iKey

iKey Welcome to iKey Official page.We are selling Gadgets,Macs and Mac Services since 2021.
(308)

iKey မှ နည်းပညာနှင့်ပတ်သတ်သောဝန်ဆောင်မှုများနှင့် Software များ၊ Tech Gadget များကိုရောင်းချပေးလျက်ရှိပါသည်။ နည်းပညာနှင့်ပတ်သတ်သောအခက်အခဲများရှိလျှင် iKey ကိုသတိရလိုက်ပါ။

Design File တွေကို စနစ်တကျ စီမံဖို့ အသုံးဝင်တဲ့ Tool!🗂️•Photoshop နဲ့ Illustrator သုံးတဲ့ Designer တွေ၊ Photographer တွေ...
09/11/2026

Design File တွေကို စနစ်တကျ စီမံဖို့ အသုံးဝင်တဲ့ Tool!🗂️
•
Photoshop နဲ့ Illustrator သုံးတဲ့ Designer တွေ၊ Photographer တွေအတွက် Project File တွေ များလာတဲ့အခါ ပြန်ရှာရတာ တော်တော်အလုပ်ရှုပ်ပါတယ်။

ဒီလိုအချိန်မှာ Adobe Bridge က အများကြီး အထောက်အကူဖြစ်စေပါတယ်။

Adobe Bridge သုံးပြီး File တွေကို Preview ကြည့်တာ၊ စီမံခန့်ခွဲတာ၊ Search လုပ်တာနဲ့ Rename လုပ်တာတွေကို တစ်နေရာတည်းမှာ လုပ်နိုင်ပါတယ်

1️⃣ Project တွေကို Date / Event အလိုက် စီမယ်
| Bridge ရဲ့ Folders Panel ကနေ ကိုယ့် Computer ထဲမှာရှိတဲ့ Project Folder တွေကို Browse လုပ်နိုင်ပါတယ်။

Wedding, Birthday, Product Shoot စတဲ့ Event တွေကို Date အလိုက် Folder ခွဲပြီး သိမ်းထားမယ်ဆိုရင် Project အဟောင်းတွေကို ပြန်ရှာတဲ့အခါ ပိုပြီးလွယ်ကူစေပါတယ်။

2️⃣ လိုချင်တဲ့ File တွေကို အလွယ်တကူ Search လုပ်မယ်
| Bridge ရဲ့ Search Box မှာ File Name ဒါမှမဟုတ် Keyword တွေ ရိုက်ထည့်ပြီး ကိုယ်လိုချင်တဲ့ File ကို ရှာနိုင်ပါတယ်။

ဒါ့အပြင် Filter Panel ကနေ Rating, File Type, Keyword နဲ့ Metadata ဆိုင်ရာ အချက်အလက်တွေအလိုက် Filter လုပ်ပြီး File တွေကို ရွေးထုတ်နိုင်ပါတယ်။

သတိပြုရမှာက Filter Options တွေဟာ ကိုယ် Browse လုပ်နေတဲ့ File တွေရဲ့ Metadata ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

3️⃣ Batch Rename လုပ်မယ်
| Bridge ရဲ့ Batch Rename Feature ကို အသုံးပြုပြီး File အများကြီးကို တစ်ခါတည်း နာမည်ပြောင်းနိုင်ပါတယ်။

● Rename လုပ်ချင်တဲ့ File တွေကို Select လုပ်ပါ။
● Tools → Batch Rename ကို ဝင်ပါ။
● Filename, Date, Sequence Number စတဲ့ Naming Elements တွေ သတ်မှတ်ပါ။
● Preview မှာ File Name အသစ်တွေကို စစ်ဆေးပြီး Rename လုပ်ပါ။

ဥပမာ DSC_001.jpg, DSC_002.jpg ဆိုတဲ့ File တွေကို Wedding_001.jpg, Wedding_002.jpg ဆိုပြီး တစ်ခါတည်း ပြောင်းနိုင်ပါတယ်။

4️⃣ Photo တွေကို Rating ပေးပြီး ခွဲခြားထားမယ်
| File တွေကို Select လုပ်ပြီး Label Menu ကနေ Star Rating နဲ့ Color Label တွေ ပေးနိုင်ပါတယ်။

ဥပမာ Best Shot တွေကို 5 Stars ပေးထားပြီး နောက်မှ Filter Panel ကနေ 5 Stars ပေးထားတဲ့ပုံတွေကိုပဲ ပြန်ရွေးထုတ်နိုင်ပါတယ်။

Photo အများကြီးထဲက ကိုယ်လိုချင်တဲ့ပုံတွေကို ခွဲထုတ်တဲ့အခါ အတော်လေးအဆင်ပြေစေပါတယ်။

5️⃣ Contact Sheet ထုတ်မယ်
| Photo အများကြီးကို Thumbnail Grid ပုံစံနဲ့ PDF တစ်ခုတည်းအဖြစ် စုစည်းနိုင်ပါတယ်။

