Deep Blue AI Lab

Deep Blue AI Lab Open-Source Robotics for Myanmar - OSRM

Neural Network မှာ ရှိတဲ့ Activation function တစ်ခု ဘယ်လိုအလုပ်လုပ်သလဲ။ Neural Network အကြောင်းပြောတဲ့အခါ Layer, Weight,...
20/08/2026

Neural Network မှာ ရှိတဲ့ Activation function တစ်ခု

ဘယ်လိုအလုပ်လုပ်သလဲ။

Neural Network အကြောင်းပြောတဲ့အခါ

Layer,
Weight,
Bias,

Neuron စတဲ့စကားလုံးတွေကို

မကြာခဏ ကြားရပါတယ်။

ဒါတွေက Neural Network ရဲ့ အစိတ်အပိုင်းတွေပါပဲ။

ဒါပေမယ့် ရှုပ်ထွေးတဲ့ Data Pattern တွေကို သင်ယူနိုင်အောင်
ကူညီပေးနေတဲ့ အစိတ်အပိုင်းတစ်ခုကတော့

Neural Network ထဲက အဓိကကျတဲ့
Activation Function လို့ခေါ်တဲ့ကောင်ပဲဖြစ်ပါတယ်။

ဒါဆို Activation Function က ဘာလုပ်ပေးတာလဲ?

Neuron တစ်ခုက သူ့ဆီကိုဝင်လာတဲ့
Input တွေကို Weight တွေနဲ့မြှောက်ပြီး
စုစုပေါင်းတွက်ချက်ပါတယ်။

အဲဒီနောက် Bias ကိုထည့်ပါတယ်။
သင်္ချာနည်းအရဆိုရင်တော့ အောက်က ညီမျှခြင်းပုံစံလို့ နားလည်လို့ရပါတယ်။

အလယ်တန်း သင်ရိုးမှာသင်ရတဲ့ straight line formula ကိုပဲ မြင်လိုက်လို့ရပါတယ်။

z = w₁x₁ + w₂x₂ + ... + b

ပြီးတဲ့အခါ ရလာတဲ့တန်ဖိုးကို
Activation Function ထဲထည့်ပြီး ပြောင်းလဲပေးပါတယ်။
ရလာတဲ့ Output ကိုတော့ နောက် Layer ဆီ ဆက်ပို့ပေးပါတယ်။
ဒါက hidden layer တိုင်းမှာ အလုပ်လုပ်နေတဲ့ ပုံစံပါပဲ။

Activation Function ဘာကြောင့်လိုအပ်တာလဲ?

Activation Function မသုံးဘူးဆိုရင်
Neural Network မှာ Layer တွေ
အများကြီးရှိနေရင်တောင်

Model တစ်ခုလုံးဟာ အခြေခံအားဖြင့်
Linear Model တစ်ခုလိုပဲ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်။

လက်တွေ့ဘဝမှာ ရှိနေတဲ့ data အချက်အလက်တွေက အများကြီး ရှုပ်ထွေးပြီး linear လို တဖြောင့်တည်း မသွားပါဘူး။

ဒါကြောင့် ရှုပ်ထွေးတဲ့ Relationship တွေ၊ Data Pattern တွေကို သင်ယူနိုင်မှာမဟုတ်ပါဘူး။

Activation Function က Non-linearity သဘောတရားကို Neural Network ထဲ ထည့်ပေးပါတယ်။

=-=-=-=-=-=-

Non-linearity ကြောင့် Neural Network တွေဟာ
ရှုပ်ထွေးတဲ့ Data Pattern တွေကို သင်ယူနိုင်လာပါတယ်။

အဲ့ဒါကြောင့်ပဲ Neural Network တွေကို

- ပုံတွေကို ခွဲခြားသိမြင်နိုင်တာမျိုး၊
- Natural Language Processing (NLP) နဲ့
- speech recognition စတဲ့ တခြား မြောက်မြားစွာသော
- AI Applications တွေမှာ အသုံးပြုနိုင်လာတာဖြစ်ပါတယ်။

Activation Function တွေရဲ့ output range ကရော?

