Ascent Vision

Ascent Vision Pioneer in the field of Audio Visual in Myanmar

Recently installed video conference system at Department of Research & Innovation, Ministry of Education. Photo credit -...
30/11/2020

Recently installed video conference system at Department of Research & Innovation, Ministry of Education.



Photo credit - MRTV and DRI

Dante Audio ဆိုတာ ဘာလဲ?*** Dante Audio ဆိုတာ Audio over IP (AoIP) အမျိုးအစားတခုပဲ။*** သမားရိုးကျ analogue audio cable အစ...
18/09/2020

Dante Audio ဆိုတာ ဘာလဲ?

*** Dante Audio ဆိုတာ Audio over IP (AoIP) အမျိုးအစားတခုပဲ။

*** သမားရိုးကျ analogue audio cable အစား network cable (Cat 5e, Cat 6) ကို သုံးပြီး audio signal တွေကို တနေရာကနေ တနေရာကို ပို့ပေးတာပါပဲ။

*** Digital Audio Network ဖြစ်တဲ့အတွက် Analogue Audio တွေမှာ တွေ့ရတတ်တဲ့ electrical signal interference, signal degradation တွေ မရှိတော့ပါဘူး။

*** Link တခုကနေ (ကြိုးတကြိုးကနေ) channel ပေါင်း 1024 (Transmit 512 x Receive 512) အထိ ပို့နိုင်တာကြောင့် ကြီးမားတဲ့ ကဇာတ်ရုံတွေ၊ ဟိုတယ်တွေ၊ ballroom တွေ၊ စတူဒီယို ခမ်းမတွေ၊ theme park တွေ စသဖြင့်နေရာတွေမှာ Dante နဲ့ design လုပ်တာက ကြိုးလိုအပ်ချက်ကို အများကြီး သက်သာသွားစေနိုင်ပါတယ်။

*** ဒါကြောင့်မို့ အခုနောက်ပိုင်း နိုင်ငံတကာမှာ audio visual consultant တွေဟာ Dante system တွေကို တော်တော်များများ သုံးလာကြတာတွေ့ရတယ်။

*** Dante system ကို ၂၀၀၆ ခုနှစ်က ဩစတြေးလျနိုင်ငံ ဆစ်ဒနီအခြေစိုက် Audinate ဆိုတဲ့ ကုမ္ပဏီတခုက စပြီး တီထွင်ခဲ့ပါတယ်။ Dante ရဲ့အရှည်က Digital Audio Network Through Ethernet ဖြစ်ပါတယ်။ Audio Product ထုတ်တဲ့ ကုမ္ပဏီ တော်တော်များများက Audinate ဆီက လိုင်စင်ဝယ်ထားပြီး သူတို့ရဲ့ product တွေကို Dante system နဲ့ ချိတ်ဆက်နိုင်အောင် တနည်းအားဖြင့် Dante-enabled device အဖြစ် အသွင်ပြောင်းဖို့ Dante Interface Card တွေကို ထုတ်လုပ် ရောင်းချကြပါတယ်။

*** နမူနာအားဖြင့် ပုံမှာ Yamaha ကထုတ်လုပ်တဲ့ Dante card တခုကို ပြထားပါတယ်။ Yamaha TF Series audio mixer နဲ့ audio DSP (Digital Signal Processor) တွေမှာ အဲဒီကဒ်ထည့်လိုက်ရင် Dante-enabled device ဖြစ်သွားပါလိမ့်မယ်။

*** Audinate ကိုယ်တိုင်ကလည်း hardware module တွေ၊ software တွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ Dante system တခု configure လုပ်မယ်ဆိုရင် Dante Controller ဆိုတဲ့ ဆော့ဝဲလ် လိုအပ်မှာ ဖြစ်ပြီး Audinate က အခမဲ့ ပေးထားပါတယ်။ အောက်ကလင့်မှာ ဒေါင်းလို့ရပါတယ်။
https://my.audinate.com/support/downloads/download-latest-dante-software
အဲဒီ ဆော့ဝဲလ်ကို သုံးပြီး system မှာရှိတဲ့ device တွေကို configure လုပ်ရမှာ ဖြစ်ပါတယ်။