Adobe Bridge ရဲ့ Output Workspace ကို ဝင်ပြီး PDF Contact Sheet Template ရွေးပါ။

ပြီးရင် Content Panel ထဲက Photo တွေကို Output Preview ရဲ့ Canvas ပေါ်ကို Drag & Drop လုပ်ပြီး Layout, Rows, Columns, Thumbnail Size နဲ့ Margin တွေကို စိတ်ကြိုက်သတ်မှတ်နိုင်ပါတယ်။ နောက်ဆုံး PDF အဖြစ် Export လုပ်လိုက်ရုံပါပဲ။

ဒါဆို Client ကို Photo Preview ပြဖို့၊ Photo Selection လုပ်ဖို့ ပိုပြီးအဆင်ပြေသွားပါပြီ။
•
Adobe Bridge က Photoshop ကို အစားထိုးတာမဟုတ်ဘဲ Photoshop, Illustrator နဲ့ Lightroom တို့ကို ပိုပြီးစနစ်တကျ အသုံးပြုနိုင်အောင် ကူညီပေးတဲ့ Tool တစ်ခုပါ။

Adobe Bridge ကို Adobe က Free ပေးထားတာဖြစ်လို့ Creative Workflow ပိုမြန်ချင်တဲ့သူတွေ သုံးကြည့်သင့်ပါတယ်။
•
📢 iKey ​၏ page သည် Followers 40K ကျော်ပြီး ယခု Page တစ်ခုတည်းသာသုံးပါသည်။ ⚠️ ဆင်တူရိုးမှား Page အတုများကိုလည်း အထူးသတိထားပေးပါ ⚠️

📞 Contact - 09961770199 (Phone/Viber)

📍Address - အမှတ်(၄၀)၊မကြီးကြီးလမ်း၊စမ်းချောင်းမြို့နယ်။
[10AM - 6PM (Sunday ပိတ်ပါသည်)]

☁️ Website - https://ikeymm.com
iKey website တွင်လည်းစျေးနှုန်းတွေကို
Up to date ဝင်ကြည့်နိုင်ပါတယ်ဗျာ

💬 Telegram - https://t.me/keysforikey
Tiktok - https://tiktok.com/

Photoshop မှာ ပုံရိုက်ပြီးမှ Lighting ပြန်ပြင်ချင်လဲ ရပြီ! 💡•ဓာတ်ပုံတစ်ပုံကို Mood အပြည့်နဲ့ Cinematic Look ရအောင် ပြင်ဆ...
06/11/2026

Photoshop မှာ ပုံရိုက်ပြီးမှ Lighting ပြန်ပြင်ချင်လဲ ရပြီ! 💡
•
ဓာတ်ပုံတစ်ပုံကို Mood အပြည့်နဲ့ Cinematic Look ရအောင် ပြင်ဆင်ဖို့ဆိုရင် Lighting က အရေးကြီးဆုံးအပိုင်းတွေထဲက တစ်ခုပါ။

ဒါပေမဲ့ ရိုက်ပြီးသားပုံမှာ Lighting မကျတဲ့နေရာ၊ Shadow မလှတဲ့နေရာတွေကို ပြန်ပြင်ဖို့ဆိုရင် Editing အချိန်တော်တော်ပေးရတတ်ပါတယ်။

အခု Photoshop Beta မှာတော့ ဒီအလုပ်ကို ပိုလွယ်ကူစေမယ့် Relight Layer ဆိုတဲ့ Feature အသစ်ကို စမ်းသပ်အသုံးပြုနိုင်လာပါပြီ။

Relight Layer က AI ကို အသုံးပြုပြီး ပုံထဲမှာ Light Source အသစ်တွေ ထည့်နိုင်တဲ့ Feature ဖြစ်ပါတယ်။ ပုံရိုက်ပြီးမှ Lighting ကို ပြန်စီစဉ်နိုင်တာကြောင့် Photographer တွေနဲ့ Digital Artist တွေအတွက် တော်တော်အသုံးဝင်လာနိုင်ပါတယ်။

ဒီ Feature နဲ့ဆိုရင် ကိုယ်လိုချင်တဲ့ Lighting ရဲ့ Position ကို ရွှေ့နိုင်တယ်၊ Color ကိုပြောင်းနိုင်တယ်၊ Intensity နဲ့ Diffusion ကိုလည်း ချိန်ညှိနိုင်ပါတယ်။

ဥပမာ Portrait ပုံတစ်ပုံမှာ Blue Light နဲ့ Cinematic Mood ဖန်တီးချင်တာပဲဖြစ်ဖြစ်၊ Product Photography မှာ Orange Light ထည့်ပြီး ပိုပြီး Dramatic ဖြစ်အောင် လုပ်ချင်တာပဲဖြစ်ဖြစ် Photoshop ထဲမှာပဲ ပြန်လုပ်နိုင်တော့မှာပါ။

ထူးခြားတာက Light Source ၃ ခုအထိ ထည့်သွင်းနိုင်ပြီး Lighting ကို သီးခြား Layer အနေနဲ့ ပြန်လည်ချိန်ညှိနိုင်တာပါ။

အသုံးပြုချင်ရင် Photoshop Beta မှာ Layer > New Relight Layer ကိုသွားပြီး စမ်းသပ်နိုင်ပါတယ်။

ဒါပေမဲ့ ဒီ Feature က Beta အဆင့်မှာပဲ ရှိသေးတာဖြစ်ပြီး Final Result ကို Generate လုပ်တဲ့အခါ Generative Credits 30 Credits အသုံးပြုရပါတယ်။

