေပါတယ်။

အထူးအခွင့်အရေးကို လက်မလွတ်ရအောင် ဒီလမကုန်ခင် အမြန်ဆုံးဆက်သွယ်ပြီး တပ်ဆင်လိုက်တော့နော်။

📞 Sales Hotline – 01 4700 777

ဝါဆိုလပြည့်နေ့ အခါသမယတွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ Marga Global Telecom မှ လူကြီးမင်းတို့ မိသားစုဝင်များအားလု...
29/07/2026

ဝါဆိုလပြည့်နေ့ အခါသမယတွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။

Marga Global Telecom မှ လူကြီးမင်းတို့ မိသားစုဝင်များအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ငြိမ်းချမ်းပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

#ဝါဆိုလပြည့်နေ့

WiFi ချိတ်လိုက်တဲ့အခါ နောက်ကွယ်မှာ ဘာတွေဖြစ်သွားလဲ? WiFi ကို Connect နှိပ်လိုက်တာနဲ့ Internet တန်းရသွားသလို ထင်ရပေမယ့် အ...
25/07/2026

WiFi ချိတ်လိုက်တဲ့အခါ နောက်ကွယ်မှာ ဘာတွေဖြစ်သွားလဲ?

WiFi ကို Connect နှိပ်လိုက်တာနဲ့ Internet တန်းရသွားသလို ထင်ရပေမယ့် အဲ့ဒီမတိုင်ခင် သင့်ရဲ့ ဖုန်း / Laptop ကနေ အလိုအလျောက် လုပ်ဆောင်တဲ့ အဆင့်တွေ အများကြီးရှိပါတယ်။

WiFi Signal ကို စရှာခြင်း
ပထမဆုံး သင့်ရဲ့ ဖုန်း / Laptop က အနီးအနားမှာရှိတဲ့ WiFi Signal တွေကို စရှာပါတယ်။
အဲ့ဒီအချိန်မှာ WiFi နာမည် (SSID)၊ Signal အားကောင်းမှု (Signal Strength) နဲ့ Security Type (Password လို/မလို) စတဲ့ အချက်အလက်တွေကို ဖတ်ယူပါတယ်။

ချိတ်ချင်တဲ့ WiFi (SSID) ကို ရွေးပြီး စချိတ်ခြင်း
သင်ချိတ်ချင်တဲ့ WiFi နာမည်ကို နှိပ်လိုက်တဲ့အခါ သင့်ဖုန်း / Laptop က Router ဆီကို “ဒီ WiFi ကို ချိတ်ချင်ပါတယ်” ဆိုတဲ့ Request ကို ပို့ပါတယ်။
Router ကလည်း ချိတ်ဆက်ခွင့်ရှိ၊ မရှိကို စစ်ဆေးဖို့ ပြင်ဆင်ပါတယ်။

Password မှန်ကန်မှု စစ်ဆေးခြင်း
Password ထည့်လိုက်တဲ့အခါ Router က Password မှန်၊ မမှန်ကို စစ်ဆေးပါတယ်။
မှန်ကန်ရင် Router နဲ့ သင့်ဖုန်း / Laptop ကြားမှာ လုံခြုံတဲ့ (Secure) Connection တစ်ခုကို ဖန်တီးပေးပါတယ်။
Password မှားရင်တော့ ချိတ်ဆက်လို့ မရပါဘူး။

IP Address ရယူခြင်း
ချိတ်ဆက်မှု အောင်မြင်သွားတဲ့နောက် Router က သင့်ဖုန်း / Laptop ကို Network ထဲမှာ အသုံးပြုဖို့ IP Address တစ်ခု သတ်မှတ်ပေးပါတယ်။
ဒါမှ Internet ကို ကောင်းကောင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Internet Data ပို့/လက်ခံခြင်း
အခုချိန်ကစပြီး သင့်ဖုန်း / Laptop နဲ့ Router ကြားမှာ WiFi Radio Signal ကို အသုံးပြုပြီး Data တွေ အပြန်အလှန် ပို့ဆောင်ပါတယ်။
Router ကနေတစ်ဆင့် Internet ကို ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။

Connection ကို တည်ငြိမ်အောင် ထိန်းသိမ်းခြင်း
Internet အသုံးပြုနေတဲ့အချိန် Router က Signal Strength၊ Channel နဲ့ Data Traffic တွေကို အလိုအလျောက် စီမံခန့်ခွဲပေးပြီး Connection ကို တည်ငြိမ်အောင် ထိန်းပေးပါတယ်။

