20/10/2023
ERP software အမျိုးအစားများစွာထဲမှာမှ အဓိက ပါဝင်သင့်တဲ့ Module တွေအကြောင်းကိုဖော်ပြခဲ့ပြီးပါပြီ။ အခု Post မှာတော့ အဲ့ဒီ Module တွေထဲမှာမှ လုပ်ငန်းတိုင်းအားအထားရဆုံးဖြစ်တဲ့ Sales Module ရဲ့ အသုံးဝင်ပုံအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
Sales Modules ထဲမှာဆိုရင် လုပ်ငန်းတိုင်းအတွက် အသုံးများ၊ အားထားရတဲ့ Function တွေပါဝင်ပါတယ်။ အဲ့ဒါတွေကတော့,
i) Sales Quotation
ii) Customer Registration
iii) POS Sales (Retail Sales, Cash Sales)
iv) Customer Sales (Whole Sales, Credit Sales)
v) Sales Return Process
vi) Sales Reporting တို့ပဲဖြစ်ပါတယ်။
i) Sales Quotation ဆိုတာကတော့ Customer သို့မဟုတ် Prospect Customer ကို မိမိဆီမှာ ရရှိနိုင်တဲ့ Product နှင့် Service တွေကို Proposal လုပ်ပေးတဲ့သဘောပါပဲ။ အဲ့ဒီအထဲမှာ ဘာပစ္စည်းပါမယ်၊ Price ဘယ်လောက်နဲ့ ရနိုင်တယ်၊ ဘယ်လို Terms & Condition တွေရှိမလဲဆိုတာ ဖော်ပြပါရှိမှာဖြစ်ပါတယ်။
ii) Customer Registration ကတော့ မိမိ Products နှင့်ပါတ်သတ်တဲ့ Promotion ပွဲတွေ၊ Events & Activity တွေကို Customer တွေသိနိုင်အောင် ဆက်သွယ်အကြောင်းကြားပေးနိုင်ဖို့ Location အလိုက် ထည့်သွင်းသိမ်းဆည်းပေးထား တာဖြစ်ပါတယ်။ Customer အမျိုးအစား တွေလည်း သက်မှတ်ပေးနိုင်ပြီး Credit Limit ထည့်သွင်းထားနိုင်ပါတယ်။
iii) POS Sales ရဲ့ သဘောတရားကတော့ရှင်းပါတယ် ရောင်းတဲ့အခါ Product ရဲ့ Barcode ကိုအသုံးပြုပြီး လူတိုင်းကို Cash Sales ပဲရောင်းမယ်။ ဝယ်ယူတဲ့ Customer ပေါ်မူတည်ပြီး Discount plan လေးတွေလည်း သတ်မှတ်နိုင်မှာဖြစ်ပါတယ်။
iv) Customer Sales ကတော့ Whole Sales လုပ်ငန်းတွေအတွက် ပိုသင့်တော်ပါတယ်။ Customer အလိုက် Credit Terms များသတ်မှတ်ပြီး အရောင်းများလုပ်ဆောင်နိုင်သလို Sales Team ကသီးသန့် Inventory Team ကသီးသန့်ဖွဲ့စည်းထားတဲ့ Distribution Company တွေမှာဆိုရင် Sales Invoice ပေါ်မူတည်ပြီး Delivery 🚚 Process လုပ်ဆောင်တဲ့ Function တွေပါဝင် ပါတယ်။
v) Sales Return: Warranty ရှိတဲ့ ပစ္စည်းတွေမှာဆိုရင် Delivery 🚚 ပို့ပြီး Customer လက်ထဲရောက်ပြီးမှ Error ရှိလို့ ဆိုင်ပြန်လာတဲ့အခါ ပစ္စည်းအလုံးသစ်ချိန်းပေးတာမျိုး၊ ပစ္စည်းတူတာမရှိတော့လို့ ငွေပြန်အမ်းလိုက်တာမျိုးတွေမှာ Sales Return ပြန်လုပ်နိုင်ဖို့ဖြစ်ပါတယ်။
vi) Sales Reporting: Reporting ပိုင်းအနေနဲ့ Credit Customer များမှာ ငွေပေးချေမှု Paid Amount, Due Amount ကို ပြန်ကြည့်နိုင်ခြင်း၊ အရောင်း စာရင်းများကို Product အလိုက်၊ Categories အလိုက်၊ Sales Person အလိုက် ရှု့ထောင့်အမျိုးမျိုးဖြင့်ကြည့်နိုင်ခြင်း၊ Sales Voucher တစ်ဆောင်ခြင်းပေါ်မှာ ဖြစ်ပေါ်တဲ့ အရှုံးအမြတ်၊ Sales Return ဘယ်လောက်ရှိလည်း၊ Discount Allowances ဘယ်လောက်ရှိလည်းဆိုတာတွေကို အသေးစိပ်ကြည့်ရှု့ နိုင်ရမှာဖြစ်ပါတယ်။
အချုပ်အားဖြင့် လုပ်ငန်းရှင်တွေ ERP Software အသုံးပြုရခြင်းအဓိကရည်ရွယ်ချက်က မိမိရဲ့လုပ်ငန်းကို စနစ်ကျ၊ မြန်ဆန်ဖို့အပြင်၊ ထည့်သွင်းလိုက်တဲ့ အချက်အလက်တွေမှန်ကန်နေဖို့၊ လိုအပ်ချိန်မှာ လအလိုက်၊ နှစ်အလိုက် စာရင်းတွေပေါ်မှာ သုံးသပ်မှုတွေလုပ်နိုင်ဖို့ အားထားရတဲ့ Reporting စနစ်ကောင်းမွန် မှန်ကန်စွာရနိုင်ဖို့ပါပဲ။
အပေါ်ကပြောခဲ့တဲ့ အချက်တွေကို ကာမိတဲ့ ERP Software တစ်ခုကို အသုံးပြုချင်ရင်တော့ GO ERP ရှိပါတယ်။ ဝယ်ပါလို့မတိုက်တွန်းချင်ပါဘူး... မြန်မာပြည်မယ် မှိုလိုပေါက်နေတဲ့ ERP Software တွေကြား ... ဘယ်ဟာသုံးရမလဲ ဗျာများနေမယ်ဆိုတာသိပါတယ်။ မဝယ်ခင် Demo အစမ်းသုံးကြည့်ပါ၊ မိမိလုပ်ငန်းနဲ့ကိုက်ညီပြီဆိုမှ ဝယ်ပါ။ မိမိအသုံးပြုလိုတဲ့ Software အကြောင်း အားမနာစတမ်း အခမဲ့ဆွေးနွေးပါ၊ မိမိလုပ်ငန်းနှင့် သင့်တော် ကိုက်ညီမှအသုံးပြုပါ။ GO ERP software ကို ERP နယ်ပယ်မှာ ၆နှစ်တာ အတွေ့အကြုံရှိပြီးသား Technician များနှင့် ပူးပေါင်းရေးဆွဲထားတာဖြစ်ပြီး POS စနစ်ပါတစ်ခါတည်းပါဝင်ပြီးဖြစ်လို့လုပ်ငန်းအများစုအတွက် သင့်တော်တဲ့ Software တစ်ခုဖြစ်ဖို့ အာမခံပါတယ်။
အသေးစိပ်ဆက်သွယ်မေးမြန်း ဆွေးနွေးရန်
- Page Chat box
- 09 771777212, 09 890055937