Photoshop ရဲ့ AI Editing တွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး Powerful ဖြစ်လာနေပါပြီ။
•
📢 iKey ​၏ page သည် Followers 40K ကျော်ပြီး ယခု Page တစ်ခုတည်းသာသုံးပါသည်။ ⚠️ ဆင်တူရိုးမှား Page အတုများကိုလည်း အထူးသတိထားပေးပါ ⚠️

📞 Contact - 09961770199 (Phone/Viber)

📍Address - အမှတ်(၄၀)၊မကြီးကြီးလမ်း၊စမ်းချောင်းမြို့နယ်။
[10AM - 6PM (Sunday ပိတ်ပါသည်)]

☁️ Website - https://ikeymm.com
iKey website တွင်လည်းစျေးနှုန်းတွေကို
Up to date ဝင်ကြည့်နိုင်ပါတယ်ဗျာ

💬 Telegram - https://t.me/keysforikey
Tiktok - https://tiktok.com/

02/11/2026

ဓာတ်ပုံဆရာတွေရဲ့ struggle တွေကို ဖြေရှင်းပေးနိုင်တဲ့
Evoto Ai ရှိနေပါပြီ 📢
•
📞 Contact - 09961770199 (Phone/Viber)

📍Address - အမှတ်(၄၀)၊မကြီးကြီးလမ်း၊စမ်းချောင်းမြို့နယ်။
[10AM - 6PM (Sunday ပိတ်ပါသည်)]

☁️ Website - https://ikeymm.com
iKey website တွင်လည်းစျေးနှုန်းတွေကို
Up to date ဝင်ကြည့်နိုင်ပါတယ်ဗျာ

💬 Telegram - https://t.me/keysforikey
Tiktok - https://tiktok.com/

🎃 မနက်ဖြန် Halloween ညမှာ ကြည့်ဖို့ နက်ဖလစ် Horror Movie ၅ ကား•မနက်ဖြန်ဆို Halloween ရောက်ပြီနော်။ 👻 Costume မဝတ်ဖြစ်ရင်...
30/10/2026

🎃 မနက်ဖြန် Halloween ညမှာ ကြည့်ဖို့ နက်ဖလစ် Horror Movie ၅ ကား
•
မနက်ဖြန်ဆို Halloween ရောက်ပြီနော်။ 👻 Costume မဝတ်ဖြစ်ရင်တောင် အခန်းမီးတွေပိတ်၊ snack လေးတွေပြင်ပြီး Horror Movie တစ်ကားလောက်တော့ ကြည့်သင့်တယ်မဟုတ်လား။

ဒါပေမဲ့ Horror ဆိုတာနဲ့ သရဲတွေထွက်လာပြီး Jump Scare ပေးတာမျိုးချည်းပဲ မဟုတ်ဘူးနော်။ တချို့ကားတွေက ရယ်ရင်းနဲ့ ကြောက်ရမယ်၊ တချို့က ကြည့်နေရင်း စိတ်မသက်မသာဖြစ်လာမယ်၊ တချို့ကျတော့ ဇာတ်ကားပြီးသွားတာတောင် ခေါင်းထဲက ထွက်မသွားဘူး။

ဒီတစ်ခေါက်တော့ Halloween ညမှာ ကြည့်ဖို့ကောင်းတဲ့ Horror, Thriller နဲ့ Dark Comedy အမျိုးအစားတွေထဲက ဇာတ်လမ်းကောင်းပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ နက်ဖလစ် Movie ၅ ကားကို ရွေးထားပေးပါတယ်။ ကိုယ်ကြိုက်တဲ့ vibe နဲ့ကိုက်တာလေးတွေ ပါမလား အောက်မှာ တစ်ပုံချင်း လိုက်ကြည့်လိုက်တော့ဗျာ 🕯️🎃
•
📢 iKey ​၏ page သည် Followers 40K ကျော်ပြီး ယခု Page တစ်ခုတည်းသာသုံးပါသည်။ ⚠️ ဆင်တူရိုးမှား Page အတုများကိုလည်း အထူးသတိထားပေးပါ ⚠️

📞 Contact - 09961770199 (Phone/Viber)

📍Address - အမှတ်(၄၀)၊မကြီးကြီးလမ်း၊စမ်းချောင်းမြို့နယ်။
[10AM - 6PM (Sunday ပိတ်ပါသည်)]

☁️ Website - https://ikeymm.com
iKey website တွင်လည်းစျေးနှုန်းတွေကို
Up to date ဝင်ကြည့်နိုင်ပါတယ်ဗျာ

💬 Telegram - https://t.me/keysforikey
Tiktok - https://tiktok.com/

#နက်ဖလစ်

OLED Display နဲ့ iPad အသစ် 🍎•Oct 26ရက်နေ့မှာ Apple ကနေ screen ပိုကြီးတဲ့ OLED Diaplay iPad mini အသစ်ကို မိတ်ဆက်ပေးလာပါတယ...
27/10/2026

OLED Display နဲ့ iPad အသစ် 🍎
•
Oct 26ရက်နေ့မှာ Apple ကနေ screen ပိုကြီးတဲ့ OLED Diaplay iPad mini အသစ်ကို မိတ်ဆက်ပေးလာပါတယ်