အကျဉ်းချုပ်ဆိုရရင် WiFi Connect ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ သင့်ရဲ့ ဖုန်း / Laptop က Signal ရှာခြင်း → WiFi ရွေးချယ်ခြင်း → Password စစ်ဆေးခြင်း → IP Address ရယူခြင်း → Data ပို့/လက်ခံခြင်း ဆိုတဲ့ လုပ်ငန်းစဉ်တွေကို စက္ကန့်ပိုင်းအတွင်း အလိုအလျောက် လုပ်ဆောင်ပြီးမှ Internet ကို အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

AI Tools တွေဖြစ်တဲ့ ChatGPT, Gemini, Copilot, AI Image Generator တွေကို အသုံးပြုတဲ့အခါ Internet Connection က အရေးကြီးတဲ့...
22/07/2026

AI Tools တွေဖြစ်တဲ့ ChatGPT, Gemini, Copilot, AI Image Generator တွေကို အသုံးပြုတဲ့အခါ Internet Connection က အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုပါ။

AI Tools အများစုဟာ Cloud-based ဖြစ်တာကြောင့် Request တွေကို Server ဆီ ပို့ပြီး Response ပြန်ရယူရပါတယ်။ Internet နှေးနေရင် —

Response ထွက်ဖို့ စောင့်ရချိန်ကြာမယ်
AI-generated Image တွေ ထွက်ဖို့ အချိန်ပိုယူမယ်
Video AI Tools တွေ Lag ဖြစ်နိုင်မယ်

AI Chat နှင့် Writing Tools အတွက် အနည်းဆုံး 25 Mbps လောက်ရှိရင် အသုံးပြုနိုင်ပေမယ့် Professional Usage နဲ့ Multiple Devices အသုံးပြုတဲ့ အခြေအနေတွေမှာ 100 Mbps နှင့်အထက် မြန်နှုန်းရှိတဲ့ Connection က ပိုမိုသင့်တော်ပါတယ်။

Marga Global Telecom ရဲ့ မြန်ဆန်ပြီး ယုံကြည်စိတ်ချရတဲ့ Internet Service နဲ့ AI ခေတ်ရဲ့ Productivity ကို အကောင်းဆုံး မြှင့်တင်လိုက်ပါ။

Dedicated Internet Access (DIA) vs FTTH Internet – သင့်လုပ်ငန်းအတွက် ဘယ်တစ်ခုက ပိုသင့်တော်မလဲ?ယနေ့ခေတ် လုပ်ငန်းတိုင်းအတွ...
11/07/2026

Dedicated Internet Access (DIA) vs FTTH Internet – သင့်လုပ်ငန်းအတွက် ဘယ်တစ်ခုက ပိုသင့်တော်မလဲ?

ယနေ့ခေတ် လုပ်ငန်းတိုင်းအတွက် မြန်ဆန်ပြီး တည်ငြိမ်တဲ့ Internet Connection ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမယ့် Dedicated Internet Access (DIA) နဲ့ FTTH Internet က ဘာကွာလဲ? သင့်လုပ်ငန်းအတွက် ဘယ်တစ်ခုကို ရွေးချယ်သင့်လဲ?

🔹 Dedicated Internet Access (DIA)
Dedicated Internet Access (DIA) ဆိုတာ သင့်လုပ်ငန်းအတွက် သီးသန့် Bandwidth ပေးထားတဲ့ Internet Service ဖြစ်ပြီး အခြားအသုံးပြုသူတွေနဲ့ မျှဝေသုံးစွဲရတာ မရှိပါဘူး။
၎င်းအပြင် သာမန် FTTH လိုင်းများကဲ့သို့ မဟုတ်ဘဲ Core Network မှ သင့်ရုံးခန်းအရောက် Cable ကြိုးကိုပါ တိုက်ရိုက် သီးသန့် (Dedicated Cable) ဆွဲပေးထားခြင်း ဖြစ်ပါတယ်။ သာမန် FTTH စနစ်မှာ ကြားထဲက Node လေးတွေ Down ရင် မိမိလိုင်းပါ လိုက်ပြတ်တောက်တဲ့ Impact ရှိနိုင်သော်လည်း၊ DIA ကတော့ တိုက်ရိုက်လိုင်း (Point-to-Point) ဖြစ်လို့ အဲဒီလို ပြဿနာမျိုးတွေကနေ ရာနှုန်းပြည့် ကင်းဝေးစေပါတယ်။