Activation Function အမျိုးအစားပေါ်မူတည်ပြီး Input တန်ဖိုးတွေကို မတူညီတဲ့ပုံစံတွေနဲ့ Transform လုပ်ပေးပါတယ်။

Sigmoid ကို သုံးရင် Output ကို 0 နဲ့ 1 ကြားအတွင်း ရရှိစေပါတယ်။

Tanh ဆိုရင်တောါ Output ကို -1 နဲ့ 1 ကြားအတွင်း ရရှိစေပါတယ်။

ReLU → Negative Value တွေကို 0 အဖြစ်ပြောင်းပြီး Positive Value တွေကို ဆက်လက်ပေးပို့ပါတယ်။

ဥပမာအားဖြင့် ပြောရင်တော့

ReLU(x) = max(0, x)

ဒါလေးက အရမ်းရိုးရှင်းပေမယ့် ReLU ဟာ Deep Learning မှာ အသုံးများတဲ့ Activation Function တစ်ခုဖြစ်ပါတယ်။

Neural Network တစ်ခုလုံးမှာ Activation Function တစ်မျိုးတည်းပဲ သုံးရမှာလား?

ဒါလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

Hidden Layers တွေမှာ Activation Function တစ်မျိုးတည်းကို
အသုံးများပေမယ့် Layer တိုင်းမှာ
မဖြစ်မနေ Activation Function တစ်မျိုးတည်းကို
သုံးရမယ်လို့ သတ်မှတ်ထားတာ မရှိပါဘူး။

ဥပမာ Hidden Layers တွေမှာ

ReLU ကို အသုံးပြုပြီး
Output Layer မှာ Problem အမျိုးအစားပေါ်မူတည်ပြီး
Sigmoid ဒါမှမဟုတ် Softmax ကို အသုံးပြုနိုင်ပါတယ်။

ဒါကြောင့်

“ဘယ် Activation Function က အကောင်းဆုံးလဲ?”

ဆိုတာထက်

“ဒီ Problem နဲ့ ဒီ Layer အတွက် ဘယ် Activation Function က သင့်တော်လဲ?”

ဆိုတာက ပိုအရေးကြီးပါတယ်။

Real-world AI မှာ ဘာကြောင့်အရေးကြီးတာလဲ?

Activation Function ရွေးချယ်မှုက
Model ရဲ့
- Learning Process,
- Gradient Behavior နဲ့
- Performance တွေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

ရှင်းရှင်း ပြောရရင်တော့
Activation Function က Neural Network အတွက်
ရှုပ်ထွေးတဲ့ Data Pattern တွေကို သင်ယူနိုင်အောင်

ကူညီပေးတဲ့ အဓိက အစိတ်အပိုင်း တစ်ခုပါပဲ။

နောက်တစ်ဆင့်မှာတော့ Sigmoid, Tanh, ReLU, Softmax စတဲ့ Activation Function တစ်ခုချင်းစီရဲ့ Mathematics, အားသာချက်/အားနည်းချက်တွေနဲ့

ဘယ်အချိန်မှာ ဘယ် Function ကို ရွေးချယ်ပြီး အသုံးပြုကြရမလဲဆိုတာကို ဆက်ပြီး လေ့လာကြရအောင်။

MOE Network ကိုလေ့လာချင်တယ်ဆိုရင် AI Agent တွေရဲ့ အလုပ်လုပ်ပုံသိထားပြီးသားသူက LangChain/LangGraph တို့ကိုလေ့လာထားဖို့လို...
13/08/2026

MOE Network ကိုလေ့လာချင်တယ်ဆိုရင် AI Agent တွေရဲ့ အလုပ်လုပ်ပုံသိထားပြီးသားသူက LangChain/LangGraph တို့ကိုလေ့လာထားဖို့လိုတယ် ဒါမှ Multi-Agent Orchrastraction အတွက် pipeline တည်ဆောက်နိုင်မှာပါ။

ကျွန်တော်တို့ နေ့တိုင်းသုံးနေတဲ့

OpenSource AI Model တွေ​ (ဥပမာ-deepseek, QWAN, ChatGPT နဲ့ Gemini အပါအဝင်)