ဒီတစ်ခေါက်က Chip အဆင့်မြှင့်လိုက်ရုံတင်မဟုတ်ဘဲ Display ကနေ Performance၊ Design နဲ့ Connectivity အထိ ပြောင်းလဲမှုတွေ ပါဝင်လာတာပါ။ l

✨ အရင် iPad mini ရဲ့ 8.3-inch LCD Display ကနေ ဒီတစ်ခေါက်မှာ 8.5-inch OLED Display ကို ပြောင်းလဲထားပါတယ်။ Contrast နဲ့ Brightness ပိုကောင်းလာတာကြောင့် ဓာတ်ပုံတွေကြည့်တာ၊ Video ကြည့်တာနဲ့ Digital Art ဖန်တီးတာတွေအတွက် ပိုပြီးအဆင်ပြေလာမှာပါ။ Nano-texture Glass Option ကိုလည်း ရွေးချယ်နိုင်ပါတယ်။

⚡ iPad mini အသစ်မှာ A20 Pro Chip ကို အသုံးပြုထားပါတယ်။ CPU, GPU နဲ့ AI Processing ပိုင်းတွေ တိုးတက်လာတာကြောင့် Gaming၊ Creative Apps နဲ့ AI Feature တွေ အသုံးပြုတဲ့အခါ ပိုကောင်းတဲ့ Performance ကို မျှော်လင့်နိုင်ပါတယ်။

🎨 အထူ 5.4 mm ပဲရှိတာကြောင့် အရင်မော်ဒယ်ထက် ပိုပါးလာပါတယ်။ စာဖတ်တာ၊ Note ရေးတာ၊ Procreate နဲ့ Sketch ဆွဲတာတွေကို အပြင်သွားရင်း လုပ်ချင်သူတွေအတွက် အဆင်ပြေတဲ့ Size ကို ဆက်လက်ထိန်းသိမ်းထားပါတယ်။

ထူးခြားတာတစ်ခုက iPad mini မှာ ပထမဆုံးအနေနဲ့ IP67 ရေစို၊ ဖုန်ဝင်မှု ကာကွယ်ရေး Rating ပါဝင်လာတာပါ။

📸 ရှေ့ကင်မရာက 12MP Center Stage ဖြစ်ပြီး Video Call လုပ်တဲ့အခါ ပိုသဘာဝကျတဲ့ အနေအထားနဲ့ အသုံးပြုနိုင်ပါတယ်။ နောက်ကင်မရာက 12MP ဖြစ်ပြီး 4K Video ကို 60fps အထိ ရိုက်ကူးနိုင်ပါတယ်။

Wi-Fi 7၊ Bluetooth 6 နဲ့ Thread ကို ထောက်ပံ့ပေးတဲ့ N1 Wireless Chip ပါဝင်လာသလို Cellular Model မှာ C2 Modem ကို အသုံးပြုထားပါတယ်။ Audio ပိုင်းမှာလည်း Acoustic Display စနစ်အသစ် ပါဝင်လာတာကြောင့် ဂိမ်းကစားတာနဲ့ Video ကြည့်တာတွေမှာ အသံအတွေ့အကြုံ ပိုကောင်းလာစေမှာပါ။

🧠 ဒီ iPad mini အသစ်မှာ iPadOS 27 ကို အသုံးပြုထားပြီး Siri AI၊ Image Playground နဲ့ ဓာတ်ပုံပြင်ဆင်ရေး AI Tools တွေလို Feature တွေ ပါဝင်လာပါတယ်။ Apple Pencil Pro နဲ့ Apple Pencil (USB-C) ကိုလည်း Support ပေးထားတာကြောင့် Note-taking နဲ့ Digital Art ဖန်တီးမှုတွေအတွက် အသုံးဝင်ပါတယ်။
•
Pre-order ကို Oct 28ရက်နေ့မှာ စတင်လက်ခံမှာဖြစ်ပြီး Nov 6 ရက်နေ့ကစပြီး ဝယ်ယူရရှိနိုင်မှာပါ။ Color အနေနဲ့ Midnight, Starlightဆိုပြီး 2ရောင်ရှိပြီး Storage ကို 128GB၊ 256GB နဲ့ 512GB ဆိုပြီး ရွေးချယ်နိုင်မှာပါ။
•
📢 iKey ​၏ page သည် Followers 40K ကျော်ပြီး ယခု Page တစ်ခုတည်းသာသုံးပါသည်။ ⚠️ ဆင်တူရိုးမှား Page အတုများကိုလည်း အထူးသတိထားပေးပါ ⚠️

📞 Contact - 09961770199 (Phone/Viber)

📍Address - အမှတ်(၄၀)၊မကြီးကြီးလမ်း၊စမ်းချောင်းမြို့နယ်။
[10AM - 6PM (Sunday ပိတ်ပါသည်)]

☁️ Website - https://ikeymm.com
iKey website တွင်လည်းစျေးနှုန်းတွေကို
Up to date ဝင်ကြည့်နိုင်ပါတယ်ဗျာ

