15/08/2026
120Hz Refresh Rate ဆိုတာကိုသိကြလား?
iPhone တွေမှာ မထည့်ပေးခဲ့လို့ အတော်လေးဝေဖန်ခံခဲ့ရပါတယ်။
Android ဖုန်းတွေနဲ့ယှဉ်ရင် iPhone တွေ မရွေးသင့်တာ 120Hz Refresh Rate မပါလို့တောင် ပြောခဲ့တဲ့ တစ်ခေတ်ရှိခဲ့ဖူးတယ်။
ဒီလိုပြောတဲ့သူတွေ မသိကြတာက 120Hz Refresh Rate ဆိုတာကြီးကို Apple က စတင်လမ်းဖောက်ပြီး သုံးခဲ့တယ်ဆိုတာကိုပါပဲ။
ဟုတ်ပါတယ်။ iPad Pro 10.5 inch နဲ့အတူ မိတ်ဆက်ခဲ့တာက Promotion Display ဖြစ်ပါတယ်။
Promotion Display ဆိုတာ 120Hz Refresh Rate ပါတဲ့ Apple ရဲ့ Display နည်းပညာပါ။
120Hz Refresh Rate ကို ဘယ်လောက်အထိ အစောဆုံးသုံးပြခဲ့လဲဆိုရင် 2017 June 13 မှာ စရောင်းတဲ့ iPad Pro 10.5 inch မှာ Apple ကထည့်ပြခဲ့တာပါ။
120Hz Refresh Rate ပါတဲ့ ပထမဆုံး Android Phone ဖြစ်တဲ့ Razer Phone တောင်မှ 2017 November 15 မှစရောင်းတာပါ။
Apple က ဒီလိုတွေ ခေတ်ရှေ့ပြေးပြခဲ့ပေမယ့် iPhone တွေပေါ်ကိုတော့ 120Hz Refresh Rate ကို 2021 iPhone 13 Pro Series မှထည့်ပေးခဲ့ပါတယ်။
Vanilla Model တွေကိုတော့ 2025 iPhone 17 ကျမှ 120Hz Refresh Rate ထည့်ပေးလို့ Apple အနေနဲ့ 4 နှစ်လောက် Android ဖုန်းတွေနဲ့ယှဉ်ပြီး ရှယ်ဝေဖန် ခံခဲ့ရပါသေးတယ်။
ကျနော်တို့ Eternal Mobile မှာ MacBook တွေအပြင် Productivity ပိုင်းကို ပိုမိုမြှင့်တင်ပေးနိုင်တဲ့ iPad တွေကိုလည်းရောင်းချပေးတာမလို့ ဝင်ရောက်လေ့လာ ဝယ်ယူနိုင်ပါတယ်ခဗျ။