27/05/2026
💡 Common CCTV Installation Mistakes ??
CCTV Camera တပ်ဆင်ခြင်းသည် Camera အရေအတွက်များများ တပ်ဆင်ခြင်းတစ်ခုတည်း မဟုတ်ပါ။ မှန်ကန်သော နေရာရွေးချယ်မှုနှင့် စနစ်တကျ Setup ပြုလုပ်ခြင်းက Security ပိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။
အောက်ပါအချက်များသည် လူအများဆုံး မှားတတ်သော အချက်များဖြစ်ပါသည်။
📌 Camera Resolution ကိုသာ အဓိကထားရွေးချယ်ခြင်း
Mega Pixel မြင့်လေ ပိုကောင်းလေဟု ယူဆတတ်ကြသော်လည်း Camera Quality၊ Lens အမျိုးအစားနှင့် Installation Position များသည်လည်း အရေးကြီးပါသည်။
📌 Camera တပ်ဆင်မည့် နေရာကို မှန်ကန်စွာ မရွေးချယ်ခြင်း
တံခါးဝင်ပေါက်များ၊ ကားရပ်နားရာနေရာများ၊ ငွေရှင်းကောင်တာများနှင့် အရေးကြီးသော နေရာများကို ဦးစားပေး တပ်ဆင်သင့်ပါသည်။
📌 Storage Capacity ကို ထည့်သွင်းမစဉ်းစားခြင်း
Camera အရေအတွက်နှင့် Recording ကြာချိန်ပေါ်မူတည်၍ Hard Disk ပမာဏကို သင့်တော်စွာ ရွေးချယ်ရန် လိုအပ်ပါသည်။
📌 Backup Power မရှိခြင်း
လျှပ်စစ်မီး ပြတ်တောက်ချိန်တွင် Camera နှင့် Recording စနစ်များ ရပ်တန့်သွားနိုင်သောကြောင့် UPS Backup System အသုံးပြုရန် အကြံပြုပါသည်။
ပုံမှန် Maintenance မပြုလုပ်ခြင်း
Camera Lens သန့်ရှင်းရေး၊ Cable စစ်ဆေးခြင်းနှင့် Recording System များကို ပုံမှန်စစ်ဆေးပေးရန် လိုအပ်ပါသည်။
CCTV System တစ်ခုသည် Camera တပ်ဆင်ခြင်းတစ်ခုတည်း မဟုတ်ပါ။ မှန်ကန်သော Planning၊ Installation နှင့် Maintenance များကသာ ထိရောက်သော Security System တစ်ခုကို ဖန်တီးနိုင်ပါသည်။
Your Vision, Our Technology
📞 +95 9 793 695 242