💬 Telegram - https://t.me/keysforikey
Tiktok - https://tiktok.com/

🌕 သီတင်းကျွတ် လပြည့်နေ့မှာ iKey ရဲ့ မိတ်ဟောင်း ဆွေသစ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စိတ်ကူးအိပ်မက်တိုင်...
26/10/2026

🌕 သီတင်းကျွတ် လပြည့်နေ့မှာ iKey ရဲ့ မိတ်ဟောင်း ဆွေသစ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စိတ်ကူးအိပ်မက်တိုင်း အကောင်အထည်ဖော်နိုင်ကြပါစေခင်ဗျာ ✨

စိတ်ချမ်းသာခြင်း၊ အောင်မြင်ခြင်းတွေနဲ့ ပြည့်စုံတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ပါစေလို့ iKey မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 💛

ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေဗျာ🪔
•
📢 iKey ​၏ page သည် Followers 40K ကျော်ပြီး ယခု Page တစ်ခုတည်းသာသုံးပါသည်။ ⚠️ ဆင်တူရိုးမှား Page အတုများကိုလည်း အထူးသတိထားပေးပါ ⚠️

📞 Contact - 09961770199 (Phone/Viber)

📍Address - အမှတ်(၄၀)၊မကြီးကြီးလမ်း၊စမ်းချောင်းမြို့နယ်။
[10AM - 6PM (Sunday ပိတ်ပါသည်)]

☁️ Website - https://ikeymm.com
iKey website တွင်လည်းစျေးနှုန်းတွေကို
Up to date ဝင်ကြည့်နိုင်ပါတယ်ဗျာ

💬 Telegram - https://t.me/keysforikey
Tiktok - https://tiktok.com/

သီတင်းကျွတ် portrait ပုံလေးတွေကို ပိုလှသွားစေမယ့် Lightroom Mobile Tips 🏮•သီတင်းကျွတ်မှာ မီးပုံးတွေနဲ့ ညဘက်ဓာတ်ပုံရိုက်ထ...
23/10/2026

သီတင်းကျွတ် portrait ပုံလေးတွေကို ပိုလှသွားစေမယ့် Lightroom Mobile Tips 🏮
•
သီတင်းကျွတ်မှာ မီးပုံးတွေနဲ့ ညဘက်ဓာတ်ပုံရိုက်ထားပေမယ့် ကိုယ်မျှော်လင့်ထားသလို Mood မရဘူးဆိုရင် Lightroom Mobile နဲ့ ပြင်ကြည့်ပါ။

မီးရောင်တွေ၊ အလင်းအမှောင်နဲ့ Skin Tone တွေကို သေချာညှိပေးရုံနဲ့ ကိုယ်ရိုက်ထားတဲ့ပုံကို ပိုပြီး Cinematic ဆန်တဲ့ Look တစ်ခုအဖြစ် အလွယ် ပြောင်းလဲနိုင်ပါတယ်။
•
▫️Highlight Recovery & Shadow Control

| ညဘက်မီးရောင်တွေနဲ့ ရိုက်ထားတဲ့ပုံတွေမှာ အဖြစ်များတာက မီးပုံးတွေ အဖြူကြီးဖြစ်သွားတာနဲ့ မျက်နှာက အမှောင်ထဲပျောက်သွားတာပါ။
| Light Panel ထဲမှာ Highlights ကို လျှော့ပြီး Shadows ကို လိုအပ်သလောက် မြှင့်ပေးပါ။ ဒါပေမဲ့ Exposure ကို အလွန်အကျွံတင်လိုက်ရင် ညဘက်ပုံရဲ့ Natural Contrast ပျောက်သွားနိုင်တာကြောင့် မီးရောင်အသေးစိတ်နဲ့ အမှောင်ရဲ့ Depth ကို ထိန်းထားနိုင်ဖို့ အရေးကြီးပါတယ်။

▫️ Color Mix နဲ့ Skin Tone ကို သီးသန့်ထိန်းပါ

| မီးရောင်တွေက Orange နဲ့ Yellow ဘက်ကို သွားတဲ့အခါ မျက်နှာပါ လိမ္မော်ရောင်လွန်သွားတတ်ပါတယ်။
| Color Mix ထဲမှာ Orange နဲ့ Yellow ရဲ့ Hue၊ Saturation နဲ့ Luminance ကို ချိန်ညှိပြီး မီးရောင်ရဲ့ Warmth ကို ထိန်းထားနိုင်ပါတယ်။

▫️ Masking နဲ့ Subject ကို သီးသန့်ခွဲထုတ်ပါ

| နောက်ခံမှာ မီးပုံးတွေ လှလှပပ တောက်ပနေပေမယ့် လူက မှောင်နေတဲ့ပုံဆိုရင် ပုံတစ်ခုလုံးကို Exposure တင်ဖို့ မလိုပါဘူး။
| Masking ထဲက Select Subject ကို အသုံးပြုပြီး Subject ရဲ့ Exposure နဲ့ Shadows ကို သီးသန့်ညှိနိုင်ပါတယ်။ ဒီနည်းက Background ရဲ့ ညဘက် Mood ကို မပျက်စေဘဲ လူကို ပိုပြီး Focus ရောက်စေတဲ့အတွက် Portrait တွေမှာ အသုံးဝင်ပါတယ်။