*** တကယ်တော့ Dante မတိုင်ခင်က CobraNet နဲ့ EtherSound ဆိုတဲ့ Audio over Ethernet နည်းပညာတွေ ပေါ်ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် သုံးရတာ flexible မဖြစ်တာတွေ၊ latency များတာတွေ၊ routing လုပ်ရတာ ခက်တာတွေ စတဲ့ အချက်တွေကြောင့် သိပ်မတွင်ကျယ်ခဲ့ပေမယ့် အခု Dante နည်းပညာကတော့ အဲဒီအားနည်းချက်တွေကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်လို့ ခုချိန်မှာတော့ ပန်းပန်လျက်ရှိကြောင်းပါ။

*** Audio, Visual, Stage Lighting, Media Control System တွေအတွက် အကြံဉာဏ်တွေ လိုအပ်ခဲ့ရင် Ascent Vision ကို သတိရလိုက်ပါ။



  Audio Visual and Media Control system Training.Your Trusted AV system Integrator,Ascent Vision Co., Ltd.☎️ 09 79918199...
08/09/2020

Audio Visual and Media Control system Training.

Your Trusted AV system Integrator,
Ascent Vision Co., Ltd.
☎️ 09 799181995, 09 796812919, 09 798246901

While sharing knowledge of modern audio visual, stage lighting and media control systems to Electronic students of Yango...
20/03/2020

While sharing knowledge of modern audio visual, stage lighting and media control systems to Electronic students of Yangon Technological University during knowledge sharing seminar. This time Yamaha digital console and Audio Technica microphone are used for the presentation.


🇺🇸 USA brand   ဖြစ်တဲ့     ပါ။ ☞  ဘယ်လို function တွေပါသလဲ ? ▪︎ Portable version အပြင် Table မှာ permanent တပ်ဆင်တဲ့ flu...
26/02/2020

🇺🇸 USA brand ဖြစ်တဲ့ ပါ။
☞ ဘယ်လို function တွေပါသလဲ ?
▪︎ Portable version အပြင် Table မှာ permanent တပ်ဆင်တဲ့ flush-mount type လဲရနိုင်တယ်။
▪︎ Fully digital audio transmission ဖြစ်တယ်။
▪︎ Operation mode ၄ ခုပါတယ်။ Automatic, FIFO, Manual and VOX (Voice activation)
▪︎ သူ့ရဲ့ control unit က discussion units အလုံး ၂၅၀ ထိ control လုပ်လို့ရတယ်
▪︎ discussion unit ၃၂ လုံးထိ interpreter unit အဖြစ် configure လုပ်ပြီး သုံးနိုင်တယ်
▪︎ Web browser interface ဖြစ်တဲ့အတွက် setup လုပ်တဲ့အခါ လွယ်ကူတယ်
▪︎ Discussion unit တိုင်းကို Chairman, Delegate, Interpreter unit အဖြစ် ကိုယ်ကြိုက်သလို configure လုပ်ပြီးသုံးနိုင်တာဟာ သူ့ရဲ့ အားသာချက်ဖြစ်တယ်။
▪︎ Microphone ကို Auto Off လုပ်ပေးတဲ့ function ပါတယ်။
▪︎ DCS-LAN connection က shielded CAT5e cable ကိုသုံးထားတယ်။

☞ ဘယ်နေရာမှာ တပ်ဆင် အသုံးပြုကြသလဲ ?
▪︎ Corporate meeting rooms
▪︎ City councils and regional government bodies
▪︎ Educational institutions
▪︎ Courtrooms
▪︎ Non-profit organisations, etc,.

☞ ဘယ်မှာ ဝယ်ယူလို့ရမလဲ ?
Ascent Vision Co., Ltd.
Room 127-2, U Chit Maung Street,
Bahan T/S, Yangon, Myanmar.
Tel: 09 799181995, 09 796812919, 09 798246901
Email: [email protected]
Website: www.ascentvisionmm.com

နေပြည်တော်က ကွန်ဖရင့်ဟောတခုမှာ မကြာခင် တပ်ဆင်မယ့် ဗီဒီယိုစနစ်တခုရဲ့ အစိတ်အပိုင်းတချို့။ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆစ်ဂနယ်အ...
26/02/2020

နေပြည်တော်က ကွန်ဖရင့်ဟောတခုမှာ မကြာခင် တပ်ဆင်မယ့် ဗီဒီယိုစနစ်တခုရဲ့ အစိတ်အပိုင်းတချို့။

ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆစ်ဂနယ်အငြိမ်ဆုံး ဈေးလည်းအကြီးဆုံး video matrix switcher တွေထဲက တခုဖြစ်တဲ့ ယူအက်စ်ဘရန်း Extron matrix switcher ကိုသုံးထားတဲ့ စနစ်။

Switcher အပါအဝင် ကျန်တဲ့ projector, audio DSP, conference system တွေအားလုံးကို ထိန်းမယ့် controller နဲ့ touch screen control panel တွေကိုလည်း Extron ကိုပဲ သုံးထားတဲ့ Audio, Video and Control System.