အတော်များများက ကျွန်တော်တို့ မေးသမျှကို
AI Model တစ်ခုတည်းကပဲ ဒိုင်ခံဖြေပေးနေတာမဟုတ်ပဲ
နောက်ကွယ်မှာ ကျွန်တော်တို့မေးလိုက်တဲ့
မေးခွန်းတွေကို Multi-Agent တွေက
စုပေါင်းပြီးဖြေပေးနေတာပါ။

ကျွန်တော်တို့ အခု Project မှာလည်း

MOE ကိုသုံးပြီး

AI Agent 9 ခုအတွက်

Routing ဘယ်လိုလုပ်ထားသလဲဆိုတာ

အနဲငယ်ရှင်းပြပေးမယ်ဗျာ။ ............

တချို့ဟာတွေ Confidential တွေမို့ overview လောက်ပဲ

share ပေးပါမယ်။

" အဓိက က MOE ကိုရှင်းပြချင်တာပါ။ "

Example Project -
Company တစ်ခုအတွက် လက်ရှိ အခြေအနေပေါ်မူတည်ပြီး

Market Analysis အလုပ်တစ်ခုကို AI Agent ကိုလုပ်ခိုင်းတယ်ဆိုပါစို့။​

"​ ကျွန်တော်တို့သိထားတာကတော့
AI ကို Market Analysis လုပ်ပေးပါလို့ပဲ
ပြောလိုက်တာပဲ နောက်ဆုံးမှာ
အဖြေပြန်ရလာတာပဲ။ "

---

တကယ်တော့ ဒီ မေးခွန်းကို ဖြေပေးနိုင်ဖို့ Company ရဲ့အချက်အအလက် အားလုံးကို train ထားတဲ့ ဒါမှမဟုတ် အားလုံးသိနေတဲ့ Model အကြီးကြီး တစ်ခု GPU Server အကြီးကြီးပေါ်မှာ run ထားရမယ်ဆိုရင် သိပ်မကိုက်ဘူး။

ဥပမာ- Company က ဘယ်နှစ်ခုနှစ်က

စတင်တည်ထောင်ခဲ့လဲလို့ user က

မေးလိုက်မယ်ဆိုရင် မလိုအပ်ပဲနဲ့

တခြား အချက်အလက်တွေပါ အစအဆုံး ထည့်တွက်နေရလို့ပဲဖြစ်တယ်။

ဘာအလုပ်မှမလုပ်တဲ့အချိန်

ဒါမှမဟုတ်

ဒီလို မေးခွန်းအသေးလေးတစ်ခုကို

GPU Server အကြီးကြီး ကိုသုံးပြီး

Model တစ်ခုလုံးအစအဆုံး

အပြည့်အလုပ်လုပ်ပြီး

အဖြေပြန်ပေးရမယ်ဆိုရင်

သိပ်မကိုက်ဘူး။

resources စားသုံးမှုအရမ်းများလွန်းတယ်။ ...........

ဒါကြောင့် Multi-Agent ဆိုပြီး ဖြစ်လာတာ။

- Marketing ဆို Marketing ပိုင်းကိုကိုင်တဲ့ အာ့အပိုင်းကို နားလည်ထားတဲ့ AI Agent,

- Finance ဆိုလည်း Finance, Compliance အစရှိသဖြင့် ဒီမှာတော့ Expert Agent ပေါ့။

- အာ့လို Expert Agents သေးသေးလေးတွေကိုခွဲထုတ်လိုက်တယ်။

- ပြီးရင် အာ့ Expert Agents တွေတစ်ခုနဲ့ တစ်ခု

ပူးပေါင်းအလုပ်လုပ်နိုင်ဖို့အတွက်

ပထမ ဆုံး Gateway AI Agent တစ်ခုဖန်တီးလိုက်တယ်။

အာ့ Agent က ဘာအလုပ်လုပ်ပေးနိုင်လဲ ဆိုရင်

ကျွန်တော်တို့ မေးလိုက်တဲ့မေးခွန်းကို
နားလည်အောင်လုပ်ပြီး

ဘယ် Expert Agent ကိုတွက်ခိုင်းရမလဲပဲ သိတယ်။

တခြားဘာမှမသိဘူး။

သူ့စီက ရလာမယ့် output က

- Agent Number နဲ့
- Tensor Data Type တွေပဲ။

အာ့ output ကို
သူက user မေးတဲ့

မေးခွန်းကိုဖြေပေးနိင်မယ့်

AI Agent ဆီရောက်အောင်
route လုပ်ပေးဖို့ပဲ

" အာ့တာသူ့အလုပ်ပဲ။ "