အားသာချက်များ
✅ သတ်မှတ်ထားတဲ့ Bandwidth ကို အပြည့်အဝရရှိနိုင်ခြင်း
✅ Upload / Download Speed တည်ငြိမ်ခြင်း
✅ Video Conference၊ Cloud Application နှင့် Online Service များကို ချောမွေ့စွာ အသုံးပြုနိုင်ခြင်း

🔹FTTH Internet
FTTH Internet ဆိုတာ Bandwidth ကို အသုံးပြုသူများအကြား မျှဝေသုံးစွဲရတဲ့ Internet Service ဖြစ်ပါတယ်။

အားသာချက်များ
✅ ကုန်ကျစရိတ် သက်သာခြင်း
✅ Web Browsing၊ Email နှင့် ပုံမှန်ရုံးလုပ်ငန်းများအတွက် သင့်တော်ခြင်း
သို့သော် အသုံးပြုသူများတဲ့ အချိန်များတွင် Internet Speed အနည်းငယ် ကျဆင်းနိုင်ပါတယ်။

Marga Global Telecom ရဲ့ Dedicated Internet Access (DIA) Service နဲ့ လုပ်ငန်းအတွက် အထူးသီးသန့် Internet Bandwidth ကို ရရှိနိုင်ပြီး မြန်ဆန်တည်ငြိမ်သော ချိတ်ဆက်မှုကို ရယူနိုင်ပါပြီ။

အသေးစား နဲ့ အလတ်စား လုပ်ငန်းသုံး အင်တာနက်ဝန်ဆောင်မှုအပေါ်မှာ July လ အထူးပရိုမိုးရှင်းအနေနဲ့ ၁ လ အခမဲ့ အင်တာနက် ကို SME အ...
07/07/2026

အသေးစား နဲ့ အလတ်စား လုပ်ငန်းသုံး အင်တာနက်ဝန်ဆောင်မှုအပေါ်မှာ July လ အထူးပရိုမိုးရှင်းအနေနဲ့ ၁ လ အခမဲ့ အင်တာနက် ကို SME အင်တာနက် 100 Mbps တပ်ဆင်သူများအတွက် ပေးထားတာကြောင့် ဒီလမကုန်ခင်လေး တပ်ဆင်လို့ရအောင် အခုပဲ ဆက်သွယ်လိုက်နော်။

Sales Hotline 01 4700 777မှတဆင့် အသေးစိတ် မေးမြန်းနိုင်ပါတယ်။

လူကြီးမင်းတို့ရဲ့ မိသားစုအတွက် ပြီးပြည့်စုံတဲ့ အိမ်သုံး သီးသန့်အင်တာနက်ကို အမြန်ဆုံးတပ်ဆင်ပေးလျက်ရှိနေပါတယ်။ အခု ဇူလိုင်...
06/07/2026

လူကြီးမင်းတို့ရဲ့ မိသားစုအတွက် ပြီးပြည့်စုံတဲ့ အိမ်သုံး သီးသန့်အင်တာနက်ကို အမြန်ဆုံးတပ်ဆင်ပေးလျက်ရှိနေပါတယ်။

အခု ဇူလိုင်လအတွက် အတန်ဆုံး ပရိုမိုးရှင်းလေးကတော့ အိမ်သုံးသီးသန့်အင်တာနက် 50 Mbps ကို ၁ လ အခမဲ့ အင်တာနက် ပေးထားတာပဲ ဖြစ်ပါတယ်။ ဒီပရိုမိုးရှင်းလေးက လကုန်အထိပဲ မို့လို့ အမြန်ဆုံးလေး ရယူဖို့ ဖုန်းနံပါတ် 01 4700 777 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

လူကြီးမင်းရဲ့ လုပ်ငန်းများနဲ့ ပက်သက်ပြီး လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ရည်မှန်းချက်များကို ထိရောက်စွာ အောင်မြင်စေဖို့အတွက် Ma...
02/07/2026

လူကြီးမင်းရဲ့ လုပ်ငန်းများနဲ့ ပက်သက်ပြီး လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ရည်မှန်းချက်များကို ထိရောက်စွာ အောင်မြင်စေဖို့အတွက် Marga Global Telecomရဲ့ လုပ်ငန်းသုံး အင်တာနက် နဲ့ မိတ်ဆက်ပေးပါရစေ။

အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် SME Business Internet package များကို 65 Mbps မှစ၍ ဝန်​ဆောင်မှု​ပေးလျက်ရှိပါတယ်။

