Echo Networks Myanmar

Echo Networks Myanmar International unlimited data cards are available here.

😍😍အချစ်တို့ရေ 😍😍ဒီတစ်ခေါက် မင်မင် ထိုင်း true move H sim ကဒ် လေး  တွေရောင်းပေးပါမယ် 🤩🤩😎တစ်ကဒ် ကို ၁၄၅၀၀ ပါရှင် 👉🏼၁ရက်ကြိ...
13/02/2021

😍😍အချစ်တို့ရေ 😍😍

ဒီတစ်ခေါက် မင်မင် ထိုင်း true move H sim ကဒ် လေး တွေရောင်းပေးပါမယ် 🤩🤩

😎တစ်ကဒ် ကို ၁၄၅၀၀ ပါရှင်

👉🏼၁ရက်ကြိုတင်မှာပေးကြပါနော် 😘

🛑၈ရက် အင်တာနက် အကြိုက်သုံးလို့ရပါတယ်ရှင်

😳ဖုန်းက လည်း ပြည်တွင်း မိနစ် ၁၀၀ ~

ပြည်ပဆိုရင် ၁၀မိနစ် ပြောလို့ရပါတယ်ရှင်

☎️ ဖုန်း - 095180779, 09795180779 သို့မှာယူနိုင်ပါတယ်

🚘 - အိမ်အရောက် Delivery service လည်း ရှိပါတယ်ရှင်

Happy Father’s Day ပါဖေဖေ 👨🏻ကိုဗစ်ကြီးပြီးသွားရင် ဖေဖေနဲ့ အတူတူခရီးသွားကြရအောင်! 👧🏻👨🏻👶🏻ခရီးသွားတော့မယ်ဆိုရင်တော့ နိုင်ငံ...
21/06/2020

Happy Father’s Day ပါဖေဖေ 👨🏻

ကိုဗစ်ကြီးပြီးသွားရင် ဖေဖေနဲ့ အတူတူခရီးသွားကြရအောင်! 👧🏻👨🏻👶🏻

ခရီးသွားတော့မယ်ဆိုရင်တော့
နိုင်ငံတကာသုံး Unlimited Data Sim Cards များအား Echo Networks Myanmar မှာ လက်လီလက်ကားဝယ်ယူလို့ရပါတယ်ရှင့်

စျေးနှုန်းများမှာ -

ထိုင်း-၁၂၀၀၀
စင်ကာပူ-၁၄၀၀၀
ဗီယမ်နမ်-၉၅၀၀
ကိုရီးယား-၁၉၅၀၀
ဂျပန်-၁၉၅၀၀
မလေးရှား - ၁၄၀၀၀
Sim 2fly (Asia & Australia)-၂၅၀၀၀

ဆက်သွယ်ဝယ်ယူလိုပါက အာမခံချက် အပြည့်အဝဖြင့် အိမ်အရောက် Delivery ဖြစ်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်ရှင်😊😊😊

Telephone- 095180779, 09795180779, 09420136828 သို့ ဖုန်းဆက်မှာယူနိုင်ပါတယ်နော်🥰

ခရီးသွားခြင်းအကျိုးကျေးဇူးခရီးသွားခြင်းကို လူတိုင်းနှစ်သက်ကြသည်။ ခရီးသွား ခြင်း အမျိုးမျိုးရှိသည်။1.တာဝန်အရခရီးသွားခြင်း...
14/06/2020

ခရီးသွားခြင်းအကျိုးကျေးဇူး

ခရီးသွားခြင်းကို လူတိုင်းနှစ်သက်ကြသည်။

ခရီးသွား ခြင်း အမျိုးမျိုးရှိသည်။

1.တာဝန်အရခရီးသွားခြင်း
2.အနားယူအပန်း ဖြေရန် ခရီးသွားခြင်း
3.ဒေသန္တရဗဟုသုတရှာမှီးရန်အတွက် ခရီးသွားခြင်း
4.ဘုရားဖူးခရီးသွားခြင်း
စသည်ဖြင့် အကြောင်း အမျိုးမျိုးရှိရာ မည်သို့သောခရီးသွားခြင်းဖြစ်စေ ခရီးသွားခြင်း သည် လူ၏စိတ်ကို လန်းဆန်းစေခြင်း၊ ပျော်ရွှင်စေခြင်း၊ ဒေသန္တရ ဗဟုသုတများရရှိစေခြင်းတို့ကို ရရှိခံစားရသည်။