သူ့ကို
- Gateway AI Agent သို့မဟုတ်
- Router Agent လို့လည်း

ခေါ်ကြတယ်။

ဒီဥပမာ မှာဆိုရင်

user က

market analysis လုပ်ပေးပါလို့
ပြောလိုက်တာဖြစ်တဲ့အတွက်၊

- Sale Data,
- Marketing နဲ့
- Distribution ပိုင်းကို
အခုလက်ရှိ data တွေနဲ့ train ထားတဲ့ သို့မဟုတ် အခုလက်ရှိ Data အချက်အလက်တွေကို

Analysis လုပ်ထားပြီးသား
သိပြီးသား AI Agent ကို Router Agent က ခိုင်းရမှာ ဖြစ်တယ်။

---

" Routing Agent က တစ်ခါတည်း Agent နှစ်ကောင် ဒါမှမဟုတ် ဒီထက်ပိုပြီး ကို တပြိုင်တည်း run တာမျိုး လုပ်ပေးနိုင်တယ်။ "

ဘယ်လိုလဲဆိုတော့..

ထားပါတော့ Sale & Marketing Agent ပေါ့။

သူ့စီကို Router Agent က အချက်အလက်တွေပို့တဲ့အခါ
ကြားထဲမှာ reembedding လုပ်တဲ့အဆင့်တွေ မပါတော့ဘူး။ RAW Logit တန်ဖိုးတွေ ကိုပဲပို့ပေးတယ်လို့ပြောလို့ရတယ်။ ထားပါ။ ဒါက load ကိုလျှော့ချဖို့ဘာညာပေါ့။​

နောက်ဆုံးမှာ Market Analysis လုပ်ပေးပြီးပြီဆိုပါစို့

ဒါမယ့် user ကို ပြန်ပေးဖို့တိကျတဲ့
တချို့အချက် အလက်တွေသူ့စီမှာလိုနိုင်သေးတယ်။

အာ့လိုမျိုး မဖြစ်အောင်
Routing Agent က စ route ထိုးကတည်းက

Agent နှစ်ကောင်ကို တစ်ပြိုင်တည်းထိုးရမှာ
သို့မဟုတ်
လိုအပ်ရင် လိုအပ်သလို တခြား agent တွေကိုပါ

route ထိုးပေးရမှာဖြစ်တယ်။

ဒီဥပမာ မှာဆိုရင်

Sale & Marketing Agent နဲ့အတူ တွဲလုပ်သင့်တာက
Market Research Agent ဖြစ်မယ်ပေါ့။

အိုကေ ဒါဆိုရင် အခုလက်ရှိ Company ရဲ့
ရောင်းအား နဲ့ စျေကွက်ကို ကောင်းကောင်းကြီး သိထားတဲ့ကောင်နဲ့ အာ့စျေးကွက်ကို ယှဥ်ထိုးပြီး Research လုပ်ပေးမယ့်ကောင်နဲ့ ပေါင်းလိုက်တော့ Market Analysis လုပ်ထားတဲ့အချက်အလက်

အတိအကျထွက်လာပြီ။

အာ့လို Agent နှစ်ခုပေါင်းပြီး ရလာတဲ့ output ကိုပြန်ပေါင်းဖို့အတွက်လည်း Aggregator Agent ထပ်လိုသေးတယ်။

အာ့ကောင်က ဘာမှမလုပ်ဘူး ရှိသမျှ Agent တွေက ရလာတဲ့ အချက်အလက်တွေကို ပေါင်းပေးဖို့ပဲ ။

