04/08/2026
🔰AutoCAD အတွက် ကိုယ်ပိုင် Template (.dwt) ပြင်ဆင်ထားတာဟာ..
Project တစ်ခုစတိုင်း Layer တွေပြန်ချိန်ရတာ၊ Dimension Style တွေ ပြန်ပြင်ရတာ၊
Border Frame တွေ ရှာထည့်နေရတာတွေကို
မလိုတော့ဘဲ..အချိန် အများကြီး သက်သာစေတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်..
စနစ်ကျပြီး သုံးရလွယ်ကူတဲ့ Custom Template တစ်ခု ဖန်တီးဖို့အတွက် အဓိက အစိတ်အပိုင်း (၅) ခု ကို စနစ်တကျ ပြင်ဆင်ရပါမယ်..
၁။ Units နှင့် Limits သတ်မှတ်ခြင်း (Units & Limits)
Drawing မစခင် Measurement System အမှန်ကို သတ်မှတ်ထားရပါမယ်။
✅ Command UN (Units) ရိုက်ပါ။
◦ Type: Decimal (မက်ထရစ်စနစ်အတွက်) သို့မဟုတ် Architectural (ပေ/လက်မ အတွက်)
◦ Precision: 0 သို့မဟုတ် 0.00 ကြိုက်တာ ရွေးပါ။
◦ Insertion Scale: Millimeters သို့မဟုတ် Inches တခုခုရွေးပါ။
✅ Command LIMITS ရိုက်ပြီး Drawing Area အကျယ်ကို ကြိုတင် သတ်မှတ်ထားနိုင်ပါတယ်။
၂။ Standard Layer System တည်ဆောက်ခြင်း (Layer Properties)
Layer Name၊ Color၊ LineType များကို စနစ်တကျ ခွဲခြားထားခြင်းဖြင့် Drawing ကြည့်ရတာ ရှင်းလင်းပြီး On/Off သား/ဖျောက် လုပ်ရတာ လွယ်ကူစေပါတယ်..
✅ Command LA (Layer) သို့သွား၍ အောက်ပါအတိုင်း Preset များ ဖန်တီးထားပါ..
နမူနာ အနေနဲ့
A-Wall
White / Cyan
Continuous
0.35 mm
A-Door-Win
Green
Continuous
0.18 mm
A-Text
Yellow
Continuous
Default
A-Dim
Red / Color 10
Continuous
0.13 mm
A-Center
Red
CENTER
0.15 mm
A-Hatch
Color 8 (Dark Gray)
Continuous
0.09 mm
Defpoints
White
Continuous
Default
၃။ Annotation Styles ပြင်ဆင်ခြင်း (Text & Dimension Styles)
မတူညီသော Drawing Scale များအတွက် Dimension ရော Text ပါ ကြည့်ကောင်းစေရန် Preset ချိန်ထားရပါမယ်..
✅Text Style (ST)
• Font Name ကို Standard ဖြစ်သော Arial, Romans စသည်ဖြင့် လိုအပ်သလိုသတ်မှတ်ပါ..
✅ Dimension Style (D)
• New Style တစ်ခုဖန်တီးပြီး လိုအပ်တဲ့အတိုင်း ချိန်ပါ။
ဥပမာ -
◦ Lines: Ext lines, Baseline spacing ချိန်ရန်။
◦ Symbols and Arrows: Arrow size (ဥပမာ- 2.5mm) သတ်မှတ်ရန်။
◦ Text: Text height (2.5mm or 3.0mm)
၄။ Layout Tab နှင့် Dynamic Title Block (Paper Space)
Model Space မှာ ဆွဲထားတာကို စကေးမှန်မှန် Print ထုတ်ဖို့ Layout Space တွင် Title Block (Border Frame) ကို ပြင်ထားရပါမယ်..
နမူနာ အနေနဲ့ -
Layout Tab သို့ သွားပါ (ဥပမာ- Layout1 ကို A3-Landscape ဟု Rename ပေးပါ)။
Layout Tab ပေါ် Right-click > Page Setup Manager > Modify ကိုနှိပ်ပါ။
◦ Printer/Plotter: DWG To PDF.pc3
◦ Paper Size: ISO full bleed A3 (420.00 x 297.00 MM)
◦ Plot Area: Layout
◦ Scale: 1:1
✅ Title Block ဖန်တီးခြင်း
◦ A3 စာရွက်ဆိုဒ်အပြည့် Border Frame ဆွဲပါ။
◦ Project Name, Drawing Title, Scale, Date, Drawn By စသည့် အချက်အလက်များအတွက် တည်ဆောက်ထားပါ။
၅။ Essential Blocks နှင့် Multi-Leaders ပြင်ဆင်ခြင်း
ခါတိုင်း ထပ်ခါထပ်ခါ သုံးနေရတဲ့ Symbol များကို Block အဖြစ် သိမ်းထားပါ။
• Multi-Leader Style (MLS): Detail Arrow များ၊ Section Marking များအတွက် Arrow head နှင့် Text size ကို Preset ချိန်ထားပါ။
• Standard Blocks
◦ North Arrow
◦ Grid Heads
◦ Door/Window Callouts & Level Marks
◦ ကိုယ်ပိုင် Company Logo / Stamp
အထက်ပါ Settings များအားလုံး ပြင်ဆင်ပြီးရင်တော့ Drawing ပေါ်မှာ မလိုအပ်သော လိုင်း/ဆွဲလက်စပုံများကို ဖျက်ထုတ်ပါ (File Blank ဖြစ်နေရပါမယ်)။
ဘယ်ဘက်အပေါ်ဆုံး AutoCAD Logo Icon > Save As > AutoCAD Drawing Template (.dwt) ကို ရွေးပါ။
File Name ပေးပါ (ဥပမာ- MY_COMPANY_A3_TEMPLATE.dwt)။
Save ကို နှိပ်ပါ။
Description Box ကျလာပါက Template ၏ အကြောင်းအရာများ မှတ်ချက်ရေးပြီး OK နှိပ်ပါ။
နောက်တခါ File New ခေါ်ရင် လုပ်ထားတဲ့ Template File ကို ရှာပြီး ဖွင့်လို့ရပါပြီ။
▫️𝗞𝗼 𝗠𝘆𝗼 [ 𝐶𝐴𝐷-𝑆𝑒𝑟𝑖𝑒𝑠 ]
𝙴𝚗𝚐𝚒𝚗𝚎𝚎𝚛𝚒𝚗𝚐 𝙲𝙰𝙳 𝚃𝚛𝚊𝚒𝚗𝚒𝚗𝚐