▫️ Color Grading နဲ့ Cinematic Mood တည်ဆောက်ပါ

| သီတင်းကျွတ်ပုံတွေကို ရွှေရောင်ဆန်တဲ့ Cinematic Look ပေးချင်ရင် Color Grading ကို သုံးကြည့်ပါ။
| Highlights ဘက်မှာ Warm Amber Tone ကို အနည်းငယ်ထည့်ပြီး Shadows ကို Neutral သို့မဟုတ် အနည်းငယ်အေးတဲ့ Tone ထားပေးရင် အလင်းနဲ့ အမှောင်ကြားက Color Contrast ပိုပေါ်လာနိုင်ပါတယ်။
| ဒီနေရာမှာ Saturation ကို အရမ်းမြှင့်မယ့်အစား အရောင်ရဲ့ Intensity ကို ထိန်းထားတာက ပိုပြီး Premium ဆန်တဲ့ Result ရစေပါတယ်။

သီတင်းကျွတ်ပုံတွေအတွက် Ready preset သုံးမယ်ဆိုရင် Warm Cinematic, Golden Hour, Film / Vintage နဲ့ Soft Glow ဆန်တဲ့ Preset တွေကို စမ်းကြည့်ဖို့ အကြံပြုပါတယ်။

ဒီသီတင်းကျွတ်မှာတော့ မီးရောင်လှလှလေးတွေကိုပဲ Edit လုပ်တာထက် ကိုယ်ရိုက်ထားတဲ့ပုံရဲ့ Mood ကိုပါ ထိန်းသိမ်းပြီး ကိုယ့် Style နဲ့ကိုက်တဲ့ Color Look တစ်ခု ဖန်တီးကြည့်ပါ။ 🧡
•
📢 iKey ​၏ page သည် Followers 40K ကျော်ပြီး ယခု Page တစ်ခုတည်းသာသုံးပါသည်။ ⚠️ ဆင်တူရိုးမှား Page အတုများကိုလည်း အထူးသတိထားပေးပါ ⚠️

📞 Contact - 09961770199 (Phone/Viber)

📍Address - အမှတ်(၄၀)၊မကြီးကြီးလမ်း၊စမ်းချောင်းမြို့နယ်။
[10AM - 6PM (Sunday ပိတ်ပါသည်)]

☁️ Website - https://ikeymm.com
iKey website တွင်လည်းစျေးနှုန်းတွေကို
Up to date ဝင်ကြည့်နိုင်ပါတယ်ဗျာ

💬 Telegram - https://t.me/keysforikey
Tiktok - https://tiktok.com/

🎧 Game ထဲမှာ မျောလို့ကောင်းတဲ့ စပေါ့တီဖိုင်း Playlist•Cyberpunk လို game တွေ ဆော့ရင်း နားထောင်ဖို့၊ ညဘက်တစ်ယောက်တည်း chi...
20/10/2026

🎧 Game ထဲမှာ မျောလို့ကောင်းတဲ့ စပေါ့တီဖိုင်း Playlist
•
Cyberpunk လို game တွေ ဆော့ရင်း နားထောင်ဖို့၊ ညဘက်တစ်ယောက်တည်း chill ဖို့နဲ့ ကိုယ့်ကမ္ဘာထဲကိုယ် ဝင်သွားချင်တဲ့အချိန်မျိုးအတွက် ဒီ စပေါ့တီဖိုင်း Playlist လေးကို save ထားလိုက်ဗျာ

Y2K, Electronica, IDM, Ambient House, Dream House နဲ့ Lo-Fi House vibe တွေကို ပေါင်းထားလို့ futuristic ဆန်ဆန်၊ dreamy ဖြစ်ဖြစ်၊ နည်းနည်း dark ဖြစ်ဖြစ် ခံစားလို့ရတယ်။

Game ထဲမှာ night city တစ်ခုကို ဖြတ်မောင်းနေရသလို၊ neon lights တွေအောက်မှာ လမ်းလျှောက်နေရသလို ခံစားချက်မျိုးပေါ့။ 🌃

🎮 Cyberpunk-style games ဆော့တဲ့အချိန်, Late-night gaming sessions, Headphone တပ်ပြီး ကိုယ့် vibe နဲ့ကိုယ်မျောချင်တဲ့အချိန် နဲ့ Y2K / futuristic / underground electronic music ကြိုက်တဲ့သူတွေအတွက် ကွက်တိဖြစ်မယ်ဗျာ

တစ်ခါနားထောင်ကြည့်ပြီးရင် ကိုယ့် gaming playlist ထဲကနေကို ဖယ်ချင်တော့မှာ မဟုတ်ဘူး။

🔗 စပေါ့တီ မှာ playlist name “music so good even a devil may cry” လို့ ရှာနားထောင်ကြည့်ပါ။ playlist လင်ခ့်လဲ ချပေးထားမယ်ဗျာ!!!!
•
📢 iKey ​၏ page သည် Followers 40K ကျော်ပြီး ယခု Page တစ်ခုတည်းသာသုံးပါသည်။ ⚠️ ဆင်တူရိုးမှား Page အတုများကိုလည်း အထူးသတိထားပေးပါ ⚠️

📞 Contact - 09961770199 (Phone/Viber)