အာ့တော့ MOE က အမြဲတမ်းသုံးနေရမှာဖြစ်တယ်။
AI Agent သေးသေးလေးတွေကို

micro service level လိုမျိုးခွဲထုတ်နိုင်တဲ့အပြင်
parallel run နိုင်ပြီးတော့

အဖြေတွေပြန်ပေါင်းစပ်ပေးနိုင်ဖို့
လုပ်ပေးနိုင်တာကလည်း

Compute resources တွေကို တော်တော်ချွေတာရာရောက်ပါတယ်။ ဒါကိုပဲ MOE (Mixture of Experts) လို့ခေါ်ဆိုကြတာဖြစ်ပါတယ်။

Technical Details ကတော့ Video Lessons တစ်ခုအနေနဲ့ AI Crash Course ထဲမှာပါလာမှာပါ။

AI model ရဲ့ မှားယွင်း ဖော်ပြမှု ပြသနာကို production system တွေပေါ်မှာ ဘယ်လိုဖြေရှင်းကြမလဲ။
04/08/2026

AI model ရဲ့ မှားယွင်း ဖော်ပြမှု ပြသနာကို production system တွေပေါ်မှာ ဘယ်လိုဖြေရှင်းကြမလဲ။

AI တွေ ခေတ်စားနေတယ်" ဆိုတဲ့ စကားကို နေ့တိုင်းလိုလို ကြားနေရပေမဲ့ "ဒါဟာ ငါနဲ့ တကယ်ရော ဆိုင်လို့လား?""ChatGPT ကို စာရိုက်ခ...
31/07/2026

AI တွေ ခေတ်စားနေတယ်" ဆိုတဲ့ စကားကို နေ့တိုင်းလိုလို ကြားနေရပေမဲ့ "ဒါဟာ ငါနဲ့ တကယ်ရော ဆိုင်လို့လား?"

"ChatGPT ကို စာရိုက်ခိုင်းတတ်ရုံနဲ့ မလုံလောက်ဘူးလား?"

"AI ကို သုံးတတ်ရုံနဲ့ ခေတ်နောက်ကျနေပြီလား?" လို့ မေးခွန်းထုတ်နေတုန်းပဲလား?

ဒီနေ့ခေတ်မှာ Prompt လေးရေးပြီး

AI ကို ခိုင်းတတ်ရုံ သက်သက်နဲ့

နေရာတစ်နေရာရဖို့ ခက်ခဲသွားပါပြီ။

AI ရဲ့ နောက်ကွယ်က
- Data Processing တွေ၊
- RAG (Retrieval-Augmented Generation)
- နည်းပညာတွေနဲ့ AI Agents တွေ

ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုပါ ထိုးထွင်းသိမြင်ထားတဲ့

လူငယ်တွေဟာ သာမန် User တွေထက်

စွမ်းဆောင်ရည် အဆပေါင်းများစွာ

ပိုမိုသာလွန်နေပါပြီ။

သင်ရော သာမန်အသုံးပြုသူအဆင့်ကနေ

အဆ (၁၀၀) ပိုသာလွန်တဲ့ AI Expert တစ်ယောက်ဖြစ်လာဖို့

အသင့်ဖြစ်ပြီလား?

AI ကို စနစ်တကျ လေ့လာထားခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးများတွေကိုကြည့်ရအောင်။

၁။ Tool User မဟုတ်ဘဲ Tool Creator ဖြစ်လာခြင်း

AI ကို သုံးရုံတင် သုံးနေသရွေ့ သင်ဟာ အခြားသူတွေ ဖန်တီးထားတဲ့ စနစ်ထဲမှာပဲ နေထိုင်သူ ဖြစ်နေပါလိမ့်မယ်။