အတွေ့အကြုံ

ခရီးသွားခြင်းကြောင့် ပတ်ဝန်းကျင်သစ်နှင့် ထိတွေ့ရ သည်။ ရထား၊ ကား၊ လေယာဉ်၊ သင်္ဘော စသည်တို့ကို အသုံးပြုသွားလာကြရသည့်အခါ ရထားစီး၍သွားပါက ရထား စီးရသည့်အတွေ့အကြုံ၊ ကားစီး၍သွားပါက ကားစီးရသော အတွေ့အကြုံကိုရရှိသည်။ ခရီးသွားဖော်ကိုရရှိ၍ မိတ်ဆွေသစ် တိုးရသည်။ ခရီးသွားဖော်နှင့် မိတ်ဆက်စကားပြောကြရာမှ တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးခွင့်ရရှိကြပြီး အတွေ့အကြုံ၊ ဗဟုသုတများ ဖလှယ်ခွင့်ရရှိကြသည်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့မှ မိမိမသိတာများသိရှိရပြီး မိမိသိရှိသည်များကို ပြန်လည်ပေးဆပ်ခွင့်ရသည်။

အကျိုးကျေးဇူး

ခရီးသွားခြင်းကြောင့် မိမိရောက်ရှိရာဒေသ၏ လူနေမှု စနစ်၊ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ ဒေသထွက်ကုန်၊ ဒေသခံတို့၏ စီးပွားရေးလုပ်ငန်း၊ သဘာဝ ပတ်ဝန်းကျင်အခြေအနေတို့ကို ဒေသန္တရဗဟုသုတအဖြစ် လေ့ လာမှတ်သားခွင့်ရရှိခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိ သည်။

ထို့ပြင် ခရီးသွားပါက စိတ်၏အပန်းဖြေမှုကိုရရှိသည်။ ခန္ဓာကိုယ်နှင့်စိတ်ကို လန်းဆန်း တက်ကြွစေသည်။ အတွေးအခေါ်သစ်၊ ကြံစည်တီထွင်မှုအသစ် တို့ကို ရရှိစေသည်။ ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် အမြင် အာရုံပြောင်းလဲပြီး စိတ်ခံစားမှုသည်လည်း လိုက်၍ပြောင်း လဲသွားရသည်။
သို့ဖြစ်၍ ခရီးသွားခြင်းသည် မည်သည့်လုပ်ငန်းအတွက် မဆို များစွာအထောက်အကူရရှိစေပြီး အတွေ့အကြုံသစ်များကို ရရှိပါသဖြင့် လူတိုင်းခရီးသွားသင့်ပါကြောင်းပြောကြားလိုပါသည်။

ပြည်ပြနိုင်ငံများသို့အလည်အပတ်သွားမယ်ဆိုရင်တော့

နိုင်ငံတကာသုံး Unlimited Data Sim Card များအား
လက်လီလက်ကားဝယ်ယူလို့ရပါတယ်ရှင့်

ထိုင်း-၁၂၀၀၀
စင်ကာပူ-၁၄၀၀၀
ဗီယမ်နမ်-၉၅၀၀
ကိုရီးယား-၁၈၅၀၀
ဂျပန်-၁၈၅၀၀
တရုတ်-၂၀၀၀၀
Sim 2fly -၂၅၀၀၀

ဆက်သွယ်ဝယ်ယူလိုပါက အာမခံချက် အပြည့်အဝဖြင့် အိမ်အရောက် Delivery ဖြစ်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်ရှင်😊😊😊

နိုင်ငံတကာသုံး Data Sim Cards များကို စျေးနှုန်းသက်သာစွာဖြင့်တစ်နေရာထဲမှာ ဝယ်ယူနိုင်ပါတယ်ရှင်

ဖုန်း - 095180779 (hot line)
09795180779
သို့ ဖုန်းဆက်ပြီး အသေးစိတ်ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါပြီနော် 😘

12/06/2020

ဒါကတော့ ရန်ကုန်မြို့ရဲ့ ညဘက်အလှပါရှင့် 🥰

ခရီးသွားချင်စိတ်တွေ တားဆီးလို့မရဖြစ်နေပါပြီနော် 🥺

မင်္ဂလာပါရှင့် 🥰ကဲ Covid ကာလကြီးပြီးတာနဲ့ ခရီးသွားမဲ့သူတွေလက်ညှိုးထောင် ✌🏻😍အားလုံးက အချိန်တော်တော်များများကို Stay Home ...
06/05/2020