HDBaseT ဆိုတာ ဘာလဲ။HDBaseT ဆိုတာ resolution မြင့်တဲ့ ဗီဒီယိုဆစ်နယ်တွေကို အကွာအ‌ဝေး အဝေးတနေရာကို ပို့တဲ့အခါမှာသုံးတဲ့ ‌‌I...
04/10/2019

HDBaseT ဆိုတာ ဘာလဲ။

HDBaseT ဆိုတာ resolution မြင့်တဲ့ ဗီဒီယိုဆစ်နယ်တွေကို အကွာအ‌ဝေး အဝေးတနေရာကို ပို့တဲ့အခါမှာသုံးတဲ့ ‌
‌Interface တခုလို့ပဲ အလွယ်ပြောရပါလိမ့်မယ်။ ပုံမှန်သုံးနေကြ HDMI ကြိုးတွေက မီတာ ၁၅ - ၂၀ ထက်ကျော်ရင် ဆစ်ဂနယ်က သိပ်ပြီးမငြိမ်ချင်တော့ဘူး။ ဒါကြောင့်မို့ အဲဒီလို high definition video signal တွေကို ကုန်ကျစရိတ်သိပ်မများပဲ ရှုပ်ထွေးတဲ့ စက်တွေမလိုအပ်ပဲ အ‌ဝေးကို ဘယ်လိုပို့မလဲလို့ တီထွင်ကြံဆရာကနေ HDBaseT ဆိုတဲ့ ယနေ့ဆိုရင် တကမ္ဘာလုံး အသုံးပြုနေကြတဲ့ standard တခုကို သုံးစွဲလာကြတာ အခုချိန်ဆိုရင် ဆယ်စုနှစ်တခုနီးပါးရှိလာပါပြီ။

HDBaseT အလုပ်လုပ်ပုံက ဗီဒီယို ဆစ်ဂနယ်တခုခု (HDMI, VGA, DVI စသဖြင့်) ကို HDBaseT interface ကိုပြောင်းပြီး Cat 5/Cat 6 ဆိုတဲ့ ethernet cable နဲ့ လိုတဲ့နေရာကိုပို့လိုက်တာပဲ။ လိုတဲ့နေရာရောက်မှ အဲဒါကို ဗီဒီယိုဆစ်ဂနယ်အဖြစ် ပြန်ပြောင်းလိုက်တာပဲ။ များသောအားဖြင့်တော့ ပုံထဲမှာလို Transmitter နဲ့ HDBaseT ကိုပြောင်းပြီး လိုတဲ့နေရာရောက်မှ Receiver နဲ့ ဗီဒီယိုဆစ်ဂနယ်ကို ပြန်ပြောင်းတာ များပါတယ်။ တချို့စက်တွေကျတော့ HDBaseT ကိုတန်းပြီးလက်ခံနိုင်တော့ Receiver နဲ့ပြန်ပြောင်းစရာ မလိုတော့ပဲ HDBaseT signal ကိုပဲ စက်ထဲတန်းထည့်လိုက်ရုံပဲ။

အဲဒီလို Cat 5/Cat 6 cable နဲ့ ပို့တဲ့အခါမှာလည်း မီတာ ၁၀၀ အထိပဲ အများဆုံးပို့နိုင်ပါတယ်။ မီတာအနည်းအများကတော့ သုံးတဲ့ ကြိုးအရည်အသွေး၊ ပို့မယ့် video resolution၊ သုံးတဲ့ Transmitter, Receiver အရည်အသွေးတွေပေါ် မူတည်ပြီး ကွာပါအုံးမယ်။ လက်ရှိအချိန်မှာတော့ Cat 6 ကြိုးနဲ့ဆိုရင် အများဆုံး မီတာ ၁၀၀ အထိပဲ အာမခံထားပြီး 4k resolution အထိတော့ ရနေပါပြီ။