ဒါပေမဲ့ AI ရဲ့ အလုပ်လုပ်ပုံ သဘောတရားတွေကို

ပိုင်နိုင်သွားတဲ့အခါ သင့်ကိုယ်ပိုင် နည်းပညာ၊

ကိုယ်ပိုင် Smart Agent စနစ်တွေကို

ဖန်တီးနိုင်တဲ့ Creator (ဖန်တီးသူ) အဖြစ်

ပြောင်းလဲသွားပါမယ်။

၂။ အမြင့်မားဆုံး တန်ဖိုးရှိတဲ့ Career အခွင့်အလမ်းများ ရမယ်။

လက်ရှိ ကမ္ဘာလုံးဆိုင်ရာ နည်းပညာဈေးကွက်မှာ

AI Engineer,
Prompt Engineer,
Data Scientist နဲ့
AI Workflow Specialist တွေရဲ့

လိုအပ်ချက်ဟာ အဆမတန် မြင့်တက်နေပါတယ်။

AI ရဲ့ Logic နဲ့ တည်ဆောက်ပုံကို

ပိုင်နိုင်ထားသူတစ်ယောက်ဟာ

ဒေသတွင်းတင်မကဘဲ

နိုင်ငံတကာ Remote Jobs များကိုပါ ရယူနိုင်မယ့်

အခွင့်အလမ်းကောင်းများစွာ ရရှိမှာပါ။

၃။ ပြဿနာတစ်ခုကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း

AI ရဲ့ နောက်ကွယ်က
Mathematics,
Logic နဲ့
Programming စဉ်းစားပုံတွေကို

လေ့လာရခြင်းဟာ သင့်ရဲ့ ဦးနှောက်ကို

ပြဿနာတစ်ခုကြုံရင် အပိုင်းလိုက် ခွဲခြားပြီး
အကြောင်းနဲ့ အကျိုး စနစ်တကျ
စဉ်းစားတတ်အောင်
လေ့ကျင့်ပေးလိုက်တာနဲ့ တူပါတယ်။

ဒီ Thinking Skill ဟာ ဘယ်နယ်ပယ်မှာမဆို အလွန်တန်ဖိုးရှိပါတယ်။

၄။ လုပ်ငန်းခွင်အတွက် အလိုအလျောက် အလုပ်လုပ်ပေးမယ့် System များ ဖန်တီးနိုင်ခြင်း

RAG (Retrieval-Augmented Generation) နဲ့

AI Agents တွေကို

နားလည်ထားရင် ကုမ္ပဏီတစ်ခုရဲ့

Internal Data တွေကို အသုံးပြုပြီး

တိကျစွာ အဖြေပေးနိုင်တဲ့
- Custom Chatbot တွေ၊
- အလိုအလျောက် Web Browse လုပ်ပြီး အလုပ်ပြီးမြောက်အောင် လုပ်ပေးတဲ့ Autonomous Agents တွေကို

ကိုယ်တိုင် တည်ဆောက်ပေးနိုင်လာပါမယ်။

၅။ ထိရောက်မှု အဆပေါင်းများစွာ ပိုမိုမြန်ဆန်လာခြင်း (Productivity Multiplier)

မိမိရဲ့ နေ့စဉ်အလုပ်တွေ၊
ထပ်ခါ ထပ်ခါ လုပ်နေရတတဲ့ အလုပ်တွေကို
+​ AI Automated Tools တွေနဲ့

အစားထိုးခိုင်းစေနိုင်တာကြောင့်
အချိန်ကုန်သက်သာပြီး မိမိရဲ့

ဖန်တီးနိုင်စွမ်း (Creativity) နဲ့ မဟာဗျူဟာကျတဲ့ အပိုင်း (Strategic Thinking) တွေမှာပဲ

ပိုမို အာရုံစိုက်နိုင်လာပါမယ်။

"အနာဂတ်ဆိုတာ စောင့်ဆိုင်းရမှာ မဟုတ်ပါဘူး... ပြင်ဆင်ထားသူတွေက ကိုယ်တိုင် ဖန်တီးယူရမှာပါ။"��ဒီနေ့ခေတ်မှာတော့ AI နည်းပညာကို ပိုင်နိုင်သူတွေက အနာဂတ်ကို ဦးဆောင်သွားမှာပါ။ အသစ်အသစ်သော နည်းပညာတွေကို စိန်ခေါ်လိုစိတ်ရှိတဲ့ လူငယ်တိုင်း ဒီနေ့ပဲ AI ကို အခြေခံမှစ၍ စနစ်တကျ စတင်လေ့လာပြီး သင့်ရဲ့ တန်ဖိုးကို မြှင့်တင်လိုက်ကြရအောင်!

Address

No. 216, ZeWaSoe Street, 14/2 Yards, South Okkalapa Township
Yangon
11421

Alerts

Be the first to know and let us send you an email when Deep Blue AI Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Deep Blue AI Lab:

Shortcuts

Share