📍Address - အမှတ်(၄၀)၊မကြီးကြီးလမ်း၊စမ်းချောင်းမြို့နယ်။
[10AM - 6PM (Sunday ပိတ်ပါသည်)]

☁️ Website - https://ikeymm.com
iKey website တွင်လည်းစျေးနှုန်းတွေကို
Up to date ဝင်ကြည့်နိုင်ပါတယ်ဗျာ

💬 Telegram - https://t.me/keysforikey
Tiktok - https://tiktok.com/

#စပေါ့တီဖိုင်း

Touchscreen MacBook Pro ဆိုတာ ဘာလဲ? 💻👆 MacBook မှာ မကြုံဖူးသေးတဲ့ အပြောင်းအလဲကြီး လာတော့မလား?•MacBook Screen ကို လက်နဲ့ ...
17/10/2026

Touchscreen MacBook Pro ဆိုတာ ဘာလဲ? 💻👆 MacBook မှာ မကြုံဖူးသေးတဲ့ အပြောင်းအလဲကြီး လာတော့မလား?
•
MacBook Screen ကို လက်နဲ့ တိုက်ရိုက်ထိတွေ့ပြီး အသုံးပြုနိုင်တော့မယ်ဆိုရင်ရော? 👀

Apple ဟာ ပထမဆုံး Touchscreen MacBook Pro ကို မိတ်ဆက်လာဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ Oct 28 မှာ Media Launch Experience ပြုလုပ်ဖို့ရှိပြီး MacBook Pro အသစ်အပြင် iPad mini နဲ့ Mac အသစ်တွေပါ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။
•
ဒါဆို Touchscreen MacBook Pro က ဘယ်လိုမျိုး ဖြစ်လာနိုင်လဲ?

| အခုလက်ရှိ MacBook တွေမှာ Screen ကို လက်နဲ့ထိပြီး Control လုပ်လို့မရပါဘူး။ Keyboard, Trackpad နဲ့ Mouse ကိုပဲ အသုံးပြုရပါတယ်။

ဒါပေမဲ့ Touchscreen ပါလာတာကြောင့် Keyboard နဲ့ Trackpad မပါတော့ဘူးလို့ မဆိုလိုပါဘူး။ ပုံမှန် Laptop ပုံစံအတိုင်း ဆက်လက်အသုံးပြုနိုင်ဖို့ မျှော်လင့်ထားကြတာပါ။

| MacBook Pro အသစ်မှာ OLED Display ပါဝင်လာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

OLED Display ရဲ့ အားသာချက်တွေက အနက်ရောင်ကို ပိုပြီး နက်မှောင်စွာ ဖော်ပြနိုင်တယ်၊ အရောင်နဲ့ Contrast ပိုကောင်းလာနိုင်တယ်၊ Photo Editing နဲ့ Video Editing လုပ်တဲ့အခါမှာလဲ Visual Experienceက ပိုကောင်းလာနိုင်ပါတယ်

လက်ရှိ MacBook Pro တွေမှာ အသုံးပြုထားတဲ့ mini-LED Display ကနေ OLED ကို ပြောင်းလဲလာမယ်ဆိုရင် Display ပိုင်းမှာ သိသာတဲ့ Upgrade တစ်ခု ဖြစ်လာနိုင်ပါတယ်။

| MacBook အသစ်ဆိုတော့ Chip ကလည်း စိတ်ဝင်စားစရာပါ။ လက်ရှိ Rumor တွေအရ M6 chip သုံးထားတဲ့ iMac, MacBook Proတွေပါလာနိုင်ပါတယ်

| လက်ရှိ MacBook တွေရဲ့ notch နေရာမှာလဲ Dynamic Island နဲ့ အစားထိုးလာနိုင်ဖွယ်ရှိပါတယ်တဲ့ဗျာ

| MacBook Pro အသစ်မှာ Design ပိုင်းကို ပြောင်းလဲလာနိုင်ပြီး လက်ရှိမော်ဒယ်တွေထက် ပိုပေါ့လာမယ်လို့လဲ ဖော်ပြထားကြပါတယ်။

အဲ့တော့ တကယ်ပဲ Rumors တွေအတိုင်း Touchscreen MacBook Pro ဆိုတာကြီး ထွက်ရှိလာမှာလား ဆိုတာကို စောင့်ကြည့်ကြတာပေါ့ဗျာ 🧐🧐
•
📢 iKey ​၏ page သည် Followers 40K ကျော်ပြီး ယခု Page တစ်ခုတည်းသာသုံးပါသည်။ ⚠️ ဆင်တူရိုးမှား Page အတုများကိုလည်း အထူးသတိထားပေးပါ ⚠️

📞 Contact - 09961770199 (Phone/Viber)

📍Address - အမှတ်(၄၀)၊မကြီးကြီးလမ်း၊စမ်းချောင်းမြို့နယ်။
[10AM - 6PM (Sunday ပိတ်ပါသည်)]

☁️ Website - https://ikeymm.com
iKey website တွင်လည်းစျေးနှုန်းတွေကို
Up to date ဝင်ကြည့်နိုင်ပါတယ်ဗျာ