မင်္ဂလာပါရှင့် 🥰
ကဲ Covid ကာလကြီးပြီးတာနဲ့ ခရီးသွားမဲ့သူတွေလက်ညှိုးထောင် ✌🏻😍

အားလုံးက အချိန်တော်တော်များများကို Stay Home နေနေရတော့ စိတ်တွေမွန်းကျပ်နေကြမှာပေါ့နော်. 😤

အဲ့ဒီတော့ ဒီရောဂါကြီး ကင်းသွားရင် ဘယ်နိုင်ငံကို အရင်ဆုံးသွားလည်ကြမှာလဲ ဆိုတာစဉ်းစားထားပြီးကြပြီလား? 🤓

ခရီးသွားကြမယ်ဆိုရင်လည်း Echo Networks Myanmar မှာ International Data Sim Card တွေ နိုင်ငံစုံအတွက်ရှိတာမို့ ဝယ်ယူဖို့မမေ့ကြနဲ့နော် 😁

ဆက်သွယ်ဝယ်ယူလိုပါက -

09795180779, 09-5180779 ဖုန်းလေးသာဆက်လိုက်ပါနော် ☺️

ဒီကပ်ဆိုးကြီးကို အန္တရာယ်ကင်းစွာဖြင့် အတူအကွ ကျော်လွှားနိုင်ကြပါစေလို့ လေးလေးနက်နက်ဆန္ဒပြုဆုတောင်းအပ်ပါတယ်ရှင့် 🙏🙏🙏

သင်္ကြန်အခါသမယမှာ စိတ်​၏ချမ်းသာခြင်း ၊ ကိုယ်​၏ကျန်းမားခြင်းနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒမှန်သမျှ ပြည့်စုံကြပါစေလို့ ဆုမွ...
16/04/2020

သင်္ကြန်အခါသမယမှာ စိတ်​၏ချမ်းသာခြင်း ၊ ကိုယ်​၏ကျန်းမားခြင်းနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒမှန်သမျှ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏🙏🙏

အားလုံးဘဲ အန္တရာယ်ကင်းကြပါစေရှင်🙏
28/03/2020

အားလုံးဘဲ အန္တရာယ်ကင်းကြပါစေရှင်🙏

နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များလျှောက်ထားသူအားလုံးပါရှိရမည့...
05/11/2019

နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်း
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လျှောက်ထားသူအားလုံးပါရှိရမည့် အထောက်အထား

နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ (၂)စုံ
အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ (၂)စုံ
အသက် (၁၂) အောက်ဖြစ်လျှင် မွေးစာရင်း မူရင်းနှင့် မိတ္တူ (၂)စုံ
သင်္ဘောသားများဖြစ်ပါက

ပြည်တွင်းရေကြောင်းမှ ခြေခံပင်လယ်ပြင် အသက်အန္တရာယ်လုံခြုံမှု သင်တန်းဆင်းလက်မှတ် မူရင်းနှင့် မိတ္တူ (၂)စုံ
သက်တမ်းတိုးပါက မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်ဟောင်း၊ သင်္ဘောသားလုပ်သက်မှတ်တမ်း (CDC) စာအုပ်မူရင်းနှင့် မိတ္တူ (၂)စုံ
စီးပွားရေးမနလလျှောက်ထားသူများ

ကုမ္ပဏီမှတ်ပုံတင်မူရင်းနှင့် မိတ္တူ (၂)စုံ
ပုံစံ (၂၆/၂၆) မူရင်းနှင့် မိတ္တူ (၂)စုံ
ကျောင်း/သင်တန်းများတက်ရောက်လိုလျှင်

သက်ဆိုင်ရာကျောင်း၏ ခေါ်စာနှင့် မိတ္တူ (၂)စုံ
ပြည်ပအလုပ်အကိုင်အတွက် လျှောက်ထားသူများ
အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် နိုင်ငံခြား အလုပ်သမား မှတ်ပုံတင်ကတ်ပြား မူရင်းနှင့် မိတ္တူ (၂)စုံ
မှီခိုလျှောက်ထားသူများ

နိုင်ငံခြားသား မှီခိုဖြစ်ပါက အပြန်လေယာဉ်စရိတ်ပေးသွင်းပြီးကြောင်း ထောက်ခံစာ
လက်ထပ်စာချုပ်ကဲ့သို့သော အထောက်အထားများ
ရဟန်းသံဃာများ၊ သီလရှင်များ

သာသနာဝင်ကတ်ပြား မူရင်းနှင့် မိတ္တူ (၂)စုံ
မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ(၂)စုံ
ဝန်ထမ်းများ

သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်တွင်းပြည်ပတွင် ခံစားခွင့်မူရင်းနှင့် မိတ္တူ (၂)စုံ
တပ်မတော်သား မိသားစုဝင်များ
ကက (ကြည်း) ၏ ထောက်ခံချက်မူရင်းနှင့် မိတ္တူ (၂)စုံ
ပြစ်ဒဏ်ကျခံဘူးသူများ

ထောင်ထွက်လက်မှတ် မူရင်းနှင့် မိတ္တူ (၂)စုံ
GREEN CHANNEL-GC
ဆေးကု၊ ဆေးကုဖော်၊ ပညာရေး၊ သင်တန်း၊ ကျောင်း၊ ပြပွဲ၊ ပြိုင်ပွဲ၊ လေ့လာရေး၊ အစည်းအဝေး၊ ဆွေးနွှေးပွဲ၊ ပြည်ပသို့ ခွင့်ဖြင့် သွားရောက်မည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်ပမှ ခွင့့်ဖြင့်ပြန်လာသူများ၊ နိုင်ငံကူးလက်မှတ်တွင် သက်တမ်းကျန်ပြီး စာရွက်ကုန်၍ ပြန်လည်လျှောက်ထားသူများအား GREEN CHANNEL အစီအစဉ်ဖြင့် လျှောက်ထားပြီး (၅)ရက်အကြာတွင် စာအုပ်ထုတ်ပေးပါသည်။
သီးသန့်ဆောင်ရွက်ပေးမှု

ရဟန်းသံဃာများ၊ သီလရှင်များ
အသက် (၆၀)အထက်၊ အသက် (၁၀)နှစ်အောက်၊
ကိုယ်ဝန်ဆောင်မိခင်များ၊ ကျန်းမာရေးချို့တဲ့နေသူများအား
ရုံး၏ပထမထပ်တွင် သီးသန့်ဆောင်ရွက်ပေးလျက်ရှိပါသည်။
အိမ်တိုင်ရာရောက်ဆောင်ရွက်ပေးမှု အခြေအနေ

အသက် (၆၀)ကျော်နှင့်အထက်
ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးကုသမှု ခံယူနေသူများ၊
ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်လာရောက်နိုင်ခြင်း မရှိသူများ၊
ကာယကံရှင်မှ စိစစ်ရမည့် အချက်များ

အမည် အင်္ဂလိပ်စာလုံးပေါင်း မှန်ကန်မှု ရှိ၊ မရှိ
မွေးသက္ကရာဇ် မှန်ကန်မှု ရှိ၊ မရှိ
ကျား/မ ရေးသွင်းချက် မှန်ကန်မှု ရှိ၊ မရှိ
မွေးဇာတိမှန်ကန်မှု ရှိ၊ မရှိတို့အား
Slip ရရှိချိန်တွင် လျှောက်ထားသူကိုယ်တိုင် စိစစ်ရမည်ဖြစ်သည်။
ဝန်ဆောင်ခ

မြန်မာ့စီးပွားရေးဘဏ် (မနလစာအုပ်ဖိုး) ၁၉ ၀၀၀ ကျပ်
Online ဝန်ဆောင်ခ ၁ ၀၀၀ ကျပ်
မနလဆေးဖိုး၊ မင်ဖိုးနှင့် ပြုပြင်ထိန်းသိမ်းခ ၁ ၀၀၀ ကျပ်
ဓာတ်ပုံဖိုး ၂ ၀၀၀ ကျပ်
လျှောက်လွှာပုံစံ ၂၀၀ ကျပ်
စက်ပစ္စည်းနှင့် ဝန်ဆောင်ခ ၁ ၈၀၀ ကျပ်
စုစုပေါင်း ၂၅ ၀၀၀ ကျပ်
ဆက်သွယ်ရမည့်လိပ်စာ

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ရန်ကုန်။

Oversea သွားမည့်သူများ Echo Networks Myanmar တွင် နိုင်ငံတကာသုံး Sim Card များဝယ်ယူရရှိနိုင်ပါတယ်ရှင်