ဒါဆိုရင် မီတာ ၁၀၀ ထက်ပိုဝေးတဲ့ နေရာတွေဆီ ပို့ချင်ရင် ဘယ်လိုပို့မလဲ။ Cat 5/Cat 6 cable အစား Fiber cable နဲ့သုံးရင် မိုင်နဲ့ချီဝေးတဲ့ နေရာတွေအထိ ပို့လို့ရပါတယ်။ တကယ့်တကယ်တော့ HDBaseT interface နဲ့ ဗီဒီယိုဆစ်ဂနယ် တခုတည်းကို Cat cable/Fiber cable ကသယ်နိုင်တာ မဟုတ်ပါဘူး။ သယ်နိုင်တဲ့ ဆစ်ဂနယ် တွေကတော့ အတိုကောက် 5Play လို့ခေါ်ပါတယ်။ 5Play ဆိုတာ audio & video, USB, Ethernet, control (serial command, IR) နဲ့ power တို့ပါ။ အဲဒီ ဆစ်ဒနယ်တွေ အားလုံးကို Cat 5/Cat 6/fiber ကြိုးတချောင်းထဲကနေ သယ်သွားနိုင်တဲ့အတွက် ကြီးမားပြီး ရှုပ်ထွေးတဲ့ စနစ်တွေမှာတော့ ကြိုးအများအပြား သွယ်တန်းရတဲ့ ဒုက္ခက အနည်းငယ် သက်သာသွားစေနိုင်ပါတယ်။

HDBaseT က Cat 5/Cat 6 network ကြိုးတွေကနေ သွားတာဆိုတော့ IP packet တွေနဲ့ အလုပ်လုပ်တာလား မေးရင်တော့ နိုးပါ။ သူ့မှာ သူ့ကိုယ်ပိုင် T-packets လို့ခေါ်တဲ့ packetization protocol တမျိုးနဲ့ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ သူက Cat 5/Cat 6 ကြိုးတွေကနေ power ကိုလည်း ပို့နိုင်တာဆိုတော့ သူ့အလုပ်လုပ်ပုံက PoE (Power over Ethernet) နဲ့ အလားသဏ္ဌန်တူပါတယ်။ PoH (Power of HDBaseT) ဆိုပြီးခေါ်ပါတယ်။

HDMI ကနေ HDBaseT ပြောင်းတဲ့စက်ကို HDMI Extender လို့ ခေါ်နိုင်ပြီး VGA ကနေ HDBaseT ပြောင်းတဲ့စက်ကိုတော့ VGA Extender လို့ ခေါ်လို့ရပါတယ်။ အောက်မှာ HDMI extender နမူနာပုံလေး တင်ထားပေးပါတယ်။ Extender တွေအပြင် တခြား HDBaseT device တွေရောရှိလားဆိုရင် အများကြီးပါပဲ။ HDBaseT matrix switchers, projectors, TV displays, AV receivers စသဖြင့် အများကြီးပါပဲ။ မြန်မာပြည်မှာတော့ တော်တော်တွေ့ရနည်းပါသေးတယ်။ နိုင်ငံတိုးတက်လာတဲ့ တနေ့မှာတော့ အသုံးများလာနိုင်ပါရဲ့။ ဒါမှမဟုတ် ဒီထက်ပိုကောင်းတဲ့ transmission technology ထပ်ပေါ်လာမလား စောင့်ကြည့်ရမှာပါပဲ။

Photo Ref: HDBaseT and Kramer

ပရိုဂျက်တာ နည်းပညာ အမျိုးမျိုး အကြောင်းကို နောက်ပို့စ်တွေမှာ ထပ်တင်ပေးသွားပါအုံးမယ်။


Cheers! Guys.The project’s handed over!------------------------------------------Your Trusted AV system Integrator,Ascen...
23/09/2019

Cheers! Guys.
The project’s handed over!

------------------------------------------
Your Trusted AV system Integrator,
Ascent Vision Co., Ltd.
☎️ 09 799181995, 09 796812919, 09 798246901

Our new project @ Kyaikkhami, working in progress... 👷🏼‍♂️👷🏼‍♀️ ,   system installation #သာသနာ့ဗိမာန်တော် Your Trusted A...
04/08/2019

Our new project @ Kyaikkhami, working in progress... 👷🏼‍♂️👷🏼‍♀️
, system installation
#သာသနာ့ဗိမာန်တော်

Ascent Vision Co., Ltd.
09 798246901

Address

No. 127/2, Sayarsan N/W Ward, U Chit Maung Road, Bahan
Yangon
11201

Alerts

Be the first to know and let us send you an email when Ascent Vision posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ascent Vision:

Share