💬 Telegram - https://t.me/keysforikey
Tiktok - https://tiktok.com/

Console Game အမိုက်စား Sifu App Store ပေါ် ရောက်လာပြီ! 🎮•PC နဲ့ Console မှာ နာမည်ကြီးခဲ့တဲ့ Kung Fu Action Game Sifu ကို...
14/10/2026

Console Game အမိုက်စား Sifu App Store ပေါ် ရောက်လာပြီ! 🎮
•
PC နဲ့ Console မှာ နာမည်ကြီးခဲ့တဲ့ Kung Fu Action Game Sifu ကို အခု iPhone နဲ့ iPad မှာပါ ဆော့နိုင်လာပါပြီ။
ရန်သူတွေကို Kung Fu နည်းစနစ်တွေနဲ့ တိုက်ခိုက်ရမယ့်အပြင် သေဆုံးပြီး ပြန်ရှင်လာတိုင်း အသက်ကြီးလာတဲ့ Gameplay Mechanic ကြောင့် ထူးခြားတဲ့ Game တစ်ခုလည်း ဖြစ်ပါတယ်။
အခု iPhone နဲ့ iPad အတွက် Touch Control တွေကို သီးသန့်ပြင်ဆင်ပေးထားပြီး Controller နဲ့လည်း ဆော့နိုင်ပါတယ်။ 🥋
ဒါပေမဲ့ Sifu တစ်ခုတည်း မဟုတ်ပါဘူး။ Apple ကနေ Indie Games Week ကို App Store မှာ စတင်လိုက်ပြီး Sifu အပါ Indie Game ကောင်း 7ခုကို အထူးမိတ်ဆက်ပေးနေပါတယ်။
1️⃣ Sifu 🥋
2️⃣ Vampire Crawlers 🧛
Card တွေကို ပေါင်းစပ်ပြီး Dungeon ထဲက ရန်သူတွေကို အနိုင်ယူရမယ့် Strategy Game။ နာမည်ကြီး Vampire Survivors ရဲ့ Spin-off လည်း ဖြစ်ပါတယ်။
3️⃣ No Man’s Sky 🚀
ကျယ်ပြန့်တဲ့ Universe ထဲမှာ ဂြိုဟ်တွေကို စူးစမ်း၊ ကုန်သွယ်၊ တိုက်ခိုက်ပြီး ကိုယ့်ရဲ့ Space Adventure ကို ဖန်တီးနိုင်မယ့် Game။ iPhone နဲ့ iPad အတွက် အောက်တိုဘာ ၂၈ ရက်မှာ ရောက်ရှိလာမှာပါ။
4️⃣ Little Kitty, Big City 🐈
မြို့ကြီးတစ်မြို့ထဲမှာ ကြောင်လေးတစ်ကောင်အနေနဲ့ လွတ်လပ်စွာ လျှောက်သွားပြီး စူးစမ်းရမယ့် Open-world Adventure Game။
5️⃣ 9 Kings 👑
Card တွေကို အသုံးပြုပြီး ကိုယ့်နိုင်ငံကို တည်ဆောက်၊ စစ်တပ်တွေဖွဲ့စည်းကာ ပြိုင်ဘက်တွေကို အနိုင်ယူရမယ့် Strategy Game။
6️⃣ Dome Keeper ⛏️
မြေအောက်တူးဖော်ပြီး Resource တွေ စုဆောင်းရင်း Alien ရန်သူတွေကို ခုခံကာကွယ်ရမယ့် Survival Game။
7️⃣ Yes, Your Grace 2: Snowfall 🏰
နိုင်ငံတော်ကို အုပ်ချုပ်ရင်း ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ့် Kingdom Management Game။
ဒီ Game 7ခုကို Apple က ဒီတစ်ပတ် App Store မှာ အထူးဖော်ပြပေးသွားမှာဖြစ်ပြီး No Man’s Sky ကတော့ အောက်တိုဘာ ၂၈ ရက်မှ စတင်ဆော့နိုင်မှာပါ။ ကျန် Game တွေကို App Store မှာ ရရှိနိုင်ပါတယ်။
ဘယ် Game ကို အရင်စမ်းဆော့ကြည့်ချင်လဲ ရွေးလိုက်တော့ဗျာ? 🎮
•
•
📢 iKey ​၏ page သည် Followers 40K ကျော်ပြီး ယခု Page တစ်ခုတည်းသာသုံးပါသည်။ ⚠️ ဆင်တူရိုးမှား Page အတုများကိုလည်း အထူးသတိထားပေးပါ ⚠️
📞 Contact - 09961770199 (Phone/Viber)

📍Address - အမှတ်(၄၀)၊မကြီးကြီးလမ်း၊စမ်းချောင်းမြို့နယ်။
[10AM - 6PM (Sunday ပိတ်ပါသည်)]
☁️ Website - https://ikeymm.com
iKey website တွင်လည်းစျေးနှုန်းတွေကို
Up to date ဝင်ကြည့်နိုင်ပါတယ်ဗျာ
💬 Telegram - https://t.me/keysforikey
Tiktok - https://tiktok.com/

Address

No. (42), Ma Kyee Kyee Street, Sanchaung
Yangon
11111

Telephone

+959961770199

Alerts

Be the first to know and let us send you an email when iKey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to iKey:

Shortcuts

Share

Category

Nearby computer & electronics services