💓💓💓
စျေးနှုန်းများများ

ထိုင်း - ၁၂၀၀၀

စင်ကာပူ ၊ မလေး၍ ထိုင်း - ၁၄၀၀၀

Asia & Australia - ၂၅၀၀၀
ဂျပန် - ၁၈၅၀၀

ကိုရီးယား - ၁၈၅၀၀

ဗီယမ်နမ် - ၉၅၀၀

ဖြင့် ဝယ်ယူနိုင်ပါတယ်ရှင်

Tel - 095180779, 09 955180779 သို့ အသေးစိတ် အချက်အလက်များမေးမြန်းနိုင်ပါတယ်ရှင်

Thailand 8 Days Unlimited Data + Voice Call 100mins sim card များကို   တွင်ဝယ်ယူရရှိနိုင်ပါပြီရှင့်Tour Group များမှဝယ်ယ...
17/09/2019

Thailand 8 Days Unlimited Data + Voice Call 100mins sim card များကို တွင်ဝယ်ယူရရှိနိုင်ပါပြီရှင့်

Tour Group များမှဝယ်ယူလိုပါက ကဒ် ၂၀ နှင့်အထက် ဝယ်ယူပါက Delivery Free ဖြင့်ဝန်ဆောင်မူပေးမှာဖြစ်ပါတယ် 🥰

Price - ၁၂၀၀၀

🚕Delivery Service Available 🚗

Contact- 095180779,09955180779

ဘာကြောင့်ခရီးထွက်သင့်တာလဲ?"ကမ္ဘာကြီးက စာအုပ်တစ်အုပ်နဲ့တူပါတယ် အကယ်၍သင်ခရီးမထွက်ဘူးဆိုရင်တော့ သင်ဟာ စာရွက်တရွက်ထဲကိုသာဖတ်ေ...
11/09/2019

ဘာကြောင့်ခရီးထွက်သင့်တာလဲ?

"ကမ္ဘာကြီးက စာအုပ်တစ်အုပ်နဲ့တူပါတယ် အကယ်၍သင်ခရီးမထွက်ဘူးဆိုရင်တော့ သင်ဟာ စာရွက်တရွက်ထဲကိုသာဖတ်နေတဲ့သူဖြစ်တယ်"ဆိုတဲ့ Saint Augustine ရဲ့ အဆိုအရ
ခရီးသွားခြင်းကနေ ဘ၀ရဲ့  ရှင်သန်ခြင်းအဓိပ္ပာယ်အချို့ ကိုအောက်ပါအချက်တွေမှာသင်တွေ့နိုင်ပါတယ်။

(၁) လေ့လာသင်ယူနိုင်ပါတယ်။
မတူညီတဲ့ယဉ်ကျေးမှုတွေ ၊ ရိုးရာဓလေ့တွေ၊ ဘာသာစကားအသစ်တွေ ၊ သမိုင်းနောက်ခံကြောင်းတွေနဲ့ ကွဲပြားတဲ့စားသောက်နေထိုင်ပုံတွေကို လေ့လာသင်ယူခွင့်ရရှိတာပါ။ သေချာတာတစ်ခုကတော့.... တက္ကသိုလ် သင်ရိုးတွေလို စာသင်ခန်းထဲမှာထိုင်ပြီးငြီးငွေ့စွာ မဖြတ်သန်းရပဲ ခရီးတခေါက်ပြန်လာတိုင်း အတွေးအမြင်သစ်တွေ အမြဲပါလာတာပါပဲ။

(၂) မေ့ဖျောက်ဖို့ခက်ခဲတဲ့ခံစားချက်တွေကိုကုစားနိုင်ပါတယ်။
လူတိုင်းမှာပျော်ရွှင်ဖွယ်အမှတ်တရအကြောင်းအရာတွေရှိတတ်ကြပြီးနာကျင်ခံစားရတဲ့
အခိုက်အတန့်လေးတွေလဲရှိတတ်ကြပါတယ်။အကယ်၍သင်ခရီးထွက်ခဲ့မယ်ဆိုရင်တော့ လှပတဲ့နေရာသစ်တွေ ၊တောတောင်ရှုခင်းတွေ နဲ့ပတ်ဝန်းကျင်သစ်တခုက သင်အိမ်မှာထိုင်နေတာထက်ပိုပြီးသက်သာရာရစေမှာအသေချာပါပဲ။

(၃)ကိုယ့်ကိုကိုယ်အမှီခိုကင်းရပ်တည်နိုင်သူတယောက်အဖြစ်လက်ခံလာပြီးပိုမိုယုံကြည်မှုတိုးလာစေပါတယ်။
မိမိမရောက်ဖူးတဲ့အရပ်ဒေသ တွေသွားရောက်ရင်း မမျှော်လင့်ထားတဲ့ အခက်အခဲ အတွေ့အကြုံ တွေကို ရင်ဆိုင်ဖြေရှင်းရာမှ မိမိကိုမိမိပိုမိုယုံကြည်မှုတိုးလာစေပါတယ်။