Marga Global Telecom ရဲ့ လျှင်မြန်ပြီး စိတ်ချရတဲ့ SME business internet နဲ့ အခုပဲ ဆက်သွယ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို ပြိုင်ဘက်မရှိအဆင့််သို့ မြှင့်တင်လိုက်ပါ။

အသေးစိတ် သိရှိနိုင်ရန် ၀၁ ၄၇၀၀ ၇၇၇ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

AI ဆိုတာ ChatGPT တစ်ခုတည်းမဟုတ်ပါဘူး။ သင့်ရဲ့ နေ့စဉ်အသုံးပြုနေတဲ့ App တွေနဲ့ Services တွေအတွင်းမှာ AI နည်းပညာတွေ ပါဝင်နေ...
26/06/2026

AI ဆိုတာ ChatGPT တစ်ခုတည်းမဟုတ်ပါဘူး။ သင့်ရဲ့ နေ့စဉ်အသုံးပြုနေတဲ့ App တွေနဲ့ Services တွေအတွင်းမှာ AI နည်းပညာတွေ ပါဝင်နေပြီး အလုပ်တွေကို ပိုမိုလွယ်ကူစေပါတယ်။
နေ့စဉ်ဘဝမှာ AI ကို အသုံးပြုနေကြပေမယ့် သတိမထားမိတဲ့ AI Tools (၇) မျိုး

📱 Smart Keyboard – စာရိုက်နေချိန်မှာ နောက်ထပ်ရိုက်မယ့် စကားလုံးကို ခန့်မှန်းပေးပြီး Auto Correct နဲ့ Typing Speed ကို ပိုမိုမြန်ဆန်စေပါတယ်။

🔍 Google Search & Lens – မေးခွန်းတွေကို ပိုမိုတိကျစွာ ရှာဖွေပေးရုံသာမက၊ ဓာတ်ပုံတစ်ပုံရိုက်ပြီး ပစ္စည်း၊ အပင်၊ နေရာတွေကို မှတ်သားပေးခြင်း၊ ဘာသာပြန်ပေးခြင်းတို့ကို AI နဲ့ လုပ်ဆောင်ပေးပါတယ်။

✉️ Gmail Smart Features – Smart Reply, Smart Compose နဲ့ Spam Filter တို့ကို AI က ထောက်ပံ့ပေးတာကြောင့် Email ပြန်ရေးတာ ပိုမိုမြန်ဆန်လာပြီး မလိုလားအပ်တဲ့ Spam Mail တွေကိုလည်း အလိုအလျောက် စစ်ထုတ်ပေးပါတယ်။

🎵 Spotify & YouTube Music – သင်နားထောင်လေ့ရှိတဲ့ သီချင်းအမျိုးအစား၊ Artist နဲ့ Playlist တွေကို လေ့လာပြီး သင်နှစ်သက်နိုင်မယ့် သီချင်းအသစ်တွေကို AI က အကြံပြုပေးပါတယ်။

📲 Social Media Feeds – Facebook, Instagram, TikTok နဲ့ YouTube တို့မှာ သင်ကြည့်ရှုထားတဲ့ Content တွေအပေါ် အခြေခံပြီး သင်စိတ်ဝင်စားနိုင်တဲ့ Posts, Videos နဲ့ Reels တွေကို AI က ရွေးချယ်ဖော်ပြပေးပါတယ်။

✍️ Grammarly – Email၊ Report ဒါမှမဟုတ် Social Media Caption ရေးတဲ့အခါ Grammar, Spelling နဲ့ Writing Style တွေကို AI က စစ်ဆေးပေးပြီး ပိုမိုပရော်ဖက်ရှင်နယ် ဖြစ်စေပါတယ်။

💬 ChatGPT & AI Assistants – အကြံဉာဏ်တောင်းခြင်း၊ စာရေးသားခြင်း၊ ဘာသာပြန်ခြင်း၊ အလုပ်နဲ့ သင်ယူမှုဆိုင်ရာ အကူအညီများ ရယူခြင်းအတွက် AI Assistant တွေက လျင်မြန်ပြီး ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ပါတယ်။

AI ဟာ အနာဂတ်နည်းပညာ မဟုတ်တော့ပါဘူး။ ယနေ့နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပါပြီ။ 🚀

Address

Corner Of Kabar Aye Pagoda Road And Kanbe Road, Shop 5, The Central Boulevard, Yankin Township
Yangon
11081

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+9514700777

Alerts

Be the first to know and let us send you an email when Marga Global Telecom Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Marga Global Telecom Myanmar:

Shortcuts

Share