17/10/2026
🚨 Facebook သုံးနေရင်း ပုံထဲကလို ပေါ်လာရင် လုံးဝ မလန့်ပါနဲ့! 🚨
ဒီရက်ပိုင်း Fb သုံးနေရင်း "Your account is locked until you create a passkey" ဆိုပြီး ပေါ်လာလို့ အကောင့်ပဲ ပျက်သွားပြီလားဆိုပြီး လန့်နေကြတဲ့ မိတ်ဆွေတွေ ရှိလားဗျာ?
ဒါက အကောင့် Hack ခံရတာလည်း မဟုတ်သလို ပျက်သွားတာလည်း မဟုတ်ပါဘူး။ VPN တွေသုံးရလို့ IP ခဏခဏပြောင်းနေတဲ့ ကျွန်တော်တို့ဆီက အကောင့်တွေ ပိုလုံခြုံအောင် Meta က Passkey (ဖုန်းလက်ဗွေ / Face ID / Screen Lock) မဖြစ်မနေ ခံခိုင်းတဲ့ သဘောပါ။
🛠️ ၁ မိနစ်အတွင်း အလွယ်တကူ ပြန်ဝင်နည်း
၁။ အောက်ဆုံးက အပြာရောင် "Create passkey" ကို နှိပ်ပါ။
၂။ Continue နှိပ်ပြီး ဖုန်းမှာခံထားတဲ့ လက်ဗွေ (Fingerprint)၊ Face Scan ဒါမှမဟုတ် Screen Lock PIN ရိုက်ထည့်ပေးလိုက်ရုံပါပဲ။
၃။ ဒါဆိုရင် အကောင့်ထဲ ချက်ချင်း ပြန်ဝင်သုံးလို့ ရသွားပါပြီ!
⚠️ အရေးကြီးဆုံး သတိထားရန်
Passkey က ဖုန်းထဲမှာဝင်ထားတဲ့ Gmail (သို့) Apple ID ထဲမှာ သွားသိမ်းတာဖြစ်လို့ ဖုန်းဆိုင်က ဖွင့်ပေးထားတဲ့ Gmail ကို Password မသိဘဲ သုံးနေတာမျိုးဆိုရင်တော့ နောက်ပိုင်း ဖုန်းအသစ်လဲတဲ့အခါ တိုင်ပတ်နိုင်ပါတယ်။ ဒါကြောင့် ဖုန်းထဲက Gmail / Apple ID ရဲ့ Password ကိုတော့ သေချာသိအောင် လုပ်ထားကြပါနော်။
အသုံးဝင်တယ်ဆိုရင် မိတ်ဆွေတွေ မလန့်ရအောင် Share ပေးသွားကြပါဦးဗျာ။ နည်းပညာဗဟုသုတတွေ အမြဲသိရဖို့ Techno For You Page ကိုလည်း Follow လုပ်ထားဖို့ မမေ့နဲ့နော်! 🙏✨
#နည်းပညာဗဟုသုတ