(၄) မိတ်ဆွေသစ်တွေတိုးပွားလာခြင်းနဲ့ အဆင်မပြေမှုများအားသီးခံနိုင်စွမ်းတိုးလာနိုင်ပါတယ်။
စိတ်တူကိုယ်တူ မိတ်ဆွေများတိုးလာနိုင်ပြီး ကိုနဲ့မတူညီတဲ့သူတွေရဲ့ အမြင်နဲ့ယူဆချက်တွေအားအဆင်ပြေအောင်ညှိနှိုင်းရင်း သီးခံနိုင်စွမ်းတိုးလာစေပါတယ်။

(၅) သင့်ကလေးတွေကို ပုံပြင်လေးတွေအဖြစ်ဖန်တီးပြီးပြောပြပေးနိုင်ပါတယ်။
သင် ခရီးသွားရင်းကြုံတွေ့ခဲ့ရတဲ့ အတွေ့ကြုံတွေ၊ပျော်ရွှင်ကြည်နူးစရာတွေ၊စိတ်လှုပ်ရှားစရာ အဖြစ်ပျက်တွေဟာ သင်အသက်အရွယ်အိုမင်းလာတဲ့အခါ အကောင်းမွန်ဆုံး ပုံပြင်တွေအဖြစ် သားသား၊ မြေးမြေးလေးတွေကို ပြောပြရင်း ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းသွားနိုင်မှာပါ။
Credit - တက်လူ

Echo Networks Myanmar မှ နိုင်ငံတကာသုံး Unlimited Data Sim Card များအား လက်လီလက်ကားဝယ်ယူရရှိနိုင်ပါပြီရှင် 😍

Thailand -၁၂၀၀၀
Vietnam-၉၅၀၀
Korea - ၁၈၅၀၀
Japan - ၁၈၅၀၀
Worldwide- ၂၅၀၀၀
Asia & Australia - ၁၈၅၀၀
Singapore - ၁၄၀၀၀
Malaysia- ၁၄၀၀၀

ဆက်သွယ်ရန်- 095180779, 09955180779, 09420136828

Delivery service ရှိပါတယ်ရှင်

Android ဖုန်းများ Setting ချိန်သည့်နည်းလေးဖြစ်ပါတယ်ရှင့်🥰မိမိတို့သတ်မှတ်နိုင်ငံအရောက်တွင် ကဒ်အား sim card ထဲ ထည့်လိုက်သည...
09/07/2019

Android ဖုန်းများ Setting ချိန်သည့်နည်းလေးဖြစ်ပါတယ်ရှင့်🥰

မိမိတို့သတ်မှတ်နိုင်ငံအရောက်တွင် ကဒ်အား sim card ထဲ ထည့်လိုက်သည့်အခါ လိုင်းချက်ချင်းမတက်သေးပါက အောက်ပါပုံထဲမှ အညွန်းအတိုင်းသုံးပေးနိုင်ပါတယ်နော် ☺️

အသေးစိတ် သိရှိလိုပါက ဖုန်း - 095180779, 09955180779 သို့ဆက်သွယ်နိုင်ပါတယ်ရှင့် 🥳

ကျေးဇူးတင်ပါတယ်ရှင့်

Apple Phone များ Setting ချိန်သည့် နည်းလေးဖြစ်ပါတယ်ရှင်🥰မိမိတို့သတ်မှတ်နိုင်ငံအရောက်တွင် ကဒ်အား sim card ထဲ ထည့်လိုက်သည်...
02/07/2019

Apple Phone များ Setting ချိန်သည့် နည်းလေးဖြစ်ပါတယ်ရှင်🥰

မိမိတို့သတ်မှတ်နိုင်ငံအရောက်တွင် ကဒ်အား sim card ထဲ ထည့်လိုက်သည့်အခါ လိုင်းချက်ချင်းမတက်သေးပါက အောက်ပါပုံထဲမှ အညွန်းအတိုင်းသုံးပေးနိုင်ပါတယ်နော် ☺️

အသေးစိတ် သိရှိလိုပါက ဖုန်း - 095180779, 09955180779 သို့ဆက်သွယ်နိုင်ပါတယ်ရှင့် 🥳

ကျေးဇူးတင်ပါတယ်ရှင့်

Address

Yangon

Telephone

+9595180779

Website

Alerts

Be the first to know and let us send you an email when Echo Networks Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share